စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံ တည်ဆောက်သော ကျောက်ဖြူမြို့နယ် အုန်းကြွိန်းကျွန်းရှိ ရေနက်ဆိပ်ကမ်းသို့ ယနေ့ မေလ ၃၁ ရက် မနက်ပ်ိုင်းက ရေငုပ်သင်္ဘော တစီး ရောက်ရှိလာသည်ကို မြင်တွေ့ရကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ ရေငုပ်သင်္ဘောသည် ယနေ့ မနက် ၈ နာရီဝန်းကျင်က ကျောက်ဖြူမြို့၏ အရှေ့ဘက် သံဇစ်မြစ်ကို ဖြတ်ကာ အုန်းကြွိန်းကျွန်းဘက်သို့ ခုတ်မောင်း သွားသည်ကို တွေ့မြင်ရ ကြောင်းလည်း ကျောက်ဖြူမြို့ခံများက ပြောသည်။
ကျောက်ဖြူမြို့ခံတဦးက “ရေငုပ်သဘောင်္ကို တွေ့တာက ဒီနေ့ မနက် ၇ နာရီနဲ့ ၈ နာရီကြားလောက်ရှိမယ်။ သံဇစ်မြစ်ကို ဖြတ်ပြီးတော့ အုန်းကြွိန်းကျွန်းဘက်ကို သွားတာတွေ့တယ်။ ရေပေါ်ကို တဝက်ပေါ်ပြီးတော့ သူ့ရှေ့မှာ နေဗီ ၁ စီး လမ်းပြ ပါတာတွေ့တယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် သား အောင်ပြည့်စုံ၏ ကုမ္ပဏီသည် နိုင်ငံခြား ကုမ္ပဏီများ ပူးပေါင်းကာ ကျောက်ဖြူမြို့နှင့် မဒေးကျွန်းအကြားတွင် တည်ရှိသော ဓညဝတီ ရေတပ် လက်အောက်ခံ ရေငုပ် တပ်စခန်း၌ ရေငုပ် သင်္ဘော ဆိုက်ကပ်မည့် ဆိပ်ကမ်းတခုကိုလည်း တည်ဆောက်နေကြောင်း ဒေသခံများက ပြော သည်။
အဆိုပါ ရေငုပ်သင်္ဘော ဆိပ်ကမ်းကို အောင်ပြည့်စုံ ကုမ္ပဏီ၊ ကိုးကန့်ကုမ္ပဏီနှင့် ဗီယက်နမ်ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း ကာ အာဏာသိမ်းပြီးနောက်၂၀၂၁ ခုနှစ်ဆန်းပိုင်းက စတင် အကောင်ထည်ဖော် တည်ဆောက်နေ ကြောင်းလည်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
ပြီးခဲ့သော မတ်လ ၁၉ ရက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံသည် ကျောက်ဖြူမြို့ နယ် သို့ လေကြောင်းဖြင့် ရောက်ရှိလာခဲ့ကြောင်းလည်း သိရသည်။
သူလာရောက်သည့်နေ့က ကျောက်ဖြူမြို့ပေါ် အပါအဝင် ပင်လယ်ကမ်းခြေတလျှောက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လက်နက်အပြည့်အစုံဖြင့် လုံခြုံရေး ယူထားပြီး မြို့ခံများအနေဖြင့် အရေးကြီး ပုဂ္ဂိုလ်တဦး ရောက်ရှိ လာမည်ဟု ထင်မှတ် ထားသော်လည်း နောက်ပိုုင်းတွင် တပ်ချုပ်သား အောင်ပြည့်စုံ ရောက်ရှိလာခြင်း ဖြစ်သည်ကို သိရှိရကြောင်းလည်း ကျောက်ဖြူမြို့ခံများက ပြောသည်။
အဆိုပါ ရေငုပ်သင်္ဘောဆိပ်ကမ်း တည်ဆောက်နေသည့် အနီးဝန်းကျင်သို့ ဒေသခံ စက်လှေများ၊ ငါးဖမ်းသင်္ဘောများ ဖြတ် သန်း သွားလာခွင့်ကို စစ်ကောင်စီက တားမြစ် ကန့်သတ်ထားသည် ဟုလည်း ဒေသခံများက ပြောသည်။
လက်ရှိ အခြေအနေတွင် အာဏာသိမ်းစစ်တပ်နှင့် ရက္ခိုင် စစ်တပ် (AA) တို့ကြား စစ်ရေးတင်းမာမှု မြင့်တက်နေကာ အချိန် မရွေး တိုက်ပွဲ ပြင်းထန်လာနိုင်သည့် အခြေအနေကြောင့် ရေငုပ်သင်္ဘော ရခိုင်ပင်လယ်ပြင်သို့ ရောက်လာခြင်း အပေါ် ထင်မြင်ချက်အမျိုးမျိုးဖြင့် ပြောဆိုမှုများရှိနေသည်။
You may also like these stories:
တိုက်ပွဲဖြစ်ပြီးနောက် ပလက်ဝ မြို့အဝင်အထွက်ကို စစ်ကောင်စီ ပိတ်ထား
ပလက်ဝ၌ အာဏာသိမ်းစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်နေ
မောင်းတင်ထားတဲ့ ရခိုင်ပြည် ငြိမ်းချမ်းရေး
ကျောက်တော်ရှိ စစ်ရှောင်စခန်းများကို စစ်တပ်မှပစ်ခတ် ခြိမ်းခြောက်