• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

PDF နှင့် စစ်ရှောင်အား ငွေထောက်ပံ့သည်ဆိုကာ အမျိုးသမီး ၇ ဦး ထောင်နှစ်ရှည်ချခံရ

by ဧရာဝတီ
6 April 2022
in သတင်း
A A
ပုဒ်မ ၅၀ (ည) ဖြင့် ဖမ်းဆီး၍ ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံရသူများ  / CJ

ပုဒ်မ ၅၀ (ည) ဖြင့် ဖမ်းဆီး၍ ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံရသူများ / CJ

21.4k
VIEWS
Share on FacebookShare on Twitter

ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် စစ်ရှောင်များအား ငွေကြေးထောက်ပံ့မှု စွပ်စွဲချက်ဖြင့် အမျိုးသမီး ၇ ဦးကို စစ်ကောင်စီက ထောင်ဒဏ် နှစ်ရှည်ချမှတ်လိုက်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီနှင့် မတ် ၂ လတာအတွင်း အမျိုးသမီး ၇ ဦးအား KBZ Pay မှတဆင့် PDF အဖွဲ့နှင့် စစ်ဘေး ရှောင်များအား ငွေကြေး ထောက်ပံ့သည်ဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ၅၀ (ည) ဖြင့် ပုဒ်မ တပ်၍ ဖမ်းဆီးပြီး ထောင်ဒဏ် နှစ်ရှည်များ ချမှတ်လိုက်ခြင်း ဖြစ်သည်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
224
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
488
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
191

အဆိုပါ စွပ်စွဲချက်ဖြင့် မတ်လ ၃၁ ရက်က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ အသက် ၃၀ အရွယ် မူလတန်းပြ CDM ကျောင်းဆရာမ ဒေါ်ဆန်းဆန်းစုအား ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သည်။

ထို့အတူ မတ်လ ၃၁ ရက်တွင် ရခိုင်ပြည်နယ် သံတွဲမြို့ ၊ ဇီးဖြူကုန်းရပ်ကွက်မှ အသက် ၃၅ နှစ်အရွယ် ဒေါ်ငြိမ်းအိဖြိုး ကျော်၊ အမှတ်(၁) ရပ်ကွက်မှ အသက် ၂၈ နှစ်အရွယ် မတင်စန္ဒာဝင်းနှင့် အသက် ၄၀ အရွယ် ဒေါ်စန်းချိုသိုက် တို့ကို သံတွဲခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး၊ မတ်လ ၂၉ ရက်တွင် တနင်္သာရီတိုင်း၊ ရေဖြူ မြို့နယ်၊ ကလိန်အောင်မြို့မှ ၁၉ နှစ်အရွယ် မဆောင်းနှင်းဖြူကို တော်လှန်ရေးအဖွဲ့တဖွဲ့အား KBZ Pay မှတဆင့် ငွေ ၁၃၅၀၀ လှူဒါန်းသည်ဟုဆိုကာ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ် ခဲ့ရသည်။

ထို့ပြင် ထားဝယ်မြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း စစ်ဘေးဒုက္ခသည်များကို ကျပ် ၅၀၀၀ စီ လှူဒါန်း ခဲ့ကြသူ အသက် ၂၀ ဝန်းကျင် တက္ကသိုလ် ကျောင်းသူ နှစ်ဦးကိုလည်း အလုပ်နှင့် ထောင် ၇ နှစ်စီ ချမှတ်ခံခဲ့ရကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်က သိရသည်။

ထားဝယ်နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်က “ငွေ ၅၀၀ ပဲ ဖြစ်ဖြစ် ၅၀၀၀ ပဲဖြစ်ဖြစ် ပုဒ်မတွေ တပ်ပြီးတော့ ထောင် ဒဏ်နှစ်ရှည်ချမယ်ပေါ့။ တခြား ဆန္ဒပြတဲ့သူတွေတောင် အဲဒီလောက် ထောင်ဒဏ်နှစ်ရှည် မကျဘူး။ အခု ထောင်ကျ တဲ့ သူတွေက တခြားဘာမှ မလုပ်ဘဲ သူတို့ အိမ်ထဲမှာနေပြီးတော့မှ Mobile Banking တခုကနေ လှူတယ်ဆိုရင်ပဲ ပုဒ်မကြီးကြီးတွေ ချပြီးတော့ ထောင်ချတယ်ဆိုတော့ ထောက်ပံ့နေတဲ့သူတွေကို ကြောက်သွားအောင် တမင် ခြောက် တယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီကို ဆန့်ကျင်သူများအား နိုင်ငံတော် အကြည်ညို ပျက်စေမှု ၅၀၅ – က ဖြင့် တရားစွဲဆိုမှု များပြားခဲ့သော်လည်း၂၀၂၁ ခုနှစ် ဇွန်လ ၃၀ ရက် နောက်ပိုင်းတွင် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် ပြောင်းလဲ စွပ်စွဲကာ တရားစွဲဆိုမှုများ ပြုလုပ်လာခဲ့ခြင်း ဖြစ်ကြောင်း ဥပဒေပညာရှင် ဦးခင် မောင်မြင့်က ဆိုသည်။

ဦးခင်မောင်မြင့်က “ဒီပုဒ်မတွေက ပြစ်မှု ထင်ရှားခဲ့ရင် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံးထောင်ဒဏ် တသက်တကျွန်း သေဒဏ်ထိ သတ်မှတ်နိုင်အောင် ပါဝင်တဲ့ ပုဒ်မတွေကို တွေ့ရတယ်။ စွဲဆိုတဲ့အခါမှာ တဖြည်းဖြည်းနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေကို အသုံးပြုပြီး စစ်ကောင်စီက PDF တို့ CRPH တို့ NUG တို့ နောက်ပြီးတော့ လက်ရှိ တိုက်ပွဲတွေ ဖြစ်နေကြတဲ့ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းတွေ EAO တွေနဲ့ ဆက်သွယ်ခဲ့တယ် အထောက်အပံ့ ပြုခဲ့တယ်လို့ သံသယရှိတာနဲ့ပဲ စွဲဆိုတာကို တွေ့ရပါတယ်” ဟု ပြောသည်။

စစ်ကောင်စီ၏ သတင်းပေးများကြောင့် ငွေလှူဒါန်းသည် ဆိုသည့်အချက်ဖြင့် ဖမ်းဆီးခံရသူများမှာ KBZ Pay ငွေကြေး အပေးအယူများကို ရှင်းလင်း မပြနိုင်ပါက ငွေကြေး ထောက်ပံ့မှုဖြင့် စွပ်စွဲမှုများကို ပြုလုပ်ခြင်းများအပြင် တရားစွဲခံထား ရသူများ၏ နေအိမ် အဆောက်အအုံများ၊ ရုံးခန်းများ၊ ကား၊ ဆိုင်ကယ်များကိုပင် သိမ်းဆည်းသည်အထိ ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ CRPH၊ PDF တို့အား စစ်ကောင်စီ မှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ် ကြေညာလိုက်သကဲ့သို့ အဆိုပါ အဖွဲ့များအား ငွေကြေး ထောက်ပံ့ ဆက် သွယ်သည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီး တရားစွဲခံရသူ ဦးရေ၂ဝဝ နီးပါးခန့် ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းများအရ သိရသည်။

You may also like these stories:

ပစ်ခတ်ဖမ်းဆီးခံရသည့် ရန်ကုန်ပြောက်ကျားအဖွဲ့ဝင် ၆ ဦး စစ်ကြောရေး ရောက်နေ

မန္တလေးသပိတ်အင်အားစုမှ လူငယ် ၉ ဦး ဖမ်းခံရ

Your Thoughts …
Tags: PDFငွေကြေးထောက်ပံမှုစစ်ရှောင်ပုဒ်မ ၅၀ (ည)
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.4k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.4k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.2k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.2k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
KNU တပ်မဟာ ၇ ခုလုံးမှာ စစ်ကောင်စီတပ်နဲ့ စစ်ရေးတင်းမာမှုဖြစ်နေ (ရုပ်/သံ)

KNU တပ်မဟာ ၇ ခုလုံးမှာ စစ်ကောင်စီတပ်နဲ့ စစ်ရေးတင်းမာမှုဖြစ်နေ (ရုပ်/သံ)

၂၀၂၁ စက်တင်ဘာအတွင်းက ချီတက်ဆန္ဒပြနေသည့် မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်း  / Simulation

စစ်ကောင်စီ၏ မန္တလေး ဆွမ်းဆန်စိမ်းလောင်းပွဲ သံဃာ ၄ ထောင်အစား ၁၀၈ ပါးသာ ပင့်တော့မည်

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.6k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

4 days ago
3.2k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate