• English
Wednesday, July 16, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒုတိယတန်းကျောင်းသူအား ပျူစောထီးခေါင်းဆောင်က အဓမ္မပြုကျင့်ရန်ကြံစည်မှု

by ဧရာဝတီ
4 July 2022
in သတင်း
A A
စစ်ကိုင်းတိုင်းတွင် လှုပ်ရှားနေသည့် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးများ

စစ်ကိုင်းတိုင်းတွင် လှုပ်ရှားနေသည့် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးများ

12.9k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် နတ်အင်းကျေးရွာတွင် ကျောင်းတက်နေသည့် ဒုတိယတန်း ကျောင်းသူတဦးကို အသက် ၅၀ ကျော်အရွယ် အမျိုးသားတဦးက စာသင်ကျောင်း၌ မုဒိမ်းပြုကျင့်ရန် ကြံစည်မှုတခု ဖြစ်ပွားခဲ့သော်လည်း တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းခွင့် မရဘဲ ဥပဒေအကာအကွယ် ဆုံးရှုံးနေရသည်ဟု ဒေသခံများက ပြောကြသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ ၆ ရက်က ကန့်ဘလူမြို့အရှေ့ဘက် ၄ မိုင်ခန့် အကွာရှိ နတ်အင်းကျေးရွာရှိ စာသင် ကျောင်းတွင် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ ခေါင်းဆောင်ဖြစ်သည့် အသက် ၅၃ နှစ်ခန့်အရွယ် ဦးရွှေဘ ဆိုသူက ကျောင်းလာတက်သော ၈ နှစ်အရွယ် ဒုတိယတန်းကျောင်းသူတဦးအား မုဒိမ်းပြုကျင့်ရန် ကြံစည်ခဲ့ခြင်း ဖြစ် သည်။

RelatedPosts

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

15 July 2025
161
ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

15 July 2025
155
ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

15 July 2025
50

နတ်အင်း ဒေသခံတဦးက “စော်ကားတဲ့သူက ပျုစောထီး အဖွဲ့ကပါ။ ဆွေမျိုးစပ်မယ်ဆိုရင်တောင် စော်ကားတဲ့သူနဲ့ ကလေးမလေးက မြေးအဖိုး တော်သေးတယ်။ ပြောရမယ်ဆိုရင် သူ့ယောက်ဖရဲ့ မြေးပေါ့။ သွေးသားအရ တော်စပ်မှုမျိုး မဟုတ်ပေမယ့် ဆွေမျိုး မကင်းတာပေါ့။ ကလေးမလေးက အခုမှ ၈ နှစ်၂ တန်းကျောင်းသူလေးပါ။ မုဒိမ်းကျင့်တဲ့အထိတော့ ဖြစ်တာမျိုး မဟုတ်ဘူး။ စာသင်ခန်းအလွတ်တခုထဲ ခေါ်ပြီး မဖွယ်မရာ လုပ်တာမျိုးပေါ့။ ကလေးက ဘောင်းဘီတောင် မပါတော့ဘဲ ကိုယ်တုံးလုံး ကျွတ်ကြီးနဲ့ ထွက်ပြေးလာတာ။ ကြံစည်နေတဲ့အချိန်မှာပဲ ကျောင်းမှာရှိတဲ့ စစ်သားတွေ တွေ့တာတဲ့” ဟု ပြောသည်။

ထိုဖြစ်စဉ်ကို ယနေ့အချိန်ထိ အမှုဖွင့် တရားစွဲဆိုခွင့်မရဘဲ ဖြစ်စဉ်အား ပြင်ပသို့ သတင်းပေါက်ကြားမှု မရှိစေရန် ကာယကံရှင် မိသားစုအား ဦးရွှေဘမှ စစ်ကောင်စီ၊ ပျူစောထီးများကတဆင့် ငွေကျပ် သိန်း ၃၀ ပေးကာ ကြေအေး ခိုင်းခဲ့သလို မုဒိမ်းပြုကျင့်ရန် ကြံစည်သူ ဦးရွှေဘကိုလည်း အများရှေ့တွင် ရိုက်နှက် အပြစ်ပေးခဲ့ကြောင်း သိရသည်။

ဆွေမျိုးနီးစပ်သူ တဦးက “အမှုဖွင့်မယ်လို့ လုပ်တော့ သိန်း ၃၀ အလျော်ပေးမယ်။ ဒီအတိုင်း ပြီးလိုက်တော့လို့ ပြောတာ။ သူတို့က နတ်အင်းမှာ ပျူအဖွဲ့ရဲ့ ခေါင်းဆောင်ဆိုတော့ ကြောက်ပြီး ငြိမ်နေကြရတာ။ ကျမတို့ကတော့ အမှုကိုပဲ ဖွင့်ချင်တာပေါ့၊ အခုက ခေတ် မကောင်းတော့ ဘယ်ကို သွားတိုင်ပြီး၊ ဘယ်သူတွေကို အားကိုးရမှာလဲ၊ ဖြစ်နိုင်ရင် အခုဖြစ်စဉ်ကို တနိုင်ငံလုံးကို သိ စေချင်တယ်” ဟု ပြောသည်။

နတ်အင်းကျေးရွာသည် ပျုစောထီးများ အားကောင်းသော ကျေးရွာတရွာလည်း ဖြစ်ပြီး ကျေးရွာအလယ်တွင် မူလတန်း လွန်ကျောင်းရှိကာ ယခု ပညာသင်နှစ်အတွက် ယင်းကျောင်းကို ဖွင့်လှစ်ပေးထားပြီး ကျောင်းအတွင်း၌ ကန့်ဘလူ မြို့ နယ်ရှိ အမှတ် ၆၀၀၆ အမြောက်တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂ ဦး ဦးဆောင်သော ပျုစောထီးများ တပ်စွဲနေထိုင်ကြကြောင်း သိရသည်။

မုဒိမ်းပြုကျင့်ရန် ကြံစည်ခဲ့သည့် ဦးရွှေဘတွင် ဇနီးနှင့် သားသမီး ၃ ဦး ရှိပြီး ယခင်က ဆေးဆရာအဖြစ် နယ်လှည့် ကုသမှုများ ပြုလုပ်ခဲ့သူတဦးလည်း ဖြစ်သလို ဘုရာဒကာ၊ ကျောင်းဒကာ အမည်ခံထားသူလည်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့သော မုဒိမ်းမှု ပပျောက်ရေးလှုပ်ရှားမှုတခု (ဓာတ်ပုံ – ဧရာဝတီ)

၎င်းမှာ နတ်အင်းကျေးရွာ ဇာတိ မဟုတ်ဘဲ ထန်းကုန်းတိုက်နယ်၊ ကိုးမြို့ကျေးရွာ ဇာတိဖြစ်ကာ ၂၀၁၇ ခုနှစ်ခန့်က နတ်အင်းကျေးရွာသို့ ရောက်ရှိလာခြင်းဖြစ်ကာ ကွမ်းခြံစိုက်ပျိုး အသက်မွေး ဝမ်းကျောင်းပြုနေပြီး စစ်တပ်က အာဏာ သိမ်းပြီးနောက် ပျုစောထီးအဖွဲ့တွင် လိုက်ပါကာ နတ်အင်း ပျုစောထီး ခေါင်းဆောင်ပိုင်းတွင် ပါဝင်နေသူ ဖြစ်သည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

နတ်အင်း ဒေသခံတဦးက “အဲဒီ ရွှေဘက ဆေးဆရာဆိုပြီး နယ်လှည့် ကုတာတွေ လုပ်ခဲ့တဲ့ အပ်ပုန်းတယောက်ပဲ။ နတ်အင်းသား မဟုတ်ဘူး။ အခုနောက်ပိုင်း ကန့်ဘလူနယ်ထဲမှာ ပျုစောထီးအဖွဲ့တွေ ဖွဲ့တော့ ငွေကြေး ထောက်ပံ့ကူညီတာတွေ လုပ်ပေးပြီး ခေါင်းဆောင်ပိုင်းမှာ ပါနေတာပေါ့” ဟု ပြောသည်။

ထိုဖြစ်စဉ် ဖြစ်ပွားပြီးနောက် နတ်အင်းပျူစောထီးများက ဦးရွှေဘအား ၎င်း၏ဇာတိ ကိုးမြို့ကျေးရွာသို့ မိသားစုလိုက် ပြန်ပို့လိုက်ကြောင်း သိရသည်။ ကန့်ဘလူမြို့နယ်တောင်ခြမ်းတွင် တည်ရှိပြီး ကိုးမြို့ကျေးရွာသည်လည်း ပျူစောထီး အားကောင်းသော ကျေးရွာဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ထိုသို့ ဦးရွှေဘကို သူ့မူလဇာတိသို့ ပြန်ပို့လိုက်ပြီး လျော်ကြေး ကျပ်သိန်း ၃၀ ကို ကာယကံရှင် မိသားစုကို ပေးအပ်ခဲ့ရာတွင် နတ်အင်း ပျုစောထီးအဖွဲ့က ရန်ပုံငွေ ခေါင်းစဉ်ဖြင့် ငွေကျပ် ၉ သိန်း ဖြတ်ယူခဲ့ပြီးနောက် ၂၁ သိန်းသာ လျော် ကြေးပေးခဲ့ကာ ကလေးမိဘနှင့် ဆွေမျိုးအသိုင်းအဝိုင်းအား ဖိအားပေး ခြိမ်းခြောက်မှုများလည်း ပြုလုပ်ထားကြ ကြောင်း ဒေသခံများထံက ပြောသည်။

“ကလေးမလေးရဲ့ မိဘတွေကို ဖိအားပေးပြီးတော့ အဲဒီဖြစ်စဉ်က မဟုတ်မှန်ဘူး ဆိုတဲ့အကြောင်း လက်မှတ် ထိုးခိုင်း တယ်။ တော်တော်ကြီးကို မတရားတာတွေ လုပ်နေကြတာပါဗျာ” ဟု ဒေသခံ တဦးက ဆိုသည်။

၎င်းက ဆက်၍ “ခွေးစိတ်တွေနဲ့ အခုလို လုပ်တဲ့ အပေါ်မှာ ရင်နာရတာပေါ့။ အရွယ်မရောက်သေးတဲ့အပြင် ဘာမှကို မသိတတ်သေးတဲ့ ကလေးတယောက်ကို အခုလို လုပ်တဲ့အပေါ် ထိရောက်တဲ့အရေးယူမှုတွေ လုပ်စေချင် တာပေါ့။ အခုဖြစ်စဉ်ကို သင်ခန်းစာယူပြီး မိဘတွေအနေနဲ့လည်း ကျောင်းတက်နေတဲ့ ကိုယ့်ကလေးတွေကို ပိုပြီး ဂရုစိုက်ပေးပါလို့ ပြောချင်တယ်” ဟု ပြောသည်။

မုဒိမ်းမှုဖြစ်စဉ်များနှင့် ပတ်သက်၍ မုဒိမ်းမှုမြောက်လျှင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရဖြစ်စေ၊ မုဒိမ်းမှု မမြောက်ဘဲ ကျုးလွန်ရန် ကြံစည်မှုအတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၁၁ အရ ရဲတပ်ဖွဲ့က အမှုဖွင့်လှစ် တရားစွဲဆိုပေးရ မည်ဟု ပြဋ္ဌာန်းထားသည်။

မန္တလေးမြို့ခံ တရားလွှတ်တော်ရှေ့နေ တဦးက “ကျုးလွန် အထမြောက်ရင် မုဒိမ်းမှု ၃၇၆ ပေါ့။ ကျုးလွန်ဖို့ ကြံစည်တာ၊ မုဒိမ်းမှု မမြောက်ခဲ့ဘူး။ ဒါပေမယ့် မုဒိမ်းကျင့်ဖို့ ကြိုးစားအားထုတ်တာကို ၅၁၁ နဲ့ ရဲက အမှုဖွင့် တရားစွဲပေးရမှာ။ အဓိကတော့ အမှုကို ဖွင့်လှစ် တရားစွဲဆိုပေးရမယ့် ရဲတပ်ဖွဲ့က ဘာမှ လုပ်မပေးတော့ တရားမျှတမှု ရှာဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ ပြီးတော့ လက်ရှိအခြေအနေမှာ နိုင်ငံကြီးက တရားဥပဒေ စိုးမိုးမှုကလည်း ပြောစရာကို မရှိတာ၊ တရား ဥပဒေစိုးမိုးမှု မရှိမှတော့ ဥပဒေဆိုတာတွေက စာရွက်ပေါ်မှာ ရေးထားတဲ့ စကားလုံးလှလှလေးတွေပဲလို့ ပြောချင်တယ်” ဟု သုံးသပ်ပြောဆိုသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ ကျုးလွန်သူကို တသက်တကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ် တမျိုးမျိုး ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၁၁ အရ ပြစ်မှု ကျုးလွန်ကြောင်း ထင်ရှားလျှင် တသက်တကျွန်းဒဏ်ဖြစ်စေ၊ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ထိုပြစ်မှုအတွက် ပြဋ္ဌာန်းသည့် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပျုစောထီးအဖွဲ့များ တပ်စွဲ ထားကြကာ ကျောင်းများ ဖွင့်လှစ်ထားရာတွင်လည်း မိဘ အများစုကတော့ သားသမီးများကို ကျောင်းတက်ခိုင်းနေဆဲ ဖြစ်ကြောင်း ဒေသခံတချို့က ပြောသည်။

ထို့ပြင် နတ်အင်းကျေးရွာမှ ပျူစောထီးအဖွဲ့များသည် ကန့်ဘလူ–နတ်အင်း–စံပယ်နံ့သာ လမ်းပိုင်းတွင် လမ်းသွားလမ်း လာပြည်သူများအပေါ် ဆက်ကြေးများ ကောက်ခံရမှုများကို ခွဲဝေကြရာ အချင်းချင်း ဝေစု မတည့် ဖြစ်ပေါ်နေခြင်းများကို အမှတ် ၆၀၀၆ အမြောက်တပ်မှ ဖြေရှင်းပေးရမှုများလည်း ဖြစ်ပေါ်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းများကို ဖော်ပြနေသည့် Infinity Group က ထုတ်ပြန်ထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ကျူးလွန်သော မုဒိမ်းမှုများစွာ ဖြစ်ပွားလျက် ရှိပြီး ထိုအထဲတွင် တောင်သာမြို့ နယ်အတွင်းမှ အမှုဖွင့်လှစ်ခွင့် မရသော မုဒိမ်းမှု ဖြစ်စဉ်များအနေဖြင့် ယခုနှစ် ဧပြီ ၅ ရက်က ဇဂျမ်းကျေးရွာမှ အသက်၂၁ နှစ်ဝန်းကျင်အရွယ် ဉာဏ်ရည်မမီသော အမျိုးသမီးတဦးကို ဇဂျမ်းအထက်တန်း ကျောင်းတွင် အစောင့်ကျနေသည့် စစ်သားတဦးက မုဒိမ်းကျင့်ခဲ့ခြင်း၊ ၂၀၂၁ခုနှစ် နိုဝင်ဘာလအတွင်းကလည်း နတ် စောင့်ကျေးရွာမှ တူဝရီးနှစ်ယောက် နွားကျောင်းနေစဉ် ဦးလေးဖြစ်သူအား စစ်ယူနီဖောင်းဝတ် ၄ ဦးက ဆင်တဲဝ ချောင်းအတွင်း၌ ရိုက်နှက်ပြီး တူမ ဖြစ်သူအား မုဒိမ်းပြုကျင့်ခဲ့ခြင်း၊ ဖေဖော်ဝါရီလအတွင်းကလည်း စံဦးကျေးရွာနေ အသက် ၃၀ ဝန်းကျင်ရှိသည့် မုဆိုးမ အမျိုးသမီးတဦးကို ပျုစောထီးခေါင်းဆောင်က မုဒိမ်းပြုကျင့်ခဲ့သော်လည်း အမှု ဖွင့်လှစ်ခွင့် မရရှိခဲ့သည့် ဖြစ်စဉ်များလည်း ဖြစ်ပွား ခဲ့သေးသည်။

အဆိုပါ ဖြစ်စဉ်များအနက် ဇဂျမ်းကျေးရွာဖြစ်စဉ်တွင် ဖခင်ဖြစ်သူကိုယ်တိုင် မျက်မြင်တွေ့ရှိသဖြင့် ဇဂျမ်းနယ်မြေ ရဲစခန်းသို့ သွားရောက် တိုင်ကြားခဲ့ရာ တာဝန်ယူဖြေရှင်းပေးခြင်း မရှိခဲ့ပေ။ ထို့ပြင် စစ်တပ်ဘက်ကလည်း တာဝန်ယူ ဖြေရှင်းမပေးဘဲ မုဒိမ်းပြုကျင့်သည့် တပ်သားအား အစ ဖျောက်ခဲ့ကြသလို ကျုးလွန်ခံရသူများအနေဖြင့် အမှုဖွင့်လှစ် လိုသော်လည်း ယနေ့အချိန်ထိ အမှုဖွင့်လှစ် မရကြသေးဘဲ အသက်အန္တရာယ်အထိ ခြိမ်းခြောက်မှုများ ပြုလုပ်ခံထားရ သည်။

ယခုအခါတွင် ကျောင်းဖွင့်ရာသီဖြစ်၍ စာသင်ကျောင်းများ၌ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်း အဖွဲ့များကလည်း လုံခြုံရေး အကြောင်းပြပြီး တပ်စွဲထားကြရာ ဒေသခံပြည်သူများအနေဖြင့် နယ်မြေအတွင်း မတည်ငြိမ်မှု အခြေအနေများအပေါ် စိုးရိမ်နေရသလို မိမိတို့သားသမီးများ၏ လုံခြုံရေးကိုလည်း ပူပန်နေကြရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။ ။

You may also like these stories:

အသက်မပြည့်သေးသည့် ကလေးတွေကိုပါ စစ်ကောင်စီသတ်ဖြတ်

အကြမ်းဖက်စစ်တပ် ဧကန်စင်စစ် ဖြစ်ကြောင်း သက်သေထူခဲ့ပြီ

Your Thoughts …
Tags: ကန့်ဘလူပျူစောထီးသက်ငယ်မုဒိမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကန့်ဘလူ အချုပ်စခန်းက အာဏာအလွဲသုံး လိင်အမြတ်ထုတ်မှု

ကန့်ဘလူ အချုပ်စခန်းက အာဏာအလွဲသုံး လိင်အမြတ်ထုတ်မှု

by အသွင်သစ်
1 March 2024
25.6k

“လင်းယုန်ကို အာခံပြီး ထွက်သွားရင် အသက်အာမခံချက်မရှိဘူး။ အရှင်ထွက် မရှိဘူး။ အသေထွက်ပဲရှိမယ်” ဆိုတဲ့ ကြိမ်းဝါးသံက မရှိုင်းဇာနည်အတွက် ထိတ်လန့် တုန်လှုပ်စေခဲ့ပါတယ်။

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.3k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

by စွယ်တော်
23 May 2025
20k

ထိုမကျေနပ်မှုကြောင့် မိတ္ထီလာပြည်သူ့စစ်က ရုပ်သံကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ခဲ့ပြီး မေလ ၂၂ ရက်တွင် မိတ္ထီလာပြည်သူ့စစ် ၁၇ ဦး နုတ်ထွက်တော့မည့်အကြောင်းလည်း ထွက်ပေါ်လာသည်။

ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

by ဧရာဝတီ
28 July 2023
17k

ဒေသ ကာကွယ်ရေးတပ်တွေဟာ မောင်းပြန်ရိုင်ဖယ်သေနတ် ကိုင်ဆောင်လာနိုင်ကြတာနဲ့အမျှ နယ်မြေ စိုးမိုးထိန်းချုပ်ရေးအတွက် ကြိုးပမ်းလာကြရာမှာ အဟန့်အတားဖြစ်နေတဲ့ ပျူစောထီးရွာတွေကို ပိုမိုပစ်မှတ်ထား လာကြတာလည်း ဖြစ်ပါတယ်။

ဆင်တကောင်လုံး တွေ့နေသော်လည်း ဆင်ခြေရာရှာနေသည့် ကျားဖြန့်ပြဿနာ

ဆင်တကောင်လုံး တွေ့နေသော်လည်း ဆင်ခြေရာရှာနေသည့် ကျားဖြန့်ပြဿနာ

by ဝတ်ရည်ခိုင်မာ
7 February 2025
12.5k

တကယ်တမ်းတွင် လက်ရှိ မြန်မာပြည်၌ ကျားဖြန့်များ ရှိနေသည်မှာ စစ်တပ် အုပ်ချုပ်နေသည့် နေရာများဖြစ်၏။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.6k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

Next Post
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ

အာဏာသိမ်း စစ်ကောင်စီကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဘာတွေတိုက်တွန်းခဲ့သလဲ

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့က စင်ကာပူတွင် ကျင်းပသည့် ရှန်ဂရီလာ ဆွေးနွေးပွဲ တက်ရောက်နေသည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းအထူးသံတမန် မစ္စ ပွန်ပီမို ကန်ချနာလက် / Flickr

စစ်ကောင်စီ၏ အသုံးချခံဖြစ်သွားနိုင်သော ထိုင်းအထူးသံတမန်

No Result
View All Result

Recommended

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

7 days ago
8.7k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate