• English
Thursday, September 21, 2023
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ရွှေကူ၌ ရွှေဖောင်အစီး ၅၀ ခန့် စစ်တပ်မီးရှို့

    ရွှေကူ၌ ရွှေဖောင်အစီး ၅၀ ခန့် စစ်တပ်မီးရှို့

    စားအုန်းဆီကို ခွဲတမ်းဖြင့်သာ ရောင်းချနိုင်တော့

    စားအုန်းဆီကို ခွဲတမ်းဖြင့်သာ ရောင်းချနိုင်တော့

    ဂန့်ဂေါ မြင်သားရွာ လက်နက်ကြီးဖြင့်ပစ်ခံရ ရွာသား ၆ ဦး သေဆုံး

    ဂန့်ဂေါ မြင်သားရွာ လက်နက်ကြီးဖြင့်ပစ်ခံရ ရွာသား ၆ ဦး သေဆုံး

    မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

    မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

    ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ မွတ်စလင်ခေါင်းဆောင် ၁ ဦး အသတ်ခံရ

    ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ မွတ်စလင်ခေါင်းဆောင် ၁ ဦး အသတ်ခံရ

    မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

    မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

    ချင်းတွင်းမြစ်အတွင်း ကုန်တင်ယာဉ် တိမ်းမှောက်မှု လူ ၁၀၀ ခန့် ပျောက်ဆုံးနေ

    ချင်းတွင်းမြစ်အတွင်း ကုန်တင်ယာဉ် တိမ်းမှောက်မှု လူ ၁၀၀ ခန့် ပျောက်ဆုံးနေ

    နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးအား ခန့်အပ်

    နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးအား ခန့်အပ်

    ကားလမ်းပြန်ဖွင့်သော်လည်း တမူး၌ ကုန်ဈေးနှုန်းများ မြင့်နေဆဲ

    ကားလမ်းပြန်ဖွင့်သော်လည်း တမူး၌ ကုန်ဈေးနှုန်းများ မြင့်နေဆဲ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

      မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

      မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

      မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      မြင်းရိုင်းစီးခြင်း

      မြင်းရိုင်းစီးခြင်း

      လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း

      လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း

      သီချင်း ညည်းတတ်သည့် အလေ့

      သီချင်း ညည်းတတ်သည့် အလေ့

      ဒေါ်အောင်ဆန်းစုကြည် သွားကိုက်ဝေဒနာကြောင့် ဆေးကုသမှုခံယူရ

      ဒေါ်အောင်ဆန်းစုကြည် သွားကိုက်ဝေဒနာကြောင့် ဆေးကုသမှုခံယူရ

      မိန်းမ နှင့် အလှတရား

      မိန်းမ နှင့် အလှတရား

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home သတင်း

          မြောင်မြို့နယ်တွင် ၅ ရက်အတွင်း နေအိမ် ၄၀၀ ခန့် မီးရှို့ခံရ

          by ဧရာဝတီ
          25 May 2022
          in သတင်း
          Reading Time: 1 min read
          A A
          မြောင်မြို့နယ်အတွင်း မီးရှို့ခံရသည့် နေအိမ်နှင့် ဘုန်းကြီးကျောင်းများ  / CJ

          မြောင်မြို့နယ်အတွင်း မီးရှို့ခံရသည့် နေအိမ်နှင့် ဘုန်းကြီးကျောင်းများ / CJ

          13.5k
          VIEWS
          Share on FacebookShare on Twitter

          စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း၌ မေလ ၁၈ ရက်မှ ၂၂ ရက်ထိ စစ်ကောင်စီတပ်နှင့် ပျုစောထီးပူးပေါင်းအဖွဲ့များ၏ ဝင်ရောက်စီးနင်း မီးရှို့ခြင်းကြောင့် ကျေးရွာ ၁၈ ရွာမှ နေအိမ် ၄၀၀ ခန့် မီးရှို့ခံရပြီး စစ်ဘေးရှောင် ၅၀၀၀ ကျော်ထိ ရှိလာ ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) ထံမှ သိရသည်။

          မြောင်မြို့နယ်အတွင်းမှ ပန်းညို၊ ရွာပုလဲ၊ ပေါက်ချောင်း၊ ညောင်ကားယား၊ ကူတို့ကုန်း၊ မယ်မသော်၊ အညွန့်၊ နဂါးပေါက်၊ နေပူကုန်း၊ မင်းတန်း၊ သာဒွန်း၊ ပေါက်တော၊ ရသစ်၊ ထုံးကြိုင်၊ ဘုန်းကောင်းစသည့် ကျေးရွာများမှ နေအိမ် ၃၉၃ လုံး မီးရှို့ခံရခြင်း ဖြစ်ကြောင်း CDSOM က ဆိုထားသည်။

          RelatedPosts

          ရွှေကူ၌ ရွှေဖောင်အစီး ၅၀ ခန့် စစ်တပ်မီးရှို့

          ရွှေကူ၌ ရွှေဖောင်အစီး ၅၀ ခန့် စစ်တပ်မီးရှို့

          21 September 2023
          789
          စားအုန်းဆီကို ခွဲတမ်းဖြင့်သာ ရောင်းချနိုင်တော့

          စားအုန်းဆီကို ခွဲတမ်းဖြင့်သာ ရောင်းချနိုင်တော့

          21 September 2023
          696
          ဂန့်ဂေါ မြင်သားရွာ လက်နက်ကြီးဖြင့်ပစ်ခံရ ရွာသား ၆ ဦး သေဆုံး

          ဂန့်ဂေါ မြင်သားရွာ လက်နက်ကြီးဖြင့်ပစ်ခံရ ရွာသား ၆ ဦး သေဆုံး

          21 September 2023
          279

          CDSOM မှ စစ်ဆင်ရေးနှင့်အင်အားစုဆောင်းရေးတာဝန်ခံ ကိုနွေဦး(မြောင်) က “သူတို့ ကျေးရွာတွေကို မဝင်ခင်မှာ ဂျန်ပါတွေသုံး၊ ဖုန်းလိုင်းဖြတ်တောက်ပြီး လက်နက်ကြီး အလွန်အမင်း အင်အားသုံး ပြီးမှ ဝင်ကြတာ။ အဓိကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်တာ၊ မိုင်းဆွဲတာမျိုး မခံရအောင် ဖန်တီးပြီး စစ် ကြောင်းချီနေတာမျိုးပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

          မြောင်မြို့နယ်အတွင်း မီးရှို့ခံရသည့် နေအိမ်နှင့် ဘုန်းကြီးကျောင်းများ / CJ

          မြောင်မြို့နယ်မှ ကျေးရွာများကို မီးရှို့နေသည့် စစ်ကြောင်းမှာ မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှ ကူးလာ သော စစ်ကောင်စီတပ်နှင့် ပျုစောထီးပူးပေါင်း အင်အား ၂၀၀ ခန့်ပါသည့် စစ်ကြောင်းဖြစ်ပြီး မေ ၁၈ ရက်တွင် ပန်းညိုကျေး ရွာကို စတင်မီးရှို့ခဲ့ပြီးနောက် ရွာစဉ်ဆက်၍ လုယက်သတ်ဖြတ် မီးရှို့ခဲ့ရာ နေအိမ်များသာမက သာသနိကအဆောက်အဦ များကိုပါ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

          မေ ၂၁ ရက်တွင် မင်းတန်းကျေးရွာမှ နေအိမ် ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသလို ကျေးရွာအတွင်းရှိ ဘုရားစေတီ၊ ဓမ္မာရုံ နှင့် ဘုန်းကြီးကျောင်းကိုလည်း ဖြိုချဖျက်ဆီး မီးရှို့ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

          “မိစ္ဆာမီးရှို့တပ်က ရှို့ခဲ့သမျှကို ကျနော်တို့ ကာကွယ်ရေးအဖွဲ့တွေနဲ့ ပြည်သူတွေက သူတို့ ထွက်သွားမှ မီးဝင်ငြိမ်းရတာဆို တော့ အိမ်တွေက ပြာကျတဲ့အထိ လောင်သွားတာတွေ ရှိတယ်။ မင်းတန်းရွာ မီးရှို့ခံရတဲ့ မြင်ကွင်းကလည်း ရင်ထဲမချိမဆံ့ ပါပဲဗျာ။ ဘုန်းကြီးကျောင်းတွေပါ မချန်ဘူး မီးရှို့သွားကြတာ။ မယ်မသော်ရွာဆိုရင် နေ့လယ် ၂ နာရီလောက်ကစပြီး ရွာ လယ်ကနေ ရှို့လိုက်တာ မြောက်လေ တိုက်နေတဲ့အချိန်ဆိုတော့ တော်တော်များများ ပါကုန်တာပဲ။ မီးလောင်တာကိုတော့ ရနိုင်သလောက် ငြိမ်းပေးနိုင်ခဲ့ပေမယ့် မီးရှို့ခံရတဲ့ ပြည်သူတွေရဲ့ မျက်ရည်တွေကိုတော့ သုတ်ပေးနိုင်စွမ်း မရှိခဲ့ပါဘူး” ဟု ကိုနွေဦး(မြောင်) က ဆိုသည်။

          မြောင်မြို့နယ်အတွင်း မီးရှို့ခံရသည့် နေအိမ်နှင့် ဘုန်းကြီးကျောင်းများ /ကိုနွေဦး(မြောင်)

          မြောင်မြို့နယ် တိုင်းလွှတ်တော်အမတ် ဒေါ်အေးမြတ်မွန်၏ကျေးရွာ မယ်မသော်ကျေးရွာကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အကြိမ်ကြိမ် ဝင်ရောက်လုယက် မီးရှို့နေသည်မှာ ၇ ကြိမ်ထက်မနည်း ရှိနေပြီ ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

          မယ်မသော်ဒေသခံတဦးက “သူတို့က ရွာတွေကို လက်နက်ကြီးတွေနဲ့ထုပြီး သေနတ်တွေနဲ့ ပစ်တော့ ကျမတို့လည်း ကြောက်လို့ ထွက်ပြေးရတာပေါ့။ အခုတော့ သူတို့ မရှိတော့ဘူးလို့တော့ သိရတယ်။ သူတို့ မရှိလည်း ရွာကို မပြန်ရဲသေး ဘူး။ အခုတော့ မိုးထဲလေထဲမှာ ဖြစ်သလို နေနေရတာပေါ့။ ကလေးတွေလည်း ပါလာတော့ အတော်ကြီးကို ဒုက္ခရောက် တာပေါ့” ဟု ပြောပြသည်။

          မြောင်မြို့နယ်အတွင်းသို့ ဝင်ရောက်လာသည့် အဆိုပါ စစ်ကြောင်းတွင် အာပီဂျီ၊ စက်သေနတ်၊ ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမ စသည့် လက်နက်ကြီးများ၊ ဒရုန်းဖျက်ဂျန်ပါများ အပါအဝင် လက်နက်အင်အား အပြည့်အစုံဖြင့် မြောင်မြို့နယ်အတွင်းသို့ တိုက်ခိုက်ရေးနှင့် မီးရှို့ချေမှုန်းရန် အထူးစစ်ဆင်ရေးအဖြစ် ရောက်ရှိလာခြင်း ဖြစ်ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက သုံးသပ်ပြောဆိုသည်။

          မြောင်မြို့နယ်အတွင်း မီးရှို့ခံရသည့် နေအိမ်နှင့် ဘုန်းကြီးကျောင်းများ /ကိုနွေဦး(မြောင်)

          ပန်းညိုကျေးရွာမှ မျက်မြင်တွေ့မြင်ခဲ့သည့် ဒေသခံတဦးက “ကျမတို့ဘက်ကို ဝင်လာတဲ့ စစ်ကြောင်းမှာ စစ်ဝတ်ယူနီဖောင်းတွေ အပြင် အရပ်ဝတ်တွေပါ ပါတယ်။

          အင်အား ၂၀၀ လောက်တော့ ရှိမယ်။ သူတို့တွေက ရွာထဲကို ဝင်လာကတည်းက လက်နက်ကြီးတွေနဲ့ ပစ်တာ။ ပြီးတော့မှ ရွာထဲဝင်၊ တအိမ်တက်တအိမ်ဆင်း စိတ်တိုင်းကျ မွှေနှောက်ပြီးမှ အိမ်ကြီးအိမ်ကောင်းတွေ၊ စပါးကျီစပါးတိုက်ရှိတဲ့ အိမ်တွေကို ရွေးပြီး မီးရှို့ဖျက်ဆီးသွားကြတာ” ဟု ပြောသည်။

          မြောင်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ အနေဖြင့် လူအင်အားအရ ယှဉ်နိုင်သော်လည်း လက်နက် အင်အား ကွာခြားခြင်းများကြောင့် ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်းမျိုး မရှိသော်လည်း မီးဘေးရှောင်၊ စစ်ဘေးရှောင်များကို တတ် နိုင်သမျှ ကူညီပေးနေကြောင်း PDF တပ်ဖွဲ့ဝင်များက ဆိုသည်။

          စစ်ကောင်စီတပ်၏ နေ့စဉ်ဆက်တိုက် အကြောင်းမဲ့ မီးရှို့သတ်ဖြတ်မှုများကြောင့် ဒေသခံပြည်သူများ၏ စားဝတ်နေရေး၊ လုံခြုံရေးပိုင်းများတွင် ပိုမိုကျပ်တည်း ခက်ခဲလာနေကြောင်း၊ မီးရှို့ခံရသည့် ကျေးရွာများကို PDF အဖွဲ့များက အလှည့်ကျ သန့်ရှင်းရေးလုပ်ခြင်း၊ ရွှေ့ပြောင်းနေထိုင်ရေးနှင့် စားသောက်ရေးများကို ကူညီပေးနေကြောင်း ကိုနွေဦး(မြောင်) က ရှင်းပြ သည်။

          မြောင်မြို့နယ်အတွင်း မီးရှို့ခံရသည့် နေအိမ်နှင့် ဘုန်းကြီးကျောင်းများ /ကိုနွေဦး(မြောင်)

          စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း မီးရှို့ရာတွင် ဒေသခံများကိုလည်း ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေရာ ညောင် ကားယားကျေးရွာမှ ဒေသခံ ၁ ယောက် ပစ်သတ်ခံရပြီး ပေါက်ချောင်းကျေးရွာအတွင်း ဝင်ရောက်စဉ် ရမ်းသမ်းပစ်ခတ်မှု ကြောင့်လည်း ဒေသခံ ၃ ဦး ကျည်မှန်ခဲ့ကြောင်း သိရသည်။

          ထို့ပြင် မယ်မသော်ကျေးရွာမှ Myaung Medical Team နွေဦးရောင်နီဆေးခန်းမှ လူနာဆောင်၊ ဝန်ထမ်းဆောင်နှင့် ဆေး ပစ္စည်းများပါ မီးရှို့ခံရကြောင်း၊ မေ ၁၉ ရက် ည ၉ နာရီခန့်တွင် မြောင်မြို့ပေါ် ကင်းလှည့်နေသည့် စစ်ကားပေါ်မှ လမ်းသွား လမ်းလာများအား ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ကျည်ထ်ိမှန်ခဲ့သလို ကြက်ခြံတခြံကိုလည်း မီးရှို့သွားကြောင်း CDSOM က ထုတ်ပြန်ထားသည်။

          စစ်ကောင်စီတပ်က ထိုသို့ ပြုလုပ်နေခြင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ဒေသခံပြည်သူများက ထောက်ပံ့နေ သဖြင့် ဆက်လက် ထောက်ပံ့ခြင်းများ မပြုလုပ်နိုင်ရန် ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ကိုနွေဦး(မြောင်) က သုံး သပ်သည်။

          ၎င်းက “စစ်တပ်က ကြွက်မနိုင် ကျီ မီးနဲ့ရှို့ စကားပုံအတိုင်း PDF အဖွဲ့တွေနဲ့ ရင်ဆိုင်မတိုက်ဘဲ ပြည်သူတွေရဲ့ အိမ်တွေကို လက်နက်အားကိုးပြီး မီးရှို့လာတာပဲ။ သူတို့ထင်တာကာ ကျေးရွာနေပြည်သူတွေက ထောက်ပံ့ကူညီနေလို့ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့တွေ အဓွန့်ရှည်နေတာလို့ ယူဆချက်လည်း ပါတာပေါ့။ နောက်တခုက ငါတို့ အုပ်ချုပ်လို့မရရင် မင်းတို့လည်း ဒုက္ခရောက်ကြဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်နေကြတာ။ ရွာတွေကို မီးရှို့လိုက်ရင် တော်လှန်ရေး အထိနာပြီး ရပ်ဆိုင်းသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေတာမျိုးပေါ့” ဟုလည်း ဆိုသည်။

          မြောင်မြို့နယ်အတွင်း မီးရှို့ခံရသည့် နေအိမ်နှင့် ဘုန်းကြီးကျောင်းများ /ကိုနွေဦး(မြောင်)

          ယခုအခါ မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးများ ဆက်တိုက်ရွာသွန်းခြင်းများ ဖြစ်ပေါ်နေရာ မြောင်မြို့နယ်အတွင်းမှ မီးဘေးသင့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာလိုအပ်ချက်အပြင် ရာသီဥတုဒဏ်ကိုပါ ရင် ဆိုင်နေကြရသည်ဟုလည်း ၎င်းက ပြောသည်။

          “အခုလို မိုးတွေကရွာ၊ လေတွေကတိုက်နဲ့ မိုးဦးလေဦးကျအချိန်မှာ ရွာလုံးကျွတ်မီးရှို့ခံရလို့ အမိုးအကာမရှိ အိုးအိမ်မဲ့သွား ကြတဲ့သူတွေ ဘယ်လိုများ နေကြမလဲ။ အချို့ဆိုရင် ဥမမယ်စာမမြောက်အရွယ် ကလေးငယ်လေးတွေနဲ့။ ကလေးလေးတွေ စားချင်တာမစားရလို့ အော်ဟစ်ငိုကြွေးနေတဲ့အခါ သူတို့မိဘတွေ ဘယ်လောက်ထိ ရင်နာနေကြရမလဲ။ တောထဲတောင်ထဲ က ညီနောင်တွေလည်း အစစအရာရာ အဆင်မှပြေကြရဲ့လား၊ အဲဒီလိုတွေ တွေးလိုက်မိရင်ကို ရင်တွေနာလွန်းလှပါတယ် ဗျာ” ဟု ကိုနွေဦး(မြောင်) က ပြောသည်။

          မြောင်မြို့နယ်အတွင်းမှ မီးဘေးသင့် စစ်ဘေးရှောင် ပြည်သူများကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)၊ အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်) – M2W တို့က အလှူရှင်များ လှူဒါန်းပေးကြသော လှူဒါန်းငွေနှင့် အတူ ဆန်၊ ဟင်းချက်စရာများ၊ ခေါင်းအုံးနှင့် အိုးခွက်ပန်းကန်များကို မေ ၂၃ ရက်မှစတင်ကာ လိုက်လံလှူဒါန်းပေးခဲ့ ကြောင်း သိရသည်။

          Your Thoughts …
          Tags: CDSOMPDFစစ်ကောင်စီမီးရှို့မြောင်
          ဧရာဝတီ

          ဧရာဝတီ

          ...

          Similar Picks:

          နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

          နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

          by ဧရာဝတီ
          21 August 2023
          31.1k

          စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

          ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

          ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

          by အောင်သစ်
          28 August 2023
          30.6k

          ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

          စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

          စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

          by ဧရာဝတီ
          11 September 2023
          18.8k

          အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ညွှန်ချုပ်အဖြစ် ပြောင်းရွှေ့ကြောင်း ထုတ်ပြန်ပြီးနောက် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) မှ ဗိုလ်မှူးကြီး အောင်ဇော်လင်းမှာ စ သုံးလုံး...

          လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

          လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

          by ဧရာဝတီ
          12 September 2023
          18.3k

          ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

          နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

          နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

          by ဇုန်းရိန်
          27 July 2023
          17.9k

          စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

          ထင်ကြေးများနဲ့ စစ်ကောင်စီ ၆ လ သက်တမ်းတိုး

          ထင်ကြေးများနဲ့ စစ်ကောင်စီ ၆ လ သက်တမ်းတိုး

          by ဧရာဝတီ
          31 July 2023
          15.7k

          မြန်မာနိုင်ငံတွင် အဓိပ္ပါယ်ရှိသော ပြောင်းလဲမှုများ ရှိမည် မဟုတ်ဟု လေ့လာသုံးသပ်သူများက ယူဆနေကြသည်။

          Next Post
          ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလက ပုဂံရှိ ထီးလိုမင်းလိုဘုရားတွင် ထီးတော်တင်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဆင်နေစဉ်  / ဧရာဝတီ

          စစ်ခေါင်းဆောင်များ၏ အကျွမ်းကျင်ဆုံး အလုပ်

          KNLA တပ်ဖွဲ့ဝင်များ / ဧရာဝတီ

          ကျောက်ကြီးနှင့်မုန်းတွင် အုပ်ချုပ်ရေးအားကောင်းရန် KNU ကြိုးပမ်းလာ

          No Result
          View All Result

          Recommended

          စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

          စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

          2 days ago
          11.9k
          ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

          ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

          1 week ago
          24.3k

          Most Read

          • မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

            မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

            shares
            Share 0 Tweet 0
          • မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

            shares
            Share 0 Tweet 0
          • ချင်းတွင်းမြစ်အတွင်း ကုန်တင်ယာဉ် တိမ်းမှောက်မှု လူ ၁၀၀ ခန့် ပျောက်ဆုံးနေ

            shares
            Share 0 Tweet 0
          • နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးအား ခန့်အပ်

            shares
            Share 0 Tweet 0
          • CIA အရာရှိ စာအုပ်နောက်ကွယ်မှ မြန်မာစစ်တပ်၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး

            shares
            Share 0 Tweet 0

          Newsletter

          Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

          Subscribe here for daily updates.

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved