• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အာဆီယံ အထူးကိုယ်စားလှယ်ကို စစ်ခေါင်းဆောင် ဗြောင်လိမ်နေ ဟုဆို

by ဧရာဝတီ
4 July 2022
in သတင်း
A A
ဇွန်လ ၃၀ ရက်နေ့က အာစီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့သည့် အာဏာသိမ်းခေါင်းဆောင်

ဇွန်လ ၃၀ ရက်နေ့က အာစီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့သည့် အာဏာသိမ်းခေါင်းဆောင်

14.9k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံသို့ ရောက်ရှိနေသာ အာဆီယံဥက္ကဋ္ဌ၏ အထူး ကိုယ်စားလှယ်အား အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောဆိုချက်များမှာ မြေပြင်အခြေအနေနှင့် ကွဲလွဲပြီး အခြေအနေ အမှန်ကို ပြောဆိုနေ ခြင်း မဟုတ်ဟု လွှတ်တော် ကိုယ်စားလှယ်အချို့နှင့် တိုင်းရင်းသား ခေါင်းဆောင်အချို့က ပြောသည်။

စစ်ကောင်စီ ဥက္ကဋ္ဌသည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်ခရီးစဉ်အဖြစ် ရောက်ရှိနေသော အာဆီယံဥက္ကဋ္ဌ၏ အထူး ကိုယ်စားလှယ်ဖြစ်သူ ကမော္ဘဒီးယား နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ပရတ်ဆွတ်ခွန်းအား ဇွန်လ ၃၀ ရက်တွင် နေပြည် တော်၌ တွေ့ဆုံခဲ့သည်။

RelatedPosts

MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

MI-17 နောက်တစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော (ရုပ်/သံ)

22 May 2025
0
ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

22 May 2025
437
မြန်မာ့အရေး သီးသန့် လာမည့်အပတ် အာဆီယံအစည်းအဝေး ၂ ခု ကျင်းပမည်

မြန်မာ့အရေး သီးသန့် လာမည့်အပတ် အာဆီယံအစည်းအဝေး ၂ ခု ကျင်းပမည်

22 May 2025
184

အဆိုပါ တွေ့ဆုံပွဲတွင် စစ်ကောင်စီ ဥက္ကဋ္ဌက အာဆီယံ ဘုံသဘောတူညီချက်များကို ဆောင်ရွက်ပြီး တိုးတက်သည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း စစ်တပ်က ထိန်းချုပ်ထားသည့် မြန်မာ့အလင်းသတင်းစာတွင် ရေးသားဖော်ပြ ထားသည်။

ဆက်လက်၍ ၎င်းက အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော် မတီ (CRPH) နှင့် PDF တို့သည် သတ်ဖြတ်မှုနှင့် အကြမ်းဖက်မှုများကို ကျူးလွန်နေကြောင်း အထူး ကိုယ်စားလှယ်ကို ပြောဆိုသည်။

အာဆီယံ အဖွဲ့သည် လူသားချင်း စာနာမှု အကူအညီပေးရာတွင် မည်သူတဦးတယောက်မျှ မကျန်စေရဆိုသည့် မူအတိုင်း ဆောင်ရွက်နေသကဲ့သို့ မြန်မာနိုင်ငံသည်လည်း လူ့အသက်ထက် အရေးကြီးသည်မှာ ဘာမျှမရှိ ဆိုသည့် မူအတိုင်း ဆောင်ရွက်နေကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌက ပြောသည်။

CRPH အဖွဲ့ဝင် ရန်ကုန်တိုင်း ဒလမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးက အာဏာသိမ်း စစ်ကောင်စီသည် အာဆီယံ ဘုံသဘောတူညီချက်များကို လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း မရှိကြောင်း ဧရာဝတီသို့ ပြောသည်။

“လူသားချင်း စာနာမှု အကူအညီတွေ ကိစ္စကလည်း အမှန်တကယ် လိုအပ်နေသူတွေဆီ ရောက်ရဲ့လားဆိုတာ သံသ ယ ဖြစ်စရာ အများကြီး ရှိပါတယ်။ အဲဒီကိစ္စကလည်း အချက်အလက်တွေကောက်နေတုန်းပါ။ ဒါ့ပြင် ကမာ္ဘ့စားနပ် ရိက္ခာအဖွဲ့တို့ ဘာတို့ကလည်း ကူညီတဲ့နေရာအမှာ အခက်အခဲတွေ ရှိနေသလို လိုအပ်တဲ့သူတွေဆီ မရောက်ဘူးဆို တာတွေလည်း ကျနော်တို့ သိရှိထားပါတယ်။ အားလုံး ပါဝင်ရေးဆိုတဲ့ကိစ္စမှာလည်း ဖိဖိစီးစီး လုပ်တာ စိတ်ပါလက်ပါ လုပ်တာ မတွေ့ရပါဘူး။ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးကလည်း မြင်တဲ့အတိုင်းပဲလေ။ ဟိုတနေ့ကတောင် ရန်ကုန်မြို့ လယ် လှည်းတန်းလို နေရာမှာ လုယက် မီးရှို့နေတာ။ တကယ်တော့ အာဆီယံမှု ၅ ချက်ကို လေးစားလိုက်နာတယ် ဆိုတာက အင်မတန် ရယ်စရာ ကောင်းပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီဥက္ကဋ္ဌက လူ့အသက်ထက်အရေးကြီးသည်မှာ ဘာမှမရှိဟု ပြောနေသည့်နေ့မှာပင် ကရင်ပြည်နယ် မြဝတီ မြို့တောင်ဘက် ဥကရစ်ထရွာ တဝိုက်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး အဆိုပါ ရွာသို့ ဗုံးကြဲသည့် မြန်မာစစ် တပ်၏ တိုက်လေယာဉ် ၁ စီးသည်ပင် ထိုင်းနိုင်ငံ လေပိုင်နက်ထဲအထိ ကျူးကျော်ဝင်ရောက် ဗုံးကြဲသွားပြီ ဖြစ်သည်။

အလားတူ စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများသည်လည်း ရပ်တန့် မသွားဘဲ အထူး ကိုယ်စားလှယ်မြန်မာနိုင်ငံသို့ ရောက်လာသည့် ဇွန် ၂၉ ရက် ညမှာပင် ရန်ကုန်မြို့ လူစည်ကားရာ လှည်းတန်းအရပ်တွင် စစ်ကောင်စီတပ်က ဈေး ဆိုင်များကို အကြမ်းဖက် မီးရှို့ခြင်း ပစ္စည်းများကို လုယက်ယူငင်ခြင်းများ လုပ်ဆောင်သွားသည်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ထဲတွင် အကြမ်းဖက်မှုများ ရပ်တန့်ရေး သက်ဆိုင်သည့် အစုအဖွဲ့များ ထိန်း သိမ်း ဆောင်ရွက်ရန်ဆိုသည့်အချက် ပါဝင်သလို သက်ဆိုင်သူ အစုအဖွဲ့ အားလုံးသည် ပြည်သူများ၏ အကျိုးစီးပွား အတွက် အပြုသဘော ဆွေးနွေးညှိနှိုင်းရမည် ဆိုသည့် အချက်လည်း ပါသည်။

စစ်ကောင်စီ ဥက္ကဋ္ဌသည် အာဆီယံ အထူးကိုယ်စားလှယ်ကို မြန်မာ့အရေးတွင် သက်ဆိုင်သည့် အစုအဖွဲ့ အားလုံးနှင့် တွေ့ခွင့် မပေးဘဲ ၎င်းတို့နှင့် ပဋိပက္ခဖြစ်ပွားခြင်း မရှိသော အပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုး EAO ၇ ဖွဲ့အပြင် နိုင်ငံရေးပါတီ ၇ ဖွဲ့တို့နှင့်သာ အာဆီယံ အထူးကိုယ်စားလှယ်ကို တွေ့ဆုံ ဆွေးနွေးစေခဲ့သည်။

သက်ဆိုင်သူ အားလုံးနှင့် မတွေ့ဆုံဘဲ စစ်ကောင်စီက စီစဉ်ပေးသည့် လူများနှင့်သာ အထူးကိုယ်စားလှယ်က တွေ့ဆုံ နေခြင်းသည် အာဆီယံ သဘောတူညီချက်ပါ အချက်များနှင့်ပင် ကိုက်ညီမှု မရှိကြောင်း စစ်ကောင်စီနှင့် တိုက်ခိုက်နေ သည့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က ပြောသည်။

“အားလုံး ပါဝင်သင့်ပါဝင်ထိုက်တဲ့သူတွေ မပါဘဲနဲ့ ဒီလိုပဲ သွားမယ်ဆိုရင် ဒီနေ့ တိုင်းပြည်ရဲ့ နိုင်ငံရေး အခက်အခဲက ဘယ်လိုမှ ဖြေရှင်းလို့ရမှာ မဟုတ်ဘူး။ အာဆီယံကလည်း တကယ်လို့များ Negotiation Dialogue ၊ Peace Dialogue ကို သွားမယ်ဆိုရင် အာဆီယံ ကိုယ်တိုင်ကလည်း ဒီအချက်အလက်တွေ၊ ပကတိ နိုင်ငံရေး အခြေအနေ တွေကို သိဖို့ လိုတယ်။ စစ်ကောင်စီကနေ ကြိုတင်ပြီးမှ စီစဉ်တဲ့ လုပ်ငန်းစဉ်ကိုတော့ တွန်းအား မပေးသင့်ဘူးလို့ ကျနော်တို့က မြင်ပါတယ်။ ပါဝင်သင့် ပါဝင်ထိုက်သူတွေ အားလုံး ပါဝင်အောင် သူတို့ဘက်က ဖိအားပေးသင့်တယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် အာဆီယံ၏ လူသားချင်း စာနာမှု အကူအညီပေးရေး စင်တာ (AHA) က မြန်မာနိုင်ငံအတွက် ထောက်ပံ့သည့် လူသားချင်းစာနာမှု အကူအညီများသည်လည်း မြေပြင်တွင် အမှန်တကယ် ဒုက္ခရောက်နေသူများထံ ရောက်မလာ ကြောင်း ဦးအောင်ဆန်းမြင့်က ပြောသည်။

၎င်းက “အာဆီယံက AHA တို့ ဘာတို့ ပေါ့ဗျာ။ UN OCHA တို့နဲ့ ပေါင်းပြီးတော့မှ မြေပြင် ကယ်ဆယ်ရေးအဖွဲ့၊ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေနဲ့ ညှိနှိုင်းရမှာ။ အဲဒီလို ညှိရမယ့်အစား စစ်ကောင်စီနဲ့ပဲ ညှိပြီး လူသားချင်းစာနာတဲ့ အထောက် အပံ့တွေ ကူညီရေးဆိုတာက ဟန်ပြလို ဖြစ်တယ်ဗျာ။ သူတို့ ၁ ကြိမ်၊ ၂ ကြိမ် လှူပြီးပြီ ပြောတယ်။ သူတို့ လှူတယ် ဆိုတာက မြို့ပေါ်မှာရှိတဲ့ လူတွေကိုပဲ ဟန်ပြ လှူလိုက်တာပဲ။ တကယ် စစ်ရှောင်နေရတဲ့ လူထုဆီကို မရောက်ဘူး။ ဒါကြောင့် အာဆီယံရဲ့ ချဥ်းကပ်ပုံ တွေကလည်း လိုအပ်နေတယ်လို့ ထောက်ပြချင်ပါတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံရေး လေ့လာသူ တဦးကလည်း စစ်ကောင်စီသည် နိုင်ငံတကာနှင့် အာဆီယံ အထူးကိုယ် စားလှယ်ကို ဗြောင်လိမ်နေခြင်းသာ ဖြစ်ကြောင်း ပြောသည်။

၎င်းက “သူပြောတဲ့ ၃ ချက်လုံးပေါ့။ အကြမ်းဖက် သတ်ဖြတ်မှု ဘုရားကျောင်း မီးရှို့တာတွေက သူတို့ လုပ်နေတာလေ။ နောက် ပြီးတော့ အဲဒီလို သတ်ဖြတ်တာတွေ သူတို့ မလုပ်ဘူး ဆိုတာက လိမ်လည်တာပဲဗျ။ သူတို့စစ်ကောင်စီက ဘာလုပ်နေ လဲဆိုတာက ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကောင်စီမှာရော အထောက်အထားတွေ ရောက်နေလျက်နဲ့ ဗြောင်လိမ် ဗြောင်စား လုပ်နိုင်တာက အတော်တော့ အံ့ဩဖို့ကောင်းတဲ့ လူလိမ်ပဲဗျ” ဟု ဆိုသည်။

အာဆီယံ အဖွဲ့အနေနှင့် စစ်ကောင်စီ ဥက္ကဋ္ဌနှင့် တွေ့ဆုံ ဆွေးနွေးရေးလမ်းသာ သွားနေပါက မည်သည့်တိုးတက်မှုမှ ရလာမည် မဟုတ်ဘဲ အဖွဲ့ နာမည်ပျက်သည်သာ အဖတ်တင်နိုင်ကြောင်း နိုင်ငံရေး လေ့လာသူတဦးက ပြောသည်။

၎င်းက “ဒီလူက အတော် အရှက်နည်းတဲ့ လူဗျ။ သူနဲ့ဆွေးနွေးနေလို့ကတော့ ဗမာပြည် ပြဿနာဖြေရှင်းရေးအတွက် ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး။ အာဆီယံက လုပ်နည်းကိုင်နည်းနဲ့ သဘောထား ပြောင်းမှ ဖြစ်မယ်လို့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီး တောင်းဆိုထားတာ ရှိတယ်။ အဲဒီ ပြောကြားချက်က အမှန်ပဲ။ အာဆီယံ ဒီအတိုင်းသွားရင် နာမည်ပျက်ဖို့ပဲ ရှိတယ်။ ပြီးတော့ သူက သူငြိမ်းချမ်းရေး လုပ်နေပါတယ် ဆိုတာကို ထိုးပြချင်လို့ သူနဲ့ ဘယ်တုန်းကမှ စစ်ရေး ပဋိပက္ခ မဖြစ်ဘဲနဲ့ အမြီးစားဖက် ခေါင်းစားဖက်ဖြစ်တဲ့ PPST (ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့) ၇ ဖွဲ့ကို ပွဲထုတ်ပေး လိုက်တာပဲလေ။ ဒီထက်ပိုပြီး အဓိပ္ပာယ် မရှိပါဘူး” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်ပြီးနောက် အာဏာသိမ်းစစ်တပ် လက်ချက်ဖြင့် မြန်မာ နိုင်ငံသား၂၀၄၀ ကျော် အသတ်ခံခဲ့ရပြီး လူပေါင်း ၁၁၃၀၀ ကျော် ဖမ်းဆီးခံထားရကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်က ထုတ်ပြန်သည့် ကုလသမဂ္ဂ ကလေး သူငယ်အခွင့်အရေး ကော်မတီ၏ အစီရင်ခံ စာတွင်လည်း မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်တော်လှန်ကြသူများ အပါအဝင် တော်လှန်ရာတွင် ပါဝင် သည်ဆိုသည့် သံသယဖြင့် ကလေးသူငယ် ၁၄၀၀ ကျော်ကို စစ်တပ်က ထင်သလို ဖမ်းဆီးခဲ့သလို မေ ၂၇ ရက်ထိ စစ်တပ်၏ ဖမ်းဆီး ထိန်းသိမ်းခံထားရသော ကလေး နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၂၇၄ ဦး ရှိကြောင်း ဖော်ပြ ထားသည်။

You may also like these stories:

ရှောင်တာနဲလ် လွတ်မြောက်ရေးနှင့် စစ်ကောင်စီကို အရေးယူမည်ဟု သြစတြေးလျ ပြော

ဘီးလင်း NLD အမတ်နှင့်အတူ ဖမ်းခံရသည့် ပါတီဝင်၂ ဦး ညှဉ်းပန်းသတ်ဖြတ်ခံရ

အသက်မပြည့်သေးသည့် ကလေးတွေကိုပါ စစ်ကောင်စီသတ်ဖြတ်

စစ်ခေါင်းဆောင်နှင့် ဆွေးနွေးအပြီး မြန်မာတိုက်လေယာဉ်များ ထိုင်းလေပိုင်နက်သို့ ဝင်ရောက်မှုဖြစ်ပွား

Your Thoughts …
Tags: စစ်ကောင်စီလူသားချင်းစာနာမှုအကြမ်းဖက်အာဆီယံအထူးကိုယ်စားလှယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကယားပြည်နယ်မှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) အဖွဲ့ဝင်များ  / KNDF

စစ်ကောင်စီဟာ နိုင်ငံရေးနဲ့ စစ်ရေးလမ်းဆုံးမှာ ရုန်းကန်နေရတယ်

ညောင်ဦးလေဆိပ်သို့ ဝမ်ယိ ရောက်ရှိလာစဉ်

အတိုက်အခံများနှင့် ဆွေးနွေးရန် တရုတ်က မြန်မာစစ်ကောင်စီကို တောင်းဆို

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.7k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

2 days ago
2.5k

Most Read

  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate