သတင်း

ဘင်္ဂလားပင်လယ်အော်တွင် လာမည့်အပတ်အတွင်း ဆိုင်ကလုံးမုန်တိုင်းဖြစ်လာနိုင်

အနောက်တောင် အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် လာမည့်အပတ် အစောပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း အဖြစ် အင်အားပြင်းထန်လာမည်ဟု မျှော်လင့်ရပြီး ဘင်္ဂလားဒေ့ရှ်နှင့် ၎င်းနှင့်ဆက်စပ်နေသော မြန်မာနိုင်ငံမြောက်ပိုင်းသို့ ရွေ့လျားနိုင်ကြောင်း အိန္ဒိယ မိုးလေဝသဌာနက ဗုဒ္ဓဟူးနေ့တွင် ကြေညာသည်။

အင်္ဂါနေ့က စတင်ဖြစ်ပေါ်လာသော ထိုလေဖိအားနည်းရပ်ဝန်းသည် အရှေ့မြောက်ဘက်သို့ ရွေ့လျှားမည်ဟု မျှော်လင့်ရပြီး စနေနေ့တွင် ထူးခြားသော လေဖိအားနည်း ရပ်ဝန်းဖြစ်လာမည်ဟု မျှော်လင့်ရသည်။ အန်ဒမန်နှင့် နီကိုဘားကျွန်းများကို ဖြတ်သန်းပြီးနောက် မုန်တိုင်းအဖြစ် အင်အားပြင်းထန်လာမည်ဟု အိန္ဒိယ မိုးလေဝသ ဌာနက ကြေညာသည်။

ထိုမုန်တိုင်းသည် မတ်လ ၂၁ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြင်းထန်လာပြီး မတ်လ ၂၂ ရက်နေ့တွင် မြောက်-အရှေ့မြောက်သို့ ဆက်လက်ရွေ့လျှားမည်ဟု ယူဆရသည်။

ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ရောက်သောအခါ သီရိလင်္ကာနိုင်ငံ အကြံပြုထားသည့် အဆာနီ ဟု အမည်ပေးမည်ဖြစ်သည်။

“အဲဒီနောက်တော့ ဒီမုန်တိုင်းက မြောက်-အရှေ့မြောက်ကို ဆက်လက်ရွေ့လျားပြီး မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ကမ်းခြေကို မတ်လ ၂၃ ရက်နေ့မှာ ဝင်မယ်လို့ ခန့်မှန်းရတယ်” ဟု အထက်ပါ မိုးလေဝသ ရုံးကကြေညာသည်။

ကြာသပတေးနှင့် သောကြာနေ့များတွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ၎င်းနှင့်ဆက်စပ် အန်ဒမန်ပင်လယ်တောင်ပိုင်း တွင် ပင်လယ်ပြင်အခြေအနေသည် လှိုင်းထန်နိုင်သည်။

ငါးဖမ်းသမားများအနေဖြင့် ဗုဒ္ဓဟူးနေ့တွင် အီကွေတာ အိန္ဒိယ သမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း ဆုံရာသို့ မသွားရန်နှင့် ကြာသပတေးနှင့်သောကြာနေ့များတွင် အရှေ့တောင်ဘင်္ဂလား ပင်လယ်အော်နှင့် အန်ဒမန်ပင်လယ်များသို့ မသွားရန် အကြံပြုထားသည်။

စနေနေ့နှင့် အင်္ဂါနေကအတွင်း အန်ဒမန်ပင်လယ်နှင့် အန်ဒမန်ကမ်းလွန်နှင့် နီကိုဘားကျွန်းများသို့ မသွားရန်လည်း အကြံပေးသည်။

အန်ဒမန်ပင်လယ်နှင့် နီကိုဘားကျွန်းများသည် လေပြင်းများကို တနင်္ဂနွေနေ့တွင် ခံစားရမည်ဖြစ်ပြီး ထိုလေပြင်းသည် တနာရီ ကီလိုမီတာ ၇၀ မှ ၈၀ အထိရှိပြီး နောက်တနေ့တွင် ကီလိုမီတာ ၉၀ အထိရှိမည်ဟု ခန့်မှန်းထားသည်။

ကိုးကား။ ။ Financial Express

ကချင်သူဌေးကြီး ဦးယွပ်ဇော်ခေါင် တားမြစ်ထားသည့် မြစ်ဆုံတွင် ရွှေတူးမှုဖြင့် ဝေဖန်ခံနေရ

ဖားကန့် မြေစာပုံပြိုမှု ၁၅ လောင်းရှာတွေ့၊ ၃၀ ကျော် ပျောက်ဆုံးနေ

မြစ်ဆုံဒေသတဝိုက် စက်ယန္တရားများဖြင့် ရွှေတူးဖော်မှု များပြားလာ

ယူကရိန်းကို အာရုံစိုက်လာသောကြောင့် မြန်မာအပေါ် အာရုံစိုက်မှုနည်းလာ

Loading