စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် (YMB PDF) အချို့သည် လက်နက်အားကိုးဖြင့် လူသတ်မှု၊ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်းကို ဒေသကာကွယ်ရေးအဖွဲ့များ၏ အချက်အလက်များ၊ ဒေသခံများ၏ ပြောပြချက်များအပြင် YMB PDF ခေါင်းဆောင် သပြေအေးဆရာတော် တဖြစ်လဲ ဗိုလ်သံမဏိ ကိုယ်တိုင်က ဧရာဝတီသို့ ဝန်ခံပြောဆိုလိုက်သည်။
ယင်းမာပင်ခရိုင်နှင့် ထိစပ်နယ်မြေတွင် ယင်းမာပင် ဗိုလ်သံမဏိ ဦးဆောင်သည့် YMB PDF နှင့် ၎င်း၏သစ္စာခံ တပ်ရင်း/တပ်ဖွဲ့များသည် ဒေသခံပြည်သူလူထုကို ခြိမ်းခြောက်၊ နှိပ်စက်၊ ဖမ်းဆီး၊ လုယက်၊ သတ်ဖြတ်နေပြီး သတ်ဖြတ်မှု ၅ မှုတွင် ၂၁ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ပြည်ထောင်စုကာကွယ်ရေးနှင့်လွတ်မြောက်ရေး မဟာမိတ် တပ်ပေါင်းစု (UDLA) က မတ် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
သတ်ဖြတ်ခံရသူများတွင် Hero Tiger အဖွဲ့မှ PDF တပ်ဖွဲ့ဝင်များ အပါအဝင် ထောက်ပို့အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ပါဝင်ပြီး ငွေကြေးလုယက်မှုများလည်း ပါဝင်နေကြောင်း သိရသည်။
အဆိုပါ ဖြစ်ရပ်များနှင့် ပတ်သက်ပြီး ယင်းမာပင်ခရိုင်နှင့် ထိစပ်နေသော ဒေသခံ PDF ၆၃ ဖွဲ့ကလည်း YMB PDF အဖွဲ့ ဝင်များကို လက်နက်ချပြီး တရားစီရင်ရေးအတွက် စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းပါဝင်ရန် သတိပေးချက် ထုတ်ပြန်သည်။
ယင်းသတ်ဖြတ်မှု ဖြစ်စဉ်များတွင် YMB PDF ခေါင်းဆောင် ဗိုလ်သံမဏိ အပါအဝင် သံသယရှိသူ ၁၃ ဦး ကို နာမည်နှင့်တကွ ထုတ်ပြန်ကြေညာထားသည်။
ယခုလို ထွက်ပေါ်လာသော ကြေညာချက်အပေါ် ဧရာဝတီက ကျူးလွန်ခံထားရသူများ၊ ဆက်စပ်ပတ်သက်သူများ၊ ယခုအမှု နှင့်ဆိုင်သည့် သက်သေများအား စုဆောင်းခဲ့သူများကို စုံစမ်းမေးမြန်းခဲ့သည်။
စွပ်စွဲခံရသော ဗိုလ်သံမဏိအား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ထိုကဲ့သို့ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများ ရှိခဲ့သော်လည်း စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။ ထို့ပြင် ၎င်းအနေဖြင့် အမိန့်ပေး ခိုင်းစေခဲ့ခြင်း မရှိကြောင်း ဗိုလ်သံမဏိက ငြင်းချက်ထုတ်သည်။
ထို့အပြင် စွပ်စွဲခံရသော ဗိုလ်သံမဏိအား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ထိုကဲ့သို့ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများ ရှိခဲ့သော်လည်း စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။ ထို့ပြင် ၎င်းအနေဖြင့် အမိန့်ပေး ခိုင်းစေခဲ့ခြင်း မရှိကြောင်း ဗိုလ်သံမဏိက ငြင်းချက်ထုတ်သည်။
“ဒီအမှုနဲ့ ပတ်သက်ပြီး အသေးစိတ် စစ်ဆေးနေတာတွေ ရှိပါတယ်။ သူတို့ ပြောသလို တချို့အပိုင်းတွေမှာ ဟုတ်ပါတယ်။ ပြစ်မှုကျူးလွန်တာတွေက မှန်ပါတယ်။ သို့သော်လည်းပဲ ဒါကို ဘယ်သူတွေကျူးလွန်လဲ ဆိုတာကိုတော့ စုံစမ်း စစ်ဆေးနေပါတယ်။ ဗိုလ်သံမဏိကနေပြီးတော့ ဒလန်တွေကို ရှင်းပစ်ဆိုတာမျိုး လုပ်ခဲ့တာ မရှိဘူး” ဟု ဗိုလ်သံမဏိက ပြောဆိုသည်။
PDF ၆၃ ဖွဲ့မှ ထုတ်ပြန်ထားသည့် သေဆုံးသူများသည် သတင်းပေးဒလန်များဟု သတ်မှတ်ခြင်း၊ Non-CDM ဝန်ထမ်း များ ဖြစ်နေခြင်းတို့အပြင် အာဃာတအရ သတ်ဖြတ်ခဲ့ခြင်းတို့ကိုပါ တွေ့ရှိခဲ့ကြောင်း ဗိုလ်သံမဏိက ပြောသည်။

“အသတ်ခံရတဲ့ လူတွေက PDF မဟုတ်ဘူး ဆိုတာကို ပြောချင်တယ်။ တချို့က စစ်ထောက်ခံပွဲ သွားလို့မလို့ အောက် ခြေက ရဲဘော်တွေက ရှင်းပစ်တာမျိုး ရှိပါတယ်။ တချို့ရှင်းခံရတဲ့ လူတွေက တဦးနဲ့တဦး၊ တဖက်နဲ့တဖက်က အဃာတ တွေနဲ့ ရှင်းတာဖြစ်တယ်” ဟု ဗိုလ်သံမဏိက ပြောဆိုသည်။
ဆက်လက်၍ ၎င်းက “ပထမဆုံး လူ ၆ ဦး ရှင်းခံရတဲ့ ကိစ္စဆိုရင် အရင်တုန်းက တခြား PDF အဖွဲ့ကို မိုင်းဆွဲဖူးတယ်လို့ စုံစမ်းစစ်ဆေး တွေ့ရှိတယ်။ ဒီလူတွေက ငါတို့ကို မိုင်းဆွဲဖူးတဲ့ကောင်တွေ မဟုတ်ဘူးလား ဆိုပြီးတော့ မေးရင်းနဲ့ ဒေါသ မထိန်းနိုင်ဘဲ နောက်ဆုံး ဟုတ်ပါတယ်လို့ ဝန်ခံတဲ့အချိန်မှာ အဲဒီလူတွေက ရှင်းခံရတာမျိုးတွေပါ။ ဒါက ကံ၊ ကံရဲ့အကျိုး တွေပါ။ တချိန်တုန်းက အခုရှင်းတဲ့ လူတွေရဲ့အဖွဲ့ကို သွားပြီးတော့ မိုင်းသွားဆွဲတဲ့ အခါကျတော့ ဒေါသမထိန်းနိုင်ဘဲ ဖြစ် တာမျိုးပါ” ဟု ဆိုသည်။
ယင်းမာပင်ခရိုင် သပြေအေးရွာ၏ ရွာဦးကျောင်းဆရာတော် ဦးသောပါကသည် ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့ သည့် ဦးဆောင်သံဃာတော်တပါးဖြစ်ပြီး စစ်အာဏာသိမ်း အစောပိုင်း ကာလများတွင်လည်း အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သူတဦး ဖြစ်သည်။
လူဝတ်လဲကာ ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဖြစ်လာသည့် ဗိုလ်သံမဏိသည် အခြား PDF အဖွဲ့ငယ်များအပေါ် ၎င်းတို့၏ ဩဇာခံရန်အတွက် လူအင်အား၊ လက်နက်အင်အားဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ်သည့်အပြင် သတ်ဖြတ်မှုများလည်း ပြုလုပ်ခဲ့ကြောင်း ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော စစ်ကိုင်းတိုင်းအတွင်းရှိ PDF အဖွဲ့များနှင့် ဒေသခံများက ပြောကြသည်။
ထို့နောက်ပိုင်း လူဝတ်လဲကာ ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဖြစ်လာသည့် ဗိုလ်သံမဏိသည် အခြား PDF အဖွဲ့ငယ်များအပေါ် ၎င်းတို့၏ ဩဇာခံရန်အတွက် လူအင်အား၊ လက်နက်အင်အားဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ်သည့်အပြင် သတ်ဖြတ်မှုများလည်း ပြုလုပ်ခဲ့ကြောင်း ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော စစ်ကိုင်းတိုင်းအတွင်းရှိ PDF အဖွဲ့များနှင့် ဒေသခံများက ပြောကြသည်။
ဖမ်းဆီးခံရသူများကို ပြန်လည်လွှတ်ပေးရန်အတွက် သွားရောက်ညှိနှိုင်းခဲ့ပြီးနောက် အဆက်အသွယ် လုံးဝပြတ်တောက်သွားကြောင်းနှင့် ဗိုလ်သံမဏိ စွပ်စွဲပြောဆိုသကဲ့သို့ ၎င်းတို့ အဖွဲ့ကို မိုင်းထောင်ခြင်းမျိုးလည်း မရှိခဲ့ကြောင်း နစ်နာသူ တဦး၏ မိသားစုဝင်က ပြောသည်။
နစ်နာသူ၏ မိသားစုဝင် တဦးက “ဖုန်းချိတ်ပြီး လိုက်သွားတယ်။ ပြန်လာလိမ့်မယ်လို့ ထင်တာ။ ဖမ်းသွားတဲ့ နေ့ကတည်းက ယနေ့အချိန်အထိ ဘာမှ မမြင်ရတော့ဘူး။ မိုင်းဆွဲ တိုက်ခိုက်တယ် ဆိုတာ ဆရာတော် ပြောထားတာတွေကလည်း မဟုတ်ပါဘူး။ ယနေ့ အချိန်အထိ ကိုယ့်ပြည်သူ PDF အချင်းချင်း၊ ရဲဘော်ရဲဘက်တွေအပေါ်မှာ မကောင်းသောစိတ်တွေ မရှိခဲ့ဘူးဆိုတာတော့ ကျမ ပြောချင်ပါတယ်” ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက “ကိုယ့်အသက်နဲ့ ရင်းပြီးတော့ တော်လှန်ခဲ့တာတောင်မှ ရက်ရက်စက်စက် သတ်ရက်တယ်။ သပြေအေး ဆရာတော် အဖွဲ့တွေက မတရား အကြံဖက်နည်းတွေ လုပ်နေပါတယ်။ PDF အချင်းချင်းတွေလည်း သတ်ဖြတ်နေတဲ့အတွက် ရဲဘော်ရဲဘက် PDF တွေအနေနဲ့ အထူးဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်” ဟု ဆိုသည်။
အဆိုပါ ဖမ်းဆီးမှုများကို သိသိချင်းမှာပင် ဒေသခံကာကွယ်ရေးအဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံရှင်းလင်းရန်အတွက် ချိန်းဆိုခဲ့သော်လည်း ဗိုလ်သံမဏိက လာရောက်ဖြေရှင်းခဲ့ခြင်း မရှိကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး နိုင်ကောင်းရွက် ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းကာ စုံစမ်းကြားနာမှုများကို ၂၀၂၁ နိုဝင်ဘာ ကတည်းက ပြုလုပ်နေကြောင်း သိရှိရသည်။
NUG က ဖွဲ့စည်းထားသည့် စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်သည် လက်ရှိ ဖြစ်ပွားနေသော စစ်ဘက်ဆိုင်ရာ ရာဇဝတ်မှုများအား စုံစမ်းစစ်ဆေးလျက်ရှိပြီး ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်နိုင်ရေး အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မတ် ၁၄ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသော်လည်း ယခုအမှုကို မည်ကဲ့သို့ အရေးယူ ဆောင်ရွက်သည်ဆိုခြင်းနှင့် ပတ်သက်၍ အသေးစိတ် မသိရှိရပေ။
NUG က ဖွဲ့စည်းထားသည့် စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်သည် လက်ရှိ ဖြစ်ပွားနေသော စစ်ဘက်ဆိုင်ရာ ရာဇဝတ်မှုများအား စုံစမ်းစစ်ဆေးလျက်ရှိပြီး ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်နိုင်ရေး အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မတ် ၁၄ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသော်လည်း ယခုအမှုကို မည်ကဲ့သို့ အရေးယူ ဆောင်ရွက်သည်ဆိုခြင်းနှင့် ပတ်သက်၍ အသေးစိတ် မသိရှိရပေ။
NUG ကာကွယ်ရေး ဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က “တိုင်ကြားမှုတွေနဲ့ ပတ်သက်ရင်တော့ လက်နက်ကိုင်ပြီးတော့ ကျူးလွန်ခဲ့တဲ့ ကိစ္စတချို့တော့ ရှိတယ်။ တရားစီရင်ခြင်း မပြုရသေးတဲ့ အနေအထားမျိုးမှာတော့ ကျင့်ဝတ်သိက္ခာအရ ထုတ်ပြောလို့ မရဘူးပေါ့။ ဒါပေမယ့် ကျနော်တို့ဆီမှာ တိုင်ကြားမှု တချို့တော့ ရှိနေပါတယ်”ဟု ပြောသည်။
“ကျနော်တို့မှာ စုံစမ်း စစ်ဆေးရေး ကော်မရှင် ရှိထားပြီးသား ရှိပါတယ်။ လိုအပ်ရင် လိုအပ်သလိုလည်း ကော်မရှင်တွေ ဖွဲ့စည်းပြီးတော့ ကျူးလွန်တဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီးတော့ လေ့လာစုံစမ်းမှုတွေ လုပ်ပါမယ်”ဟု ၎င်းက ဆက်ပြောသည်။
အလားတူပင် စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင် ထုတ်ပြန်ထားချက်တွင် စစ်ဘက်ရာဇဝတ်မှု ကျူးလွန်သည်ဟု စွပ်စွဲခံရသူများကို စစ်ဆေးစီရင်နေစဉ် အချိန်အတွင်း လိုအပ်ပါက ကာကွယ်ရေးဝန်ကြီးဌာနသည် အမိန့်နှင့်ညွှန်ကြားချက်များ ထုတ်ပြန်၍ စစ်ဘက်တာဝန်များမှ ယာယီရပ်ဆိုင်းထားမည်ဟု ထည့်သွင်း ဖော်ပြထားသည်။
သို့သော် ဗိုလ်သံမဏိ၏ ပြောပြချက်တွင် NUG ၊ ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ယခင်လုပ်ဆောင်သည့် တာဝန်များကို ဆက်လက်လုပ်ဆောင်ရန်သာ ညွှန်ကြားထားကြောင်း သိရသည်။
“ကိုယ်မသိတဲ့ အချိန်မှာ အမိန့်ကို ကျော်ပြီးတော့ လုပ်တာမျိုးတွေ ရှိတော့ ဗိုလ်သံမဏိမှာ အဲဒီကိစ္စကို တာဝန်ရှိတာ မှန်တယ်။ သို့သော်လည်း ဘယ်သောအခါမှ အမိန့်ပေးခဲ့ခြင်းမျိုး မရှိဘူး။ ဦးရည်မွန်ကတော့ အောက်ခြေတွေကို တတ်နိုင်သမျှ ထိန်းပါ ဆက်လုပ်စရာ ရှိတာကို ဆက်လုပ်ပါလို့ ဒီလိုပဲ ညွှန်ကြားပါတယ်။ (မတ်) ၁၆ ရက်နေ့ကပဲ လှမ်းပြောတာ။ NUG ရဲ့ လမ်းညွှန်ချက်အတိုင်း NUG ရဲ့ စုံစမ်းစစ်ဆေးမှု၊ မေးမြန်းမှုတွေ အတိုင်း ဆက်ပြီးတော့ လိုက်နာမယ်။ ပေးတဲ့ အပြစ်ဒဏ်ကိုလည်း ခံယူဖို့ အဆင်သင့် ရှိပြီးသား” ဟု သပြေအေး ဆရာတော်က ထပ်လောင်းပြောဆိုသည်။
ဗိုလ်သံမဏိအဖွဲ့တွင် သေနတ် အလက် ၂၀၀ ရှိနေခြင်းက လက်နက်အင်အား များပြားနေသည့်အတွက် ထပ်မံ ခြိမ်းခြောက်လာမည်ကို ဒေသခံများနှင့် ဒေသ ကာကွယ်ရေးတပ်ဖွဲ့များက စိုးရိမ်လျက် ရှိသည်။
ဗိုလ်သံမဏိအဖွဲ့တွင် သေနတ် အလက် ၂၀၀ ရှိနေခြင်းက လက်နက်အင်အား များပြားနေသည့်အတွက် ထပ်မံ ခြိမ်းခြောက်လာမည်ကို ဒေသခံများနှင့် ဒေသ ကာကွယ်ရေးတပ်ဖွဲ့များက စိုးရိမ်လျက် ရှိသည်။
အဆိုပါ လက်နက်များ အနေဖြင့်လည်း စစ်ကိုင်းတိုင်းရှိ မြို့နယ်အချို့ကို ခွဲဝေပေးရန် NUG မှ ပေးခဲ့သော်လည်း အနည်းငယ်သော လက်နက်များကိုသာ ခွဲဝေခဲ့ပြီး ဗိုလ်သံမဏိအဖွဲ့ကသာ လက်ဝါးကြီးအုပ် ယူဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသ ကာကွယ်ရေး တပ်ဖွဲ့များက ငြင်းချက်ထုတ် ပြောဆိုကြသည်။
ဗိုလ်သံမဏိကမူ “NUG ဘက်က လက်နက်တွေ ချပေးတာမျိုး ရှိပါတယ်။ ဒီလို ချပေးလိုက်တဲ့အတွက် တခြားမြို့နယ်တွေကိုလည်း ခွဲပေးတာမျိုးရှိတယ်။ ၁၀ လက်ဆီ ခွဲပေးတာမျိုးတွေရှိတယ်။ ဒါက တိတိကျကျ ဘယ်မြို့နယ်တွေကို ပေးတယ်ဆိုတာ မပြောနိုင်ဘူး။ ပေးတာကလည်း သပြေအေး ဆရာတော်လို့ ခေါ်တဲ့ ဗိုလ်သံမဏိက တိုက်ပွဲကို အဦးဆုံး စပြီးတော့ ဖော်တဲ့အတွက် ဂုဏ်ပြုတဲ့ အနေနဲ့ ဗိုလ်သံမဏိဆီကို တိုက်ရိုက်ပေးတာ။ တခြားမြို့နယ်တွေကို ခွဲဝေပေးရမယ် ဆိုတဲ့ mandate မျိုး မပါလာပါဘူး။ ဗိုလ်သံမဏိဆီ တိုက်ရိုက်ပေးပြီးတော့ ဗိုလ်သံမဏိရဲ့ စီမံခန့်ခွဲမှု အတိုင်း လုပ်ရပါမယ် ဆိုတဲ့ ကာကွယ်ရေး ဝန်ကြီးကိုယ်တိုင်ကိုက အဲဒီလို ညွှန်ကြားပါတယ်” ဟု ဧရာဝတီသို့ ပြန်လည်ချေပသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၇ ရက် ဒီကနေ့ကစပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် အထူးတပ်ဖွဲ့နှင့်အတွက် စစ်မြေပြင်မှာ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းများအား ထုတ်ပြန်ကြေညာထားသည်။
အရေးပေါ် လိုအပ်ချက်အရ အရပ်သားပြည်သူပိုင်ပစ္စည်းများအား အသုံးပြုရပါက တန်ရာ တန်ကြေးပေးရန်၊ သုံ့ပန်းများအား ညှဉ်းပန်းတာ သတ်ဖြတ်တာ မလုပ်ရန်၊ သင့်လျော်တဲ့နေရာမှာ ထိန်းသိမ်းထားရန် စသည်များ ပါဝင်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးသည့်နောက်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ် ကျူးလွန်သည့် ဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိသည်။

အာဏာသိမ်း စစ်ကောင်စီတပ်သည် စစ်ရာဇဝတ်မှုများဖြစ်သည့် ပြည်သူများကို နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခြင်း၊ ရည်ရွယ်ချက်ရှိရှိဖြင့် အရပ်သားများကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာ ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ၊ အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပြင် ပြည်သူလူထု၏ ပစ္စည်းများကို ဖျက်ဆီးခြင်း၊ သိမ်းပိုက်ခြင်းများကို ကျူးလွန်လျက်ရှိသည်။
တဖက်တွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်များအား ဆန့်ကျင်တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့များတွင်လည်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကဲ့သို့ စစ်ရာဇဝတ်မှု ကျူးလွန်မှုများ ရှိနေသည်။
တဖက်တွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်များအား ဆန့်ကျင်တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့များတွင်လည်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကဲ့သို့ စစ်ရာဇဝတ်မှု ကျူးလွန်မှုများ ရှိနေသည်။
တိုင်းရင်သား လက်နက်ကိုင်အဖွဲ့ တခုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကမူ ပြီးခဲ့သည့် နှစ်က ဖြစ်ပွားခဲ့သည့် လူသတ်မှုအပေါ် စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူများအား အရေးယူဆောင်ရွက်ခဲ့သည်။
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြို့၊ ကနဲလေးကျေးရွာနှင့် မော်ခီးကျေးရွာကို ဆက်သွယ်မည့် အူးဟူချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းခွင်က အရပ်သား ၂၅ ဦးကို KNDO က သတ်ဖြတ်ခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်လာသည့်နောက်တွင် မိခင်အဖွဲ့အစည်း ဖြစ်သည့် KNU မှ စုံစမ်းမှုများ ပြုလုပ်ခဲ့ပြီး အဓိက တာဝန်ရှိသူ KNDO ခေါင်းဆောင် ဗိုလ်မှူးချုပ် စောနယ်ဒါးမြကို တာဝန်မှ အပြီး ရပ်ဆိုင်းခဲ့သည်။
မကြာခင်ရက်ပိုင်းကလည်း ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၏ တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) ဥက္ကဋ္ဌ မိုင်းနုမ်ဟန်တို့ မိသားစု ၃ ဦးကို ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) က သတ်ဖြတ်ခဲ့သည် ဆိုသည့် သက်သေများ တွေ့ရှိခဲ့ကြောင်း အမှုကို ရှာဖွေဖော်ထုတ်နေသည့် စုံစမ်းရေးကော်မတီထံမှ သိရသည်။
သက်သေများက ညွှန်ပြနေသော ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ အနေဖြင့် တာဝန်ယူပေးရန် TNP နှင့် အရပ်ဖက်အဖွဲ့များက တောင်းဆိုထားသော်လည်း RCSS အနေဖြင့် မိုင်းနုမ်ဟန် မိသားစုကို ၎င်းတို့အဖွဲ့မှ ဖမ်းဆီး ထားခြင်း မရှိကြောင်းကို ဗိုလ်မှူးကြီး စိုင်းငင်း လတ်မှတ်ပါ စာဖြင့် ဇန်နဝါရီလ ၂၉ ရက်က အကြောင်းပြန်စာ ထွက်ရှိခဲ့ပြီးနောက် တစုံတရာ ထပ်မံ တုံ့ပြန်လာခြင်း မရှိသေးပေ။
You may also like these stories:
စစ်ကောင်စီရဲ့ မြေလှန်မီးတိုက်စစ်ဆင်ရေးနဲ့ ပြာပုံထဲက ပြည်သူ့ စိတ်ဓာတ်
အာဏာသိမ်းစစ်ကောင်စီ၏ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ
ရိုဟင်ဂျာ ဂျီနိုဆိုဒ်အမှု အာဂျင်တီးနား တရားရုံး ကြားနာမည်
မြန်မာ့တပ်မတော်က KNU ကို ရှက်ပါ
မိုင်းနုမ်ဟန်တို့ မိသားစုကို RCSS သတ်ဖြတ်ခဲ့ဟု စုံစမ်းရေး ကော်မတီပြော