စစ်ကောင်စီတပ်များက စစ်အုပ်ချုပ်မှု ဆန့်ကျင်သူများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် မြန်မာသို့ လေယာဉ်ဆီ ရောင်းချမှု ပိတ်ပင်ရန် လူ့အခွင့်အရေးလှုပ်ရှားသူများက အစိုးရများကို တိုက်တွန်းခဲ့သည်။
မြန်မာနိုင်ငံမှ ၎င်းတို့၏ လုပ်ငန်းများ ရုပ်သိမ်းတော့မည်ဟု Total နှင့် Chevron အပါအဝင် ရေနံလုပ်ငန်းများက ကြေညာလိုက်သောကြောင့် စစ်ကောင်စီသို့ ငွေမာစီးဆင်းမှု လျော့ကျမည့် အလားအလာနှင့် ရင်ဆိုင်နေရချိန်တွင် လေယာဉ်ဆီ ရောင်းချမှု ပိတ်ပင်ရန် တောင်းဆိုမှုကို စိတ်ဝင်စားမှု မြင့်မားနေသည်။
မြန်မာနိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ထိုင်း၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေဆဲ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် အကြီးစား သန့်စင်စက်ရုံ မရှိသောကြောင့် စစ်ဘက်၊ အရပ်ဘက် လေယာဉ်များအတွက် လေယာဉ်ဆီ အားလုံးကို ပြည်ပမှ တင်သွင်းနေသည်။
မြန်မာနိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ထိုင်း၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေဆဲ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် အကြီးစား သန့်စင်စက်ရုံ မရှိသောကြောင့် စစ်ဘက်၊ အရပ်ဘက် လေယာဉ်များအတွက် လေယာဉ်ဆီ အားလုံးကို ပြည်ပမှ တင်သွင်းနေသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့သော ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ကျယ်ပြန့်သော အကြမ်းမဖက် ဆန့်ကျင်ဆန္ဒပြပွဲများ ပေါ်ပေါက်လာသည်။
အရပ်သား ၁,၅၀၀ ကျော်ကို စစ်ကောင်စီတပ်များက လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် တိုက်ခိုက်မှုများအတွင်း သတ်ဖြတ်ထားကြောင်း လေ့လာစောင့်ကြည့်ရေး အုပ်စုများက ဆိုသည်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံသို့ လေယာဉ်ဆီရောင်းချမှုကို မည်သည့်အစိုးရကမျှ တားမြစ်ခြင်း၊ တနည်းနည်းဖြင့် အရေးယူခြင်း မရှိသေးပေ။ သို့သော် ဗြိတိန်အစိုးရသည် ထိုကဲ့သို့သော တိုက်ခိုက်မှုများတွင် အသုံးပြုနိုင်သော ထုတ်ကုန်များ ရောင်းချခြင်း မပြုရန် ကုမ္ပဏီများကို မကြာသေးမီက တိုက်တွန်းခဲ့သည်။
“မြန်မာစစ်ကောင်စီက အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပုံမှန်လို လုပ်နေတယ်” ဟု ဗြိတိန်အစိုးရက ကြေညာချက်တစောင်တွင် ပြောသည်။ “မြန်မာနိုင်ငံ လေကြောင်းကဏ္ဍနဲ့ ပတ်သက်တဲ့ မည်သည့်ဆက်ဆံရေးမဆိုဟာ လေယာဉ်ဆီတွေ စစ်ကောင်စီဆီကို မရောက်ဖို့ ကုန်စည်ဖြန့်ဖြူးရေး ကွင်းဆက်တွေကို လုံ့လစိုက်ထုတ် လေ့လာမှုလုပ်သင့်တယ်” ဟုလည်း ထိုကြေညာချက်က ဆိုသည်။
ယခင်က အမေရိကန်ပြည်ထောင်စုသည် ဆီးရီးယားမှ ရုရှားတပ်များအား လေယာဉ်ဆီ ရောင်းချခြင်းကို ပိတ်ပင်ခဲ့ဖူးသည်။
ယခုအပတ်အတွင်း ဥရောပသမဂ္ဂသည် နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာ၀ ဓာတ်ငွေ့လုပ်ငန်းအပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ ထိုလုပ်ငန်းသည် မြန်မာနိုင်ငံမှ ကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်း အားလုံးတွင် ဖက်စပ်ပါတနာ ဖြစ်သည်။ မြန်မာမှ စီမံကိန်းများတွင် ရတနာ သဘာဝဓာတ်ငွေ့ လုပ်ကွက်လည်း ပါဝင်ပြီး ထိုစီမံကိန်းမှ Total Energies နှင့် Chevron တို့က နုတ်ထွက်တော့မည်ဟု မကြာသေးမီက ကြေညာခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်သည့် ဒေသအချို့နှင့် စစ်ပြေးဒုက္ခသည်များ ခိုလှုံနေသည့် စစ်ကောင်စီ ဆန့်ကျင်သူများရှိရာ နေရာများကို စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများအား စစ်ကောင်စီကို ဝေဖန်သူများက ရပ်တန့်စေလိုကြသည်။
မြန်မာနိုင်ငံနှင့် သို့မဟုတ် မြန်မာနိုင်ငံအတွင်း လေကြောင်းခရီးစဉ်များမှာ နိုင်ငံရေးအကြမ်းဖက်မှုနှင့် ကပ်ရောဂါကြောင့် သိသိသာသာ ကျဆင်းသွားသော်လည်း လေယာဉ်ဆီတင်သွင်းမှုများကို ဆက်လက် ပြုလုပ်နေသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်သည့် ဒေသအချို့နှင့် စစ်ပြေးဒုက္ခသည်များ ခိုလှုံနေသည့် စစ်ကောင်စီ ဆန့်ကျင်သူများရှိရာ နေရာများကို စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများအား စစ်ကောင်စီကို ဝေဖန်သူများက ရပ်တန့်စေလိုကြသည်။
လေယာဉ်ဆီကို ပစ်မှတ်ထားပိတ်ပင်ခြင်းအပေါ် ဆန့်ကျင်သူများကမူ ထိုသို့လုပ်ဆောင်ခြင်းသည် အရပ်ဘက် လေကြောင်းနှင့် လွန်ခဲ့သောနှစ် အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာရသူ ထောင်ပေါင်းများစွာထံသို့ အကူအညီပေးရန် အားထုတ်မှုများကို ထိခိုက်စေမည် ဖြစ်ကြောင်း ပြောကြသည်။
စစ်ကောင်စီသို့ လေယာဉ်ဆီရောင်းချရာတွင် ပါဝင်ပတ်သက်သော မြန်မာကုမ္ပဏီများ၊ မြန်မာနိုင်ငံသို့ လေကြောင်းလောင်စာ ရောင်းချရာတွင် အာမခံနှင့် အခြားအထောက်အကူလုပ်ငန်းများ အပါအဝင် မည်သည့် ပုံသဏ္ဍာန်ဖြင့်မဆို ပါဝင်သည့် နိုင်ငံခြားကုမ္ပဏီများကို တားဆီးရန် အရေးယူပိတ်ဆို့မှုများ ချမှတ်ရေးကို တောင်းဆိုကြောင်း Burma Campaign UK က ပြောသည်။
လူ့အခွင့်အရေး မဟာမိတ်အဖွဲ့တခုဖြစ်သော Justice for Myanmar က ၎င်းတို့သည် လေကြောင်းလောင်စာ ဖြန့်ချိရေးကွင်းဆက်များကို လေ့လာနေဆဲဖြစ်ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုများ ရပ်ဆိုင်းသင့်ကြောင်း ပြောသည်။
“လေကြောင်းလောင်စာအပေါ် ပစ်မှတ်ထား အရေးယူမှုတွေ ချမှတ်ဖို့ အစိုးရတွေကို ကျမတို့ တိုက်တွန်းတယ်။ ဒါဟာ သိမ်းကျုံးတိုက်ခိုက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်တဲ့ မြန်မာလေတပ်ရဲ့ စွမ်းရည်ကို ဖြတ်တောက်ဖို့ လက်တွေ့ကျတဲ့ နည်းလမ်းဖြစ်တယ်” ဟု ထိုအဖွဲ့၏ ပြောခွင့်ရသူ ဒေါ်ရတနာမောင်က ပြောသည်။
“စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက အရပ်သားတွေကို သတ်ဖြတ်၊ ပိုင်ဆိုင်မှုတွေ ဖျက်ဆီးပြီး လူမှုအသိုက်အဝန်းတခုလုံးကို နေရပ်စွန့်ခွာ ထွက်ပြေးစေသလို မြန်မာမှာ တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်စေတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းကို ပိုမိုဆိုးရွားစေတယ်” ဟု သူက ရှင်းပြသည်။
စင်ကာပူ အခြေစိုက် Puma Energy ကုမ္ပဏီနှင့် နိုင်ငံပိုင် မြန်မာ့ရေနံဓာတုလုပ်ငန်းတို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော National Energy Puma Aviation Services Co Ltd. (NEPAS) သည် စစ်အာဏာသိမ်းမှု မတိုင်မီက မြန်မာနိုင်ငံသို့ လေကြောင်းလောင်စာတင်သွင်းသည့် အဓိကလုပ်ငန်းဖြစ်သည်။ Puma Energy ကုမ္ပဏီသည် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ လုပ်ငန်းများကို ဆိုင်းငံ့လိုက်သောကြောင့် လုပ်ငန်းများသည် ပြည်တွင်းဖက်စပ်လုပ်ငန်း၏ လက်တွင် ကျန်ရစ်သည်။
စင်ကာပူ အခြေစိုက် Puma Energy ကုမ္ပဏီနှင့် နိုင်ငံပိုင် မြန်မာ့ရေနံဓာတုလုပ်ငန်းတို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော National Energy Puma Aviation Services Co Ltd. (NEPAS) သည် စစ်အာဏာသိမ်းမှု မတိုင်မီက မြန်မာနိုင်ငံသို့ လေကြောင်းလောင်စာတင်သွင်းသည့် အဓိကလုပ်ငန်းဖြစ်သည်။ Puma Energy ကုမ္ပဏီသည် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ လုပ်ငန်းများကို ဆိုင်းငံ့လိုက်သောကြောင့် လုပ်ငန်းများသည် ပြည်တွင်းဖက်စပ်လုပ်ငန်း၏ လက်တွင် ကျန်ရစ်သည်။
မြန်မာသို့ တင်သွင်းသည့် လေကြောင်းလောင်စာ အများစုကို စင်ကာပူ သို့မဟုတ် မလေးရှားမှ တင်သွင်းသည်။ စင်ကာပူနှင့် မလေးဆိပ်ကမ်းများမှ ရန်ကုန်နှင့် အနီးရှိ သီလဝါ ဆိပ်ကမ်းများသို့ ရေနံထုတ်ကုန်တင်ပို့မှု အများအပြားကို Marinetraffic.com နှင့် အခြားသင်္ဘော ခြေရာခံ သတင်းရင်းမြစ်များက ဖော်ပြကြသည်။
ပနားမားအလံ လွှင့်ထူထားသည် ဓာတုနှင့် ရေနံထုတ်ကုန်တင်သင်္ဘော Super Hero သည် Singapore Refining ကုမ္ပဏီဆီမှ မကြာသေးမီ ရက်အနည်းငယ်က ထွက်ခွာလာပြီးနောက် သီလဝါရှိ Puma Energy အတွက် ဆိပ်ကမ်းတွင် ကြာသပတေးနေ့က ကမ်းကပ်ထားသည်ကို တွေ့ရကြောင်း သင်္ဘောခြေရာခံ ဝက်ဘ်ဆိုက်များက ဖော်ပြသည်။
လူ့အခွင့်အရေးအဖွဲ့များက ရရှိသော မြန်မာဆိပ်ကမ်း သတင်းအချက်အလက်များအရ ထိုသင်္ဘောသည် Jet A1 လေကြောင်းလောင်စာများ သယ်ဆောင်လာကြောင်း ပြောသော်လည်း ထိုပစ္စည်းများသည် မည်သူ့ပစ္စည်းများ ဖြစ်သည်ကို ရှင်းလင်းစွာ မသိရပေ။
Singapore Refining ကုမ္ပဏီသည် Chevron နှင့် တရုတ်နိုင်ငံပိုင် ရေနံလုပ်ငန်းကြီးများအနက် တခုဖြစ်သော PetroChina က အပြည့်အဝပိုင်သည့် Singapore Petroleum ကုမ္ပဏီတို့က ၅၀-၅၀ ပိုင်ဆိုင်သော လုပ်ငန်းဖြစ်သည်။ ယခင် အစီရင်ခံစာများအရ လေကြောင်းလောင်စာ သင်္ဘောတင်ပို့မှုများသည် PetroChina က စင်ကာပူမှတင်ပို့ကြောင်း မှတ်တမ်းတင်ထားသည်။
Chevron က ၎င်းတို့သည် ကုန်သွယ်ရေး အရေးယူပိတ်ဆို့မှုများ အပါအဝင် သက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာကြောင်းနှင့် မြန်မာနိုင်ငံမှ မကြာမီ ထွက်ခွာရန် ဆုံးဖြတ်ထားကြောင်း စုံစမ်းမေးမြန်းသောအခါ Chevron က ဖြေကြားသည်။
“မူအရ ရောင်းချကုန်သွယ်တဲ့ ကိစ္စတွေကို ကျွန်ုပ်တို့ ထုတ်ဖော်ပြောဆိုခြင်း မပြုပါဘူး” ဟု ထိုလုပ်ငန်းက ကြေညာချက်တစောင်တွင် ပြောကြားသည်။
မြန်မာ ရတနာ သဘာဝဓာတ်ငွေ့လုပ်ကွက်မှ ထွက်ခွာမည့် ဆုံးဖြတ်ချက်ကို ကြေညာရာတွင် Chevron က ၎င်းတို့ ထွက်ခွာခြင်းကို အစီအစဉ်ကျန စနစ်ကျစွာ လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် ဝန်ထမ်းများနှင့်လုပ်ငန်းများ လုံခြုံရေးသည် ဦးစားပေးဖြစ်ကြောင်း ပြောသည်။
မြန်မာအရပ်ဘက်နှင့် စစ်ဘက်လေယာဉ်များအတွက် ကုမ္ပဏီမည်မျှနှင့် မည်သည့်ကုမ္ပဏီများက လေကြောင်းလောင်စာ တင်သွင်းပေးနေသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။ NEPAS မှအပ အခြားသော ပြည်တွင်း ကုမ္ပဏီများသည် လေကြောင်းလောင်စာ တင်သွင်းခွင့်ရရှိရန် လုပ်ဆောင်နေကြကြောင်း သိရသည်။ ထိုကုမ္ပဏီများအနက် အချို့မှာ စစ်အုပ်စုနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သည်ဟု လူသိများသည်။
စစ်တပ်ကို ခုခံတော်လှန်နေသော အင်အားစုများအား တိုက်ခိုက်ရာတွင် အသုံးပြုသော တိုက်ခိုက်ရေးရဟတ်ယာဉ်များနှင့် တိုက်လေယာဉ်များအတွက် လေယာဉ်ဆီတင်သွင်းနေသော မြတ်မေတ္တာမွန်၊ Asia Sun Energy နှင့် Yangon Aerodrome ကုမ္ပဏီတို့ကို အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ NUG က မကြာသေးမီက ထုတ်ပြန်ခဲ့သည်။
စစ်တပ်ကို ခုခံတော်လှန်နေသော အင်အားစုများအား တိုက်ခိုက်ရာတွင် အသုံးပြုသော တိုက်ခိုက်ရေးရဟတ်ယာဉ်များနှင့် တိုက်လေယာဉ်များအတွက် လေယာဉ်ဆီတင်သွင်းနေသော မြတ်မေတ္တာမွန်၊ Asia Sun Energy နှင့် Yangon Aerodrome ကုမ္ပဏီတို့ကို အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ NUG က မကြာသေးမီက ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကုမ္ပဏီများသည် မြန်မာစစ်တပ်က အများပြည်သူအပေါ်သို့ ကျူးလွန်နေသော စစ်ရာဇဝတ်မှုများ နှင့် အကြမ်းဖက်များကို အားပေးနေသော စီးပွားရေးလုပ်ငန်းများဖြစ်ခြင်းကြောင့် ယခုလို အမည်ပျက်စာရင်းသွင်းလိုက်ခြင်းဖြစ်ကြောင်း NUG ၏ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆိုသည်။
မြတ်မေတ္တာမွန်ကုမ္ပဏီသည် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးသူများအသင်း၏ အတွင်းရေးမှူး ဒေါက်တာဝင်းမြင့် ပိုင်ဆိုင်သော ကုမ္ပဏီဖြစ်ပြီး ထိုကုမ္ပဏီပိုင် စက်သုံးဆီတချို့သည် စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်းပေးသည်ဟုဆိုကာ မြို့ပြပျောက်ပြားတပ်ဖွဲ့များ၏ ဗုံးခွဲတိုက်ခိုက်မှုကို ခံနေရလျက်ရှိသည်။
Yangon Aerodrome ကုမ္ပဏီသည် ယခင်စစ်အစိုးရ ဗိုလ်ချုပ်များနှင့် ရင်းနှီးသော စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်သော Asia World ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီတခုဖြစ်သည်။ Asia Sun Energy ကုမ္ပဏီသည် PUMA ကုမ္ပဏီ၏ ပြည်တွင်းကုမ္ပဏီဖြစ်သည်။
ကိုးကား။ ။ AP ၏ Rights advocates urge jet fuel sanctions against Myanmar
You may also like these stories:
စင်ကာပူအခြေစိုက် တရုတ်အစိုးရပိုင်ကုမ္ပဏီ မြန်မာကို လေယာဉ်ဆီ ရောင်းခဲ့
စက်သုံးဆီဈေးနှုန်းများ ဆက်လက်မြင့်တက်နိုင်
ရဲတံခွန် စီမံကိန်းမှ Petronas နှင့် Mitsubishi ကုမ္ပဏီတို့ နုတ်ထွက်မည်
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၃ ဘီလီယံ ကျော် ပြန်ထွက်