ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ် ဆင်နွှဲခြင်း ကို အာဏာသိမ်းမြန်မာစစ်တပ်က ထောက်ခံကြောင်း ပြောဆိုလိုက်ခြင်းသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးကတည်းက ကျင့်သုံးလာခဲ့သော ဘက်မလိုက်မူဝါဒကို ပစ်ပယ်လိုက်ခြင်းဖြစ်သည်။
သမ္မတပူတင်၏ အမိန့်ဖြင့် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ဖေဖော်ဝါရီလ ၂၄ ရက်မှ စတင်ကာ ကြည်း၊ ရေ၊ လေ ပူးပေါင်းအင်အားဖြင့် ကျူးကျော်စစ်ဆင်နွှဲနေခြင်းဖြစ်ပြီး အဆိုပါ ကျူးကျော်စစ်ကို မြန်မာ စစ်ကောင်စီက ထောက်ခံကြောင်းကို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA သတင်း ဌာနသို့ ထိုနေ့မှာပင် ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးကတည်းက လွတ်လပ်တက်ကြွပြီး ဘက်မလိုက်ရေး မူဝါဒကို ကျင့်သုံးခဲ့သည်။ ၁၉၅၅ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းတွင် ဘက်မလိုက် ညီလာခံကို ကျင်းပရာ မြန်မာက ရှေ့တန်းမှ ဦးဆောင်လှုံ့ဆော်သူ ဖြစ်ပြီး ၁၉၆၁ ခုနှစ် အဖွဲ့ကို ဖွဲ့စည်းရာတွင်လည်း ပါဝင်ခဲ့သည်။
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးကတည်းက လွတ်လပ်တက်ကြွပြီး ဘက်မလိုက်ရေး မူဝါဒကို ကျင့်သုံးခဲ့သည်။ ၁၉၅၅ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းတွင် ဘက်မလိုက် ညီလာခံကို ကျင်းပရာ မြန်မာက ရှေ့တန်းမှ ဦးဆောင်လှုံ့ဆော်သူ ဖြစ်ပြီး ၁၉၆၁ ခုနှစ် အဖွဲ့ကို ဖွဲ့စည်းရာတွင်လည်း ပါဝင်ခဲ့သည်။
သို့သော် ၁၉၇၉ တွင် ထိုစဉ်က အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းက အဖွဲ့ဥက္ကဋ္ဌ ဖြစ်ရန် ကြိုးစားနေသော ကျူးဘားကို ဆန့်ကျင်သောအားဖြင့်၎င်း၊ ခမာနီများ ကမ္ဘောဒီးယားကို ကိုယ်စားပြုခြင်းအား အဖွဲ့က သဘောမတူခြင်းအား ကန့်ကွက်သောအားဖြင့်၎င်း ဘက်မလိုက်အဖွဲ့မှ ထွက်ပစ်သည်။ နောက်ပိုင်းတွင် ဦးနေဝင်း၏ နိုင်ငံခြားရေးမူဝါဒသည် အားလုံးနှင့် ကင်းအောင် နေသော အထီးကျန်ဝါဒ ဖြစ်လာသည်။
၁၉၈၈ ခုနှစ် အာဏာသိမ်း စစ်အုပ်စု လက်ထက်တွင် အထီးကျန်မူဝါဒကို ဆက်ကျင့်သုံးပြီး နိုင်ငံကို တံခါးပိတ်ခဲ့သည်။ သို့သော် စစ်တပ်က ပြုပြင်ပြောင်းလဲရေး စတင်သော ၂၀၁၀ ခုနှစ် နောက်ပိုင်း တက်လာသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအသီးသီးတို့ကမူ ဒေသတွင်းရော နိုင်ငံတကာနှင့်ပါ ပြန်လည်တံခါးဖွင့် ဆက်ဆံလာရာ ဘန်ဒေါင်း မူဝါဒများအပေါ် အခြေခံသည့် “လွတ်လပ်ပြီး တက်ကြွသော ဘက်မလိုက်ကြားနေရေး” မူဝါဒကို ပြန်လည်ကျင့်သုံးခဲ့ကြသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူများက အာဏာသိမ်း စစ်ကောင်စီက ယခုလို ရုရှားကို ထောက်ခံပြောဆိုခြင်းသည် စစ်ကောင်စီ၏ နိုင်ငံခြားရေးမူဝါဒသည် မဟာဗျူဟာမြောက် စဉ်းစားတွေးခေါ်ခြင်းမရှိဘဲ လက်လွတ်စပယ် ပြောဆိုလိုက်ခြင်းသာ ဖြစ်ကြောင်း ဆိုကြသည်။
တရုတ်နိုင်ငံ အခြေစိုက် မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ရုရှားနှင့် ယူကရိန်း စစ်ပွဲ ဖြစ်ပွားရခြင်း၏ အခြေခံအကြောင်းတရားများကို ဂဃနဏ မသိရှိဘဲ ၎င်းတို့ ၏ လက်နက်ရောင်းချပေးခြင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် အကူအညီပေးမှုများကို မျက်နှာရလိုသည့်အတွက် ယခုလို ထုတ်ဖော်ပြောဆိုခြင်းပင် ဖြစ်ကြောင်း ဆိုသည်။
“စစ်ကောင်စီရဲ့ ပြောပုံဆိုပုံ၊ လုပ်ဟန်ကိုင်ဟန်တွေဟာ သူတို့ မှာ နိုင်ငံခြားရေးနဲ့ ပတ်သက်ပြီး ရေရှည် သေနင်္ဂဗျူဟာ အမြင် ကြီးကြီးမားမားရှိပုံ မရဘူး ” ဟု ဒေါက်တာလှကျော်ဇောက ဆိုသည်။
အာဏာသိမ်းစစ်ကောင်စီသည် ဒေသတွင်းအဖွဲ့အစည်းဖြစ်သည့် အရှေ့တောင်အာရှနိုင်ငံများအသင်းအပါအဝင် နိုင်ငံတကာသံတမန်ရေးတွင် အပေါင်းအသင်းမဲ့နေသည်။ အာဆီယံ ထိပ်သီးအစည်းအဝေးများမှ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်ကို ပ ထုတ်ထားသည်။
အာဏာသိမ်းစစ်ကောင်စီသည် ဒေသတွင်းအဖွဲ့အစည်းဖြစ်သည့် အရှေ့တောင်အာရှနိုင်ငံများအသင်းအပါအဝင် နိုင်ငံတကာသံတမန်ရေးတွင် အပေါင်းအသင်းမဲ့နေသည်။ အာဆီယံ ထိပ်သီးအစည်းအဝေးများမှ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်ကို ပ ထုတ်ထားသည်။
ကမ္ဘာ့ကုလသမဂ္ဂ (UN) တွင် စစ်ကောင်စီက ကိုယ်စားလှယ်ကို ခန့်အပ်ခွင့် မရရှိဘဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အများပြည်သူများဘက်က ရပ်တည်ခဲ့သော သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ UN က ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာသံအမတ်အဖြစ် ဆက်လက်ခန့်အပ်ထားခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် စစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းမှုများကြောင့် မတ်လ ၃ ရက်နေ့၌ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စား လှယ်ဖြစ်သူ မစ္စ ခရစ္စတင်း ရှနနာဘာဂနာက စစ်ကောင်စီ ဒုဥက္ကဋ္ဌ၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ အွန်လိုင်းဖြင့် ဆွေးနွေးစဉ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၎င်းတို့အနေဖြင့် အရေးယူပိတ်ဆို့မှုနှင့် အထီးကျန်ခြင်းကို ခံနိုင်ရည်ရှိကြောင်း နှင့် မိတ်ဆွေအနည်းငယ်ဖြင့်သာ ဆက်လက်လျှောက်လမ်းသွားမည် ဖြစ်ကြောင်း ဟု နိုင်ငံတကာဆက်ဆံရေးကို အလေးမထားသည့် ပုံစံဖြင့် ပြန်လည် တုံ့ပြန်ခဲ့သည်။
“သူ့မှာ မှီခိုစရာ များများမရှိတော့၊ စစ်ရေးအရ ရော နိုင်ငံရေးအရရော ကူညီပေးနေတဲ့ ရုရှားကို သူ့ လုပ်ရပ်က မှန်မှန်၊ မှားမှား ဘာဖြစ်ဖြစ် ဝင်ရပ်တည်ပေးတာပေါ့။ ဒါက သူတို့စကစ ရဲ့ အကျိုးစီးပွား အပေါ် မူတည်ပြီးတော့ ဘက်လိုက်ရပ်တည်ပြလိုက်တာပါ” ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးလေ့လာ သုံးသပ်သူတဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍ “ သူ့ကို(စစ်ကောင်စီ) ထောက်ခံကူညီမယ့် နိုင်ငံတကာ အင်အား၊ လက်နက်နိုင်ငံ ဆိုလို့ ရုရှားပဲ ရှိတော့တာကို ” ဟု ပြောဆိုသည်။
စစ်ကောင်စီက အရှေ့ဥရောပတွင် ဖြစ်ပွားနေသော ယူကရိန်း-ရုရှား စစ်ပွဲ နှင့်ပတ်သက်ပြီး ရုရှားကို ထောက်ခံပြောဆိုပြီး ၂ ရက်အကြာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် နေပြည်တော်၌ ထိုစစ်ပွဲကြောင့် မြန်မာအပေါ် အကျိုးသက်ရောက်မှု ဖြစ်ပေါ်လာနိုင်မှုများကို အရေးပေါ်အစည်းအဝေး ပြုလုပ်ပြီး ဆွေးနွေးခဲ့ကြသည်။
ရုရှားကဲ့သို့ မြန်မာနိုင်ငံကို ကျူးကျော်လာနိုင်ခြေရှိသည့် နိုင်ငံမှာ အိမ်နီးချင်း တရုတ်နိုင်ငံ ဖြစ်သည်ဟု စစ်ကောင်စီက ယူဆဆွေးနွေးခဲ့ကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်များက ပြောသည်။
ထိုအစည်းအဝေးပွဲတွင် ရုရှားကဲ့သို့ မြန်မာနိုင်ငံကို ကျူးကျော်လာနိုင်ခြေရှိသည့် နိုင်ငံမှာ အိမ်နီးချင်း တရုတ်နိုင်ငံ ဖြစ်သည်ဟု စစ်ကောင်စီက ယူဆဆွေးနွေးခဲ့ကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်များက ပြောသည်။
ပုံမှန်အခြေအနေတွင် တရုတ်နိုင်ငံက မြန်မာကို ကျူးကျော်မည်မဟုတ်သော်လည်း ပြည်သူ့ကာကွယ် ရေးတပ် (PDF) များက တရုတ်အကျိုးစီးပွားအပေါ် တိုက်ခိုက်လာမှုများပြုလုပ်လာသည့်နောက် ယင်းတိုက်ခိုက်မှုများအား မြန်မာစစ်တပ်က မကာကွယ်နိုင်ပါက ဝင်ရောက်ကျူးကျော် လာနိုင်ခြေရှိ နေကြောင်း စစ်ကောင်စီက သုံးသပ်သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားသည့် နိုင်ငံတခုဖြစ်သလို မြန်မာသည် တရုတ်နိုင်ငံအတွက် စစ်ရေး နှင့် စီးပွားရေးအတွက် ပထဝီအနေအထားအရ အရေးပါသည့် အခြေအနေကြောင့် ၎င်းတို့ သုံးသပ်သလို မဖြစ်လာနိုင်သည်ဟု ပြောဆို၍ မရကြောင်း ရန်ကုန် အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူကလည်း ဧရာဝတီသို့ ပြောသည်။
၎င်းက “ အခု မြန်မာအခြေအနေက ယူကရိန်းလို အနောက်နိုင်ငံတွေက ပါဝင်စွက်ဖက်မှုမရှိသေးတဲ့ အခြေအနေမှာတော့ တရုတ်က မြန်မာပြည်ကို ကြားထားနေမှာပဲ၊ ဒါပေမဲ့ တကယ်လို့သာ NATO အင်အားစု ဖြစ်ဖြစ်၊ QUAD သော်လည်းကောင်း အင်အားကြီးနိုင်ငံတချို့က မြန်မာပြည်နဲ့ ပတ်သက်ပြီး ပါဝင်စွက်ဖက်လာရင် သူ့အကျိုးစီးပွားရေးထိခိုက်လာရင် တရုတ်က ရုရှားလို လုပ်လာနိုင်တယ် ” ဟု ပြောဆို သည်။
QUAD သည် အမေရိကန်၊ ဂျပန်၊ သြစတြေးလျား၊ အိန္ဒိယ ၄ နိုင်ငံ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ဖြစ်သည်။
စစ်ကောင်စီ၏ ရုရှား- ယူကရိန်း ကျူးကျော်စစ်ပွဲအပေါ်တွင် ရုရှားနိုင်ငံဘက်မှ ထောက်ခံ ရပ်တည်ပြောဆိုချက်သည် နောင်တချိန် အကယ်၍ တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် သူ၏ အမျိုးသားအကျိုးစီးပွားနှင့် လုံခြုံရေးကို အကြောင်းပြပြီး ကျူးကျော်လာပါက ထောက်ခံလိုက်သလိုပင် ဖြစ်နေသည်။
ရုရှား- ယူကရိန်း ကျူးကျော်စစ်ပွဲ အဓိက ဖြစ်ပွားရခြင်း၏ အကြောင်းချက်တချို့မှာ ယူကရိန်းသည် အနောက်အုပ်စုက ဦးဆောင်ထားသော NATO အဖွဲ့အတွင်းသို့ ဝင်ရောက်ရန် ကြိုးစားဆောင်ရွက်နေမှုများကြောင့် ရုရှား က ၎င်း၏ အကျိုးစီးပွား နှင့် အမျိုးသားလုံခြုံရေးကို အကြောင်းပြကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီ၏ ရုရှား- ယူကရိန်း ကျူးကျော်စစ်ပွဲအပေါ်တွင် ရုရှားနိုင်ငံဘက်မှ ထောက်ခံ ရပ်တည်ပြောဆိုချက်သည် နောင်တချိန် အကယ်၍ တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် သူ၏ အမျိုးသားအကျိုးစီးပွားနှင့် လုံခြုံရေးကို အကြောင်းပြပြီး ကျူးကျော်လာပါက ထောက်ခံလိုက်သလိုပင် ဖြစ်နေသည်။
“ တရုတ်နဲ့ အမေရိကန် ကြားက ပထဝီနိုင်ငံရေးအရ ပြိုင်ဆိုင်မှုကြားမှာ မြန်မာက တစုံတရာကြား ညှပ်နေတဲ့ အခုလိုအချိန်မှာ ပိုပြီး သတိထားသင့်တယ် ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ပြောဆိုသည်။
You may also like these stories:
ယူကရိန်းကို ထောက်ခံကြောင်း မြန်မာဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများ ဆန္ဒထုတ်ဖော်
ယူကရိန်းကို ရုရှားကျူးကျော်မှု ဂယက် အာဆီယံလည်း မလွတ်
အာဏာသိမ်းအလွန် မြန်မာစစ်ပွဲ ‘ဝ’ ကနဦး အနိုင်ရနေ
ယူကရိန်း-ရုရှား စစ်ပွဲဆိုင်ရာ စစ်ကောင်စီ အရေးပေါ်စည်းဝေး
မြန်မာမပါသော Cobra Gold စစ်ရေးလေ့ကျင့်မှု ထိုင်းတွင် စတင်