အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ အပဈရပျလကျမှတျ ရေးထိုးထားသညျ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် (EAOs) ၅ ဖွဲ့ တက်ရောက်ရန် ဆုံးဖွတျထားကြောင်း PPST ထံမှ သိရသည်။
စစ်ကောင်စီဥက္ကဋ္ဌ၏ ဖိတ်ကြားမှုနှင့် ပတ်သက်သည့် အထူးအစည်းအဝေးကို တကျရေး၊ မတကျရေးနှငျ့ ပတျသကျပွီး မေ ၆ ရက်တွင် PPST က အစညျးအဝေးကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် EAOs များက သဘောထားပေးခဲ့ကြခြင်း ဖြစ်ကြောင်း PPST ပြောခွင့်ရ ကရင်ငြိမ်းချမ်းရေးကောင် စီ (KNU/KNLA-PC) မှ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။
PPST အထူးအစည်းအဝေးတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။
အာဏာသိမ်း စစ်ခေါင်းဆောင်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည်ဟု သဘောထားပေးသည့် အဖွဲ့များမှာ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ ဖြစ်ကြောင်း PPST ပြောခွင့်ရက ဆိုသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ကမူ အစည်းအဝေးတက်ရေး၊ မတက်ရေးနှင့် ပတ်သက်၍ တိတိပပ သဘောထားပေးခြင်း မရှိသေးကြောင်း ဗိုလ်မှူး ကြီး စောကျော်ညွန့်က ပြောသည်။
၎င်းက “လောလောဆယ်သွားဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့ အဖွဲ့လည်းရှိသလို ဗဟိုကော်မတီအစည်းအဝေးထဲမှာ အကျေ အလည် ဆွေးနွေးညှိနှိုင်းဖို့လိုတယ်ဆိုပြီး ဆုံးဖြတ်ချက်ပေးတဲ့အဖွဲ့က ၁ ဖွဲ့ ရှိပါတယ်။ တချို့အဖွဲ့ကျတော့လည်း သူတို့အဖွဲ့ရဲ့ လက်ရှိ အခက်အခဲ၊ အကျပ်အတည်းအရ ဖိတ်ထားတဲ့ရက်မှာ တက်ရောက်ဖို့ အခက်အခဲရှိလို့ မတက်ရောက်ဖြစ်ဘူးဆိုတဲ့ သဘောထားပေးတဲ့သူလည်း ရှိပါတယ်” ဟု ဆိုသည်။
ဗိုလ်မှူးကြီး စောကျော်ညွန့်က PPST အဖွဲ့ဝင် EAO များ အနေဖြင့် စစ်ကောင်စီဥက္ကဋ္ဌ၏ ဖိတ်ခေါ်ချက်အရ ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးဖြစ်ရန် အာမခံချက်ပေးနိုင်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး ဆွေးနွေးပွဲအဆင့်ထိ ဖြစ်နိုင်လိမ့်မည်မဟုတ်ဟု ယေဘူယျယူဆကြသော်လည်း ထိုကဲ့ သို့ ဆွေးနွေးပွဲဖြစ်ရန် အခင်းအကျင်းတရပ် ဖော်ဆောင်နိုင်သည်ဟူသော ရှုမြင်မှုများလည်း ရှိကြောင်း ပြောသည်။
ဆက်လက်၍ ၎င်းက “တတိုင်းပြည်လုံးမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ အကျပ်အတည်းတွေကို ကျော်လွှားသွားနိုင်ဖို့ စဉ်းစားတဲ့အခါကျတော့ ထာဝရငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်တဲ့ ငြိမ်းချမ်းရေး အခင်းအကျင်း မဖြစ်နိုင်သည့်တိုင် အဲဒီအခင်းအကျင်းဖြစ်ဖို့အတွက် လမ်းစတခုကို ဘယ်လို အကြံပြုပေးလို့ရမလဲ။ ဘယ်လို အစဖော်ပေးလို့ရမလဲဆိုတဲ့ သဘောထားတွေ မှတ်ချက်ပေးကြပါတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဆန်နီကမူ စစ်ကောင် စီဥက္ကဋ္ဌ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအား တက်ရေးမတက်ရေးနှင့် ပတ်သက်၍ အဖွဲ့အစည်းအတွင်း အကျေ အလည် မဆွေးနွေးရသေးသဖြင့် လတ်တလောတွင် အတိအကျ သဘောထားမပေးနိုင်သေးကြောင်း ပြောသည်။
၎င်းက “ကျနော်တို့ကတော့ ကျနော်တို့အဖွဲ့အတွင်းမှာ ပြန်လည်တိုင်ပင်ဆွေးနွေးပြီးမှပဲ ပြောလို့ရမယ် ထင်ပါတယ်။ အခုတော့ ကျနော်တို့ထဲမှာ ဘာမှ မတိုင်ပင်ရသေးဘူး။ မဆုံးဖြတ်ရသေးဘူး။ သူက ၉ ရက်နေ့လို့ ပြောပေမယ့် နှစ်ဖက် အပြန်အလှန် လေးစားမှုတော့ ရှိရမှာပေါ့။ ၉ ရက်နေ့ဆိုတိုင်း ၉ ရက်နေ့လည်း ဟုတ်ချင်မှ ဟုတ်မှာပေါ့။ ကျနော်တို့အထဲ မှာ ကျေကျေလည်လည် ဆွေးနွေးပြီးတော့မှပဲ ကျနော်တို့ အကြောင်းပြန်ပါမယ်” ဟု ဆိုသည်။
PPST အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး (CNF) က လတ်တလောတွင် အာဏာသိမ်းစစ်ကောင်စီနှင့် နိုင်ငံရေးဆွေးနွေးမည် မဟုတ်ကြောင်း၊ စစ်ကောင်စီအနေဖြင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမည်ဆိုပါက ပါဝင်သင့်သော Stakeholder များ အားလုံး ပါဝင်ရန်၊ နိုင်ငံတကာမှ ကြားဝင်စေ့စပ်ပေးရန်နှင့် နိုင်ငံရေးပြဿနာများကို အမှန်တကယ် အဖြေရှာရန် လိုအပ်ကြောင်း မေ ၆ ရက်တွင် ထုတ်ပြန်ထားသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ နိုင်ငံခြားရေးဌာန အကြီးအကဲ ပဒိုစောတောနီးကလည်း စစ်ကောင်စီတပ် အနေဖြင့် ကရင်ပြည်နယ်တွင် တပ်စွဲထားသော ၎င်း၏တပ်များကို ဆုတ်ခွာပေးရမည်ဖြစ်ပြီး မြန်မာ့နိုင်ငံရေးမှလည်း စစ်တပ်ဆုတ်ခွာမှသာ KNU အနေနှင့် ဆွေးနွေးနိုင်မည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။
ထို့ပြင် စစ်ကောင်စီ အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် လက်တွေ့ကျင့်သုံးနိုင်ရေးကိုလည်း အကောင်အထည်ဖော်ပေး ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီခေါင်းဆောင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရေး၊ မတက်ရေးနှင့် ပတ်သက်၍ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ၏ သဘောထားကိုမူ လတ်တလော မသိရသေးပေ။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်တပ်ပိုင် မြဝတီသတင်းဌာနမှတဆင့် ပြီးခဲ့သည့် ဧပြီ ၂၂ ရက် က ထုတ်လွှင့်သည့် ရုပ်သံမိန့်ခွန်းတွင် EAO ခေါင်းဆောင်များနှင့် လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးချင်ကြောင်း ပြောဆိုခဲ့ သည်။
ဆွေးနွေးပွဲ တက်ရောက်မည့်သူများကိုလည်း ၂၀၂၂ မေ ၉ ရက် နောက်ဆုံးထားပြီး စာရင်းပေးပို့ရမည် ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ် ဖြစ်သည်ဟူသော ပြောကြားချက်ကို လက်တွေ့ အကောင်အထည်ဖော် သည့်အနေနှင့် ယခုကဲ့သို့ ဖိတ်ကြားရခြင်း ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောသည်။
EAOs အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည့်ရက်ကိုလည်း နှစ်ဖက်ညှိနှိုင်းကာ သတ်မှတ်ကြစေလိုကြောင်း ၎င်းက ပြောဆိုထားသည်။
စစ်ကောင်စီ၏ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ခေါ်မှုတွင် အကြမ်း ဖက်အဖွဲ့အဖြစ် ၎င်းတို့က ကြေညာထားသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ မပါကြောင်း ပြောသည်။
စစ်ကောင်စီဥက္ကဋ္ဌ၏ ဖိတ်ခေါ်ချက်ကို စစ်ကောင်စီနှင့် မြေပြင်တွင် တိုက်ပွဲများဖြစ်နေသည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP) နှငျ့ ခငြျးအမြိုးသားတပျဦး (CNF) တို့က လတ်တလောတွင် မတွေ့နိုင်သေးကြောင်း ကြေညာချက်များ အသီးသီး ထုတ်ပြန်ထားသည်။