• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာပြည်မှာ ကိုဗစ် စတုတ္ထလှိုင်း စပြီလား

by ဧရာဝတီ
5 February 2022
in သတင်း
A A
၂၀၂၁ ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သော ကိုဗစ်တတိယလှိုင်းတွင် အောက်စီဂျင်လိုအပ်ချက် တရှိန်ထိုးမြင့်တက်ခဲ့သည် / AFP

၂၀၂၁ ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သော ကိုဗစ်တတိယလှိုင်းတွင် အောက်စီဂျင်လိုအပ်ချက် တရှိန်ထိုးမြင့်တက်ခဲ့သည် / AFP

9.2k
VIEWS
Share on FacebookShare on Twitter

စစ်အာဏာသိမ်းမှုနှင့်အတူ ကိုဗစ်ရောဂါ ကူးစက်မှု နောက်ဆက်တွဲဒဏ်ရာများကြောင့် ပူပင်သောကများနေရသော မြန်မာပြည်သူများအတွက် အိုမီခရွန် မျိုုးရိုးဗီဇ ပိုး စတင်ဝင်ရောက်လာပြီး ကူးစက်မှုက တစတစ မြင့်တက်လာနေသည်။ တချို့က ကိုဗစ်စတုတ္ထလှိုင်းပင် စတင်နေပြီလားဟု မေးခွန်းထုတ်နေကြသည်။

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စက်ရုံတရုံတွင် အလုပ်သမား ၇၀၀ ကျော် ကိုဗစ်ကူးစက်ခံရသည့်အတွက် ပြင်းထန်သော လူနာများကို ဆေးရုံသို့ တင်ပို့ကာ ကုသမှုများပြုလုပ်နေရကြောင်း ယခုလ ဖေဖော်ဝါရီလ ၂ ရက်နေ့က Myanmar Labour News အဖွဲ့က ထုတ်ပြန်ထားသည်။

RelatedPosts

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

19 May 2025
73
အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

19 May 2025
1.9k
ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

19 May 2025
78

အဆိုပါ စက်ရုံအတွင်း အလုပ်သမားတချို့ ကိုဗစ်ရောဂါ ကူးစက်ခံရပြီးသည့် နောက်ပိုင်း ပိုးတွေ့ လူနာများ အလုပ်ရုံထဲက အလုပ်သမား ၂၂၀၀ ကျော်ကို ဆေးစစ်ဆေးခဲ့ရာ ထိုသို့ လူပေါင်း ၇၁၈ ဦး ပိုးတွေ့ရှိခဲ့ကြောင်း Myanmar Labour News ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော်လည်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီလ ၂ ရက်နေ့ ထုတ်ပြန်ချက်တွင် မင်္ဂလာဒုံမြို့နယ်ထဲက စက်ရုံတခုတွင် အလုပ်သမား ၁၀ ဦး ကိုဗစ်ပိုး ကူးစက်ခံရပြီး ဆေးနမူနာများကို ဓါတ်ခွဲစစ်ဆေးချက်အရ အိုမီခရွန် မျိုးရိုးဗီဇ ဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်အတွင်းလည်း ကိုဗစ်ပိုးကူစက်မှု မြင့်တက်လာနေပြီး တမူးခရိုင်ဆေးရုံး ၊ မင်းသာတိုက်နယ်ဆေးရုံတို့ အပါအဝင် စာသင်ကျောင်းများတွင်ပင် ကုသရေး ကွာရက်တင်း စင်တာဖွင့်လှစ်ကာ ဆေးကုသမှုများ ပြုလုပ်နေရကြောင်း သိရသည်။

တမူးခရိုင်အတွင်း လက်ရှိအချိန်အတွင်း လူပေါင်း ၃၇၁ ဦး ကိုဗစ်ကူးစက်ခံနေရပြီး ၎င်းလူနာများထဲတွင် ဓါတ်ခွဲ စမ်းသတ်စစ်ဆေးချက်အရ အိုမီခရွန်ပိုးအမျိုးအစားတွေ့ရှိသူ ၄၅ ဦးပါဝင်ကြောင်းလည်း တမူးခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာသူရက ပြောသည်။

ဒေါက်တာသူရက “ တမူးခရိုင်အတွင်းမှာ ပိုးတွေ့လူနာက အားလုံး ၃၇၁ ဦးရှိပါတယ်။ လူနာတွေကိုတော့ ကျနော်တို့ မင်းသာတိုက်နယ်ဆေးရုံရယ်။ တမူး အထက ၁ ၊ အထက ၂ စာကျောင်ကျောင်းတွေမှာ ကုသရေး စင်တာတွေ ဖွင့်ပြီးတော့ ထားရှိပါတယ်။ တချို့ကိုတော့ ကျနော်တို့ ဆေးရုံမှာ ကုသမှုတွေ လုပ်နေတယ်။ ပြင်း ထန်တဲ့ ရောဂါလက္ခဏာ ဖြစ်တဲ့ လူတွေတော့ မရှိပါဘူး။ ” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သော ဇန်နဝါရီလ ၂၄ ရက်နေ့က တမူးမြို့ပေါ်ရှိ အခြေခံ ပညာအထက်တန်းကျောင်း ( ၂ ) တွင် ချောင်းဆိုး၊ လည်ချောင်းနာ ရောဂါခံစားနေရသော ကျောင်းဆရာ ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများကို ဆေးစစ်ဆေးခဲ့ရာတွင် လူပေါင်း ၅၀ ကျော်အထိ အစုလိုက်အပြုံလိုက် ပိုးတွေ့ရှိခဲ့သည့် နောက်ပိုင်း ဇန်နဝါရီလ ၂၆ ရက်နေ့တွင် မြို့ကို လော့ဒေါင်းချထားခဲ့သည်။

တမူးမြို့ခံတဦးက “ ကိုဗစ်ပိုးကတော့ တမြို့လုံး ပျံ့နေတဲ့ အနေအထားရှိတယ်။ အိမ်တိုင်းလိုလို ချောင်းဆိုးတာ လည်ချောင်းနာတာတွေဖြစ်နေကြတယ်။ မြို့ကိုလည်း အခုထိတော့ ပြန်မဖွင့်သေးဘူး။ ကျနော်တို့ ဒေသက အခု စစ်ပွဲကြားမှာ ရောက်နေတယ်ဆိုတော့ နယ်စပ်ကို ပြေးနေရတဲ့ လူတွေများတယ်။ ရောဂါ မဖြစ်အောင် ကိုယ့်ကိုကိုယ်ပဲ အားကိုးကြတဲ့ အခြေအနေပါ ” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအခြေအနေတွင် တမူးမြို့ပေါ်ရှိ ပြည်သူများကို Stay Home နေထိုင်ကြရန်နှင့် ပိုးတွေ့လူနာများနှင့် ဆက်စပ်သူများကိုလည်း ဆေးရုံသို့ လာရောက်ကာ ဆေးစစ်ဆေးချက်များခံယူရန် အသိပေး ကြေညာထားကြောင်းလည်း ဆေးရုံအုပ်ကြီး ဒေါက်တာသူရက ဧရာဝတီသို့ ဆက်လက်ပြောကြားသည်။

စစ်အာဏာသိမ်းမှုကြောင့် တမူးမြို့ပေါ်ရှိအရပ်ဘက်အဖွဲ့အစည်းများ ထွက်ပြေးတိမ်ရှောင်နေရသလို ကျန်းမာရေးဝန်ထမ်းများမှာလည်း CDM လှုပ်ရှားထဲသို့ ဝင်ရောက်သွားသည့်အတွက် လက်ရှိ ကုတင်း ၁၀၀ ဆံ့ တမူးခရိုင်ပြည်သူဆေးရုံတွင် ဆရာဝန် ၃ ဦး ၊ သူနာပြု ၃ ဦးတို့ဖြင့် လည်ပတ်နေရကြေင်း တမူးခရိုင်ပြည် သူ့ဆေးရုံမှ ဝန်ထမ်းများထံမှ သိရသည်။

၂၀၂၁ ဇူလိုင်လ ကိုဗစ် တတိယလှိုင်းအတွင်း စစ်ကိုင်းတိုင်း ကလေးမြို့ရှိ နာရေးကူညီသူများက အသုဘပို့ဆောင်ပေးနေစဉ်

ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်ပိုးတွေ့ရှိသူ မြင့်တက်လာနေကာ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနကတော့ ပြီးခဲ့ သော ဇန်နဝါရီလ ၃၁ ရက်နေ့မှနေ ယခုလ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေပိုင်းအထိ တနိုင်ငံလုံး အတိုင်း အတာဖြင့် ကိုဗစ်ပိုးတွေ့ရှိသူ ၈၆၁ ဦးရှိပြီး ၎င်းလူနာများထဲတွင် အိုမီခရွန် အမျိုးအစား လူပေါင်း ၃၀၀ ကျော် ပါဝင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွင်း ပြီးခဲ့သော ဇန်နဝါရီလကုန်ပိုင်းအချိန်က ပြည်ပနိုင်ငံမှ ဝင်ရောက်လာ သော နိုင်ငံခြားသားများနှင့် မြန်မာနိုင်ငံတို့ကို ဆေးစစ်ဆေးရာတွင် အိုမီခရွန်ပိုးအမျိုးအစားကို ကူးစက်မှုကို စတင်တွေ့ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်တွင်းမှာပါ ကူးစက်မှုရှိလာခဲ့သည်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၁၉၃၁၀ ဦး၊ ပိုးကူးစက်ခံရသူ ၅၃၆၃၉၃ ဦး ရှိကာ လတ်တလော အခြေအနေတွင် ကာကွယ်ဆေးထိုးနှံထားသူ အရေအတွက် လူပေါင်း ၂၂ သန်းကျော် ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်သည့် အရေအတွက်ကို အတည်ယူရန် သံသယရှိနေကြသည်။

ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးသူ များပြားလွန်းသဖြင့် မီးသင်္ဂြိုလ်စက်ပင် မနိုင်ခဲ့

အမှန်တကယ် ပိုးကူးစက် ခံရသည့် အရေအတွက်နှင့် အလွန် ကွာဟမှုရှိနိုင်ပြီး အောက်ခြေတွင် ကိုဗစ်ကာကွယ်ဆေး မထိုးရဘဲ ကျန်နေသူများလည်း အမြောက်အများရှိနေပြီး အုပ်ချုပ်မှု ယန္တရားများလည်း ပျက်စီးနေမှုနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆေးစစ်ဆေးမှု မပြုလုပ်နိုင်သည့်အတွက် နောက်ထပ် ကိုဗစ်လှိုင်းတခု ဝင်ရောက်မည် ဆိုပါက အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လာနိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက ပြောသည်။

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်တွင်နေထိုင်သူ ကိုဇော်လတ်က “ တတိယလှိုင်းတုန်းကဆိုရင် လူတွေ သေတာ အစုလိုက်အပြုံလိုက်ပဲ၊ အလောင်းချဖို့တောင် မလွယ်ဘူး။ ကားခေါ်မရလို့ ကျနော်တို့ ရပ်ကွက်က လူတွေဆို အလောင်းကို မိသားစုဝင်တွေက ဘေးတွဲ၊ ဆိုက္ကားခေါ်ပြီး သယ်ရတယ်။ သုဿန်ကို အလောင်းရောက်သွားရင်တောင်မှ အလှည့်မကျနိုင်ဘူး။ အဲလောက်ကိုသေကြတာ။ အခုလည်း ကိုဗစ်ကို ပြည်သူ တွေ မကြောက်တာ မဟုတ်ဘူး။ ရောဂါ ကူးမှာထက် မိသားစုဝမ်းရေး ပိုအရေးလို့ ဖြစ်သလို အလုပ်သွားရတာရှိတယ်။ တချို့ဆို စစ်ကောင်စီကို ကြောက်လို့ ပတ်ပြေးနေရတဲ့အခါ ကိုဗစ်က ခေါင်းထဲ မ ရောက်တော့တဲ့ အခြေအနေပါ ” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံအတွင်း တိုင်းနှင့်ပြည်နယ်အသီးသီး၌ ကိုဗစ်တတိယလှိုင်းတွင် လူပေါင်း သောင်းချီသေဆုံးခဲ့ပြီး ၂၀၂၁ ခုနှစ်လယ်ပိုင်းတွင် ကိုဗစ်ကူးစက်မှု အားပျော့ခဲ့သော်လည်း တဖန် ၂၀၂၂ ဆန်းပိုင်းတွင် ပိုးကူးစက်မှု မြက်တက်လာနေသည့် အခြေအနေကိုလည်း တွေ့မြင်ရသည်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးကမူ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်နှင့် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်တို့မှာ အစုလိုက်အပြုံလိုက် ကိုဗစ်ကူးစက်မှု ဖြစ်ပွား နေသည်မှာ မှန်ကန်ကြောင်း၊ ရောဂါ ကာကွယ်ထန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် အခြေခံ ကိုဗစ်စည်း ကမ်းများအား လိုက်နာမှသာလျှင် ကိုဗစ်ရောဂါကို ကာကွယ်ထိန်းချုုပ်နိုင်မှာ ဖြစ်ကြောင်း ပြောသည်။

၂၀၂၁ ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သော ကိုဗစ်တတိယလှိုင်းတွင် အောက်စီဂျင်လိုအပ်ချက် တရှိန်ထိုးမြင့်တက်ခဲ့သည်.

၎င်းက “ ကိုဗစ်ရောဂါကို ကာကွယ်ဖို့ကတော့ အခြေခံ ကိုဗစ်စည်းကမ်းချက်တွေကို လိုက်နာဖို့လိုတယ်။ လက်ဆေးတာ၊ Mask တပ်တာ အမြဲလုပ်ဖို့လိုတယ်။ ကာကွယ်ဆေးထိုးနှံမှု ခံယူဖို့ ၊ သံသယ လက္ခဏာ တွေ့ရှိရင် ကျန်းမာရေးဌာနနဲ့ အမြန်ဆုံး ဆက်သွယ်ပြီး စောစောစီးစီး ကုသမှုခံယူဖို့ အဲဒီ ၃ ချက်ပဲ အ ရေးကြီးတယ်။ အဲဒီလို လိုက်နာနိုင်ရင်တော့ နောက်တလှိုင်း ဖြစ်ပေါ်လာစရာ မရှိဘူး ” ဟု ဧရာဝတီသို့ ပြောသည်။

အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်စတုတ္ထအတွက် အခြေခံ ကိုဗစ်စည်းကမ်းချက်များအပြင် လတ်တလောတွင် တခြား ကြိုတင်ပြင်ဆင်မှု၊ စီစဉ် ဆောင်ရွက်မှုများ မရှိသေးကြောင်းလည်း ၎င်းက ဧရာဝတီသို့ ဆက်လက်ပြောကြားသည်။

ထို့ပြင် လက်ရှိ အိုမီခရွန် အမျိုးအစားမှာလည်း အားပျော့ပြီး ရောဂါ မပြင်းထန်ကြောင်း ပြည်သူအများစု နားလည်ထားမှုကလည်း စိုးရိမ်ဖွယ်ရာ တခုဖြစ်နေသည်။

“ အိုမီခရွန်ကို ပြည်သူတွေ ထင်နေကြတာက ရောဂါ အနုစားပဲ၊ နှာစေး ချောင်းဆိုးလောက်နဲ့ပဲ ပြီးတယ်လို့ လွဲမှားစွာ ယူဆနေတာတွေ ရှိတယ်။ အဲဒီလို မယူဆစေချင်ဘူး။ သူသည် ရောဂါအနုစားမဟုတ်ဘူး။ သူလည်း ပြဿနာ ပေးနိုင်တယ်။ ယေဘုယအားဖြင့် ပြောရင် ကူးစက်မှု အရမ်းမြန်တယ်။ ဖြစ်ပွားနူန်းကလည်း အရင်ဟာ တွေထက် ပိုများတယ်။ လေးဆလောက် ပိုများတယ်။ ဆိုးဝါးတဲ့ လက္ခဏာတွေ မဖြစ်နိုင်ဘူး ဆိုပေမယ့်လည်း ရောဂါ အခံရှိတဲ့သူတွေ၊ အဝ လွန်တဲ့သူတွေနဲ့ အသက်ကြီးသူတွေမှာ ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန်ဖြစ်ပြီး သေဆုံးနိုင်တဲ့ အလားအလာရှိတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာခင်မောင်လွင်က ဧရာဝတီသို့ ပြောသည်။

You may also like these stories:

အိုမီခရွန်ဟာ ရောဂါအသစ်မဟုတ်ဘူး။ ကိုဗစ်ကနေ ဖြစ်လာတာ

တမူးတွင် ကိုဗစ်ပိုးတွေ့သူ များလာ

ကာကွယ်ဆေးထိုးပြီးသူများကို အိုမီခရွန် ကူးစက်နေကြောင်း WHO သတိပေး

အိုမီခရွန်အကြောင်း နောက်ဆုံး သိရသမျှ

Your Thoughts …
Tags: ကိုဗစ် စတုတ္ထလှိုင်းကျန်းမာရေးဝန်ကြီးဌာနစစ်အာဏာသိမ်းမှုအိုမီခရွန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.1k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
40.9k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
သရုပ်ဆောင် ဇာဏ်ခီ တို့ မိသားစု  / Zenn Kyi/FB

ခီမောင်နှံ၏ Charity Program မှ အလှူငွေ သိန်းပေါင်း ၁၃၀၀ ဝန်းကျင် ရရှိ

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းအပြီး ရန်ကုန်မြို့လည်တွင် တွေ့ရသည့် ရဲတပ်ဖွဲ့ဝင်များ / ဧရာဝတီ

လုပ်သက်ပြည့် ရဲတပ်ဖွဲ့ဝင်များ နုတ်ထွက်ခွင့်မပေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate