• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ခေါင်းဆောင်က ညီညွတ်ရေးပြောဆိုခြင်းသည် တပ်တွင်းအကွဲအပြဲကို မီးမောင်းထိုးပြနေ

by ဧရာဝတီ
29 March 2022
in သတင်း
A A
၂၀၂၂ မတ်လ ၂၇ ရက် တပ်မတော်စစ်ရေးပြပွဲ / AFP

၂၀၂၂ မတ်လ ၂၇ ရက် တပ်မတော်စစ်ရေးပြပွဲ / AFP

13.6k
VIEWS
Share on FacebookShare on Twitter

စစ်တပ်မှ ပြည်သူ့ရင်ခွင် ခိုလှုံလာသူ အများအပြား ပေါ်ပေါက်နေချိန်တွင် စစ်ကောင်စီခေါင်းဆောင်က သူ၏တပ်ဖွဲ့ဝင်များ ညီညွတ်ရန် တနင်္ဂနွေနေ့က နေပြည်တော်တွင်ကျင်းပသည့် တပ်မတော်နေ့မိန့်ခွန်းတွင် တိုက်တွန်းလိုက်သည်။

“တပ်တွင်းညီညွတ်ရေးဟာ အရေးကြီးတယ်” ဟု စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က သူ၏လက်အောက်ငယ်သားများကို သတိပေးသည်။ စစ်တပ်များသည် ပြည်တွင်းပြည်ပ တိုက်ခိုက်မှုများကို ရင်ဆိုင်နေရကြောင်း သူပြောသည်။

RelatedPosts

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

ဗိုလ်မှူးတဦးနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် အဖမ်းခံရ(ရုပ်/သံ)

22 May 2025
110
MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

22 May 2025
95
ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

22 May 2025
934

“ပြည်ပကျူးကျော်သူတွေနဲ့ ကိုယ်ကျိုးရှာ နိုင်ငံရေးအင်အားတွေက တပ်မတော်ကို နည်းလမ်းအမျိုးမျိုးနဲ့ ဖြိုခွဲဖို့ ကြိုးစားနေတယ်” ဟု စစ်ကောင်စီခေါင်းဆောင်ပြောသည်။ “တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေအနေနဲ့ ရဲဘော်ရဲဘက်စိတ်ကို မွေးမြူပြီး သဟဇာတဖြစ်အောင်နေဖို့ တိုက်တွန်းတယ်” ဟု သူပြောသည်။

သူ၏အုပ်ချုပ်ရေးကို ဆန့်ကျင်သူများအား အမြစ်ဖြတ်သုတ်သင်ရန် စစ်ကောင်စီခေါင်းဆောင်က တောင်းဆိုပြီး ထိုသူများနှင့် စေ့စပ်ညှိနှိုင်းမည်မဟုတ်ကြောင်းပြောသည်။

တပ်မတော်နေ့တွင် ညီညွတ်ရေးကို အလေးထားပြောဆိုနေရခြင်းသည် ထူးခြားပြီး တပ်တွင်း အကွဲအပြဲ ပိုမိုကြီးထွားလာကြောင်း ပြသနေသည်ဟု လေ့လာသူများနှင့် ပြည်သူ့ရင်ခွင်ခိုလှုံလာသူများပြောသည်။

လွန်ခဲ့သောနှစ် ဖေဖေါ်ဝါရီလက စစ်အာဏာသိမ်းပြီးနောက်ပိုင်း တပ်ရင်းမှူးများအပါအဝင် ထောင်နှင့်ချီသော စစ်သားများသည် ကြီးထွားလာသော ခုခံရေးလှုပ်ရှားမှုအတွင်း တပ်ကို စွန့်ခွာနေကြသည်။

သြစတြေးလျနိုင်ငံသည် မြန်မာစစ်တပ်မှ ခိုလှုံလာသူများကို ခိုလှုံခွင့်ပေးနေပြီး အဆင့်မြင့် အရာရှိများအကြားတွင်ပင် ထိုကိစ္စကို စိတ်ဝင်စားသူအရေအတွက် မြင့်မားနေသောကြောင့် စစ်အုပ်စုအတွင်း ရိုက်ခတ်မှု အပြင်းအထန်ရှိနေသည်။

တပ်တွင်းတွင် မည်သည့် ပြဿနာမျှ မရှိဟု ဆိုနေသော်လည်း စစ်ကောင်စီခေါင်းဆောင်၏ မိန့်ခွန်းသည် တပ်တွင်းအကွဲအပြဲ ကြီးထွားနေခြင်းကို ပြသနေကြောင်း ဗိုလ်ကြီးဟောင်း ညီသုတက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

လွန်ခဲ့သောနှစ်က အာဏာသိမ်းပြီးနောက် ဗိုလ်ကြီးညီသုတသည် တပ်ကိုစွန့်ခွာခဲ့ပြီး ယခင်က ပြည်သူ့စစ်သားဟု လူသိများပြီး ယခု ပြည်သူ့ပန်းတိုင် အမည်ရှိ သူ၏ Facebook စာမျက်နှာမှတဆင့် ဘဝတူ စစ်သားများ တပ်ကိုစွန့်ခွာရန် အကူအညီပေးနေသည်။

စစ်သားများသည် စိတ်ဓါတ်ကျဆင်းပြီး ပြည်သူ့ရင်ခွင်ခိုလှုံရန် ပိုမိုစဉ်းစားနေကြောင်း သူပြောသည်။

“ဒီအခြေအနေအတိုင်းဆက်သွားရင် စစ်အုပ်စုက နှစ်အနည်းငယ်ပဲ သက်ဆိုးရှည်တော့မယ်ဆိုတာကို မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်တွေက သဘောပေါက်တယ်။ ဒါကြောင့်မို့လို့ သူတို့တွေတပ်တွင်းညီညွတ်ရေး တွန်းလုပ်နေတာ” ဟုလည်း သူပြောသည်။

စစ်ကောင်စီခေါင်းဆောင်က သူ၏တပ်များအနေဖြင့် ပြည်သူလူထုထောက်ခံမှု ရရေး ကြိုးစားရန် တိုက်တွန်းပြီး ၎င်းတို့သည် ပြည်သူကြားမှ လာသူများဖြစ်ကြောင်း ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ပြီး နေ့စဉ်ဘဝကို ကူညီသင့်သည်ဟု ပြောသည်။ လွန်ခဲ့သောနှစ် တပ်မတော်နေ့က သူ၏တပ်များသည် နိုင်ငံတဝှမ်း မြို့ကြီး ၁၁ မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို သွေးချောင်းအစီးဆုံး နှိမ်နင်းမှုအတွင်း ကလေး ၅ ဦးအပါအဝင် လူပေါင်း ၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့သည်။

စစ်ကောင်စီသည် အနည်းဆုံး လူပေါင်း ၁၇၀၇ ဦးကို သတ်ဖြတ်ထားပြီး နိုင်ငံသား ၁၂၀၀၀ ကျော်ကို ဖမ်းဆီးထားသည်။ အာဏာသိမ်းပြီးနောက် ဘာသာရေး အဆောက်အအုံများ အပါအဝင် အဆောက်အအုံပေါင်း ၇၇၀၀ ကျော်ကို မီးရှို့ဖျက်စီးထားသည်။

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂအပါအဝင် လက်မှတ်ရေးထိုးသည် နိုင်ငံနှင့်အဖွဲ့အစည်း ၂၁ ဖွဲ့က နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်ကောင်စီကို ဆန့်ကျင်သည့် ပြည်သူများကို ထောက်ခံရန် ပူးတွဲ ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက အရပ်သားများကို သတ်ဖြတ်နိုင်စေသည့် လက်နက်များ မြန်မာသို့ရောင်းချမှုရပ်ဆိုင်းရန်လည်း ထိုကြေညာချက်က တောင်းဆိုသည်။

You may also like these stories:

သြစတြေးလျက မြန်မာ CDM စစ်သားများအား ပြည်ဝင်ခွင့်ပေး

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

တယ်လီနောမြန်မာ ဝယ်ခွင့်ရသည့် ကုမ္ပဏီတွင် တပ်ချုပ်သမီး ရှယ်ယာပါ

ရုရှားစစ်ပွဲက စစ်ကောင်စီ လက်နက်ရှာရ ခက်အောင်ဖန်

ဂျပန်၏ မြန်မာနှင့် အထူးဆက်ဆံရေးက စစ်အုပ်ချုပ်ရေးကို အားပေးကူညီခဲ့

Your Thoughts …
Tags: စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ညီညွတ်ရေးတပ်တွင်းအကွဲအပြဲတပ်မတော်နေ့မိန့်ခွန်းမီးမောင်းထိုးပြနေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.7k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

ဦးသန်းရွှေ အငြိမ်းစားမယူမီ နေပြည်တော် စစ်ရေးပြအခမ်းအနားတွင် တွေ့ရစဉ်/AFP

ဦးသန်းရွှေကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ပွဲထုတ်လာ

by ဧရာဝတီ
3 May 2023
9.9k

ချင်ကန်း၏ နေပြည်တော်ခရီးစဉ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းအပြီး တရုပ်ထိပ်တန်းသံတမန်တဦး၏ ပထမဆုံး စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ဆုံမှုလည်း ဖြစ်သည်။

ထိုင်းရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးမှုများအတွင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန်နှင့် သားဖြစ်သူ အောင်ပြည့်စုံတို့၏ ဘဏ်စာရင်းများနှင့် အဆင့်မြင့် ကွန်ဒိုပိုင်ဆိုင်မှုများ တွေ့ရှိခဲ့သည်

သမီးအမည် မူးယစ်ဆေးမှုနှင့် ငွေကြေးခဝါချမှုမှ ပယ်ဖျက်ပေးရန် စစ်ခေါင်းဆောင်က ထိုင်းကိုတောင်းဆို

by ဧရာဝတီ
13 April 2023
26.8k

မင်းအောင်လှိုင်သည် သူ့သားအမည်ကိုပါ ထိုအမှုမှ ဖယ်ရှားပေးရန် တောင်းဆိုသည် သို့မဟုတ် မတောင်းဆိုသည်ကို ရှင်းလင်းစွာ မသိရပေ။

မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့ နေပြည်တော်တွင် အငြိမ်းစား တပ်မတော်အရာရှိကြီးများအား ဂုဏ်ပြုပွဲ သမ္မတဟောင်း ဦးသိန်းစိန်ကို အလေးပြုစဉ်

ဦးသိန်းစိန်နှင့် နိုင်ငံခြားဧည့်သည်များ တွေ့ဆုံမှု မျက်ခုံးပင့်စရာ

by ဧရာဝတီ
29 April 2023
16.6k

ဦးသိန်းစိန်ကို ကြားဝင်ဆောင်ရွက်ရန်ပြောလျှင်ပင် မည်သို့တုံ့ပြန်မည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

အသံတူအောင် အရင် လုပ်ဖို့လိုကြောင်း ဟံသာဝတီဦးဝင်းတင်က ပြောခဲ့သည်

ဟံသာဝတီ ဦးဝင်းတင်ပြောတဲ့ ညီညွတ်ရေး

by ဒက်စမွန်
14 January 2023
6.8k

တကယ်တော့ ဒီညီညွတ်ရေး ပြဿနာဆိုတာဟာ မြန်မာ့နိုင်ငံရေးရဲ့ အမှတ်သရုပ်လည်း ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းဆန့်ကျင်ရေး အင်းလေးဒေသတွင် ဆန္ဒပြကြစဉ်  / AFP

မြန်မာနိုင်ငံ တည်ငြိမ်ရေး တော်လှန်ရေးတပ်များ ကွန်ရက်ကသာ တည်ဆောက်နိုင်

by ရဲမျိုးဟိန်းနှင့် ဘီလီဖို့ဒ်
20 December 2022
5.2k

ညီညွတ်ရေးဆိုသည့် စကားလုံးအတွင်း ပိတ်မိမနေဘဲ စစ်ကောင်စီ ဆန့်ကျင်ရေး အုပ်စုများသည် စစ်ရေးနှင့် အုပ်ချုပ်ရေး ညှိနှိုင်းမှုများမှ ပေါ်ပေါက်လာသည့် ယုံကြည်မှုတည်ဆောက်ရေးကို အရှိန်မြှင့်တင်နိုင်သည်။

Next Post
မြန်မာ့စစ်တပ်အတွက် စစ်လက်နက် တင်သွင်းပေးနေတဲ့ ခရိုနီကြီးများ

မြန်မာ့စစ်တပ်အတွက် စစ်လက်နက် တင်သွင်းပေးနေတဲ့ ခရိုနီကြီးများ

နေပြည်တော်တွင် တပ်မတော်နေ့ အခမ်းအနားသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်စဉ် / Myo Gyi

စစ်အုပ်စုအတွင်း အက်ကြောင်းများ ပေါ်လာနေသည်

No Result
View All Result

Recommended

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

2 days ago
2.7k
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

1 day ago
2.4k

Most Read

  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate