• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထောင်တွင်း ဝင်ခွင့်ပြုရေး ICRC တောင်းဆိုချက် စစ်ကောင်စီ ခွင့်မပြု

by ဧရာဝတီ
22 June 2022
in သတင်း
A A
ပြည်ထောင်စုနေ့က အင်းစိန် အကျဉ်းထောင်ရှေ့ မြင်ကွင်း  / Nay Myo

ပြည်ထောင်စုနေ့က အင်းစိန် အကျဉ်းထောင်ရှေ့ မြင်ကွင်း / Nay Myo

3.1k
VIEWS
Share on FacebookShare on Twitter

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အနေဖြင့် မြန်မာနိုင်ငံရှိ ထောင်များသို့ သွားရောက်၍ လေ့လာ သုံးသပ်သည့် လုပ်ငန်းစဉ်များ ပြန်လည်လုပ်ခွင့်ပေးရန်နှင့် အကျဉ်းသားများ၏ မိသားစုဝင်များ ထောင်ဝင်စာ သွား ရောက် တွေ့့ဆုံခွင့် အမြန်ဆုံး ဆောင်ရွက်ပေးရန် တောင်းဆိုချက်အား စစ်ကောင်စီက ခွင့်မပြုခဲ့ကြောင်း သိရသည်။

ICRC ၏ အာရှ- ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Christine Cipolla က ပြီးခဲ့သည့် ဇွန် ၁၅ရက်မှ ၁၈ရက်အထိ မြန်မာနိုင်ငံတွင် နေထိုင်ကာ စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီး အပါအဝင် ဝန်ကြီးများနှင့် ထိုသို့ တွေ့ဆုံ၍ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ဇွန် ၂၀ ရက် ICRC ထုတ်ပြန်ချက်အရ သိရသည်။

RelatedPosts

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
109
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
148
မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

21 June 2025
107

တောင်းဆိုထားသည့် အချက်များအပေါ် အကျဉ်းထောင် အာဏာပိုင်များနှင့် သဘောတူညီမှု မရရှိသေးသည့်အတွက် ICRC အနေဖြင့် စိတ်မကောင်းဖြစ်ရပြီး၊ ဖမ်းဆီးခံထားရသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို အထောက်အပံ့ဖြစ် စေသည့် လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်သွားရန် သန္နိဌာန်ချထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ တောင်းဆိုချက်၂ ချက်နှင့် ပတ်သက်၍ စစ်ကောင်စီဘက် ခွင့်ပြုထားခြင်း၊ တစုံတရာ ညွှန်ကြားခြင်း မရှိ သေးကြောင်း စစ်ကောင်စီ လက်အောက်ရှိ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။

၎င်းက ဆက်လက်၍ “ICRC တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ဘာမှ ညွှန်ကြားထားတာ မရှိသေးပါဘူး။ လက်ရှိ ပုံစံ အတိုင်းပဲ ဆက်လက် သွားနေပါတယ်။ ICRC အနေနဲ့ ထောင်တွေထဲ ဝင်ရောက်ခွင့်ကို အဓိက ကတော့ ကိုဗစ် ကြောင့်မို့လို့ ရပ်နားခဲ့တာဟာ အတိုင်းအတာ တခုထိ ကြာပါပြီ” ဟု ပြောသည်။

ICRC အဖွဲ့သည် လွန်ခဲ့သည့် ဆယ်စုနှစ်များကတည်းက မြန်မာပြည်တွင်းရှိ အကျဉ်းထောင်များသို့ သွားရောက်ပြီး နိုင်ငံရေး အကျဉ်းသားများအပါအဝင် ဖမ်းဆီးထိန်းသိမ်းခံ အကျဉ်းသားများနှင့် တွေ့ဆုံမေးမြန်းကာ လိုအပ်သည့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်သည့် လုပ်ငန်းစဉ်အား လုပ်ဆောင်လျက်ရှိရာမှ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်ရောဂါများ စတင် ပျံ့နှံ့စဉ်ကတည်းက ထောင်အာဏာပိုင်များမှ ထိုသို့ သွားရောက်ခွင့်ကို ဆိုင်းငံ့ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိလည်း ပြန်လည် လုပ်ဆောင်ခွင့် မရှိသေးခြင်း ဖြစ်သည်။

ထားဝယ်အကျဉ်းထောင်ရှိ အကျဉ်းသားတဦး၏ မိသားစုဝင်တဦးက “ဒီမှာ အခြေအနေတွေက တော်တော်ဆိုးတယ်။။ အကျဉ်းသားအခွင့်အရေးတွေကို လိုက်နာပြီးတော့မှ လုပ်ပေးဖို့က အကျဉ်းထောင်မှာတာဝန်ရှိတယ်။ အဲဒီအတွက် အမြန်ဆုံး အကျဉ်းသားအခွင့်အရေးနဲ့ အညီလုပ်ပေးဖို့ တောင်းဆိုချင်တယ်။ ကိုယ့်လူကို မတွေ့ရမမြင်ရနဲ့ ထောင်ဝင် စာပဲ ထည့်ထည့်ပေးနေရတာ။ ကျမတို့ကတော့ လူကိုယ်တိုင် ထောင်ဝင်စာ တွေ့ချင်တာပေါ့” ဟု ပြောသည်

ထို့ပြင် ICRC ၏ အာရှ – ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Christine Cipolla သည် စစ်ကောင်စီ၏ ကာကွယ် ရေးဝန်ကြီး၊ ပြည်ထဲ ရေးဝန်ကြီးများနှင့် တွေ့ဆုံစဉ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ရှိနေသည့် ဒေသ များ အပါအဝင် ကယား၊ ကရင်၊ ချင်း၊ မကွေး၊ စစ်ကိုင်း ဒေသများအား လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန်လည်း က စစ်ကောင်စီကို တောင်းဆိုခဲ့ကြောင်း သိရသည်။

၎င်းက “အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ ရပ်ရွာအသိုင်းအဝိုင်းတွေဟာ အစားအစာ၊ ရေနဲ့ အမိုးအကာ အစရှိသည့် အခြေခံ လိုအပ်ချက်တွေ အလွန် လိုအပ်လျက်ရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အခြားသော မရှိမဖြစ် အရေးကြီးတဲ့ ဝန်ဆောင်မှုများကို လက်လှမ်းမီနိုင်မှု မရှိပါဘူး။ ကြားနေဘက်လိုက်မှု မရှိတဲ့ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အလျင်အမြန်နဲ့ အတားအဆီးမရှိ ပေးနိုင်ဖို့ ပဋိပက္ခမှာ ပါဝင်တဲ့ အဖွဲ့အား လုံးက အဆင်ပြေချောမွေ့အောင် အစွမ်းကုန် ကူညီပေးရမှာ ဖြစ်ပါတယ်” ဟု ICRC ထုတ်ပြန်ချက်တွင် ပြောဆိုထား သည်။

လက်ရှိ ပဋိပက္ခ၌ ပါဝင်သည့် အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတကာ ကြက်ခြေနီကော်မတီ၏ အပြန်အလှန် နားလည်သဘောတူရေးနှင့် သတင်း မပေါက်ကြားရေးမူတို့အား လိုက်နာပြီး နိုင်ငံတကာ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများအပြင် လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်သည့် စည်းမျဉ်း စည်းကမ်းများကိုလည်း စစ်ကောင်စီနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ICRC နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) တို့မှာ နိုင်ငံတကာ ကြက်ခြေနီနှင့် လခြမ်းနီလှုပ်ရှားမှု၏ အခြေခံမူများဖြစ်သည့် ဘက်မလိုက်ရေး၊ ကြားနေရေးနှင့် လွတ်လပ်ရေးတို့ကို လိုက်နာပြီး လူသားချင်းစာနာ ထောက် ထားမှုဆိုင်ရာ ဥပဒေများကို လေးစားလိုက်နာသွားမည် ဖြစ်ကြောင်းကို အာမခံခဲ့ကြောင်းလည်း ICRC ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် မတ်လက တော်လှန်ရေး အင်အားစုများ စုပေါင်း၍ အကျဉ်းထောင် အသီးသီး၌ ဖမ်းဆီးထိန်းသိမ်းခံနေရ သည့် နိုင်ငံရေး အကျဉ်းသားများအပေါ် ထောင်တွင်း၌ ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း များကို စစ်ဆေးပေးရန် ICRC ထံသို့ တိုက်တွန်း တောင်းဆိုခဲ့သည်။

စစ်ကောင်စီ လက်အောက်ခံ ထောင်အာဏာပိုင်များသည် ထောင်တွင်း တောင်းဆိုတိုက်ပွဲဝင်သူများအား တိုက်ပိတ် ခြင်း၊ ထောင်ဝင်စာ ပိတ်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို ရာဇဝတ် အကျဉ်းသားများက ရိုက်နှက်စေခြင်း၊ ရိုက်နှက်ခံ ရသည့် ဒဏ်ရာများအား ဆေးဝါးကုသခွင့် မပေးခြင်း၊ ထောင်တွင်း သောက်သုံးရေ လုံလောက်စွာ မပေးခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် နှိပ်ကွပ်လျက်ရှိကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောသည်။

၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းကလည်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က
ICRC (Myanmar) ထံသို့ တောင်းဆိုချက် ၇ ချက်ကို ပေးပို့ခဲ့ပြီး တောင်းဆိုချက်များတွင် ထောင်အသီးသီး၌ ကျခံ နေရသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို အကျဉ်းထောင်၊ အချုပ်ခန်း၊ စစ်ကြောရေး စခန်းနှင့် စစ်ဆေးရုံများ တွင် ချုပ်နှောင်ထားရာ၌ လူ့ဂုဏ်သိက္ခာနဲ့အညီ လျှော်ညီစွာ မထားဘဲ သန့်ရှင်းသည့် သောက်သုံးရေ၊ အစား အသောက်၊ နေရာထိုင်ခင်း၊ ဆေးဝါး ကုသခွင့်များ ချို့ယွင်းနေသည်ကို ကြားသိရသည့်အပြင် မိသားစုနှင့် အဆက် အသွယ် မရခြင်း၊ တရားဥပဒေနှင့်အညီ ခုခံချေပခွင့် မရှိခြင်းတို့ ဖြစ်ပေါ်နေသဖြင့် ၎င်းတို့၏ နစ်နာဆုံးရှုံးမှု၊ လိုအပ်ချက် များကို နိုင်ငံတကာ ကျင့်ဝတ်နှင့်အညီ အမြန်ဆုံး အကောင်အထည်ဖော်ပေးသွားရန် တောင်းဆိုထားသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က မြန်မာတနိုင်ငံလုံးအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသော်လည်း လူမသိသူမသိ ချိုးဖောက်ခံနေရသည့်နေရာမှာ အကျဉ်းထောင် ဖြစ်ကြောင်း၊ စစ် အာဏာရှင် ဆန့်ကျင်ရေးတွင် ပါဝင်၍ အကျဉ်းထောင်ထဲ ရောက်နေကြသူများကို စစ်ကောင်စီ လက်ပါးစေ ထောင် အာဏာပိုင်များက နည်းမျိုးစုံဖြင့် ညှဉ်းပန်းနေကြောင်း အသိပေး ထုတ်ပြန်ထားသည်။

You may also like these stories:

အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ညှဉ်းပန်းနှိပ်စက်ခံနေရ

ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုတွေဟာ ရာဇဝတ်မှုတွေ ဖြစ်တယ်

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ပို့

သေဒဏ်ကျ ဒီမိုကရေစီရေးတိုက်ပွဲဝင်သူများ အသက်ရှင်ခွင့် ရှိရမည်

Your Thoughts …
Tags: ICRCထောင်ဝင်စာနိုင်ငံရေး အကျဉ်းသားအကျဉ်းထောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

သမ္မတ ဦးဝင်းမြင့် မိသားစုနှင့် တွေ့ခွင့်ရ

သမ္မတ ဦးဝင်းမြင့် မိသားစုနှင့် တွေ့ခွင့်ရ

by ဧရာဝတီ
31 October 2023
14.4k

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဝင်စာ တွေ့ခွင့်ရရေး ရှေ့နေအဖွဲ့က ယမန်နေ့တွင် ထပ်မံစာတင်ပြခဲ့ကြောင်း၊ ယင်းတင်ပြမှုနှင့် ပတ်သက်ပြီး ယနေ့မွန်းလွဲပိုင်းအထိ တစုံတရာ အကြောင်းပြန်မှု မရှိသေးကြောင်း

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

by ငြိမ်းငြိမ်း
25 October 2024
5.7k

ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက သူ့မိခင်၏ ကျန်းမားရေးနှင့် ဘာမှမသိရဘဲ ချုပ်နှောင်ထားခံရခြင်းတို့အတွက် သူ၏ စိုးရိမ်ပူပန်မှုများကို ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။

အစ္စရေး- ဟားမတ်စ် စစ်ပွဲအကြောင်း သိကောင်းစရာ

အစ္စရေး- ဟားမတ်စ် စစ်ပွဲအကြောင်း သိကောင်းစရာ

by ဧရာဝတီ
17 October 2023
5.4k

အရပ်သား အများအပြား သေဆုံးသည့် ယခုလောက် ကြီးမားသော အကြမ်းဖက် တိုက်ခိုက်မှုမျိုးကိုလည်း အစ္စရေး မကြုံဖူးပေ။

ဒိုက်ဦးထောင်မှ ခေါ်ထုတ်သွားသော အကျဉ်းသား ၃၇ ဦး၏ ကံကြမ္မာ

ဒိုက်ဦးထောင်မှ ခေါ်ထုတ်သွားသော အကျဉ်းသား ၃၇ ဦး၏ ကံကြမ္မာ

by ခင်နဒီ
29 February 2024
5.1k

"၂၀၂၃ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသား သတ်ဖြတ်ခံရမှု အများဖြစ်တယ်" ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

ထောင်တွင်းနှိပ်စက်သည့် ဒဏ်ရာများကြောင့် တေးရေး၊တေးဆို စံလင်းစံ သေဆုံးဟုဆို

ထောင်တွင်းနှိပ်စက်သည့် ဒဏ်ရာများကြောင့် တေးရေး၊တေးဆို စံလင်းစံ သေဆုံးဟုဆို

by ဧရာဝတီ
3 January 2024
5k

ကိုစံလင်းစံ မသေဆုံးမီက ဆေးကုသခွင့်ရရှိရန် မိသားစုဝင်များက အကျဉ်းထောင်သို့ တောင်းခံခဲ့သော်လည်း ထောင်ပြင်ပတွင် ဆေးကုသမှု မပေးခဲ့ဘဲ ဆေးမြီးတိုများဖြင့်သာ ကုသပေးခဲ့ကြောင်း

လျှို့ဝှက်သော ထောင်တိုးချဲ့မှုများ ဂြိုဟ်တုမှ တွေ့ရ

လျှို့ဝှက်သော ထောင်တိုးချဲ့မှုများ ဂြိုဟ်တုမှ တွေ့ရ

by ဧရာဝတီ
2 February 2024
3.6k

အာဏာသိမ်းပြီးကာလ ထောင်စနစ်တိုးချဲ့ခြင်းသည် နိုင်ငံရေး အတိုက်အခံများ၊ သတင်းသမားများနှင့် တက်ကြွလှုပ်ရှားသူများကို အစုလိုက်အပြုံလိုက်ဖမ်းဆီးချိန်နှင့် တိုက်ဆိုင်နေသည်။

Next Post
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားများကို ဖမ်းဆီးထားကြောင်း RFA သတင်းဌာနက ဖော်ပြခဲ့သည်။

မြန်မာတွင် လွတ်နေသော ငရဲခွေးများကို မည်သူတားဆီးမည်နည်း

ပြန်လည် လွတ်မြောက်လာသည့် မောင်တောပညာရေးဝန်ထမ်း ၂ ဦး  /  CJ

ပြန်ပေးဆွဲသမားအား ကျပ်သိန်း ၆၀၀ ပေး၍ မောင်တောပညာရေး ဝန်ထမ်း ၂ ဦး ပြန်လွတ်လာ

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

6 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

2 days ago
4k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate