• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်တွင် စစ်ကောင်စီ ဖမ်းထားသူများ မိသားစုနှင့် တွေ့ခွင့်မရ

by ဧရာဝတီ
5 July 2022
in သတင်း
A A
စစ်တွေမြို့ ရဲစခန်းသို့ အရပ်သားများကို ဖမ်း ဆီးခေါ်ဆောင်နေစဉ်  / CJ

စစ်တွေမြို့ ရဲစခန်းသို့ အရပ်သားများကို ဖမ်း ဆီးခေါ်ဆောင်နေစဉ် / CJ

9.8k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီ ဖမ်းထားသည့် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ အရပ်သားများကို လက်ရှိမည်သည့် နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသလို မိသားစုဝင်များနှင့်လည်း တွေ့ခွင့်မရကြောင်း သိရသည်။

ပြီးခဲ့သေည့် ဇွန် ၁၆ ရက်မှ ဇွန် ၂၃ ရက်ထိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော် စသည့် မြို့နယ်များမှ အရပ်သား ၄၀ ကျော်အား စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် တချို့ကို ရုံးထုတ်ပြီး အများစုမှာ မိသားစုနှင့် တွေ့ခွင့် မရသေးကြောင်း မိသားစုဝင်များက ပြောသည်။

RelatedPosts

တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

10 July 2025
76
ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

10 July 2025
679
စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်က သွေးခွဲချေမှုန်းရေးလို့ဆို (ရုပ်/သံ)

စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်က သွေးခွဲချေမှုန်းရေးလို့ဆို (ရုပ်/သံ)

10 July 2025
88

ပုဏ္ဏားကျွန်းမြို့မှ ဖမ်းဆီးခံ ဦးဘလှိုင်၏ ဇနီး ဒေါ်အေးအေးခိုင်က “စစ်သား ၁ ယောက် အဖမ်းခံရတာပြီးတဲ့နောက် ကျမ အမျိုးသားကို မေးမြန်းစရာ ရှိတယ်ဆိုပြီး ခေါ်သွားတာ။ အခုထိ ပြန်လွတ်မလာဘူး။ ဘယ်မှာ ဖမ်းထားတယ် ဆို တာလည်း စုံစမ်း မရဘူး။ ကျမ အမျိုးသားက ဘယ်အဖွဲ့အစည်းနဲ့မှ အဆက်အသွယ် မရှိဘူး။ နိုင်ငံရေးလည်း မလုပ် ဘူး။ ရိုးရိုးသားသား ဈေးရောင်းနေတဲ့သူပါ” ဟု ဧရာဝတီသို့ ပြောသည်။

ပုဏ္ဏားကျွန်းမြို့ပေါ်တွင် ပြီးခဲ့သော ဇွန်လ ၁၆ ရက်က ယင်းမြို့ပေါ် အခြေစိုက် ခမရ ၅၅၀ တပ်ရင်းမှ စစ်ကောင်စီ တပ် သား၂ ဦး ဈေးဝယ်ရန် ထွက်လာခဲ့ပြီးနောက် ဈေးအတွင်းမှ ပစ္စည်းတချို့ ဝယ်ယူခဲ့ကြောင်း၊ ဦးဘလှိုင်ဆိုင်မှလည်း ဆောက်လုပ်ရေးသုံးပစ္စည်းတချို့ ဝယ်ယူပြီးနောက် ထွက်ခွာသွားစဉ် အရပ်ဝတ်ဖြင့် AA တပ်ဖွဲ့ဝင်များ ဆိုင်ကယ်ဖြင့် ရောက်ရှိလာခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးအနက် ၁ ဦးကို ဖမ်းဆီးပြီးနောက်ပိုင်း အနီးဝန်းကျင်ရှိ ဈေးရောင်းသူ နေသူများနှင့် မြို့ခံ ၈ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အလားတူ ကျောက်တော်မြို့ပေါ်တွင် ဇွန်လ ၂၀ ရက်က ကျောက်တော်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့့ ၃ ဦးမှာ ညနေပိုင်း အရက် ထွက်သောက်စဉ် AA တပ်ဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် နောက်တရက် ဇွန်လ ၂၁ ရက် မနက် ပိုင်းတွင် ကျောက်တော်မြို့ ပြည်တော်သာ ရပ်ကွက်နေ တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းအပါအဝင် ဒေသခံ ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ရာ လက်ရှိအချိန်အထိ မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို မသိရှိရသလို တရားရုံးထုတ်ကာ တရားစွဲဆိုမှုလည်း မရှိသေးကြောင်း ၎င်းတို့၏ မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံ ကိုဇော်ဝင်း၏ ဇနီး ဒေါ်ခိုင်ခိုင်က “ကျမ အမျိုးသားကို ဖမ်းသွားတဲ့နေ့ကတည်းက အခုထိ ဘယ်မှာ ဖမ်းထား တယ်ဆိုတာ စုံစမ်း မရဘူး။ အခု ကလေး ၃ ယောက်နဲ့ ကျမ အရမ်း ဒုက္ခ ရောက်နေတယ်။ သူတို့လက်ထဲမှာ နှိပ်စက် ခံရမှာကိုလည်း အချိန်ကြာလာလေ ကျမ စိုးရိမ်လေပဲ။ တရားရုံးနဲ့ ရဲစခန်းကို မြန်မြန်ရောက်ပါစေလို့ ဆုတောင်းနေ မိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မြောက်ဦးမြို့နယ်အတွင်းလည်း ဇွန်လ ၂၀ ရက်က စရဖ တပ်ဖွဲ့ဝင် ၄ ဦး ဖမ်းဆီးခံရပြီးနောက် မြို့ခံ ၃ ဦး၊ ယင်းမြို့နယ် ပေါင်းတုတ် မွတ်စလင်ရွာမှ လူငယ် ၃ ဦး၊ မြောက်ဦးမြို့သို့ အလုပ်ကိစ္စဖြင့် ရောက်ရှိနေသည့် ချင်းတိုင်းရင်းသား ၃ ဦး စုစုပေါင်း ၉ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။

အဆိုပါ မြောက်ဦးမြို့နယ်အတွင်း ဖမ်းဆီးခံရသူ ၉ ဦးနက် ဇူလိုင်လ ၄ ရက်တွင် မြောက်ဦးမြို့ခံ ၃ ဦးကို မြို့နယ် အတွင်း ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲတင်ကြောင်း မြောက်ဦးမြိုခံတဦးက ပြောသည်။

၎င်းက “မြောက်ဦးမှာ အဖမ်းခံထားရတာ အားလုံး ၉ ဦး ရှိတယ်။ မြို့ခံ ၃ ဦး၊ ချင်းတိုင်းရင်းသား ၃ ဦး၊ ပေါင်းတုတ် မွတ် စလင်ရွာက ၃ ဦးပါတယ်။ အဖမ်းခံရတဲ့ မွတ်စလင်တွေက လူငယ်တွေ၊ စစ်ကောင်စီက ပေါင်းတုတ်ရွာက မွတ်စလင် အုပ်ချုပ်ရေးမှူးတွေကို သွားဖမ်းတာတဲ့။ အဖေကို မတွေ့လို့ သားတွေကို ဖမ်းတာတဲ့။ ဒီနေ့တော့ မြို့ခံ ၃ ယောက်ကို ၅၀၅ (ခ) နဲ့ တရားစွဲတင်တယ်။ ကျန်တဲ့ လူတွေကတော့ ဘယ်မှာရှိမှန်း မသိရဘူး” ဟု ဧရာဝတီသို့ ပြောသည်။

စစ်တွေမြို့နယ်အတွင်းလည်း ဇွန်လ ၂၃ ရက်က စစ်ကောင်စီတပ်သား ၁ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁ ဦးကို ရက္ခိုင်စစ်တပ် ( AA) တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီးနောက် ရပ်ကွက်အသီးသီးမှ မြို့ခံ ၂၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။

အဆိုပါ စစ်တွေမြို့ပေါ်မှ ဖမ်းဆီးခံရသူများအနက် ဇွန်လ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ရခိုင်မြို့ခံ ၅ ဦးနှင့် မွတ်စလင် ၄ ဦး စုစုပေါင်း ၉ ကို ပြန်လွတ်လာခဲ့ပြီး ဓညဝတီ (ခ) ရပ်ကွက်မှ ရခိုင်တိုင်းရင်းသားတဦးကို မှောင်ရိပ်ခိုမှုဖြင့် ထောင် ၁ လ ချမှတ်ခဲ့သည်။

ယင်းပြင် ဇူလိုင်လ ၄ ရက်တွင် ကျန်နေသည့် ဖမ်းဆီးခံနေသူများထဲမှ စစ်တွေမြို့ခံ ရခိုင်အရပ်သား ၈ ဦးကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ – က အမှုဖွင့်လှစ်ကာ မြို့နယ်တရားရုံးသို့ တရားစွဲတင်လာခဲ့ကြောင်း စစ်တွေမြို့နယ် အရပ် ဘက် လူမှုအဖွဲ့အစည်းများထံမှ သိရသည်။

စစ်တွေမြို့နယ်အတွင်း ဖမ်းဆီးခံရသူ ၂၅ ဦးအနက် ပြန်လည်လွတ်မြောက်လာသူ ၉ ဦး၊ မှောင်ရိပ်ခိုမှုဖြင့် ထောင်ဒဏ် ချမှတ်ခံရသူ ၂ ဦး၊ တရားစွဲတင်လာသူ ၈ ဦး၊ စုစုပေါင်း ၁၉ ဦးရှိရာ ကျန်အရပ်သား ၆ ဦးမှာ မည်သည့်နေရာတွင် ဖမ်း ဆီးချုပ်နှောင်ထားကိုတော့ လက်ရှိ အချိန်အထိ မသိရှိရပေ။

ရခိုင် လူ့အခွင့်ရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဦးမြတ်ထွန်းကတော့ ယခုကဲ့သို့ စစ်ကောင်စီက အရပ်သားများကို ဖမ်းဆီးပြီး မိသားစုနှင့် တွေ့ခွင့်မပေးသလို မိသားစုထံ တစုံတရာ အကြောင်းကြားခြင်းမရှိဘဲ ဖမ်းဆီး ချုပ်နှောင်ထား ခြင်းမှာ လူ့အခွင့်အရေးကို ချိုးဖောက်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သော မေလ ၁၁ ရက်မှနေ ဇွန်လ ၂၃ ရက်အထိ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ စစ်တွေ စသည့် မြို့ကြီး များတွင် စစ်ကောင်စီ လက်အောက်ခံ ရဲနှင့်စစ်သား ၁၃ ဦးကို AA ဖမ်းဆီးခဲ့ရာ စစ်ကောင်စီတပ်ကလည်း ရခိုင်အရပ် သား ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး တချို့ကို ပြန်လွှတ်ပေးခဲ့သည်။

You may also like these stories :

အာဏာအားပြိုင်မှုကြားက ရခိုင် လူဖမ်းပွဲ

စစ်တွေ၌ အဖမ်းအဆီးကြမ်း၊ စာသင်ကျောင်းနှင့်ဈေးများ ပိတ်ထား

စစ်တွေရေတပ်စခန်းမှ ဗိုလ်ကြီး ၁ ဦး AA ဖမ်းဆီး

Your Thoughts …
Tags: AAစစ်ကောင်စီဖမ်းဆီးရခိုင်ပြည်နယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.3k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.6k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ကောင်စီကို ပြန်တိုက်ဖို့ဆုံးဖြတ်ခဲ့ကြတဲ့ CDM စစ်သားများ (ရုပ်/သံ)

စစ်ကောင်စီကို ပြန်တိုက်ဖို့ဆုံးဖြတ်ခဲ့ကြတဲ့ CDM စစ်သားများ (ရုပ်/သံ)

AA စခန်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများကို ဆေးကုသရန် သယ်ဆောင်နေကြစဉ်

AA စခန်း စစ်ကောင်စီ ဗုံးကြဲ ၆ ဦး သေဆုံး

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0
  • ဒီမိုကရေစီတိုက်ပွဲ ဘာကြောင့် ၃၇ နှစ် ကြာတာလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate