• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်စစ်မျက်နှာ ပြန်ဖွင့်ရန် စစ်ကောင်စီ ပြင်နေဟု AA ပြော

by ဧရာဝတီ
14 June 2022
in သတင်း
A A
ရခိုင်ပြည်နယ် စစ်ဆင်ရေးတွင် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ အသုံးပြု၍ စစ်အင်အား၊ လက်နက် ခဲယမ်း၊ ရိက္ခာသယ်ယူပို့ဆောင်ခြင်းများကို တွေ့ရသည်  / ဧရာဝတီ

ရခိုင်ပြည်နယ် စစ်ဆင်ရေးတွင် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ အသုံးပြု၍ စစ်အင်အား၊ လက်နက် ခဲယမ်း၊ ရိက္ခာသယ်ယူပို့ဆောင်ခြင်းများကို တွေ့ရသည် / ဧရာဝတီ

13.2k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက အင်အားဖြည့်၍ တကျော့ပြန် စစ်မျက်နှာဖွင့်ရန် ပြင်နေသည်ကို မြင်နေရကြောင်း ရက္ခိုင်စစ်တပ် (ULA /AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ယနေ့ ပြုလုပ်သည့် တတိယအကြိမ် ULA /AA သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ဦးခိုင်သုခက “လက်ရှိ အချိန်မှာ စစ်ရေး၊ နိုင်ငံရေး အခြေအနေက စိတ်ချရတဲ့အခြေအနေတခု မဟုတ်ဘူး။ ကျနော် တို့ရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကိုလည်း နည်းမျိုးစုံနဲ့ ဆက်ပြီးတော့ အနှောင့်အယှက် ပေးနေတယ်။ ရခိုင်ပြည်ကို နောက်ထပ် ဖွင့်ဖို့ စစ်ဆင်ရေးတခုကို ပြင်ဆင်နေသလိုမျိုး ကျနော်တို့ တွေ့မြင်နေရတယ်” ဟု ပြောကြားခဲ့သည်။

RelatedPosts

ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

21 May 2025
58
ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို  အမေရိကန်ဥပဒေ ခွင့်ပြု မပြု

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို အမေရိကန်ဥပဒေ ခွင့်ပြု မပြု

21 May 2025
181
ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

21 May 2025
127

ရခိုင်ပြည်နယ်အတွင်း ၂၀၂၀ ပြည့်နှစ် နောက်ပိုင်း တိုက်ပွဲ ရပ်တန့်ထားသည့်အချိန်က စစ်ကောင်စီတပ်သည် စစ်ရေး လှုပ်ရှားမှု အနည်းငယ်ရှိခဲ့သော်လည်း လက်ရှိအချိန်၌ ခပ်စိပ်စိပ်ပြန်တွေ့ရသလို ရေငုပ်သင်္ဘော အပါအဝင် လူအင် အား၊ လက်နက်အင်အား အမြောက်အမြားလည်း ဖြည့်တင်းနေသည်ကိုလည်း တွေ့မြင်ရကြောင်း ဦးခိုင်သုခက ဆို သည်။

ထိုသို့ စစ်ကောင်စီနှင့် AA တို့အကြား ဆက်ဆံရေးဆိုးရွားလာကာ စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုအပေါ် မူတည်ပြီး ရခိုင် ပြည်နယ်အတွင်း အချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားလာနိုင်ခြေ ရှိကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ယင်းပြင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ကောင်စီ လက်အောက်ခံ ရခိုင်ပြည်နယ် အစိုးရသည် ဒေသခံ ပြည်သူများကို လွတ်လပ်စွာ သွားလာခွင့်နှင့် လွတ်လပ်စွာ ကုန်သွယ်မှုကို ပိတ်ပင်ထားသဖြင့် ငြိမ်းချမ်းရေး အသီးအပွင့်ကို မခံစားရဘဲ စိုးရိမ်သောကဖြစ်ပြီး ခြိမ်းခြောက်ခံနေရကြောင်းလည်း ဦးခိုင်သုခက ဆို သည်။

၎င်းက “ရခိုင်အစိုးရဟာ ရခိုင်ပြည်သူတွေကို အနိုင်ကျင့် ဗိုလ်ကျမှုနဲ့ ပြည်သူ့ဘဏ္ဍာငွေတွေကို အလွဲသုံးစားမှု၊ အကျင့်ပျက် ခြစားမှု ထူပေါနေတာကို တွေ့ရတယ်။ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့တွေမှာ ပါဝင်နေတဲ့ ရခိုင်လူမျိုးတွေ ကိုလည်း အချိန်အခါနဲ့ အခြေအနေအရ သည်းခံ စောင့်ကြည့်ပြီးတော့ လိုအပ်ရင် လိုအပ်သလို ကိုင်တွယ်လာရလိမ့် မယ်” ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိ စစ်ကောင်စီ လက်အောက်ခံ ရခိုင်ပြည်နယ် အစိုးရသည် ယခင် အစိုးရအဆက်ဆက်ထက်ပင် ပိုမိုးဆိုးဝါးနေ ကြောင်း ဦးခိုင်သုခက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း နှစ်ဖက် နားလည်မှုဖြင့် တိုက်ပွဲများ ရပ်တန့်ထားသော်လည်း စစ်ကောင်စီတပ်သည် ကျေးရွာ များသို့ ဝင်ရောက်ပြီး ULA / AA တပ်ဖွဲ့ဝင်များကို ဖမ်းဆီးရန် ရှာဖွေခြင်း၊ နေအိမ်များသို့ ညဘက် ဝင်ရောက်ကာ ဖမ်းဆီးခြင်းများကို ပြုလုပ်နေသည့်အတွက် AA တပ်ဖွဲ့ဝင်များကလည်း စစ်ကောင်စီတပ်သားများကို တန်ပြန် ဖမ်းဆီးခြင်းများ ရှိကြောင်းလည်း ဦးခိုင်သုခက ရှင်းပြသည်။

ယခုလ ဇွန်လ ၁၁ ရက် မွန်းလွဲပိုင်းက ကျောက်တော်မြို့ပေါ် ကစ္ဆပနဒီ တံတားအနီးတွင် တပ်စွဲနေထိုင်သည့် စစ်ကောင် စီတပ်သားများအနက် ဈေးဝယ်သွားသည့် တပ်ကြပ် ၁ ဦးနှင့် တပ်သား ၁ ဦးကိုလည်း AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ထိုသို့ စစ်ရေး တင်းမာလျက်ရှိကာ စစ်ရိပ်အငွေ့အသက်များ ဖြစ်ပေါ်နေသည့်အတွက် ကြားခံ ပုဂ္ဂိုလ်များမှတဆင့် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိရာ ညှိမရသည့် အခြေအနေသို့ ရောက်ရှိလာပါက စစ်ရေးအရ ထိပ် တိုက် တွေ့လာနိုင်ကြောင်း ဦးခိုင်သုခက ပြောကြားခဲ့သည်။

You may also like these stories :

စစ်ကောင်စီတပ်သား ရာချီ ထွက်ပြေးလာကြောင်း AA အတည်ပြု

ရခိုင်တွင် အရပ်သားများကို စစ်တပ်က ရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်လာ

စစ်ကောင်စီ ရှာဖွေဖမ်းဆီးနေ၍ ရခိုင်သတင်းသမားများ တိမ်းရှောင်နေရ

ရခိုင်ပြည်နယ် အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးကို မနှောင့်ယှက်ရန် စစ်ကောင်စီကို AA သတိပေး

Your Thoughts …
Tags: AAစစ်ကောင်စီစစ်ရေးရခိုင်ပြည်နယ်ရေငုပ်သင်္ဘော
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအတိုင်ပင်ခံ ဒဲရက်ချိုးလက် / AFP

မြန်မာစစ်တပ်ကို "လူရမ်းကား"များဟု အမေရိကန် နိုင်ငံခြားရေး အတိုင်ပင်ခံ ခေါ်

ကေအိုင်အေသည် အနှစ် ၆၀ ကျော် လက်နက်ကိုင် တော်လှန်ရေးလုပ်နေသော ကချင်တော်လှန်ရေး အဖွဲ့အစည်းတခု ဖြစ်သည် / ဧရာဝတီ

ကေအိုင်အေနှင့် နွေဦးတော်လှန်ရေး

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.1k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.3k

Most Read

  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate