အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ၏ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို အား စစ်ကောင်စီက ပြစ်ဒဏ် ထက်ဝက်ပြန်လျှော့ပေးမှုသည် နိုင်ငံရေး အမြတ်ထုတ်ခြင်းသာ ဖြစ်ကြောင်း ဥပဒေ ပညာရှင်အချို့က ပြောသည်။
ဝန်ကြီး သူရ ဦးအောင်က်ိုအား အဂတိ စွပ်စွဲချက်ဖြင့် ထောင်ဒဏ်ချမှတ်ခဲ့သည့် မတ်လ ၁၄ ရက်နေ့မှာပင် ကျခံရမည့် ပြစ်ဒဏ်တဝက်အား ပြန် လျှော့ပေးကြာင်း အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီ ၂၅ ရက်နေ့ ရက်စွဲဖြင့် ကြေညာခဲ့သည်။
စစ်တပ်တွင် သူရဘွဲ့ရသည်အထိ တာဝန် ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးချုပ်ဟောင်း သူရဦးအောင်ကိုသည် စစ်တပ် အာ ဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးခံရခြင်း ဖြစ်ကာ ၎င်းအား တာဝန်ယူခဲ့စဉ်က သာ သနာဆိုင်ရာ ဘွဲ့တံဆိပ်ချီးမြင့်ရာ၌ သက်ဆိုင်သူ အချို့ထံမှ ငွေလက်ခံရယူခြင်း၊ ၂၀ ကျပ် သားခန့်ရှိ ရွှေပန်းကန် ၁ ချပ် အား ရယူခဲ့ခြင်းနှင့် သိန်း ၁ ထောင်ကျော်တန် ကား ၁ စီးအား ငွေအကျေ ပေးချေခြင်း မရှိဘဲ ရယူခဲ့သည် ဟု စစ် ကောင်စီက တရားစွဲဆို၍ အင်းစိန်ထောင်အတွင်း ချုပ်နှောင်ခံခဲ့ရပြီး ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်တွင် စွပ်စွဲထား သည့် အဂတိမှု ၄ မှုဖြင့် ထောင်ဒဏ် ၁၂ နှစ်ကျခံရန် အမိန့်ချမှတ်ခံခဲ့ရသူ ဖြစ်သည်။
သို့သော် ပြစ်ဒဏ် တဝက်လွတ်ငြိမ်းမိန့်ကြောင့် သူရဦးအောင်ကိုအနေဖြင့် ထောင်ဒဏ် ၆ နှစ်သာကျခံရမည် ဖြစ် သည်။
ထိုသို့ အာဏာသိမ်း ခေါင်းဆောင်အနေဖြင့် ၎င်းတို့ စွပ်စွဲဖမ်းဆီးကာ ထောင်ဒဏ်ချမှတ်ခဲ့သူအပေါ် နေ့တွင်းချင်း ပြစ် ဒဏ်တဝက် လွတ်ငြိမ်းပေးခြင်းအား အများပြည်သူသိရှိစေရန် ထုတ်ပြန်ခဲ့သည် မဟုတ်ဘဲ ဧပြီ ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် မြန်မာနိုင်ငံတော် ပြန်တမ်း ထွက်ရှိလာမှသာ လူအများ သိရှိခဲ့ရခြင်း ဖြစ်သည်။
လက်ရှိတွင် အသက် ၇၄ နှစ်ကျော်အရွယ် သူရဦးအောင်ကိုမှာ သွေးအားနည်းခြင်းနှင့် ဆီးချိုရောဂါဝေဒနာများ ခံစား နေရသူဖြစ်သည့်အပြင် ဆေးရုံ၌ ကုသခွင့် မရဘဲ အကျဉ်းထောင်တိုက်အတွင်း ထားရှိခဲ့ရာမှ ထောင်ဆေးရုံတွင် တင်ပို့ ကုသထားရသည့် အခြေအနေဖြစ်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူ ရှေ့နေတဦးက ပြောသည်။
၎င်းအား ပြစ်ဒဏ်တဝက်လျှော့ပေးမှုနှင့် ပတ်သက်၍လည်း “အဓိကတော့ အကြောင်းပြချက်ရယ်လို့ မရှိပါဘူး။ သူ့မှာ အပြစ်ရှိလို့ အပြစ်ပေးတယ်၊ ပြီးမှ သဘောထားကြီးစွာ ပြန်လျှော့ပေးတယ် ဆိုတဲ့ပုံစံနဲ့ နိုင်ငံရေး အမြတ်ထုတ်တဲ့ သဘောပဲ။ ဒါက တရားစီရင်ရေး လောကမှာ တခါမှလည်း မကြုံဖူးဘူး။ ဒါက နိုင်ငံရေး အမြတ်ထုတ်မှု သက်သက် ပါပဲ” ဟု အဆိုပါ ရှေ့နေကသုံးသပ်သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း တဦးဖြစ်သူ သူရဦးအောင် ကိုသည် ဘာသာရေး၊ လူမျိုးရေး အမုန်းစကား သွေးထိုး လှုံ့ဆော်သည့် မ.ဘ.သ အဖွဲ့အား ဖျက်သိမ်းခဲ့ရာတွင် အဓိက ကျသည့်နေရာက ပါဝင်ခဲ့ပြီး ဦးဝီရသူနှင့် ဘူးလက် လှဆွေတို့ ထွက်ပြေးနေစဉ်က ဖမ်းဆီးနိုင်ခြင်း မရှိသည့် ရဲတပ်ဖွဲ့ နှင့် ပတ်သက်၍လည်း ၎င်း၏ မှတ်ချက်စကားကြောင့် စစ်တပ်နှင့် အငြင်းပွားဖွယ် ဖြစ်ခဲ့သည်။
ယင်းအတွက် သူရဦးအောင်ကိုအား အရေးယူပေးရန် စစ်တပ်ဘက်က တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သော်လည်း NLD အစိုးရက အရေးယူခဲ့ခြင်း မရှိဘဲ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် သူရဦးအောင်ကိုအနေဖြင့် ပထမဆုံး ဖမ်းဆီး ခံရသူများထဲတွင် ပါဝင်ခဲ့သည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်ကို ယုံတဲ့ သူရဦးအောင်ကို
ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာထားထားလင်း ထောင် ၃ နှစ် ချခံရ
ဦးဖြိုးမင်းသိန်း၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထားမှု ဧပြီ ၂၆ ရက် အမိန့်ချမည်
စစ်ကောင်စီ နှစ်သစ်ကူး လွတ်ငြိမ်း နိုင်ငံရေးအကျဉ်းသားများ မပါဝင်