ရခိုင်ပြည်နယ်၊ အနောက်ဘက်ခြမ်း၊ မောင်တောမြို့နယ်တွင် စစ်တပ်က ရက္ခိုင်စစ်တပ် (AA) ရှိသည့်နေရာကို ဝင် ရောက် တိုက်ခိုက်မှုကြောင့် AA ကင်းသမား ၁ ဦး သေဆုံးပြီး လက်ရှိ နှစ်ဖက်တပ်များကြား စစ်ရေး တင်းမာနေ ကြောင်း သိရသည်။
အာဏာသိမ်း စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ ၄ ရက်က မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ၏ အရှေ့မြောက် ဘက် လက်ပံတောင်တန်းတဝိုက်တွင် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် မိနစ် ၄၀ ကျော်ကြာ ထိ တွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောသည်။
“စစ်တပ်က ကျနော်တို့ ရက္ခိုင့်တပ်တော်ရှိတဲ့ နေရာကို ရုတ်တရက် ဝင်ရောက် ပစ်ခတ်တယ်ဆိုတာကတော့ တိုက်ပွဲ ရပ်တန့်ထားတဲ့ အခြေအနေမှာ ယုံကြည်မှုကို ပျက်ပြားစေတယ်။ တည်ငြိမ်မှုကို ဖျက်ဖျက်ဆီး လုပ်တာကို တွေ့ တယ်။ စစ်တပ်ရဲ့ လှုပ်ရှားမှု အခြေအနေကို ကြည့်ပြီးတော့ ကျနော်တို့ဘက်က လိုအပ်သလို ထိုက်သင့်တဲ့ တုံ့ပြန်မှုတွေ လုပ်သွားမယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ တိုက်ပွဲအတွင်း AA ဘက်က ကင်းသမားတဦး သေဆုံးမှု ရှိသလို ဝင်ရောက် တိုက်ခိုက်လာသည့် ခမရ (၃၅၂ ) တပ်ရင်းမှ တပ်ဖွဲ့ဝင်တချို့လည်း ထိခိုက်ကျဆုံးမှု ရှိနိုင်ကြောင်း၊ လက်ရှိ အခြေအနေတွင်လည်း အာဏာသိမ်း စစ် ကောင်စီ တပ်ဖွဲ့ဝင်များက ဆက်လက်၍ စစ်ရေး လှုပ်ရှားမှုများ ရှိနေသည့်အတွက် နှစ်ဖက် စစ်ရေးတင်မာနေသည့် အခြေအနေရှိကြောင်း ခိုင်သုခက ဆက်လက် ပြောကြားသည်။
တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင် တည်ရှိသော မောင်တောမြို့နယ်၊ မင်းခမောင်း ကျေးရွာမှ ဒေသခံတဦးက “တိုက်ပွဲ ဖြစ်တဲ့နေ့ကတော့ နေ့လယ်ပိုင်းကနေ ညနေ ၉ နာရီအထိ လက်နက်ကြီး ပစ်သံကြားရတယ်။ စစ်တပ်က လက်နက် ကြီးတွေနဲ့ လက်ပံတောင်တန်းတကြောလုံးကို လှမ်းပစ်တာ AA ဘက်ကတော့ တဦး ကျတယ်လို့ ပြောတယ်။ စစ်တပ် ကတော့ မိုင်းဆွဲခံရလို့ အရာရှိတဦး အပါအဝင် ၄ ဦး ကျတယ်လို့ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင် ကျေးရွာများမှ ခရီသည်တင်ယာဉ်များကို စစ်တပ်က တင်းကြပ်စွာ စစ်ဆေးမှုများ ပြုလုပ်နေသလို တချို့ လိုင်းကားများမှာလည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားနိုင်သည့် အခြေအနေကြောင့် ယာဉ်မထွက်တော့ဘဲ ရပ်နားထားကြကြောင်း ဒေသခံ ကျေးရွာများသားများက ပြောဆိုသည်။
ပြီးခဲ့သော ဇန်နဝါရီလ ၂၇ ရက်က AA ထံသို့ သင်တန်း တက်ရောက်ရန် သွားရောက်သည့် ရခိုင်လူငယ် ၃၀ ကျော်ကို လည်း မောင်တောမြို့နယ်၊ ကြိမ်ချောင်း စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် စစ်ကောင်စီက ပြန်ßလွှတ် ပေးခဲ့သည်။
အာဏာသိမ်းစစ်တပ်နှင့် AA တို့သည် ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလဆန်းပိုင်းကတည်းက နှစ်ဖက်ယာယီ တ်ိုက်ပွဲများကို ရပ်တန့်ထားခဲ့သော်လည်း အောက်ခြေတွင် နှစ်ဖက်တပ်များကြား မကြာခဏဆိုသလို စစ်ရေး တင်းမာ မှုများ ဖြစ်ပေါ်ကာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် မောင်တောမြို့နယ် မြောက်ပိုင်း၌ နှစ်ဖက် ထိတွေ့တိုက်ပွဲများ ပြန် လည် ဖြစ်ပွားခဲ့ပြီး ထိခိုက် ကျဆုံးမှုများလည်း ရှိခဲ့ကြသည်။
You may also like these stories:
AA သြဇာကြီးလာခြင်းက စစ်ကောင်စီအတွက် ခေါင်းခဲစရာ
စစ်ကောင်စီက AA တပ်ဖွဲ့ဝင်များကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေ
ဖမ်းဆီးထားသည့် ရခိုင်လူငယ် ၃၀ ကျော် စစ်ကောင်စီ ပြန်လွှတ်ပေး
KIA နှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းရန် အသင့်ရှိကြောင်း မဟာမိတ်သုံးဖွဲ့ သဝဏ်လွှာပို့