• English
Friday, June 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်းရှိ MoU လုပ်သား ၁ သိန်းကျော်ကို ၂ နှစ် သက်တမ်းတိုးခွင့်ပြု

by ဧရာဝတီ
16 March 2022
in သတင်း
A A
၂၀၂၀ ဇူလိုင်က မဲဆောက်တွင် တွေ့ရသည့် ပြည်တော်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားများ  / ဧရာဝတီ

၂၀၂၀ ဇူလိုင်က မဲဆောက်တွင် တွေ့ရသည့် ပြည်တော်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားများ / ဧရာဝတီ

6.8k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံတွင် နှစ်နိုင်ငံသဘောတူညီမှုစာချွန်လွှာ ရေးထိုး၍ အလုပ်လုပ်ကိုင်လျက်ရှိသည့် MoU လုပ်သားများအား မိခင်နိုင်ငံသို့ ပြန်ရန်မလိုဘဲ ၂ နှစ်တာ သက်တမ်းတိုးခွင့်ပြုမည် ဖြစ်ကြောင်း ယမန်နေ့ (မတ် ၁၅ ရက်) တွင် ထိုင်းအစိုးရ ၏ အလုပ်သမားရေးရာဝန်ကြီးဌာနက ကြေညာလိုက်သည်။

ကိုဗစ်-၁၉ ရောဂါကြောင့် အလုပ်သမားများ အနေဖြင့် နေရပ်ပြန်ရန် ခက်ခဲနေသလို ထိုင်းနိုင်ငံအတွက်လည်း လုပ်သား အင်အား လိုအပ်ချက်ကြောင့် ထိုသို့ သက်တမ်းတိုးခွင့်ပြုရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

RelatedPosts

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဂင်းနစ်စံချိန်ဝင်မှာလား (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဂင်းနစ်စံချိန်ဝင်မှာလား (ရုပ်/သံ)

19 June 2025
53
သယံဇာတ တူးဖော်ရင်း ပေါ်လာတဲ့ ရုပ်အလောင်းတွေ (ရုပ်/သံ)

သယံဇာတ တူးဖော်ရင်း ပေါ်လာတဲ့ ရုပ်အလောင်းတွေ (ရုပ်/သံ)

19 June 2025
80
ကန်ဒေါင့်ရဲစခန်းကို PLA အပြီးသတ်သိမ်းပိုက် (ရုပ်/သံ)

ကန်ဒေါင့်ရဲစခန်းကို PLA အပြီးသတ်သိမ်းပိုက် (ရုပ်/သံ)

19 June 2025
70

အဆိုပါ အလုပ်လုပ်ကိုင်ခွင့် သက်တမ်း ၂ နှစ် တိုးနိုင်မည့် MoU လုပ်သားများမှာ ယခု ၂၀၂၂ အတွင်း ၄ နှစ် ပြည့်မည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့မှ အလုပ်သမားများအတွက် အကျုံးဝင်မည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် MoU စနစ်ဖြင့် အလုပ်လုပ်ကိုင်ခွင့် ပြုထားသည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို ၃ နိုင်ငံမှ အလုပ်သမား များအား ထိုင်းအစိုးရက ၂ နှစ် နေထိုင်အလုပ်လုပ်ကိုင်ခွင့်၊ ၂ နှစ်သက်တမ်းတိုးခွင့်နှင့် စုစုပေါင်း ၄ နှစ်တာ ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်ခွင့် ပြုထားခြင်းဖြစ်ပြီး ယင်းသက်တမ်း ၄ နှစ် ပြည့်သွားပါက မိမိတို့ နေရပ်နိုင်ငံသို့ပြန်၍ စာချုပ်အသစ် ထပ်မံချုပ်ဆိုကာ ပြန်လည်ခေါ်ယူခြင်း ဖြစ်သည်။

ဘန်ကောက်အခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က “အထောက်အကူကတော့ အများကြီး ဖြစ်နိုင်ပါတယ်။ သူ့ရဲ့မူလ စည်းမျဉ်းအရ MoU ဆိုတာ ၄ နှစ်ပဲ နေလို့ရတယ်။ ၄ နှစ်ပြည့်ရင် မူလတိုင်းပြည် ပြန်ရမယ်။ နောက်တကြိမ် ထပ်မံပြီးတော့မှ အလုပ်ရှင်အလုပ်သမား အေဂျင်စီတွေမှာ စာ ချုပ်ချုပ်ပြီးမှ ပြန်လာရမှာပေါ့။ ဒီလိုအခြေအနေမှာ လမ်းကြောင်းတွေလည်း အကုန်လုံး ပိတ်ထားတာ ဖြစ်တဲ့အတွက် မိမိရောက်ရှိရာနေရာ လုပ်ကိုင်နေဆဲ အလုပ်ရှင်နဲ့ပဲ လုပ်ကိုင်ခွင့်ပြုတယ်ဆိုတော့ အလုပ်သမားတွေအတွက် အများကြီး သက်သာစေတာပေါ့၊ အများကြီး အကျိုးဖြစ်ထွန်းပါတယ်” ဟု ပြောသည်။

သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်များကို ယခုလအတွင်းမှ စတင်ကာ ၆ လအတွင်း အပြီးလုပ်ဆောင်ရမည်ဖြစ်ပြီး ကျန်းမာရေးစစ်ဆေးခြင်း၊ ၂ နှစ် ဆက်လက်နေထိုင်ခွင့် ဗီဇာရရှိရန် သက်တမ်းကုန်ဆုံးလျက်ရှိသည့် ပက်စပို့စ် (သို့) အထောက်အထားများကို ယူဆောင်ကာ သက်ဆိုင်ရာဌာနများတွင် နယ်မြေအလိုက် လူကိုယ်တိုင်သွားရောက်၍ လုပ်ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ထိုင်းနိုင်ငံတွင် ၂၀၂၂ အတွင်း ၄ နှစ် သက်တမ်းပြည့်မည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုမှ MoU လုပ်သား ၁၀၆,၅၈၀ ဦးရှိပြီး ထိုထဲတွင် မြန်မာလုပ်သား ၅၄,၀၀၀ ကျော် ပါဝင်ကြောင်း သိရသည်။

ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အဖွဲ့၏ အလုပ်သမားတာဝန်ခံ ဦးမင်းဦးကလည်း “MoU အလုပ်သမားတွေအတွက် ဒီဘက်မှာ ဆက်ပြီးတော့ နေခွင့်ရတယ်။ အလုပ်လုပ်ကိုင်ခွင့် ရမယ်။ ကုန်ကျစရိတ်တွေ သက်သာသွားမယ်။ အရင်လိုဆို နယ်စပ်ကိုပြန် မြန်မာပြည်ဘက်ကနေ အဝင်အထွက်တွေ လုပ်ပြီးတော့ မှတ်ပုံတင်အသစ်တွေလုပ်ပြီး ပြန်ဝင်ဆိုတော့ ကုန်ကျစရိတ်တွေ အများကြီးပဲ။ အခုဆိုရင် ဒါတွေက လမ်းစရိတ်တွေ၊ အချိန်တွေ မကုန်တော့ဘူး” ဟု ဆိုသည်။

ထိုင်းနိုင်ငံ၏ လုပ်သားရှားပါးမှုပြဿနာ ဖြေရှင်းရန်အတွက် MoU စနစ်ဖြင့် လုပ်သားအသစ် ထပ်မံခေါ်ယူမည့် လုပ်ငန်း စဉ်မှာလည်း ကိုဗစ်အခြေအနေနှင့် ကုန်ကျစရိတ် ပြဿနာများကြောင့် နှောင့်နှေးနေဆဲဖြစ်ပြီး လာမည့် ဧပြီလအတွင်း ခေါ်ယူနိုင်ရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြိုးစားနေကြောင်း သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံ၏ နယ်စပ်ဒေသများတွင် လုပ်ကိုင်ရန် ၃ လသက်တမ်းရှိသည့် နယ်စပ်ဖြတ်ကျော်ခွင့်များဖြင့် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများတွင် လုပ်ကိုင်နိုင်မည့် အလုပ်သမားများကိုလည်း ယခု မတ် ၁၅ ရက်မှ စတင်ကာ ခွင့်ပြုလိုက် ကြောင်း သိရသည်။

လက်ရှိ ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသော မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဒသမ ၁၅ သန်းရှိပြီး တရားမဝင် ဝင်ရောက်နေထိုင် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား အရေအတွက်မှာလည်း ၁ သန်းကျော် ရှိနေကြောင်း သိရသည်။

Your Thoughts …
Tags: MoU စနစ်ထိုင်းနိုင်ငံရွှေ့ပြောင်းလုပ်သားသက်တမ်းတိုး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီ ၆ လ သက်တမ်းတိုး ဦးမြင့်ဆွေ ဖတ်မပြနိုင်တော့ပြီ

by အောင်သူရ
22 July 2024
18.4k

ယာယီ သမ္မတ ဦးမြင့်ဆွေ အာရုံကြောအားနည်းရောဂါမှာ တိုးတက်ကောင်းမွန်လာခြင်း မရှိသဖြင့် အနီးကပ်စောင့်ကြည့်နေရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

by ဧရာဝတီ
22 September 2024
13.6k

အခုဆိုရင် နောက်မှရောက်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ရှေ့ကရှိနေတဲ့ ရှိရင်းစွဲအလုပ်သမားတွေ ကြားမှာတောင် စိတ်ဝမ်းကွဲမှုတွေ ကြားနေရတယ်။ နောက်မှလာတဲ့လူတွေလုပ်လို့ ငါတို့ပါ တင်းကျပ်ခံရတယ်ဆိုတဲ့ အတွေးအခေါ်တွေ ကြားနေရတယ်။ ဒါတွေက မကောင်းတဲ့လက္ခဏာပဲ

မြန်မာ ၃ ဦး အသတ်ခံရမှု တရားခံမိပြီဟု ထိုင်းရဲထုတ်ပြန်

မြန်မာ ၃ ဦး အသတ်ခံရမှု တရားခံမိပြီဟု ထိုင်းရဲထုတ်ပြန်

by ဧရာဝတီ
18 July 2023
6.5k

လူသတ်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သူမှာ အသက် ၄၄ နှစ်အရွယ် ထိုင်းနိုင်ငံသား ဖြစ်ပြီး ရာဘာခြံချင်း နီးစပ်သူဖြစ်ကြောင်း သိရသည်။

သက်တမ်းတိုးတာ တိုင်းပြည်တည်ငြိမ်ရေးလုပ်ဖို့တဲ့လား

သက်တမ်းတိုးတာ တိုင်းပြည်တည်ငြိမ်ရေးလုပ်ဖို့တဲ့လား

by ဧရာဝတီ
4 August 2023
6.2k

တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်ရန် လိုအပ်နေသေးသည်ဟု အကြောင်းပြကာ စစ်ကောင်စီက အရေးပေါ်ကာလသက်တမ်း ၆ လကို ၄ ကြိမ်မြောက် တိုးလိုက်ပြန်သည်။

ထိုင်း ငါးဖမ်းလှေများကို ပစ်ခတ်မှုက စစ်ကောင်စီ၏ သရုပ်မှန်ကို ဖော်ပြနေသည်

ထိုင်း ငါးဖမ်းလှေများကို ပစ်ခတ်မှုက စစ်ကောင်စီ၏ သရုပ်မှန်ကို ဖော်ပြနေသည်

by စွယ်တော်
4 December 2024
6.2k

ငါးဖမ်းလှေသည် အမှန်တကယ် နယ်မြေကျော်လွန်ပါက အဝေးမှ အသံချဲ့စက်ဖြင့် သတိပေးပြီး ထွက်ခွာသွားရန် ဆောင်ရွက်နိုင်သော်လည်း မလိုအပ်ဘဲ အင်အားသုံး၍ အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးခဲ့သည်။

မြန်မာ ဆိုက်ဘာကျေးကျွန် ငရဲစခန်းရောက် အတွေ့အကြုံ

မြန်မာ ဆိုက်ဘာကျေးကျွန် ငရဲစခန်းရောက် အတွေ့အကြုံ

by Suneth Perera နှင့် Issariya Praithongyaem
25 April 2024
4.4k

"ကျနော်တို့ ကြောက်နေကြတယ်။ သီရိလင်္ကာ၊ ပါကစ္စတန်၊ အိန္ဒိယနဲ့ အာဖရိက နိုင်ငံတွေက အမျိုးသား၊ အမျိုးသမီး ၄၀ လောက်ကို အဲဒီစခန်းတွေမှာ အတင်းအကျပ် ချုပ်နှောင်ထားတယ်"

Next Post
လူထုအကြား စိုးရိမ်မှုတွေ ရှိလာတဲ့ ငွေစက္ကူအတု ဂယက် (ရုပ်/သံ)

လူထုအကြား စိုးရိမ်မှုတွေ ရှိလာတဲ့ ငွေစက္ကူအတု ဂယက် (ရုပ်/သံ)

မတ်လ ၁၂ ရက်က ပြန်လည်ဖွင့်လှစ်သည့် တရုတ်နယ်စပ်ဂိတ်တွင် ကုန်ကားများဝင်နေပုံ / ခွာညိုသစ်သီးပွဲရုံ

ကိုဗစ်ပိုး ပါသည်ဟုဆိုကာ မြန်မာ့ကုန်စည် ၇ မျိုး တရုတ် တင်သွင်းခွင့်ပိတ်

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

5 days ago
5.8k
မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

2 years ago
94.3k

Most Read

  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate