• English
Thursday, June 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ခေါင်းဆောင်နှင့် ဆွေးနွေးအပြီး မြန်မာတိုက်လေယာဉ်များ ထိုင်းလေပိုင်နက်သို့ ဝင်ရောက်မှုဖြစ်ပွား

by ဧရာဝတီ
30 June 2022
in သတင်း
A A
ထိုင်းတော်ဝင် တပ်မတော်မှ Lt.Gen. Apichet Suesat နှင့် စစ်ခေါင်းဆောင်တို့ တွေ့ဆုံနေစဉ် / CINCDS

ထိုင်းတော်ဝင် တပ်မတော်မှ Lt.Gen. Apichet Suesat နှင့် စစ်ခေါင်းဆောင်တို့ တွေ့ဆုံနေစဉ် / CINCDS

8.3k
VIEWS
Share on FacebookShare on Twitter

ထိုင်းတော်ဝင် တပ်မတော်မှ ဒုဗိုလ်ချုပ်ကြီး အပီချတ် ဆူဆက်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ယမန်နေ့က နေပြည်တော်တွင် တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးအပြီး ယနေ့တွင် မြန်မာတိုက် လေယာဉ် များ ထိုင်းလေပိုင်နက်သို့ ဝင်လာသဖြင့် ထိုင်းနိုင်ငံသားများ အထိတ်တလန့်ဖြစ်ကာ ထွက်ပြေးခဲ့ရသည်။

ဒုဗိုလ်ချုပ်ကြီး အပီချတ် ဆူဆက်မှာ ထိုင်းမြောက်ပိုင်း အမှတ် ၃ တပ်တော်၏ အကြီးအကဲဖြစ်ပြီး၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင်၂ ရက်ကြာ ကျင်းပသည့် ၃၄ ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာ နယ်ခြား ကော်မတီ အစည်း အဝေး တက်ရန် ရောက်လာခဲ့ပြီး ယမန်နေ့ကမူ နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှ်ိုင်နှင့် တွေ့ဆုံခဲခြင်း ဖြစ်သည်။

RelatedPosts

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဂင်းနစ်စံချိန်ဝင်မှာလား (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဂင်းနစ်စံချိန်ဝင်မှာလား (ရုပ်/သံ)

19 June 2025
23
သယံဇာတ တူးဖော်ရင်း ပေါ်လာတဲ့ ရုပ်အလောင်းတွေ (ရုပ်/သံ)

သယံဇာတ တူးဖော်ရင်း ပေါ်လာတဲ့ ရုပ်အလောင်းတွေ (ရုပ်/သံ)

19 June 2025
42
ကန်ဒေါင့်ရဲစခန်းကို PLA အပြီးသတ်သိမ်းပိုက် (ရုပ်/သံ)

ကန်ဒေါင့်ရဲစခန်းကို PLA အပြီးသတ်သိမ်းပိုက် (ရုပ်/သံ)

19 June 2025
45

နောက်တရက်မှာပင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် မဟာမိတ်များက ပူးပေါင်း တိုက် ခိုက်နေသည့် ကရင်ပြည်နယ် ဝေါလေမြို့နယ်ခွဲရှိ စစ်ကောင်စီ၏ ဥကရစ်ထစခန်းကို လေကြောင်းပစ်ကူပေးနေ သည့် မြန်မာတိုက်လေယာဉ်များ ထိုင်းလေပိုင်နက်ကို ဝင်ရောက်လာသလို ဗုံးကြောင့် ထိုင်းရွာသားတဦး ထိခိုက်ခဲ့ရပြီး စာသင် ကျောင်းများလည်း ပိတ်ခဲ့ရသည်။

ထို့အတွက် ချက်ခြင်းဆိုသလိုပင် ထိုင်းလေတပ်မတော်မှ တိုက်လေယာဉ် ၂စီး ရောက်ရှိလာကာ နယ်စပ်တွင် ကင်းလှည့်စောင့် ကြပ်ခဲ့သလို ထိုင်းဘက်က စစ်အင်အား တိုးမြှင့်ချထားလိုက်ပြီး ထိုင်းနိုင်ငံခြားရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေနဲ့ လေပိုင်နက် ကျူးကျော်မှုကို ကန့်ကွက်စာ ထုတ်ပြန်သွားမည်ဟု ဌာနဆိုင်ရာ တာဝန်ရှိသူများက ဧရာဝတီကို ပြောသည်။

မြန်မာနိုင်ငံတွင် ရောက်ရှိခဲ့သည့် ထိုင်းတပ်မတော် ဒု ဗိုလ်ချုပ်ကြီး အပီချတ် ဆူဆက်သည် အာဏာသိမ်း စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်၌ တွေ့ဆုံစဉ် နယ်စပ်ဒေသ တည်ငြိမ်အေး ချမ်းရေး၊ တရား ဥပဒေ စိုးမိုးရေးနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ကိစ္စရပ်များအပြင် စစ်ကောင်စီ ၏ ဆောင်ရွက်နေမှုများအား ဆွေးနွေး ပြောကြားခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

မြန်မာတိုက်လေယာဉ် ထိုင်းလေပိုင်နက်အတွင်း ဝင်ရောက်ပျံသန်းနေစဉ်(Bangkok Post)

အလားတူ တောင်ကြီးမြို့တွင် ကျင်းပသည့် ၃၄ ကြိမ်မြောက် မြန်မာ- ထိုင်းဒေသဆိုင်ရာ နယ်ခြား ကော်မတီ အစည်း အဝေးတွင်လည်း မြန်မာ ကိုယ်စား လှယ်အဖွဲ့ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုးနှင့် ဆွေးနွေးကာ သဘော တူညီချက် လက်မှတ်ရေး ထိုးနိုင်ခဲ့ကြောင်း သိရသော်လည်း အသေးစိတ် အချက်အလက်များ နှစ်ဘက်လုံး ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

လတ်တလော၌ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက် ခိုလှုံနေသူများအား ပြန်လည် လက်ခံကြိုဆိုရေး စခန်းများ ဖွင့်လှစ် ရန် အထိ ကြိုးပမ်းနေမှုများလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ စစ်ကောင်စီ၏ နယ်စပ် ဒေသများနှင့် ထိုင်းနိုင်ငံအတွင်း ခိုလှုံနေရသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် CDM ဝန်ထမ်းများအား ဥပဒေဘောင်အတွင်း ဝင်ရောက်သည်ဟု အမည်ခံ ဖိတ်ခေါ်ပြီး နယ်စပ်ဒေသများတွင် ကြိုဆို ရေး စခန်းများ ဖွင့်လှစ် လက်ခံရန် ကြိုးပမ်းချက်နှင့် ပတ်သက်ပြီး လက်တွေ့ အောင်မြင်နိုင်ဖွယ် မရှိကြောင်း ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ အတွင်းရေးမှူး-၂ ဦးအောင်ဆန်းမြင့်က ပြောသည်။

၎င်းက “နယ်စပ်ဒေသက တော်လှန်ရေးနယ်မြေတွေနဲ့ ထိုင်းဘက် ခိုလှုံလာကြတယ်ဆိုတာကိုက စစ်ကောင်စီကို မထောက်ခံလို့၊ လုပ်ရပ်ကို မကြိုက်လို့ လာခဲ့ကြတဲ့သူတွေ။ အသက်အန္တရာယ် လုံခြုံရေးအရ၊ နိုင်ငံရေး လှုပ်ရှားမှု ကြောင့် ပိုပြီး လုံခြုံမယ်ထင်တဲ့နေရာကို ခိုလှုံလာခဲ့ကြတာ ဖြစ်တယ်။ ဒါတွေကို ပြန်လည်ပြီးတော့မှ လက်ခံကြိုဆိုရေး စခန်းတွေ ဖွင့်မယ်ဆိုတာ အလကားပါပဲ။ အရင်တုန်းကလည်း ဒါမျိုးတွေ ခဏခဏ လုပ်တယ်။ တခါမှလည်း ဒီလို လုပ်ငန်းစဉ်တွေ အောင်မြင်တာ မတွေ့ခဲ့ရပါဘူး” ဟု ပြောသည်။

သို့သော် ထိုင်းတော်ဝင် စစ်တပ်အကြီးအကဲနှင့် စစ်ခေါင်းဆောင်တွေ့ဆုံမှုနှင့် ပတ်သက်ပြီး နဂိုရှိပြီးသား တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများအတွက် ထူးခြားသည့် ဖိအားပေး သက်ရောက်မှုများ ရှိလာနိုင်မည် မဟုတ်သော် လည်း ထိုင်းနိုင်ငံအတွင်း ခိုလှုံနေရသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားများအတွက် ဖိအားပေးမှုနှင့် ပြဿနာ ရှိလာနိုင် ကြောင်းလည်း ၎င်းက သုံးသပ် ပြောဆိုသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ဖိနှိပ်မှုများကြောင့် အထူးသဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံအတွင်း တိမ်းရှောင်ခိုလှုံရသူ အများအပြားရှိနေပြီး ထိုင်း-မြန်မာ နယ်စပ်ဒေသများတွင် ရံဖန်ရံခါဆိုသလို ဖမ်းဆီးခံရခြင်းများလည်း ကြုံတွေ့ရလျက်ရှိသည်။

ထိုင်းတော်ဝင် တပ်မတော်မှ Lt.Gen. Apichet Suesat နှင့် စစ်ခေါင်းဆောင်တို့ တွေ့ဆုံနေစဉ် (CINCDS)

ထိုင်းနိုင်ငံဘက်တွင် ခိုလှုံနေရသူတဦးက “ကျနော်တို့လည်း ဒုက္ခသည်တွေပါပဲ၊ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုကြောင့် ခိုလှုံ လာကြရတဲ့သူတွေပါ။ မကြာခနဆိုသလို ဝင်ရောက် စစ်ဆေးဖမ်းဆီးတာတွေ၊ ငွေညှစ်တာတွေ ခံနေရတယ်။ မြန်မာ စစ်တပ်ရဲ့ ဖိအားပေးမှုတွေကြောင့် ထိုင်းအာဏာပိုင်တွေက စစ်ဆေးဖမ်းဆီးမှာကိုလည်း ကြောက်နေရတယ်။ ဒါနဲ့ ပတ်သက်လို့ NUG အနေနဲ့လည်း ထိုင်းအစိုးရ တစုံတရာ ညှိနှိုင်းဆွေးနွေးတာတွေ လုပ်စေချင်ပါတယ်” ဟု ပြော သည်။

လတ်တလောတွင် မြန်မာ-ထိုင်းနယ်စပ် မြဝတီဘက်ခြမ်း၌ ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ပူးပေါင်းတပ်များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်များကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ ၅ ရက်ရှိ လာပြီဖြစ်ပြီး ရာနှင့်ချီသည့် ဒေသခံ အရပ်သားပြည်သူများမှာလည်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေး ခိုလှုံရန်လာရောက်နေကြဆဲ ဖြစ်သည်။

You may also like these stories:

ဥကရစ်ထစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲ

ဥကရစ်ထတိုက်ပွဲ ၄ ရက်မြောက်နေ့ထိ ပြင်းထန်နေ

တရုတ်နိုင်ငံခြားရေးဝန်ကြီး ပုဂံ လာမည်

စစ်ရှောင်နှင့် ရွှေ့ပြောင်း မြန်မာကလေးတွေ ပညာရေး ထိုင်းအစိုးရ ကူညီလာ

Your Thoughts …
Tags: စစ်ခေါင်းဆောင်တိုက်လေယာဉ်ထိုင်းဘုရင့်တပ်မတော်ဥကရစ်ထ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး

နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး

by ဧရာဝတီ
22 March 2024
40.3k

မင်းအောင်လှိုင်သည် သမ္မတ မဟုတ်သောကြောင့် သူ့လေယာဉ်ကို "Air Force One" ဟု တပ်မရပေ။ Air Force 002 နှင့် 003 သာ အမည်တပ်ရသည်။

Authentic ကြောင့် စစ်ခေါင်းဆောင်မိသားစု ပိုချမ်းသာလာ

Authentic ကြောင့် စစ်ခေါင်းဆောင်မိသားစု ပိုချမ်းသာလာ

by ဧရာဝတီ
25 February 2024
24.9k

လက်ရှိအချိန်တွင် စစ်လက်နက်ပစ္စည်းထုတ် ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) များနှင့် ပတ်သက်သော လုပ်ငန်းများ အား အဓိက လုပ်ပိုင်ခွင့်ရ ကုမ္ပဏီမှာ စစ်ခေါင်းဆောင်၏သား ကိုအောင်ပြည့်စုံ ပိုင်ဆိုင်သည့် Authentic Group of Company ဖြစ်သည်ဟု...

နမ့်ခမ်းကို ဗုံးကြဲနေတဲ့ စစ်တပ်လေယာဉ် တရုတ် ပစ်ခတ်

နမ့်ခမ်းကို ဗုံးကြဲနေတဲ့ စစ်တပ်လေယာဉ် တရုတ် ပစ်ခတ်

by မိုင်းခြိူဝ်းဇာရ်
27 October 2024
21.4k

နမ့်ခမ်းမြို့နှင့် ထိစပ်နေသော တရုတ်နိုင်ငံ နောင်တောင်းမြို့အခြေစိုက် နယ်စပ်၌တပ်ဖြန့်ထားသည့် တရုတ်စစ်တပ်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာဘက်သို့ ကျည်များကျရောက်မှုရှိနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

ကိုးကန့်ကို အနာကြည်းဆုံးပုဂ္ဂိုလ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ

ကိုးကန့်ကို အနာကြည်းဆုံးပုဂ္ဂိုလ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ

by ဧရာဝတီ
29 December 2023
19.7k

ဒီကနေ့တိုက်ပွဲတွေကို ဒီကနေ့အခြေအနေမှာ ရပ်လိုက်တယ်ဆိုရင် တချိန်မှာ စစ်ကောင်စီဟာ သူအားပြန်ပြည့်တာနဲ့ ပြန်ပြီးတိုက်မှာ။ ဒါက ရှင်းတယ်။အခုနေအခါမှာ သူအင်မတန် အားနည်းနေတဲ့အတွက် ညှိနှိုင်းရေးလမ်းကြောင်းကို သူလာတာဖြစ်တယ်။အင်မတန်အားနည်းတဲ့အချိန်မှာ လာပေမယ့်လို့ သူ့ကို နားခွင့်ပေးလိုက်ရင် သူအချိန်ယူလို့ သူအားပြန်ပြည့်သွားရင် ကိုယ့်ကို ပြန်ပြီးတော့...

လေကြောင်းပစ်ကူကို စစ်ကောင်စီ နေရာတိုင်း မပေးနိုင်တော့

လေကြောင်းပစ်ကူကို စစ်ကောင်စီ နေရာတိုင်း မပေးနိုင်တော့

by အောင်ခမ်း
17 November 2023
13.9k

မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်သွင်းမှုနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများ ပိတ်ပင်တားမြစ်ခဲ့ခြင်းက စစ်ကောင်စီ အားကိုးနေရသော လေကြောင်းစစ်ဆင်ရေးများနှင့် ပစ်ကူများကို အကန့်အသတ်ဖြစ်လာစေပြီ ဖြစ်သည်။

စစ်ခေါင်းဆောင်နေရာ တည်မြဲရေး လူယုံများကို ရာထူးတိုးပေး

စစ်ခေါင်းဆောင်နေရာ တည်မြဲရေး လူယုံများကို ရာထူးတိုးပေး

by ဧရာဝတီ
17 August 2024
13.5k

ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေးသည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၂၅ ကျောင်းဆင်း ဖြစ်ကာ လက်ရှိ စစ်ကောင်စီ အတွင်းရေးမှူးလည်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဘဝကတည်းက တာဝန်အတူထမ်းဆောင်ခဲ့ကြသူများဖြစ်ကြောင်း

Next Post
ထိုင်းလေပိုင်နက်ထဲ ဝင်ရောက်လာသည့် မြန်မာတိုက်လေယာဉ်  / Bangkok Post

ထိုင်းလေပိုင်နက်ကျူးကျော်မှု မြန်မာစစ်တပ် တောင်းပန်

ထိုင်းအာဏာပိုင်များက စစ်ရှောင်များကို ဖော့ဖရမြို့ စာသင်ကျောင်းတွင် ယာယီခိုလှုံခွင့်ပေးထား  /  AEC

ဥကရစ်ထတိုက်ပွဲ ရက်ကြာသည့်နှင့်အမျှ ထိုင်းဘက်ထွက်ပြေးသူ ၁၀၀၀ခန့်ရှိလာ

No Result
View All Result

Recommended

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

1 day ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

5 days ago
5.8k

Most Read

  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate