သတင်း

“နန်းထိုက်အောင်” စစ်ဆင်ရေးဖြင့် စစ်ကောင်စီနှင့် ဆက်နွယ်သူများကို ရှင်းမည် ဟုဆို

“နန်းထိုက်အောင်” စစ်ဆင်ရေးအတွင်း စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်သူ အားလုံးကို သုတ်သင် ရှင်းလင်းသွား မည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ပြောသည်။

ယင်းစစ်ဆင်ရေးကို ဧပြီ ၈ရက် စတင်ရာ တွံတေး ၊ ကော့မှူး၊ ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ သုံးခွ၊ လှိုင်သာယာ၊ ကမာရွတ်နှင့် လမ်းမတော်မြို့နယ်တို့ရှိ စစ်ဘက်ပစ်မှတ်များကို ၃ရက်အတွင်း တိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့က ကမာရွတ် မြို့နယ်၊ အင်းယားလမ်းနှင့် ဇော်ဂျီလမ်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေး ယူထားသည့် ကင်းတဲကို ပစ်ခတ်တိုက် ခိုက် ခဲ့သလို၊ လမ်းမတော်မြို့နယ် မော်တင်ဆိပ်ကမ်းတွင်ရှိနေသည့် စစ်ကောင် စီ၏ လမ်းမတော်မြို့နယ် စစ်ဘက် အုပ်ချုပ်ရေး တာဝန်ခံ ဗိုလ်မှူး တဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

ယနေ့တွင်လည်း ရန်ကုန်မြို့ မြန်မာပလာဇာရှိ ဦးတေဇ၏ ထူးကုမ္ပဏီအုပ်စု ရှယ်ယာပါသော Harry’s Bar တွင် ပေါက်ကွဲမှု ဖြစ်ခဲ့သည်။

ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေး အဖွဲ့၏ ပြန်ကြားရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး တာဝန်ခံ ဗိုလ်မိုးကြိုးက “နန်းထိုက် အောင် စစ်ဆင်ရေးသည် မြန်မာပြည် တောင်ပိုင်း မြို့ပြစစ်ဆင်ရေးဖြစ်ပါတယ်။ မြန်မာပြည်တောင်ပိုင်း မြို့ပြတွေမှာ ရှိတဲ့ အကြမ်းဖက် စစ်ကောင်စီနဲ့ တစုံတရာ ပတ်သက်နေတဲ့ အားလုံးကို ကျနော်တို့ သုတ်သင် ရှင်းလင်းမှာ ဖြစ်ပါတယ်” ဟု ဆို သည်။

နန်းထိုက်အောင် စစ်ဆင်ရေးအတွင်း ရှင်းလင်းသွားရမည့် သူများထဲတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေး၊ စစ်ရေးယန္တရား၌ ပါဝင် ပတ်သက်နေသူများ စစ်ကောင်စီထံ သတင်းနှင့် ငွေကြေး ထောက်ပံ့နေသူများ စသည့် ပုဂ္ဂိုလ်များ ပါဝင်နေကြောင်း ၎င်းက ဆိုသည်။

“အဲဒီလို ရှင်းလင်းတဲ့နေရာမှာ ဥပမာ လွယ်လွယ်ပြောရရင် ဗဟိုဘဏ် ဒုဥက္ကဋ္ဌလို ပုဂ္ဂိုလ်မျိုးတွေ ဒါကတော့ ပျံလွှားအောင် အပိုင်းမှာပေါ့။ ဆိုလိုချင်တာက အကြမ်းဖက် စစ်ကောင်စီနဲ့ တနည်းတဖုံ ပတ်သက်နေတယ်ဆိုရင် ဘယ်လိုနည်းနဲ့ပဲ ဆက်နွယ်။ အဲဒီ ဆက်နွယ်တဲ့ ပုဂ္ဂိုလ်တွေကို ရှင်းလင်းသွားမှာ ဖြစ်ပါတယ်” ဟု ဗိုလ်မိုးကြိုးက ရှင်းပြသည်။

စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်သူများသည် တရားမဝင်သည့် သူပုန်အဖွဲ့ဖြစ်သည့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးနှင့် စစ်ရေး ယန္တရား လည်ပတ်စေရန် လုပ်ဆောင်နေသူများဖြစ်သဖြင့် ရှင်းလင်းရန် ထည့်သွင်းရခြင်းဖြစ်ကြောင်း ၎င်းက ဆို သည်။

နန်းထိုက်အောင် စစ်ဆင်ရေးကို ပျံလွှားအောင် စစ်ဆင်ရေး လုပ်ဆောင်နေစဉ်ကတည်းက ကြိုတင်ပြင်ဆင်နေခြင်း ဖြစ် ကြောင်း ဗိုလ်မိုးကြိုးက ဆိုသည်။ စစ်ဆင်ရေးကာလအတွင်း လုပ်ဆောင်မည့် မစ်ရှင်များကိုလည်း စစ်ကောင်စီ တပ် အတွင်းမှ ဖရဲသီး (စစ်ကောင်စီကို လျှို့ဝှက်ဆန့်ကျင်နေသော ဝန်ထမ်းများ) ၏ အထောက်အပံ့အား အဓိက ရယူ အသုံး ပြုသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

You may also like these stories:

မန္တလေးသင်္ကြန် ဆင်နွှဲခြင်း မပြုဖို့ တော်လှန်ရေးအဖွဲ့များ သတိပေး

ရန်ကုန်တွင် စစ်တပ်နှင့် ဆက်စပ်နေရာများ တိုက်ခိုက်ခံရပြီးနောက် စစ်ဆေးမှု ပိုတင်းကျပ်

Loading