• English
Saturday, June 21, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပတ်စပို့သက်တမ်း တိုးမပေးရန် မြန်မာသံရုံးများကို စစ်ကောင်စီ ညွှန်ကြား

by ဧရာဝတီ
5 July 2022
in သတင်း
A A
၂၀၂၀ ရွေးကောက်ပွဲတွင် မြန်မာကျောင်းသူတဦး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံး၌ မဲလာထည့်အပြီး / ဧရာဝတီ

၂၀၂၀ ရွေးကောက်ပွဲတွင် မြန်မာကျောင်းသူတဦး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံး၌ မဲလာထည့်အပြီး / ဧရာဝတီ

24.7k
VIEWS
Share on FacebookShare on Twitter

အလည်အပတ် (Passport for Visit – PV) နှင့် အလုပ် (Passport for Job – PJ) ပတ်စပို့စာအုပ် (နိုင်ငံကူးလက်မှတ်) များမှလွဲ၍ ကျန်အမျိုးအစားများကို သက်တမ်းတိုးမပေးတော့ရန် ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများကို စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။

ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့် မရှိတော့သည့် ညွှန်ကြားချက်သည် တပြေးညီ ဖြစ်သောကြောင့် မြန်မာနိုင်ငံသားများအများစု နေထိုင်လျက်ရှိသည့် ထိုင်း၊ အမေရိကန်၊ အင်္ဂလန်၊ မလေးရှားနှင့် တောင်ကိုရီးယား စသည့် နိုင်ငံများ အပါအဝင် မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ရုံးများရှိရာ နိုင်ငံပေါင်း ၃၈ နိုင်ငံတွင် အကျုံးဝင်မည် ဖြစ်သည်။

RelatedPosts

အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

21 June 2025
259
တရုတ်၏ မြန်မာနယ်စပ်ဖြတ်ကျော် ရာဇဝတ်နှိမ်နင်းမှု နောက်ဆက်တွဲ ဆိုးကျိုးများ

တရုတ်၏ မြန်မာနယ်စပ်ဖြတ်ကျော် ရာဇဝတ်နှိမ်နင်းမှု နောက်ဆက်တွဲ ဆိုးကျိုးများ

21 June 2025
208
အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

21 June 2025
581

ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားအများစု တက်ရောက်နေသော တက္ကသိုလ်တချို့၏ ကျောင်းအာဏာပိုင်များက သက်တမ်းကုန်ဆုံးရန် နီးကပ်နေသော ပညာရေးပတ်စပို့ (Passport for Education – PE) ကိုင်ဆောင်ထားသည့် မြန်မာကျောင်းသားများ အနေဖြင့် မိမိတက်ရောက်နေသော တက္ကသိုလ်များကို အကြောင်းကြားရန် သတိပေးလျက် ရှိကြောင်း ဧရာဝတီက ဖတ်ရှုရသည့် ထိုင်းတက္ကသိုလ်တခုမှ မြန်မာကျောင်းသားထံ ပေးပို့သော အီမေးလ်အရ သိရသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်တွင် ပညာသင်နေသော ကျောင်းသားတဦးက “ကျောင်းရဲ့ အကြောင်းကြားစာထဲမှာ ပတ်စပို့် သက်တမ်းကုန်တဲ့ ကျောင်းသားတွေက သက်တမ်းဆက်တိုးခွင့်ကို ထိုင်းနိုင်ငံမှာ မရတော့ဘူး။ မြန်မာပြည် ပြန်ရမယ်လို့ သတင်းကြားတယ်။ ကျောင်းက မြန်မာကောင်စစ်ဝန်ကို ဆက်သွယ်တော့လည်း ဒီသတင်းက အတည်ဖြစ်တာကို သူတို့ ရရှိထားတယ်။ ဒါကြောင့် သက်တမ်းကုန်ခါနီး မြန်မာကျောင်းသားတွေကို ကျောင်းကို အကြောင်းကြားကြဖို့ သတိပေးထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထို့သို နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို မြန်မာနိုင်ငံသို့ ပြန်ပြီးလုပ်ဆောင်ရပါက ငွေကြေးကုန်ကျစရိတ်များ ပိုများလာနိုင်သလို အချိန်ကြန့်ကြာမှုများလည်း ဖြစ်လာနိုင်သည့်အတွက် ပညာသင်ကြားရေးအပိုင်းတွင် အခက်အခဲ ရှိလာနိုင် ကြောင်း ၎င်းက ဆိုသည်။

တောင်ကိုရီးယားနိုင်ငံတွင် နေထိုင်သည့် မြန်မာနိုင်ငံသားတဦးကလည်း “ကျနော်တို့လည်း သိရသလောက်ဆိုရင် G1 Visa ပြောင်းထားသူတွေ၊ အလုပ်ပါမစ် ကုန်ခါနီးသူတွေကို ပတ်စပို့ တိုးမပေးတော့ဘူးပေါ့။ ဒါပေမဲ့ စာကတော့ သေချာမထုတ် သေးပါဘူး” ဟု ပြောသည်။

G1 ဗီဇာ‌ဆိုသည်မှာ ကိုရီးယားနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်နေထိုင်ရန် လိုအပ်လာသည့် နိုင်ငံခြားသားများကို ထုတ်ပေးသော ခေတ္တနေထိုင်ခွင့်ဗီဇာ ဖြစ်သည်။

ထို့ကြောင့် မူဝါဒသစ်အကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်ရန် ဧရာဝတီက ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးသို့ တယ်လီဖုန်းဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတဦးက “ပထမ ညွှန်ကြားထားချက်အရက PV နဲ့ PJ ကိုပဲ သက်တမ်းတိုးပေးဖို့ ညွှန်ကြားထားခဲ့တယ်။ အခုနောက်ဆုံး ထွက်ထားတာက ပုံမှန်အတိုင်း ပြန်လုပ်ပါ။ ဒါပေမဲ့ မြန်မာပြည်ဘက်က အချက်အလက်တွေ ပြန်ပို့ပေးရမယ်။ အဲဒီဘက်က ခွင့်ပြုမယ်ဆိုမှ သက်တမ်းတိုးပေးဖို့ လုပ်လို့ ရမယ်” ဟု ဧရာဝတီသို့ ပြောသည်။

လတ်တလောတွင် ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများအား နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးခြင်း ကိစ္စရပ်များကို ပုံမှန်အတိုင်း ဆက်လက် ဆောင်ရွက်ရန် ညွှန်ကြားထားသော်လည်း အပြောင်းအလဲများ ရှိနိုင်သည့်အတွက် တိတိကျကျ ပြောရန် ခက်ခဲကြောင်း ၎င်းက ဆိုသည်။

တောင်ကိုရီးယားရှိ မြန်မာသံရုံးမှ တာဝန်ရှိသူကလည်း “ကျမတို့ကို အခုကတော့ ပတ်စပို့သက်တမ်း တိုးပေးတဲ့ကိစ္စကို ပုံမှန်အတိုင်းပဲ ဆက်လုပ်ဖို့ ညွှန်ကြားထားတယ်။ သက်တမ်းတိုးဖို့ ကိစ္စရပ်ကို သံရုံးမှာ ပုံမှန်အတိုင်းပဲ ဆောင်ရွက်ပေးနေပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်များတွင် အလည်အပတ် (Passport for Visit – PV)၊ စီးပွားရေး (Passport for Business – PB)၊ ပညာရေး (Passport for Education – PE)၊ အလုပ် (Passport for Job – PJ)၊ ဘာသာရေး (Passport for Religious – PR)၊ သင်္ဘောသား (Passport for Seaman – PS) ဟူ၍ အမျိုးအစား ၇ မျိုး ထုတ်ပေးလျက် ရှိကြောင်း သိရသည်။

You may also like these stories:

စစ်ရှောင်နှင့် ရွှေ့ပြောင်း မြန်မာကလေးတွေ ပညာရေး ထိုင်းအစိုးရ ကူညီလာ

ပဋိပက္ခကြား သတင်းပို့ရာမှာ အမျိုးသမီးနဲ့ ကလေးငယ်များကို ကာကွယ်ပါ

သေဒဏ်ကျ ဒီမိုကရေစီရေးတိုက်ပွဲဝင်သူများ အသက်ရှင်ခွင့် ရှိရမည်

မြန်မာ့အခြေအနေ ပိုဆိုးလာ၊ အားထုတ် လုပ်ကိုင်ရန် လိုကြောင်း ကုလသမဂ္ဂနှင့် ASEAN ပြော

Your Thoughts …
Tags: Passportစစ်ကောင်စီမြန်မာကောင်စစ်ဝန်ရုံးမြန်မာသံရုံးသက်တမ်းတိုး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်တွေမြို့ ရဲစခန်းသို့ အရပ်သားများကို ဖမ်း ဆီးခေါ်ဆောင်နေစဉ်  / CJ

ရခိုင်တွင် စစ်ကောင်စီ ဖမ်းထားသူများ မိသားစုနှင့် တွေ့ခွင့်မရ

စစ်ကောင်စီကို ပြန်တိုက်ဖို့ဆုံးဖြတ်ခဲ့ကြတဲ့ CDM စစ်သားများ (ရုပ်/သံ)

စစ်ကောင်စီကို ပြန်တိုက်ဖို့ဆုံးဖြတ်ခဲ့ကြတဲ့ CDM စစ်သားများ (ရုပ်/သံ)

No Result
View All Result

Recommended

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

1 week ago
26.8k
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

5 days ago
4.6k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate