• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နိုင်ငံခြားငွေကြေး သတ်မှတ်ချက်ကြောင့် ပို့ကုန်သီးနှံဈေးကွက် မတည်ငြိမ်

by ဧရာဝတီ
6 April 2022
in သတင်း
A A
မြန်မာပြည်ထွက် မတ်ပဲ

မြန်မာပြည်ထွက် မတ်ပဲ

12.8k
VIEWS
Share on FacebookShare on Twitter

ပြည်ပမှ ရရှိသော အမေရိကန် ဒေါ်လာကို ၁ ရက်အတွင်း ဗဟိုဘဏ်သတ်မှတ်ဈေးနှင့် ရောင်းချရမည်ဟု သတ်မှတ် လိုက်ပြီးနောက်ပိုင်း ပို့ကုန်သီးနှံ ဈေးနှုန်းသည်လည်း တည်ငြိမ်မှု မရှိဘဲ အတက်အကျ ကြမ်းနေကြောင်း ဈေးကွက် အတွင်းမှ သိရသည်။

ရန်ကုန်တိုင်း၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (ဘုရင့်နောင် ကုန်စည်ဒိုင်) တွင် ဧပြီ ၄ ရက် တွင် မတ်ပဲ တတန်လျှင် ၁၃ သိန်းကျော်၊ ပဲစင်းငုံ တတန်လျှင် ၁၃ သိန်း ၇ သောင်းကျော်အထိ ပေါက်ဈေးရှိနေပြီး ဧပြီ ၅ ရက်တွင် မတ်ပဲဈေး တတန် ၁၄ သိန်းကျော်၊ ပဲစင်းငုံ ၁ တန် ၁၃ သိန်း ၉ သောင်းကျော် ဖြစ်ခဲ့ကာ ဈေးနှုန်းမှာ အတက်အကျ မြန်နေကြောင်း ကုန်သည်များက ပြောသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
141
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
176
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
586

ပဲကုန်သည်ကြီး တဦးက “မနေ့ကတော့ ဒေါ်လာဈေး သတ်မှတ်ချက် ဂယက်ကြောင့် မတ်ပဲ ၁ တန်ကို ငွေကျပ် ၁ သိန်း လောက် ဈေးထိုးကျရာကနေ အခုတော့ ကျပ် ၁ သိန်းလောက် ပြန်တက်လာပြန်တယ်။ သင်္ဘောတင်တဲ့သူတွေ လှောင်သမား တွေက ဝယ်တော့ တက်သွားတာ။ ပဲစင်းငုံကတော့ အရမ်း မကွာသွားဘူး။ လိုအပ်ချက်ရှိတဲ့ ပဲကတော့ တက်မှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ဧပြီလ ၅ ရက်တွင် ဈေးနှုန်းများ မတည်မငြိမ် ဖြစ်နေသောကြောင့် နယ်ဈေးကွက်များ၌ ဈေးမဖွင့်နိုင်သည်အထိ အခက် အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း မြင်းခြံမြို့နယ်ရှိ သီးနှံကုန်သည်တဦးက ပြောသည်။

ပြည်ပ အဓိက ပို့ကုန်ဖြစ်သော ဆန်နှင့် ဆန်ကွဲ တအိတ်လျှင် ကျပ် ၁၅၀၀ မှ ၂၀၀၀ အထိ လက်ရှိအထိ ကျဆင်းနေပြီး မန္တလေး ဈေးကွက်တွင်လည်း ပဲဈေးမှာ တအိတ်လျှင် ကျပ် ၁၅၀၀၀ အထိ ကျဆင်းခဲ့ကြောင်း ရန်ကုန်၊ မန္တလေး ကုန် သည် လုပ်ငန်းရှင်များက ဧရာဝတီသို့ ပြောသည်။

ရန်ကုန်မြို့ ဘုရင့်နောင် ကုန်စည်ဒိုင်အတွင်းရှိ ဆန်ကုန်သည်တဦးက “Export ဆန်ရော၊ ဆန်ကွဲရော တအိတ် ကျပ် ၁၅၀၀ နဲ့ ၂၀၀၀ ငွေကြေးမူဝါဒကြောင့် လောက်ကျသွားတာ။ အခုဈေးကတော့ တောင်သူတွေ စိုက် ထားတဲ့ ဈေးနဲ့ဆို တွက်ချေ မကိုက်နိုင်ဘူး။ ငွေဈေး ၁ ဒေါ်လာကို ကျပ် ၁၈၅၀ သတ်မှတ်လိုက်တော့ သဘာဝ မဟုတ် ဘဲ ဈေးကွက်က ကျသွားတာ။ အခု နွေစပါးလည်း ပေါ်နေတဲ့ အချိန်ဆိုတော့ သင်္ကြန်ပြီးလောက်မှပဲ အတိအကျ သိရ မှာ။ အခု ထုတ်ပြန်တာက အတည်ပဲ။ ၁၈၅၀ ကျပ်နဲ့ပဲဖြတ်မှာ ဆိုရင်တော့ ဈေးက တက်လာမှာမဟုတ်ဘူး။ ဈေးကွက် သဘာဝအရဆိုရင် အခုချိန်က ဈေးကျစရာ မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းကျခြင်းများက ပုံမှန် ဈေးကွက် သဘာဝအရ ဈေးကျခြင်း မဟုတ် ခြင်း၊ သင်္ကြန်ပိတ်ရက်များ ရှိနေခြင်းတို့ကြောင့် အိတ်စပို့ ဆန်၊ ဆန်ကွဲ ဈေးနှုန်းများ ကျနေခြင်းသည် သင်္ကြန်ကာလ အပြီးတွင် စောင့်ကြည့်ရမည့် အခြေအနေဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီ၏ ဗဟိုဘဏ်ထုတ်ပြန်ချက်ကြောင့် ပို့ကုန်လုပ်ငန်းရှင်များအပါအဝင် နိုင်ငံခြားငွေဖြင့် လစာရရှိနေသူများ၊ ဒေါ်လာ အရွက် စုဆောင်းထားသူများအပေါ် ချက်ချင်း ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သလို ဈေးကွက်အတွင်း၌လည်း နေ့တွင်း ချင်းပင် ဈေးနှုန်းများ ပုံမှန်မဟုတ် ကျဆင်းခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ထိုအခြေအနေများကြောင့် လတ်တလောတွင် လုပ်ငန်းများ ရပ်တန့်သွားနိုင်သည့် အခြေအနေရှိနိုင်ပြီး ထုတ်ပြန်ချက် ကြောင့် ပို့ကုန်လုပ်ငန်းရှင်များ အပါအဝင် ပို့ကုန်သီးနှံစိုက်ပျိုး ထုတ်လုပ်သည့် တောင်သူများအထိ ထိခိုက်သွားနိုင် သည့် အခြေအနေတခု ဖြစ်လာနိုင်ကြောင်း စီးပွားရေး ပညာရှင် တဦးက ဧရာဝတီသို့ သုံးသပ်ပြော ကြားထားသည်။

You may also like these stories:

ဗဟိုဘဏ်ထုတ်ပြန်ချက် ပို့ကုန်သမားနှင့် အမေရိကန်ဒေါ်လာလက်ဝယ်ရှိသူများ ထိခိုက်နိုင်

မြဝတီ ကုန်သွယ်ရေး လမ်းကြောင်း ပိတ်ထား၍ သွင်းကုန်ဈေးနှုန်းများ မြင့်လာနိုင်

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ဂယက်ကြောင့် ပဲထွက်နှုန်းကျဆင်းနိုင်

Your Thoughts …
Tags: နိုင်ငံခြားငွေကြေးပဲဈေးကွက်ဗဟိုဘဏ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
31.4k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
20.8k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

by ဧရာဝတီ
5 September 2023
15.6k

မင်းအောင်လှိုင်သည် သူ့ဝန်ကြီးအဖွဲအစည်းအဝေးတွင် မြန်မာပြည်သူအများစုသည် လူတစု၏ မိုက်မဲမှုကြောင့် ဒုက္ခရောက်နေသည်ဟု ပြောသည်

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

by Justin Higginbottom
13 September 2023
13.9k

ဧရာဝတီသတင်းဌာနမှ ဂျပ်စတင် ဟစ်ဂင်ဘော့တွမ်နှင့် ဒေါက်တာ တာနဲလ် တွေ့ဆုံမေးမြန်းခန်းဖြစ်သည်။

Next Post
စစ်ကောင်စီ၏ သင်္ကြန်ထောင်ချောက်ကို သတိထားရန် သပိတ်ခေါင်းဆောင်များ သတိပေး (ရုပ်/သံ)

စစ်ကောင်စီ၏ သင်္ကြန်ထောင်ချောက်ကို သတိထားရန် သပိတ်ခေါင်းဆောင်များ သတိပေး (ရုပ်/သံ)

သဘောထားကွဲမှုတွေနဲ့ အင်အားချိနဲ့ သွားတဲ့ PPST (ရုပ်/သံ)

သဘောထားကွဲမှုတွေနဲ့ အင်အားချိနဲ့ သွားတဲ့ PPST (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
7k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate