နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲထားသည့် အဂတိမှု ၅ မှုအား ချေဖျက်ပေးရန်နှင့် ပတ်သက်၍ လက်ခံကြားနာစစ်ဆေးဖို့ လျှောက်ထားချက်ကို ပြည်ထောင်စုတရား လွှတ်တော်က ယနေ့ ပယ်ချလိုက် သည်။
ချေဖျက်ပေးရန် လျှောက်ထားသည့် ၅ မှုမှာ ရန်ကုန်တိုင်းဝန်ကြီး ချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက ရွှေနှင့်ဒေါ်လာများ လာဘ် ပေးခဲ့သည်ဟုဆိုကာ စွပ်စွဲတရားစွဲဆိုမှုနှင့် ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်းထံ မြေနေရာချထားမှုများနှင့် ပတ်သက်ပြီး အဂတိ မှုဖြင့် တရားစွဲဆိုထားမှုများ ဖြစ်ကြောင်း သိရသည်။
လျှောက်ထားမှုနှင့် ပတ်သက်၍ “စွဲဆိုထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ပါ ပြဋ္ဌာန်းချက်တွေနဲ့ အရေးယူဖို့ ဆောင်ရွက်တဲ့အခါမှာ ဥပဒေနဲ့အညီ ဆောင်ရွက်ရမယ့် နည်းလမ်းတွေအတိုင်း ဆောင်ရွက်ထားခြင်း မရှိဘူး ဆိုတာ သက်သေခံချက် စာရွက်စာတမ်း အထောက်အထားတွေအရလည်း ပေါ်ပေါက်နေတဲ့အတွက် ဒီအမှုတွေကို ချေဖျက် ပေးဖို့ကို လက်ခံကြားနာပေးရန် လျှောက်ထားရခြင်း ဖြစ်တယ်” ဟု ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။
ဦးဖြိုးမင်းသိန်းမှ လာဘ်ပေးခဲ့ကြောင်း စွပ်စွဲချက်နှင့် ပတ်သက်ပြီး ယမန်နေ့က အထူးသီးသန့်တရားရုံးတွင် ဒေါ်အောင်ဆန်း စုကြည်က စွပ်စွဲမှုမှာ မှန်ကန်မှုမရှိကြောင်းနှင့် ဦးဖြိုးမင်းသိန်းထံမှ ရွှေနှင့်ဒေါ်လာများအား လက်ခံရယူစရာအကြောင်း မရှိ ကြောင်း ပြောဆိုခဲ့သည်။
ယခု အမှုများအား ချေဖျက်ပေးရန် လျှောက်ထားမှုတွင် ဒေါက်တာမျိုးအောင်အပေါ် စွဲဆိုထားသည့် အဂတိမှု ၅ မှု၊ ဦးရဲမင်းဦးအပေါ် စွဲဆိုထားသည့် အဂတိမှု ၅ မှုနှင့် ဦးနိုင်ငံလင်းအပေါ် စွဲဆိုထားသည့် အဂတိမှု ၅ မှုတို့ကိုလည်း တပါတည်း လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် လျှောက်ထားချက်အား လက်ခံ/မခံ ကြားနာခဲ့ရာ ပြည်ထောင်စု တရားလွှတ် တော်ချုပ်က လျှောက်ထားမှု အားလုံးကို ပယ်ချလိုက်ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အဂတိမှုများ ချေဖျက်ပေးရန် လျှောက်ထားခဲ့သည့် ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦးနှင့် ဦးနိုင်ငံလင်းတို့ အားလုံးမှာ စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးချုပ်နှောင်ခံထားရသူ များဖြစ်ပြီး သီးခြားစွပ်စွဲချက်များဖြင့်လည်း ၎င်းတို့အား အာဏာသိမ်း စစ်ကောင်စီက တရားစွဲဆိုမှုများစွာ ပြုလုပ်ထား သည်။
You may also like these stories:
လာဘ်ပေးခဲ့ကြောင်း ဦးဖြိုးမင်းသိန်း စွပ်စွဲချက် ဒေါ်အောင်ဆန်းစုကြည်ကို အပြီးသတ် စစ်ဆေး
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းထံ မြေနေရာချပေးမှု စည်ပင်သတ်မှတ်ချက်အတိုင်းဖြစ်ဟု ထွက်ဆို