• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗိုလ်နဂါး ဦးဆောင်သည့် စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီ လေကြောင်း အင်အားသုံး

by ဧရာဝတီ
5 March 2022
in သတင်း
A A
ဗိုလ်နဂါးနှင့် MRDA တပ်ဖွဲ့များ

ဗိုလ်နဂါးနှင့် MRDA တပ်ဖွဲ့များ

36.8k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် လက်နက်ကိုင် ပျူစောထီးတို့ တပ်စွဲရာ ဇီးဖြူကုန်းရွာအနီးက စခန်းတခုကို ဗိုလ်နဂါး ဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) များက သိမ်းပိုက်ရန် တိုက်ခိုက်ရာတွင် အာဏာသိမ်း စစ်တပ်က လေကြောင်းပစ်ကူဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ရကြောင်း သိရသည်။

ဇီးဖြူကုန်း ကျေးရွာအနီးရှိ စစ်ကောင်စီ တပ်စခန်းကို မတ် ၃ ရက်နေ့ ညနေပိုင်းက စတင်ပြီး ဗိုလ်နဂါး ဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ် (MRDA) အပါအဝင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

RelatedPosts

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

20 May 2025
51
ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
588
စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

20 May 2025
184

ည ၁၀ နာရီခန့်အထိ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စခန်းအား လက်လွှတ်ပေးရမည့် အခြေအနေသို့ ရောက်သောအခါ စစ်ကောင်စီတပ်က လေယာဉ် ၄ စီးဖြင့် ဇီးဖြူကုန်းကျေးရွာအနီးရှိ တပ်စခန်း အနီးတဝိုက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း ဗိုလ်နဂါးက ပြောသည်။

လေကြောင်း ပစ်ကူကြောင့် အဆိုပါ စခန်းကို မသိမ်းပိုက်နိုင်ခဲ့ဘဲ ဆုတ်ခွာခဲ့ရသော်လည်း စစ်ကောင်စီတပ်ဘက်မှ အထိအခိုက် အသေအဆုံး ရှိကြောင်း သိရသည်။

ဗိုလ်နဂါးက “စခန်းထဲထိ ဝင်စီးတာ စစ်ကောင်စီဘက်က တော်တော် ကျတယ်။ ဝင်စီးတဲ့ဘက်ကနေ ဆန့်ကျင်ဘက် အနောက်တောင်ဘက်ထိ ဆုတ်ပြေးကြရတယ်။ ကျနော်တို့ဘက်က စခန်းသိမ်းဖို့ရာအထိ ကပ်နေတဲ့ အချိန်မှာ သူတို့ ဘက်က အခြေအနေ မလှတော့ စစ်လေယာဉ်တွေ လှမ်းခေါ်တဲ့ အချိန်မှာ MI 35 ၂ စီးအပြင် ၄ စီး လာပစ်သွားတယ်” ဟု ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဇီးဖြူကုန်းအနီးရှိ မင်းတိုင်ပင်၊ သရက်၊ မြေနီကုန်း၊ နှောရိုး၊ ချောင်းဦး၊ ညောင်ပင်ကောက် အစရှိသဖြင့် ကျေးရွာ ၉ ရွာမှ ဒေသခံများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရ ကြောင်း သိရသည်။

မင်းတိုင်ပင်ရွာခံ တဦးက “အကုန် ပြေးကြရတာ။ ဘေးမှာ ရှိတဲ့ ထန်းပင်တွေ ကွယ်ကပ်ပြီး အကုန် ညတွင်းချင်း ပြေး ကြရတာ။ ရွာတွေထဲ အခုချိန်ထိ လူတယောက်မှ မရှိဘူး။ လေယာဉ်သုံးလာတော့ ရွာထဲမှာ မလုံခြုံတော့ဘူး ဆိုပြီး တောထဲကို ဝင်ပြေးရတော့တာ” ဟု ပြောသည်။

ထိုကဲ့သို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများသည် ရွာတွင်းသို့ ပြန်မဝင်ရဲသဖြင့် နီးစပ်ရာ တောထဲတွင် တိမ်း ရှောင်နေကြဆဲဖြစ်ပြီး နွေရာသီ နေအပူရှိန်ကြောင့် နေထိုင်ရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“မပြန်ရဲသေးဘူး ရွာကို ပြန်ရင် ပျူရွာက မီးရှို့ပါမယ် ဆိုပြီးတော့ ခြိမ်းခြောက်ထားတယ်” ဟု ဒေသခံ တဦးက ပြော သည်။

စစ်ကောင်စီ တပ်နှင့် ပျူစောထီး အဖွဲ့တို့သည် ရွာခံများ ထွက်ပြေး တိမ်းရှောင်နေသည့် ကျေးရွာများမှ ဈေးဆိုင်များကို လည်း ဖောက်ထွင်းကာ ပစ္စည်းများ ယူငင်နေကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါ တပ်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက မကြာခဏ ဆိုသလို တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်း တိုက်ပွဲ အဖြစ် အပြင်းအထန် ဖြစ်ပွားသည်မှာ ယခုသည် တတိယအကြိမ်မြောက် ဖြစ်သည်။

ယင်းစခန်းအား ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းက PDF အင်အား ၃၀၀ ခန့်ဖြင့် ဝင်ရောက်စီးနင်း တိုက်ခိုက်မှုတွင် ပျူစောထီးနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် စုစုပေါင်း ၄၀ ကျော် သေဆုံးခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များက ဆိုကြ သည်။

ပုလဲမြို့နယ်တွင် ပျူစောထီး တပ်ဖွဲ့ဝင်များ အင်အား တောင့်တင်းပြီး သင်တန်းများ ပေးနေသည့် အဆိုပါ ဇီးဖြူကုန်း နှင့် အင်မထီး ကျေးရွာတို့ကို ပုလဲဒေသ ကာကွယ်ရေး တပ်ဖွဲ့များက မကြာခဏ တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။

ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ ပူးပေါင်းကာ ကျေးရွာများအား စီးနင်းပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများအား သတ်ဖြတ်ခြင်း အပြင် ပြည်သူများ၏ ပိုင်ဆိုင်မှုများကိုလည်း ယူဆောင်ကြသည်။

ဇန်နဝါရီ ၃၁ ရက်က မွေ့တုံနှင့် ပန်းရွာတွင် အိမ်ခြေ ၃၀၀ ကျော်၊ ဖေဖော်ဝါရီ ၄ ရက်က ကိုင်းတွင်းရွာတွင် အိမ် ၂၀၀ နီးပါး၊ ဖေဖော်ဝါရီ ၅ ရက် လှော်ကားရွာတွင် အိမ်ခြေ ၃၀၀ ကျော် မီးရှို့ဖျက်ဆီး ခံခဲ့ရသည်။

You may also like these stories:

ပုလဲတွင် ပျူစောထီးရွာများကို PDF ဝင်တိုက် ၄၀ ကျော်သေဆုံး

ပုလဲမြို့နယ် မွေ့တုံ ရွာလုံးကျွတ်နီးပါး စစ်ကောင်စီ မီးရှို့ ဖျက်ဆီး

Your Thoughts …
Tags: စစ်ကောင်စီတိုက်ပွဲပုလဲဗိုလ်နဂါးလေကြောင်းပစ်ခတ်မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဗိုလ်နဂါးနှင့် MRDA တပ်ဖွဲ့များ

ဗိုလ်နဂါး ဦးဆောင်တဲ့ PDF တွေ စစ်ကောင်စီစခန်းကို ဝင်တိုက် (ရုပ်/သံ)

၂၀၂၂ ဇန်နဝါရီလ ၃၁ ရက်နေ့ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသောကြောင့် ပြာကျသွားသော စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ထဲက ဘင်ရွ / AFP

စစ်ကောင်စီ မီးရှို့တဲ့ အရပ်သားနေအိမ် ၆၀၀၀ ကျော် ရှိ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 hours ago
2.6k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate