• English
Monday, December 11, 2023
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    မြန်မာ့ ပြောက်ကျားစစ် အောင်နိုင်ရေး အယူအဆ၏ အန္တရာယ်များ

    မြန်မာ့ ပြောက်ကျားစစ် အောင်နိုင်ရေး အယူအဆ၏ အန္တရာယ်များ

    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ကွန်လုံ ဟူသည်မှာ…

      ကွန်လုံ ဟူသည်မှာ…

      အဖော်လေးတွေ…

      အဖော်လေးတွေ…

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home သတင်း

          စစ်ကောင်စီ၏ စိန်ရတုပြတိုက်ဖွင့်ပွဲ တက်သည့် အနုပညာရှင်အချို့ ဝေဖန်ခံရ

          by ဧရာဝတီ
          4 February 2022
          in သတင်း
          Reading Time: 1 min read
          A A
          ဖေဖေါ်ဝါရီ ၁ရက်က နေပြည်တော် တပ်ကုန်းမြို့ MRTV ဝင်းအတွင်း ပြုလုပ်သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက် ဖွင့်ပွဲအခမ်းအနား / cincds

          ဖေဖေါ်ဝါရီ ၁ရက်က နေပြည်တော် တပ်ကုန်းမြို့ MRTV ဝင်းအတွင်း ပြုလုပ်သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက် ဖွင့်ပွဲအခမ်းအနား / cincds

          27.1k
          VIEWS
          Share on FacebookShare on Twitter

          အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့က နေပြည်တော် တပ်ကုန်းမြို့ရှိ MRTV ဝင်းအတွင်း ပြုလုပ်သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက် ဖွင့်ပွဲအခမ်းအနားတွင် ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်တချို့နှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

          ထိုအခမ်းအနားသို့ စစ်ကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ စကစ ပြည်ထောင် စု ဝန်ကြီးများ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် အရာရှိများ၊ စကစကို ထောက်ခံသည့် ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း ၎င်းတို့ပိုင် မီဒီယာများတွင် ဖော်ပြထားသည်။

          RelatedPosts

          မြန်မာ့ ပြောက်ကျားစစ် အောင်နိုင်ရေး အယူအဆ၏ အန္တရာယ်များ

          မြန်မာ့ ပြောက်ကျားစစ် အောင်နိုင်ရေး အယူအဆ၏ အန္တရာယ်များ

          11 December 2023
          5.5k
          စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

          စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

          9 December 2023
          13.4k
          လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

          လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

          9 December 2023
          1k

          ယင်းအခမ်းအနားတွင် နိုင်ငံကျော် ဝါရင့်အနုပညာရှင်များ ဖြစ်ကြသည့် အဆိုတော် ကေတုဝင်းထွဋ်၊ တက္ကသိုလ် လဲ့လဲ့၊ တေးသံရှင် ထား စသည့် အနုပညာရှင်ကြီးများ အပြင် လူရွှင်တော် ဒိန်းဒေါင်၊ သရုပ်ဆောင် မိုးယံဇွန်နှင့် စိုးသီဟ အစရှိသူများလည်း ပါဝင်သည်ကို တွေ့ရသည်။

          ထိုသို့သော အနုပညာရှင်များနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းများကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဂုဏ်ပြု ပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည့် သတင်းဓာတ်ပုံများ လူမှုကွန်ရက် Facebook ပေါ်တွင် ထွက်ပေါ်လာသည့် အတွက် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည် ပြည်သူများနှင့် အနုပညာရှင်များက ပြစ်တင် ဝေဖန် ရှုတ်ချနေသည်ကို တွေ့ရသည်။

          မြန်မာနိုင်ငံ ဂီတအစည်းအရုံး ဥက္ကဋ္ဌ ဦးလွင်မြင့်က “ကျနော်တို့ကတော့ အဖွဲ့အစည်းဖြစ်တော့ နိုင်ငံတော်ကဖြစ်ဖြစ် ဘယ် ကဖြစ်ဖြစ် ဖိတ်ရင်တော့ သွားရမှာက ဝတ္တရားပဲပေါ့။ သွားကြတာပေါ့။ ကျနော်တို့ သွားတဲ့နေရာမှာ ပွင့်ပွင့်လင်းလင်း ပြော ရင် အသွေးအရောင်၊ အဖြူ၊ အဝါ၊ အပြာ ဘာမှ မရှိဘူး။ ဂီတသမားဖြစ်တော့ ဂီတအစည်းအရုံးအနေနဲ့ သွားတယ်။ တကယ်တော့ ကျနော်တို့ ဘာမှ အရောင်အသွေး မရှိဘူး”ဟု ဧရာဝတီသို့ ပြောသည်။

          အဆိုပါ အခမ်းအနားသို့ ဖိတ်ကြားခံရသော ရုပ်ရှင်၊ ဂီတ၊ သဘင် နယ်ပယ်အသီးသီးမှ အနုပညာရှင် အချို့ တက်ရောက် ခဲ့ကြောင်း သိရသည်။ ဂီတနယ်ပယ်ဘက်မှ အနုပညာရှင် ၁၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ၏ ပြောပြချက်အရ သိရသည်

          “သူ (စစ်ကောင်စီ ဥက္ကဋ္ဌ) ကတော့ သူ့အခမ်းနားကြီးတခုကို လူတွေ လိုက်တက်စေချင်လို့ ဖိတ်တဲ့ သဘောပဲ။ ကျနော်တို့ ကလည်း အဲ့ဒီအခမ်းအနား သွားတက်တဲ့ သဘောပဲ။ ကျန်တာ ဘာမှ မပါဘူး။ ပါလည်း ကျနော်တို့ ပါစရာ အကြောင်းမှ မရှိပါဘူး။ ဂီတ၊ ရုပ်ရှင် အစည်းအရုံးတို့ဆိုတာ အဖွဲ့အစည်း ဖြစ်တဲ့အတွက် နိုင်ငံတော်က ဖိတ်ရင် သွားရမယ့် ဝတ္တရားရှိတယ်။ အဲ့သဘောပါပဲ။ ကျန်တာ ဘာမှ မရှိပါဘူး”ဟု ဆက်ပြောသည်။

          အဆိုပါ ပွဲသို့ တက်ရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ အဆိုတော် ကေတုဝင်းထွဋ်ကို ဧရာဝတီကဆက်သွယ်မေးမြန်း သော်လည်း အစည်းအဝေးတခု တက်နေသောကြောင့် မှတ်ချက်ပြု ဖြေကြားရန် ငြင်းဆိုခဲ့သလို အဆိုတော် တက္ကသိုလ် လဲ့လဲ့ကလည်း ဤအကြောင်းအရာအား မီဒီယာသို့ မဖြေကြားနိုင်ဟု ငြင်းဆိုခဲ့သည်။

          ယင်းပွဲတွင် စစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်ထံ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က MRTV DTH Receiver နှင့် ၂ ပေစလောင်း တစုံ ပေးအပ်ခဲ့ပြီး စကစကို ထောက်ခံသည့် အနုပညာရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။

          စစ်ကောင်စီ၏ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရပြီး လွတ်မြောက်နယ်မြေ တနေရာတွင် ရောက်နေသည့် ဒါရိုက်တာ သည်ခေတ်နေက “အဖြူအမည်း သဲကွဲတဲ့ခေတ်မှာ အဖြူအမည်း ခေတ်က ပုံစံမျိုးတွေ လာလုပ်တာပေါ့။ အဲဒီတော့ အဖြူအမည်း မသဲကွဲတဲ့သူတွေက သွားရောက် ဖျော်ဖြေတဲ့ ကိစ္စကို ဘာမှ မပြောလိုဘူး။ တချို့ကျ ဒါကို ရိုက်ချင်လို့ သွားရိုက်တဲ့သူတွေ ရှိမယ်။ မရိုက်ရ မနေနိုင်လို့ သွားရိုက်သူတွေ ရှိတယ်။ မြဝတီ၊ မြန်မာ့အသံလို ဘာမှ ရုပ်လုံးမထွက်တဲ့ နေရာမှာ သွားရိုက်သူတွေက သူ့အဆင့်နဲ့သူ၊ သူ့ရုပ်လုံးနဲ့သူ၊ တူရာ သွားစုတာပေါ့” ဟု ဆိုသည်။

          စစ်ကောင်စီသည် မကြာခင် ကျရောက်မည့် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် လူရွှင်တော် ဖလားပွဲကို ကျင်းပကာ ၎င်းတို့ပိုင် မီဒီယာများမှ ဖျော်ဖြေရေး အစီအစဉ်များ ထုတ်လွှင့် ပြသလျှက်ရှိသည်။

          ယင်းကဲ့သို့ လုပ်ဆောင်နေသည့် အပေါ် လက်နက်ကိုင် တော်လှန်ရေးနယ်မြေသို့ ရောက်ရှိနေကြသည့် လူရွှင်တော် ဟားငါးကောင်အဖွဲ့ကလည်း “အနုပညာသမား တော်တော်များများက ပြောကြတယ်။ ကျနော်တို့လည်း ပြောတာပဲ။ ကျနော်တို့ အနုပညာသမားတွေက ပရိသတ်ကျွေးတဲ့ ထမင်းကို စားနေတာပါဗျာဆိုပြီး ပြောခဲ့တဲ့၊ ကျွေးတာစားခဲ့တဲ့ သူတွေက ကိုယ့်ပရိသတ်တွေကို သတ်နေတဲ့ ဒီမင်းအောင်လှိုင်ကို ဘာလို့ ထောက်ခံလဲ” ဟု မေးခွန်းထုတ်သည်။

          ဆက်လက်ပြီး “ဒီဘက်ခေတ်မှာ လူရွှင်တော်က လူရွှင်တော်ကတာ ပြဿနာလားဆိုတာ ဒီအချိန်မှာ ပြဿနာ။ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေက တောထဲမှာ သေနတ်ကိုင်နေတဲ့အချိန်မှာ လူရွှင်တော်က လူရွှင်တော် ဝတ်စုံဝတ်ပြီး ဒီအချိန်မှာ ကနေရင် ပြဿနာပဲ။ ဘုန်းကြီးတွေ၊ ကျောင်းဆရာတွေ၊ CDM သမားတွေ သူတို့ အလုပ်တွေ စွန့်ပြီး သူတို့ ပါဝင်ကြတယ်။ ဒီလိုလူတွေကို အားနာသင့်တာပေါ့။ အားနာစေချင်တယ်” ဟု ဟားငါးကောင်အဖွဲ့က ဆိုသည်။

          စစ်ကောင်စီသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းကလည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ကျင်းပခဲ့သည့် မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲသို့ ၎င်းတို့ ကိုယ်တိုင် တက်ရောက်ကာ ဝါရင့် သက်ကြီး အနုပညာရှင်များအား ငွေကျပ် သိန်း ၁၀၀ လှူဒါန်းခဲ့သည်။

          ယင်းကဲ့သို့ လှူဒါန်းမှုအပေါ် သက်ကြီး အနုပညာရှင်တဦးဖြစ်သည့် ဒေါ်နွဲ့နွဲ့စန်းက “ကျမတို့က အဖြူရောင် အနုပညာရှင်တွေပါ” ဟု ပြောခဲ့သည့်အတွက် ၎င်းအား ပြည်သူများက Boycott (သပိတ်မှောက်) ခဲ့ကြသည်။

          အာဏာသိမ်း စစ်ကောင်စီသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်နေ့ကလည်း ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးနိုင်ရေးအတွက် ချေးငွေ ထုတ်ပေးရန် လျှောက်ထားသည့် ကုမ္ပဏီလုပ်ငန်း ၁၁၆ ခုကို ချေးငွေ ထုတ်ပေးမည် ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန် ကြေညာခဲ့သည်။

          အဆိုပါ လျှောက်ထားသော ကုမ္ပဏီလုပ်ငန်းပေါင်း ၁၀၀ ကျော်တွင် နာမည်ကြီး ကုမ္ပဏီများ ဖြစ်ကြသည့် Forever Group၊ မင်္ဂလာကုမ္ပဏီ၊ Paradiso Cinemas၊ Bo Bo Entertainment၊ စိန်ဌေး ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေး၊ ခရေဖြူ ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေး၊ နိယျာယန ကုမ္ပဏီ၊ အောင်သီရိ ရုပ်ရှင် ထုတ်လုပ်ရေး စသည့် အနုပညာလုပ်ငန်းများ ပါဝင်သည်။

          စစ်ကောင်စီသည် ၎င်းတို့အား ဆန့်ကျင်သည့် အနုပညာရှင်များကို မတရား ဖမ်းဆီးကာ ပုဒ်မ အမျိုးမျိုးတပ် ထောင်ချနေသလို၊ တဖက်တွင်လည်း ၎င်းတို့အား ထောက်ခံသည့် အနုပညာရှင်များကို စည်းရုံးသိမ်းသွင်းကာ ငွေကြေး ထောက်ပံ့ ပေးအပ်ခြင်းများနှင့် ၎င်းတို့ပိုင် မီဒီယာများတွင် ဖျော်ဖြေ တင်ဆက်စေခြင်းများ ပြုလုပ်လျှက်ရှိသည်။

          Your Thoughts …
          Tags: ဂီတစိန်ရတုပြတိုက်မင်းအောင်လှိုင်မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရုပ်ရှင်သဘင်
          ဧရာဝတီ

          ဧရာဝတီ

          ...

          Similar Picks:

          ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

          ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

          by ဧရာဝတီ
          17 October 2023
          38k

          ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

          ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

          ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

          by ဧရာဝတီ
          16 November 2023
          34.5k

          ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

          စစ်ကောင်စီ လက်ရုံးတပ်များ အားလုံး ရှေ့တန်းထွက်ရန် ဆင့်ခေါ်

          စစ်ကောင်စီ လက်ရုံးတပ်များ အားလုံး ရှေ့တန်းထွက်ရန် ဆင့်ခေါ်

          by ဧရာဝတီ
          9 November 2023
          28.1k

          လက်ရုံးတပ်များအားလုံးကို စစ်မြေပြင်တိုက်ပွဲအတွက် ပြင်ဆင်ရန် အမိန့်ထုတ်လိုက်ကြာင်း စစ်ဘက် သတင်းရင်းမြစ်များ ပြောသည်။

          စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်က ဖိတ်ထားသလား

          စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်က ဖိတ်ထားသလား

          by ဧရာဝတီ
          22 July 2023
          14.3k

          မင်းအောင်လှိုင်သည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးသို့ သွားသည်ဟု အာရှထောက်လှမ်းရေး သတင်းများနှင့် နေပြည်တော်မှ အခြားရင်းမြစ်များက ပြောသည်။

          စစ်ခေါင်းဆောင်ကို ထောက်ခံရန် ဗိုလ်ချုပ်ဟောင်းများ နေပြည်တော်ဘုရားတွင် စုဝေး

          စစ်ခေါင်းဆောင်ကို ထောက်ခံရန် ဗိုလ်ချုပ်ဟောင်းများ နေပြည်တော်ဘုရားတွင် စုဝေး

          by ဧရာဝတီ
          19 July 2023
          11.2k

          ဗိုလ်ချုပ်ဟောင်းများသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် သွေးစည်းချစ်ကြည်ကြောင်း ပြသရန် နေပြည်တော်မှ ဗုဒ္ဓ ဆင်းတုတော်ကြီး တည်ဆောက်နေသည့် နေရာတွင် တနင်္ဂနွေနေ့က စုဝေးကြသည်။

          စစ်ခေါင်းဆောင်၏ ဗုဒ္ဓဆင်းတုကြီး ဝင်ကြေး ဝေဖန်မှု မြင့်

          စစ်ခေါင်းဆောင်၏ ဗုဒ္ဓဆင်းတုကြီး ဝင်ကြေး ဝေဖန်မှု မြင့်

          by ဧရာဝတီ
          17 August 2023
          7.9k

          ကားဖြင့်လာပြီး ဖုန်းကင်မရာဖြင့် ဓာတ်ပုံရိုက်သူတဦးသည် ကျပ် ၂၆၀၀၀ ကုန်မည်ဖြစ်သောကြောင့် မြန်မာမှ အနိမ့်ဆုံးနေ့စဉ်လုပ်အားခ၏ ၅ ဆကျော်သည်။

          Next Post
          ၂၀၁၉ ခုနှစ် မိတ္ထီလာလေတပ်စခန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ဆေးကြည့်ရှုစဉ်

          မြန်မာ့ အတိုက်အခံများ စစ်ရေးအကူအညီ လိုသည်

          ချင်းပြည်နယ်က တပ်မှူးတွေ နေပြည်တော်ကို ခေါ်ယူစစ်ဆေးခံခဲ့ရတယ် (ရုပ်/သံ)

          ချင်းပြည်နယ်က တပ်မှူးတွေ နေပြည်တော်ကို ခေါ်ယူစစ်ဆေးခံခဲ့ရတယ် (ရုပ်/သံ)

          No Result
          View All Result

          Recommended

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          3 days ago
          18.2k
          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          2 days ago
          13k

          Most Read

          • မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

            မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

            shares
            Share 0 Tweet 0
          • မြန်မာ့ ပြောက်ကျားစစ် အောင်နိုင်ရေး အယူအဆ၏ အန္တရာယ်များ

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            shares
            Share 0 Tweet 0
          • လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

            shares
            Share 0 Tweet 0
          • စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved