• English
Wednesday, July 9, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ယူကရိန်းကို ထောက်ခံကြောင်း မြန်မာဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများ ဆန္ဒထုတ်ဖော်

by ဧရာဝတီ
1 March 2022
in သတင်း
A A
တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ လောင်းလုံတွင် လူငယ် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများက ယူကရိန်းပြည်သူများနှင့် တသားတည်းရှိကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဆန္ဒထုတ်ဖော်စဉ်  /  DMSC-Dawei

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ လောင်းလုံတွင် လူငယ် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများက ယူကရိန်းပြည်သူများနှင့် တသားတည်းရှိကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဆန္ဒထုတ်ဖော်စဉ် / DMSC-Dawei

4.4k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကို အံတုပြီး မြန်မာနိုင်ငံမှ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများက ယူကရိန်းကို ရုရှားကျူးကျော်မှုအား မောင်းထုတ်ရာတွင် ယူကရိန်းပြည်သူများနှင့် အတူ သွေးစည်းညီညွတ် ရပ်တည်ကြောင်းဖော်ပြရန် လွန်ခဲ့သော ရက်သတ္တပတ်ကုန်က ဆန္ဒထုတ်ဖော်ခဲ့သည်။

၎င်းတို့နှင့် ဘဝတူ ယူကရိန်းနိုင်ငံသားများသည် ကျူးကျော်လာသော ရုရှားတပ်များကို မောင်းထုတ်ရန် အော်တိုမက်တစ် ရိုင်ဖယ်များ ဆုပ်ကိုင်နေချိန်တွင် မြန်မာမှ ဒါဇင်ပေါင်းများစွာသော ဆန္ဒပြသူများသည် တနင်္ဂနွေနေ့က ဒီမိုကရေစီလိုလားသော စာတန်းများနှင့် ယူကရိန်းအလံများ ကိုင်ဆောင်ပြီးနောက် လျှပ်တပြက် ဆန္ဒပြပွဲများကို စီးပွားရေးအချက်အခြာ ရန်ကုန်တွင်သာမက နိုင်ငံတောင်ပိုင်းစွန်ရှိ တနင်္သာရီတိုင်း၊ ထားဝယ်မှသည် မြောက်ပိုင်း ကချင်ပြည်အထိ ပြုလုပ်ခဲ့ကြသည်။

RelatedPosts

မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

9 July 2025
0
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

9 July 2025
479
အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

8 July 2025
808

မြန်မာနိုင်ငံသည် လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး စစ်အာဏာရှင်စနစ်အောက် ကျရောက်နေသည်။ ထိုအချိန်မှစတင်ပြီး တနိုင်ငံလုံးသည် ငြိမ်းချမ်းစွာဆန္ဒပြပွဲများမှသည် လက်နက်ကိုင်တော်လှန်ရေးအထိ ရရာနည်းလမ်းဖြင့် စစ်ကောင်စီကို ဆန့်ကျင်ခုခံနေသည်။ လက်ရှိအချိန်အထိ အရပ်သား ၁,၅၀၀ ကျော်ကို စစ်ကောင်စီက သတ်ဖြတ်ထားပြီးဖြစ်သည်။

လွန်ခဲ့သောနှစ် မေလအထိ ယူကရိန်းနိုင်ငံသည် မြန်မာစစ်အုပ်စုနှင့် အဆက်အသွယ်ရှိနေပြီး လက်နက်များတင်ပို့ကာ နည်းပညာများ လွှဲပြောင်းပေးနေသည်။ သို့သော်လည်း ဥရောပတွင် ဒုတိယ အကြီးမားဆုံး နိုင်ငံဖြစ်သော ယူကရိန်းကို ရုရှားကျူးကျော်မှုသည် မြန်မာနိုင်ငံမှ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများကို ဒေါသထွက်စေခဲ့သည်။ ယူကရိန်းအရပ်သားများက ၎င်းတို့၏ နိုင်ငံကို ကာကွယ်ရန် လက်နက်ကိုင်ကြသောအခါ မြန်မာဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများကလည်း စာနာနားလည်သည်။

အပေါ်ယံအားဖြင့် ကြည့်မည်ဆိုပါက ပြီးခဲ့သော တနင်္ဂနွေနေ့က မြန်မာနိုင်ငံတွင် ပြုလုပ်သော ဆန္ဒပြပွဲသည် အနိုင်ကျင့်သော စစ်အုပ်စုကို ရှုတ်ချခြင်း၊ လွတ်လပ်မှုနှင့် ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေသော အရပ်သားအုပ်စုတခုက အခြားအုပ်စုတခုကို အားပေးလိုက်ခြင်းဖြစ်သည်။

သို့သော် ထိုသို့သော စိတ်ဓာတ်ရေးရာ ထောက်ခံမှုအပြင် မြန်မာနှင့် ယူကရိန်းအတွက် ဘုံရန်သူတဦးလည်း ရှိနေသည်။ ယူကရိန်း နိုင်ငံသားများအတွက် ရုရှားသမ္မတ ပူတင်သည် ကျူးကျော်သူဖြစ်သည်။ မြန်မာပြည်သူများအတွက် ရုရှားသည် မြန်မာစစ်ကောင်စီ၏ နီးကပ်သော မိတ်ဆွေဖြစ်ပြီး စစ်လက်နက်ပစ္စည်းနှင့် အခြားအကူအညီများ ပေးနေသော နိုင်ငံဖြစ်သည်။

ယူကရိန်း ပြည်သူများနှင့် တသားတည်းရှိကြောင်း ဆန္ဒထုတ်ဖော်သည့် လူငယ်များ / Lu Nge Khit

ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်) အဖွဲ့ဝင် ရေမွန်က လက်သုံးချောင်းထောင် အလေးပြုလိုက်ပြီး မြန်မာမှ နွေးဦးတော်လှန်ရေးဟုခေါ်သည့် စစ်ကောင်စီ ဆန့်ကျင်ရေးလုပ်ရှားမှုသည် ဖိနှိပ်ခံ ယူကရိန်း ပြည်သူများနှင့် သွေးစည်းခိုင်မာမှုကို ခံစားရကြောင်းပြောသည်။

“ယူကရိန်းရဲ့ ဒီမိုကရေစီ ခုခံရေးစစ်အတွက် ကျနော်တို့ စိတ်အားတက်ကြွတယ်။ သူတို့လိုပဲ မြန်မာ့ နွေဦးတော်လှန်ရေးဟာ ကျနော်တို့အနိုင်ရတဲ့အထိ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေမှာဖြစ်တယ်” ဟု ဗီဒီယို တခုတွင် သူကပြောသည်။ သူ၏နောက်တွင် ငယ်ရွယ်သော တက်ကြွလှုပ်ရှားသူ အုပ်စုတစုသည် “ယူကရိန်းအတွက် ဂုဏ်ယူတယ်”၊ “ပူတင် ကျဆုံးရမယ်” စသည့် ဆိုင်းဘုတ်များကိုင်ကာ ရပ်နေကြသည်။

ယူကရိန်းတွင် သမ္မတ ပူတင်နိုင်လျှင် မြန်မာစစ်ကောင်စီနှင့် အခြားမှ ဒီမိုကရေစီ၏ ရန်သူများကို အားတက်စေမည် ဖြစ်ကြောင်း သူကပြောသည်။

“အခုလောလောဆယ်တော့ ကမ္ဘာကြီးက ကြောက်စရာကောင်းတဲ့ နေရာဖြစ်နေတယ်။ ဒါပေမယ့် ကျနော်တို့ အားလုံးက အတူတကွရှိနေတယ်။ ပြည်သူတွေ ညီညွတ်တဲ့အခါ အရာရာအောင်မြင်နိုင်တယ်။ ယူကရိန်းအတွက် ဂုဏ်ယူတယ်။ ဒီမိုကရေစီအောင်ပွဲခံရမယ်” ဟု သူက ပြောသည်။

ကချင်ပြည်နယ်မှ ငယ်ရွယ်သော ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများကလည်း ယူကရိန်းပြည်သူများနှင့် သွေးစည်းချစ်ကြည်မှုကို တနင်္ဂနွေနေ့က ပြသခဲ့သည်။

ယူကရိန်း ပြည်သူများနှင့် တသားတည်းရှိကြောင်း ဆန္ဒထုတ်ဖော်သည့် လူငယ်များ

မြို့အတွင်းတွင် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော နှိမ်နင်းမှုများကြောင့် ဆန္ဒပြသူများအတွက် ပိုမိုခက်ခဲသော ပတ်ဝန်းကျင်ဖြစ်သည့် ရန်ကုန်တွင် တက်ကြွလှုပ်ရှားသူ အုပ်စုတခုသည် လျှပ်တပြက် ဆန္ဒပြပွဲတခုကို ပြုလုပ်ခဲ့ပြီး စစ်ကောင်စီဆန့်ကျင်ရေး ကြွေးကြော်သံများကို အော်ဟစ်ကာ “ယူကရိန်းနှင့် သွေးစည်းခိုင်မာမှု” စသည့် စာတန်းများကို ဝှေ့ယမ်းကြသည်။ ကံကောင်းစွာပင် ထိုဆန္ဒပြပွဲကို အတားအဆီးမရှိ အောင်မြင်စွာ လူစုခွဲနိုင်ခဲ့သည်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ကချင်လူငယ် တဒါဇင်ကျော် စုရုံးပြီး ယူကရိန်းနိုင်ငံအပေါ် ၎င်းတို့၏ ထောက်ခံမှုကို ပြသခဲ့ကြသည်။ ထိုစုဝေးပွဲတွင် ပါဝင်သူအချို့က ၎င်းတို့၏ မျက်နှာများတွင် ယူကရိန်း အလံအရောင်များ ခြယ်ထားပြီး အခြားသူများက “ယူကရိန်းကို ကယ်တင်ကြ”၊ “စစ်ပွဲရပ်” စသည့် စာတန်းများကို ကိုင်ဆောင်ထားသည်။

မြန်မာမှ စင်ပြိုင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကလည်း ယူကရိန်းနှင့် ယူကရိန်းပြည်သူများအပေါ် ရုရှား၏စစ်ပွဲကို ရှုတ်ချကြောင်း ပြီးခဲ့သည့် သောကြာနေ့တွင်ပြောပြီး “မြန်မာနိုင်ငံသည် ယူကရိန်းပြည်သူများနှင့် သွေးစည်းညီညွတ်စွာ ရပ်တည်ကြောင်း” ပြောသည်။

ယူကရိန်းကို ရုရှားကျူးကျော်မှုအား တကမ္ဘာလုံးက ရှုတ်ချနေသော်လည်း မြန်မာစစ်ကောင်စီ၏ အမြင်မှာ တမျိုးဖြစ်သည်။

ရုရှားက ၎င်းတို့ကို ထောက်ခံခြင်းအပေါ် ကျေးဇူတင်ကြောင်း ပြသသည့်အနေဖြင့် စစ်ကောင်စီက ရုရှားသည် ၎င်း၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းနိုင်ရန် လုပ်ဆောင်နေကြောင်းပြောပြီး ကမ္ဘာ့အင်အားကြီးများ ချိန်ခွင်လျှာညှိခြင်းဟု ၎င်းတို့ခေါ်သည့်ကိစ္စတွင် မော်စကို၏ အခန်းကဏ္ဍကို ချီးကျူးခဲ့သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Democracy Activists Hold Rallies in Support of Ukraine ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ယူကရိန်းကို ရုရှားကျူးကျော်မှု ဂယက် အာဆီယံလည်း မလွတ်

ယူကရိန်း-ရုရှား စစ်ပွဲဆိုင်ရာ စစ်ကောင်စီ အရေးပေါ်စည်းဝေး

ရှရှားကျူးကျော်စစ် ဂယက် မြန်မာတွင် စက်သုံးဆီ ဈေးမြင့်တက်

အာဏာသိမ်းအလွန် မြန်မာစစ်ပွဲ ‘ဝ’ ကနဦး အနိုင်ရနေ

Your Thoughts …
Tags: NUGကျူးကျော်စစ်စစ်ကောင်စီယူကရိန်းရုရှားသမ္မတ ပူတင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.3k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.6k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ယင်းမာပင်က သပြေအေးရွာ  ရွာလုံးကျွတ်မီးတိုက်ခံရပြီး ရွာသား ၂ ဦးသေဆုံး (ရုပ်/သံ)

ယင်းမာပင်က သပြေအေးရွာ ရွာလုံးကျွတ်မီးတိုက်ခံရပြီး ရွာသား ၂ ဦးသေဆုံး (ရုပ်/သံ)

စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း မီးရှို့ခဲ့သည့် ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာ  / CJ

ယင်းမာပင်၊ သပြေအေးရွာ မီးရှို့ခံရမှု ရွာသား၂ ဦး သေဆုံး

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

4 days ago
3.7k
တပ်မ ၉၉ နဗဟမှူးအပါ စစ်သား ၂၀ ကျော် AA ဖမ်းမိ

နတ်ရေကန် ဗျုဟာစခန်း မကျအောင် ၉၉ တပ်မမှူးသစ် စွမ်းဆောင်နိုင်မလား

1 week ago
6.5k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

    shares
    Share 0 Tweet 0
  • ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate