• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီ သတ်ဖြတ်ခဲ့သည့် ကော့မှူး ပရဟိတသမား ရုပ်အလောင်းပြန်မရ

by ဧရာဝတီ
21 March 2022
in သတင်း
A A
စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်ခြင်း ခံလိုက်ရသည့် အားမာန်ပရဟိတ အသင်း ဥက္ကဋ္ဌ

စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်ခြင်း ခံလိုက်ရသည့် အားမာန်ပရဟိတ အသင်း ဥက္ကဋ္ဌ

5k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ မြို့ကုန်းရွာတွင် ပရဟိတအဖွဲ့တခုကို စစ်ကောင်စီက ဝင်ရောက် စီးနင်းပြီး ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ပရဟိတသမား၏ ရုပ်အလောင်းကို စစ်ကောင်စီက ယူဆောင်သွားကြောင်း ဒေသ သတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ မတ်လ ၂၀ ရက် နံနက်အစောပိုင်းတွင် အဆိုပါ ပရဟိတအဖွဲ့ရှိရာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်ပြီး အားမာန်ပရဟိတအသင်း ဥက္ကဋ္ဌဖြစ်သူ ကိုသန့်စင်အောင် (ခ) ကိုပြောင်ကြီးသည် ဦးခေါင်းနှင့် ခြေထောက်ကို ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။

RelatedPosts

ချင်းမိုင်မှာလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲ ပျက်ဟုဆို (ရုပ်/သံ)

ချင်းမိုင်မှာလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲ ပျက်ဟုဆို (ရုပ်/သံ)

16 June 2025
157
ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

16 June 2025
69
ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

16 June 2025
46

အဆိုပါ အဖွဲ့တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ရှိသည်ဆိုသည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်က အားမာန်ပရဟိတအသင်းရုံးကို ဦးတည်ဝင်ရောက် ရှာဖွေခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဒေသခံ တဦးက “ပရဟိတ အသင်းကို ဝင်စီးတာပေါ့။ အသင်း ဥက္ကဋ္ဌကို သေနတ်နဲ့ ပစ်သတ်သွားတယ်။ အလောင်းကိုလည်း ယူသွားတယ်။ ပရဟိတ ရုံးကို ဦးတည်လာတာ။ PDF တွေရှိတယ်ထင်တာနဲ့ ဝင်စီးတဲ့ အချိန် ထွက်ပြေးတဲ့ အချိန် နောက်ကနေ ပစ်ဖမ်းတာ။ ပထမက ခြေထောက်ကို ပစ်တယ်။ နောက်တော့မှ ခေါင်းကိုပစ်ပြီး ခေါင်းကိုထိတဲ့ ဒဏ်ရာနဲ့ သေတာပေါ့” ဟု ပြောသည်။

ဝင်ရောက်စီးနင်းခံရသည့် မြို့ကုန်းဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်က စစ်ကောင်စီတပ်ကို မေးမြန်းရာတွင်မူ အသင်းဥက္ကဋ္ဌသည် ထွက်ပြေးရင်း ချော်လဲရာမှ ဦးခေါင်းတွင် ဒဏ်ရာရ သေဆုံးသွားခြင်း ဖြစ်ကြောင်း ပြောသွားသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီက ပစ်သတ်ခဲ့သည့် ကိုသန့်စင်အောင်သည် ကိုဗစ်ဖြစ်ပွားမှုများတွင် ဒေသခံ ပြည်သူများကို လူမှုကူညီ ကယ်ဆယ်ရေးများ ဆောင်ရွက်ပေးခဲ့သူ ဖြစ်ကြောင်း ရွာခံများက ဆိုသည်။

ဒေသခံ တဦးက “ကိုဗစ်တတိယလှိုင်းမှာ အောက်ဆီဂျင်ကိစ္စတွေ အပင်ပန်းခံပြီး ပြည်သူတွေအတွက်ကို တစိုက်မတ်မတ် လုပ်တယ်။ နေရာတခုကို ဝင်ရင် သူတို့ (စစ်ကောင်စီ) လူအင်အား အများကြီးနဲ့မှ ဝင်တာ။ လက်နက်မဲ့ ပြည်သူ တယောက်ကို ဒီကောင်တွေ ဖမ်းလို့မရဘူး ဆိုတာကို အကြောင်းပြချက်တွေ မျိုးစုံပေးပြီး လျှောက်ပြောနေတာ။ ရည်ရွယ်ချက်ရှိရှိကို ပစ်သတ်ပစ်တာ” ဟု ပြောသည်။

ထို့အပြင် ကိုသန့်စင်အောင်၏ ဝမ်းကွဲ ညီအစ်ကို ၂ ဦးကိုလည်း စစ်ကောင်စီတပ်က အိမ်များတွင် ရှာဖွေကာ ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

အလားတူပင် စစ်ကောင်စီသည် ရန်ကုန်၊ မန္တလေးရှိ လူမှုကယ်ဆယ်ရေး အသင်းအချို့ကို နိုင်ငံရေးနှင့် ဆက်နွယ်မှုရှိသည်ဟုဆိုကာ အသင်း ချိတ်ပိတ်ခြင်း၊ အသင်းသားများအား ဖမ်းဆီးခြင်းအပြင် ပရဟိတသမားကို ဖမ်းဆီးခြင်း၊ ပစ်ခတ်သတ်ဖြတ်မှုများကို ကျူးလွန်လျက်ရှိသည်။

နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနဲ့ နိုင်ငံသားလူသားချင်း စာနာမှုဆိုင်ရာ ဥပဒေများ အရ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် မည်သည့်အဖွဲ့အစည်းမဆို လေးစားပြီး အကာကွယ် ပေးရမည် ဖြစ်ပြီး ယင်းအဖွဲ့များသည် အတိုက်အခိုက်မခံရသင့်ကြောင်းနှင့် လုပ်ငန်း လုပ်ဆောင်ချက်များသည်လည်း အကန့်အသတ် မခံရသင့်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းကမဆို ကျန်းမာရေး စောင့်ရှောက်ပေးနေသည့် အဖွဲ့အစည်းများကို တိုက်ခိုက်မှုရန်များမှလည်း ကာကွယ်ပေးရန် လိုအပ်ကြောင်း ဆိုထားသည်။

အာဏာသိမ်းကာလတလျှောက်တွင် စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူ ၁၆၈၇ ဦးအထိ ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

Your Thoughts …
Tags: ကိုသန့်စင်အောင်ကော့မှူးရန်ကုန်တိုင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်မှုထမ်း မပါဖို့ ငွေသိန်းချီပေးနေရ (ရုပ်/သံ)

စစ်မှုထမ်း မပါဖို့ ငွေသိန်းချီပေးနေရ (ရုပ်/သံ)

by ဧရာဝတီ
29 November 2024
186

မင်္ဂလာတောင်ညွန့်၊ တာမွေအပါအဝင် ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ စစ်ကောင်စီက လူငယ်တွေကို အိမ်အရောက် စစ်မှုထမ်း ကောက်ယူမှုတွေ ပြုလုပ်နေပြီး ရှောင်ရှားလိုသူတွေကတော့ ကျပ်သိန်း ဆယ်ချီပေးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်မြို့တွင် ပြုလုပ်သည့် အစိမ်းရောင်စီးပွားရေး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်  / မျိုးပပစန်း / ဧရာဝတီ

မီးခိုး မထွက်သည့် စီးပွားရေး ဖြစ်ရန် စီစဉ်နေဟု ဦးဖြိုးမင်းသိန်းပြော

by မျိုးပပစန်း
7 February 2020
4.4k

ရန်ကုန်မြို့တွင် လာရောက် ရင်းနှီးမြှုပ်နှံသော လုပ်ငန်းရှင်များ ဖိတ်ခေါ်ရာတွင်လည်း သဘာဝပတ်ဝန်း ကျင်ကို ထိခိုက်ခြင်း မရှိသည့် တာဝန်ယူမှု တာဝန်ခံမှု ရှိသော စီးပွားရေး လုပ်ကိုင်နိုင်သော လုပ်ငန်းများကိုသာ ဆောင် ရွက်နိုင်ရန် ကြိုးစား ပြင်ဆင်နေကြောင်း ဝန်ကြီးချုပ်က...

တိုင်းတရားသူကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခံရသူ ဦးလှအေး  / ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ဝက်ဘ်ဆိုက်

ရန်ကုန်တိုင်း တရားသူကြီးချုပ်အသစ် အမည်တင်သွင်း

by သဇင်လှိုင်
11 December 2018
24.5k

အသက် ၆၃ နှစ်ရှိပြီဖြစ်သည့် ဦးလှအေးသည် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး အဖြစ် ၂၀၁၁ ခုနှစ်မှစကာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး မင်းကင်းမြို့နယ်၌ တရား ရေးဦးစီးမှူး၊ မြင်းမူမြို့နယ် တရား သူကြီး၊ ဘိုကလေးမြို့နယ် တရားသူကြီး၊...

အာဏာသိမ်းပြီး ၁၈ရက်အကြာ ၂၀၂၁ ဖေဖေါ်ဝါရီ ၁၈ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံဘုရား အရှေ့မုဒ် ကြားတောရလမ်းအနီး ပြည်သူများကို စစ်တပ်နှင့် ကြံခိုင်ရေးပါတီလိုလားသူ ဘုန်းကြီးနှင့် လူတချို့ကတိုက်ခိုက်မှု ဖြစ်ပွားစဉ် / ဧရာဝတီ

ဘုန်းကြီးကျောင်းများ ဧည့်စာရင်းတိုင်ရမည့်အမိန့် နိုင်ငံရေးလှုပ်ရှားသူများကို ပစ်မှတ်ထားခြင်းလား

by ဧရာဝတီ
1 December 2022
3k

ရန်ကုန်တိုင်းရှိ ဘုန်းကြီးကျောင်းများ၌ တည်းခိုနေထိုင်သူများ ဧည့်စာရင်းတိုင်ရမည် ဆိုသော တိုင်းသံဃနာယကအဖွဲ့၏ ထုတ်ပြန်ချက် အမိန့်သည် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း ဘုန်းတော်ကြီးတချို့က ဝေဖန်ပြောဆိုကြသည်။

ရန်ကုန်မြို့ရှိ သုဿာန်များတွင် ကိုဗစ်ကြောင့်သေဆုံးသွားသူများကို မီးသဂြိုဟ်ရန် စောင့်ဆိုင်းနေမှုကို ယခုဇူလိုင်လအတွင်း တွေ့ရစဉ်  / CJ

ကျန်းမာရေးနှင့် သုဿာန်က သေစာရင်း အဆမတန် ကွာဟနေ

by ဧရာဝတီ
21 July 2021
32.2k

ရန်ကုန်တိုင်းတွင် သေဆုံးသူများကို နာရေးကူညီမှု အသင်းများဖြင့် သယ်ဆောင်ရန်ပင် မလုံလောက်တော့သည့်အတွက် လူမှုကယ်ဆယ်ရေး ပရဟိတ အသင်းအဖွဲ့များကပါ ကူညီသယ်ဆောင်ပေးနေရသည်။

ရန်ကုန်တိုင်းအတွင်း မဲဆွယ်လှုပ်ရှားနေတဲ့ NLD ဝန်းရံသူများ  / ဧရာဝတီ

ရန်ကုန်တိုင်းမှာ NLD အပြတ်အသတ် နိုင်ဦးမလား

by ထွန်းထွန်း
6 November 2020
9.6k

နိုင်ငံရဲ့ အချက်အချာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ရွေးကောက်ပွဲတွေဟာ နိုင်ငံရေးထိပ်တန်း ခေါင်းဆောင် တွေရဲ့ ပြိုင်ဆိုင်မှုနဲ့အတူ လှုပ်လှုပ်ခတ်ခတ် ရှိနေတတ်စမြဲဖြစ်ပါတယ်။ အခုဆိုရင်လည်း ရွေးကောက်ပွဲကျင်းပမယ့်ရက် နီးကပ်လာတာနဲ့အမျှ အငြင်းပွားမှုတွေဟာလည်း ပြင်းထန်လာပါတယ်။

Next Post
ကော့မှူး ဘုန်းကြီးကျောင်းကို စစ်ကောင်စီဝင်စီးပြီး ပရဟိတ ဥက္ကဋ္ဌကို ပစ်သတ် (ရုပ်/သံ)

ကော့မှူး ဘုန်းကြီးကျောင်းကို စစ်ကောင်စီဝင်စီးပြီး ပရဟိတ ဥက္ကဋ္ဌကို ပစ်သတ် (ရုပ်/သံ)

ဧရာဝတီတိုင်းအတွင်းရှိ မုန်တိုင်းအန္တရာယ်ရှိသည့်နေရာများမှ ဒေသခံများ ဘေးလွတ်ရာ ရွှေ့ပြောင်း နေကြစဉ်  / CJ

မုန်တိုင်း အန္တရာယ်ရှိသည့် ဒေသများမှ ပြည်သူများ ရွှေ့ပြောင်းမှု ပြုလုပ်

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

3 days ago
5.5k

Most Read

  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate