ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသတွင် စစ်ကောင်စီနှင့် ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ ကြား ယနေ့နံနက် ၃နာရီခန့် မှစ၍ တိုက်ပွဲဖြစ်နေရာ စစ်ကောင်စီဘက်မှ အကျအဆုံးများသလို
ဗိုလ်ကြီးအဆင့် ၁ ဦးကို အရှင် ဖမ်းမိထားကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ လက်အောက်ရှိ PVTV သတင်းဌာနတွင် ဖော်ပြထားသည်။
တပ်မ ၄၄ မှ ဗိုလ်ကြီး အဆင့်ရှိသူ ၁ ဦးကို ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီက တိုက်လေယာဉ်များဖြင့်ပါ တိုက်ခိုက်သည့် အတွက် KNLA ပူးပေါင်း တပ်ဖွဲ့ဖြစ်သည့် Cobra စစ်ကြောင်းမှ တပ်ဖွဲ့ဝင်၂ ဦး သေဆုံးကာ ၄ ဦး ထိခိုက် ဒဏ်ရာရရှိထားကြောင်း ဒေသတွင်းမီဒီယာများကဆိုသည်။
ယခုတိုင် တိုက်ပွဲပြင်းထန်နေပြီး ပြီးခဲ့သည့် မတ် ၂၅ရက်က KNLA ထံသို့ CDM ဝင်ရောက်ခဲ့သည့် ခမရ ၅၈၅ ဒု တပ်ရင်းမှူး ဗိုလ်မှူး တင်လင်းအောင် အပါအဝင် CDM တပ်မတော်သား တချို့ လည်း ဝင်ရောက် တိုက်ခိုက်ပေးနေကြောင်း သိရသည်။
You may also like these stories:
ကလေးတွင် စစ်ကောင်စီတပ်များ ဆက်တိုက် တိုက်ခိုက်ခံနေရ
မန္တလေးက ပြောက်ကျားတပ်များကို စစ်ကောင်စီလှည့်စားဖမ်းဆီး