• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကချင်ပြည်နယ်အတွင်းရှိ BGF နှင့် ပြည်သူ့စစ်များကို တိုက်မည်ဟု KIO ကြေညာ

by ဧရာဝတီ
16 May 2022
in သတင်း
A A
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင် တဦး / ဧရာဝတီ

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင် တဦး / ဧရာဝတီ

19k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ်ထဲရှိ စစ်ကောင်စီ ဒေါက်တိုင် နယ်ခြားစောင့်တပ် (BGF) နှင့် ပြည်သူ့စစ်များကို စစ်ရေး၊ နိုင်ငံရေးအရ တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ သတင်းနှင့် ပြန်ကြားရေးဌာနက မေလ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ကချင်လွတ်လပ်ရေးအစိုးရ၏ ဆုံးဖြတ်ချက်အရ ယခုကဲ့သို့ ကြေညာရ ခြင်းဖြစ်ကြောင်း ပါရှိသည်။

RelatedPosts

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

13 June 2025
1.1k
စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

13 June 2025
79
ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

13 June 2025
2.2k

BGF နှင့် ပြည်သူ့စစ်များကို အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းပေးထားပြီး အဆိုပါအဖွဲ့များသည် စစ်ကောင်စီ၏ ခြေထောက်၊ မျက်စိနှင့် နားသဖွယ် လုပ်နေသည့်အပြင် KIO/KIA ၏ နိုင်ငံရေး နှင့် စစ်ရေးဆောင်ရွက်ချက်များကို အနှောင့် အယှက်ပေးနေကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းအပြင် အဆိုပါအဖွဲ့များသည် ပြည်သူလူထုကို ဖိနှိပ် ခြိမ်းခြောက်ကာ အနိုင်ကျင့်မှုများ ပြုလုပ်နေသဖြင့် KIO/KIA ၏ ဘုံရန်သူအဖြစ် သတ်မှတ်ရခြင်း ဖြစ်ကြောင်း KIO ပြန်ကြားရေးဌာနက ဆိုသည်။

BGF၊ ပြည်သူ့စစ်များနှင့် ပတ်သက်ဆက်နွယ်နေသည့် ကချင်ရိုးရာလူကြီးများအပါအဝင် နိုင်ငံရေးပါတီ လူကြီးများကိုလည်း ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း KIO ပြန်ကြားရေးဌာနက ပြောသည်။

KIO ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယခုသတင်းထုတ်ပြန်ချက်သည် KIO ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်မဟုတ်ဘဲ KIO ပြန်ကြားရေးဌာန၏ သတင်းထုတ်ဖော်ချက်သာ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

၎င်းက “ကျနော်တို့ မြန်မာနိုင်ငံမှာ ဖွဲ့ထားတဲ့ ရဲတွေ၊ ပြည်သူ့စစ်တွေ၊ BGF တွေကတော့ စစ်ကောင်စီ လက်အောက်ခံပေါ့။ စစ်ကောင်စီဘက်ကနေ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ပါတယ်။ လက်နက်တွေကလည်း စစ်ကောင်စီ ဘက်က တပ်ဆင်ပေးထားတာဖြစ်ပါတယ်။ ကျနော်တို့ KIO အနေနဲ့ကတော့ လက်နက်ကိုင်ထားတဲ့အဖွဲ့တွေကိုတော့ ရန်သူအဖြစ်သတ်မှတ်တဲ့ သဘောဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူ့စစ်တွေ၊ ရဲတွေကလည်းပဲ စစ်ကောင်စီရဲ့ ညွှန်ကြားချက်အောက်မှာပဲ ရှေ့တန်းလည်းထွက်ပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာမှာလည်း သူတို့ ခဏခဏပါနေတာ တွေ့ရပါတယ်” ဟု ဆိုသည်။

ဆက်လက်၍ ဗိုလ်မှူးကြီးနော်ဘူက အချို့သော ကချင်မျိုးနွယ်စုဝင် လူကြီးများသည် လူမျိုးစုရိုးရာယဉ်ကျေးမှု ကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူထားသော်လည်း ရိုးရာယဉ်ကျေးမှု ကိစ္စများ မဆောင်ရွက်ဘဲ စစ်ကောင်စီနှင့် ပူးပေါင်းကာ လက်နက်ကိုင်နေမှုများ ရှိကြောင်း ရှင်းပြသည်။

“ရိုးရာယဉ်ကျေးမှုအရေးပဲ ဆိုရင်တော့ ကျနော်တို့ဘက်က ဘာမှ အပြစ်တင်စရာမရှိပါဘူး။ လက်နက်နဲ့ ရန်မူစရာလည်း မရှိဘူး။ ဒါပေမယ့် ရိုးရာယဉ်ကျေးမှုတာဝန်လည်း ယူပြီးမှ လက်နက်ကိုင်အဖွဲ့လည်း ဖွဲ့စည်းတယ်ဆိုရင်တော့ မျိုးနွယ်စုတွေထဲမှာလည်း မဖြစ်သင့်တာတွေ မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ သဘောမျိုးနဲ့ အဲဒါမျိုး သတင်းဖော်ထုတ်တာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များအနေနှင့် KIO ၏ အုပ်ချုပ်ရေးနယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ပါက တိုက်ပွဲများ ဆက်ဖြစ်နိုင်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (Kachin Region PDF) နှင့် နီးစပ်သည့် မြေပြင် သတင်းရင်းမြစ် တဦးကလည်း ကချင်ဒေသအတွင်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နှင့် BGF များသည် မူးယစ်ဆေးနှင့် မှောင်ခိုလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြကြောင်း ပြောသည်။

၎င်းက“BGF တွေဟာ ဆဒုံး၊ ဆမားဘက်မှာ ရှိမယ်။ ပန်ဝါဘက်မှာ ဇခုန်တိန့်ယိန်းတို့ အုပ်စုတွေရှိမယ်ဗျ။ သူတို့တွေက လူမျိုးရေး ဇောင်းပေးပြီး မှိုင်းတိုက်နေတာများတယ်။ စစ်ကောင်စီဒေါက်တိုင်တွေပဲ။ များသောအားဖြင့် BGF နဲ့ ပြည်သူ့စစ်တွေက မူးယစ်ဆေးကိစ္စနဲ့ မကင်းကြဘူး။ သစ်မှောင်ခို။ ဘာနဲ့မှကို မကင်းတာ။ ပြည်သူ့စစ်နဲ့ ပျူစောထီးက မရှိသင့်တဲ့ သူတွေပဲ။ တိုက်မယ်ဆိုရင်တော့ ဝမ်းမြောက်ဝမ်းသာကြိုဆိုရမှာပဲ” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အာဏာသိမ်းမှုဆန့်ကျင်သည့် နွေဦးတော်လှန်ရေး၌ ကချင်ပြည်နယ် အခြေစိုက် တိုင်းရင်းသားများဖြစ်သော ရှမ်းနီ၊ လီဆူးနှင့် ရဝမ် လူငယ်များသည်လည်း KIO နှင့် ပူးပေါင်းကာ စစ်အာဏာရှင်ကို တော်လှန်နေမှုများရှိကြောင်း ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (Kachin Region PDF) နှင့် နီးစပ်သည့် မြေပြင် သတင်းရင်းမြစ် တဦးက ပြောပြသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်ကလည်း ကချင်ပြည်နယ် မြစ်ကြီးနား၊ ဟူးကောင်း၊ တနိုင်းနှင့် ရှင်ဗွေယန် ခရိုင်တို့မှ KIO ခရိုင်အုပ်ချုပ်ရေးကော်မတီများက ၎င်းတို့ဒေသရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ အား အမြန်ဆုံးနှုတ်ထွက်သွား ရန် ကြေညာချက်များ ထုတ်ပြန်ခဲ့သေးသည်။

စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအနေနှင့် နှုတ်မထွက်ဘဲ ဆက်လက်တည်ရှိနေမည်ဆိုပါက နောက်ဆက်တွဲ ပြဿနာအကျိုးဆက်များသည် ၎င်းတို့၏ တာဝန်သာ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။ KIO ခရိုင်အုပ်ချုပ်ရေးကော်မတီများက ထိုသို့ ကြေညာချက်ထုတ်ပြန်ပြီးနောက်တွင် KIO ပြန်ကြားရေးဌာနက BGF နှင့် ပြည်သူ့စစ်များအား စစ်ရေး၊ နိုင်ငံရေးအရ တိုက်ခိုက်မည်ဟု ကြေညာလာခြင်းဖြစ်သည်။

ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (Kachin Region PDF) နှင့် နီးစပ်သည့် မြေပြင် သတင်းရင်းမြစ် တဦးကလည်း BGF နှင့် ပြည်သူ့စစ်များအပါအဝင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများနှုတ်ထွက်မှုမရှိပါက စစ်ရေးဖိအားများ ပိုရှိလာနိုင်ကြောင်း သုံးသပ်သည်။

၎င်းက “စစ်ကောင်စီဟာ တနိုင်ငံလုံးရဲ့ ဘုံရန်သူပဲ။ ဘုံရန်သူကို ထောက်ပံ့နေတဲ့ BGF ပြည်သူ့စစ် လောက်ကောင်တွေဟာ ရှိကိုမရှိသင့်တဲ့အတွက် တိုက်တာကို ဝိုင်းဝန်းပံ့ပိုးပေးကြဖို့လိုပါလိမ့်မယ်။ စစ်ကောင်စီ ဝန်ထမ်းတွေကို ထွက်သွားဖို့ ကြေညာတာက ကြေညာသင့်တဲ့ကိစ္စပေါ့။ နောက်တခုက အဲဒီဘက်ဒေသတွေဟာ KIO နဲ့ KPDF တွေ စိုးမိုးမှု အရမ်းအားကောင်းတဲ့နေရာတွေ ဖြစ်တဲ့အတွက် သူတို့အသက်အန္တရာယ် စိုးရိမ်ရနိုင်တယ်။ စစ်ရေးအရ ဖိအားပေးတာတွေ ရှိလာနိုင်တယ်။ အဓိကက လူထုဘက်ပူးပေါင်းပြီး သူတို့ထွက်တာက ပိုပြီးကောင်းလိမ့်မယ်” ဟု ပြောသည်။

တိုင်းရင်းသားအရေးလေ့လာနေသူ တဦးကလည်း KIO သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေကို ပိုမို ချဲ့ထွင်လိုသဖြင့် ယခုကဲ့သို့ ကြေညာချက်များ ထုတ်ပြန်လာခြင်းဖြစ်နိုင်ကြောင်း ပြောသည်။

“BGF ကတော့ စစ်တပ်နဲ့ ပေါင်းနေတာပဲလေ။ BGF က ဖီမော်- ကာလမ်- ကာဖန်ပေါ့။ ဖီမော်နဲ့ ကာဖန်ဘက်မှာရှိတယ်။ ကမ်ပိုက်တီမှာရှိတယ်။ အရင် ဇခုန်တိန့်ယိန်းအဖွဲ့ အဲဒါကို ပြောတာ။ ယဉ်ကျေးမှူးဆိုတာက လီဆူးအဖွဲ့ကို ပြောတာ။ လီဆူးခေါင်းဆောင်က ဦးရွှေမင်းလို့ခေါ်တယ်။ လီဆူးပါတီက ဦးရွှေမင်းတို့ကလည်း ပြည်သူ့စစ်လုပ်နေလို့” ဟု ၎င်းက ဆိုသည်။

ထို့အပြင် မကြာမီတွင် စစ်ကောင်စီကို တိုက်ခိုက်သည့် နယ်မြေစိုးမိုးရေးတိုက်ပွဲများ ပိုမို မြင်တွေ့လာရဖွယ် ရှိနေကြောင်း မှတ်ချက်ပေးသည်။

Your Thoughts …
Tags: BGFKIOPDFကချင်ပြည်နယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.7k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.1k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.3k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.1k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
ကျင်စန်းကျော့ဂိတ်ကို မေလ ၁၅ ရက်က တွေ့ရစဉ်  /  Sai Khin Maung

ကျင်စန်းကျော့ဂိတ် ပြန်ဖွင့် မြန်မာ ကုန်တင်ယာဉ်များ တရုတ်ဝင်/ထွက် ခွင့်ပြု

ရှေ့နေ ဒေါ်ရွက်နုအောင် / ဧရာဝတီ

ရှေ့နေ ဒေါ်ရွက်နုအောင်အား မန္တလေးနန်းတွင်း စစ်ကြောရေး၌ စစ်ဆေးနေ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.6k
အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

22 hours ago
3.9k

Most Read

  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate