• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘာလီ G-20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ယခင်လို ဖြစ်မည်မဟုတ်

by ဧရာဝတီ
7 July 2022
in သတင်း
A A
စက်မှုထိပ်သီးနိုင်ငံ ၂၀ (G-20) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီအပမ်းဖြေကျွန်း တွင် ၂ ရက်ကြာ ကျင်းပနေသည် /  AFP

စက်မှုထိပ်သီးနိုင်ငံ ၂၀ (G-20) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီအပမ်းဖြေကျွန်း တွင် ၂ ရက်ကြာ ကျင်းပနေသည် / AFP

17.4k
VIEWS
Share on FacebookShare on Twitter

စက်မှုထိပ်သီးနိုင်ငံ ၂၀ (G-20) နိုင်ငံခြားရေးဝန်ကြီးများသည် ယူကရိန်းပြဿနာ အရိပ်မိုးနေသည့် အစည်းအဝေးတက်ရန် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီအပမ်းဖြေကျွန်းသို့ သွားရောက်ကြမည် ဖြစ်သည်။ အိမ်ရှင် အင်ဒိုနီးရှားနိုင်ငံက ကြားဝင်စေ့စပ်ပေးရန် ကြိုးစားနေသော်လည်း ရုရှားက ယူကရိန်းကို ကျူးကျော်သောကြောင့် အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများ ဖြစ်နေသည်။

G-20 တွင် မော်စကိုသည် ယူကရိန်း၌ စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟု စွပ်စွဲပြီး အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသည့် အနောက်နိုင်ငံများသာမက ထိုသို့ လိုက်ပါလုပ်ဆောင်ခြင်း မရှိသည့် တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယနှင့် တောင်အာဖရိကတို့လည်း ပါဝင်နေသည်။

RelatedPosts

ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

17 July 2025
81
မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

16 July 2025
194
မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

16 July 2025
70

ယခုအစည်းအဝေးသည် ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဘရော့ဗ်တို့ ပထမဆုံးအကြိမ် တွေ့ဆုံသော အစည်းအဝေး ဖြစ်သည်။

ကြာသပတေးနှင့် သောကြာနေ့များတွင် ကျင်းပမည့် G-20 အစည်းအဝေး မတိုင်မီ ပြောကြားရာတွင် ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ခရစ်ရှန် ဝဂ္ဂနာက ထိုအစည်းအဝေးသည် ပုံမှန်ဆွေးနွေးပွဲဖြစ်မည်မဟုတ်၊ ယခင်ထုံးစံအတိုင်း မဖြစ်နိုင်ကြောင်း ပြောသည်။

ဂျာမနီသည် စက်မှုထိပ်သီး ၇ နိုင်ငံ ဥက္ကဋ္ဌတာဝန်ယူထားပြီး ယူကရိန်းစစ်ပွဲ အခြေအနေအရ ဝန်ကြီး လက်ဘရော့ဗ်အပေါ် မည်သို့တုံ့ပြန်မည်ကို ဘာလီတွင် ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်း သူကပြောသည်။

ဗြိတိန်၊ ကနေဒါနှင့် အမေရိကန် ပြည်ထောင်စုတို့မှ အဆင့်မြင့်အရာရှိများသည် ဧပြီလက ဝါရှင်တန်တွင် ကျင်းပသည့် G-20 ဘဏ္ဍာရေး ဆွေးနွေးပွဲများတွင် ရုရှားကိုယ်စားလှယ်များကို ပိတ်ပင်ထားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အန်ထော်နီ ဘလင်ကန်သည် ထိုအစည်းအဝေးတွင် တက်ကြွစွာ ပါဝင် ဆွေးနွေးမည် ဖြစ်သော်လည်း အခြားရည်ရွယ်ချက်တခုမှာ ရုရှားဖက်ဒရေးရှင်းနှင့် ယခင်ထုံးစံအတိုင်း ပြန်မဖြစ်နိုင်တော့ဆိုသည့် အချက်ကို ဖော်ပြရန်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူတဦးက ပြောသည်။

မစ္စတာ ဘလင်ကန်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ဘာလီတွင် တွေ့ဆုံမည်ဖြစ်သော်လည်း လက်ဘရော့ဗ်နှင့် တွေ့ဆုံမည်မဟုတ်ဟု မျှော်လင့်ရသည်။

ယခုနှစ် G-20 ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားသည် ထိုစစ်ပွဲကြောင့် ပထဝီနိုင်ငံရေး မုန်တိုင်းအလယ်တွင် ရောက်နေပြီး အစည်းအဝေးများကို အနောက်နိုင်ငံများ သပိတ်မှောက်မှု ခြိမ်းခြောက်မှုများကို ခုခံကာကွယ်နေရသည်။ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပြီးနောက် လာမည့်အပတ်တွင် G-20 ဘဏ္ဍာရေးဝန်ကြီးများသည် ဘာလီတွင်ပင် တွေ့ဆုံရန် စီစဉ်ထားသည်။

အင်ဒိုနီးရှားနိုင်ငံ၏ ကြားနေသော အနေအထားကို ပိုမိုတောင့်တင်းစေရန်အတွက် သမ္မတ ဂျိုကို ဝီဒိုဒိုသည် ရည်မှန်းချက်ကြီးမားသော ငြိမ်းချမ်းရေး ခရီးစဉ်ကို လွန်ခဲ့သောအပတ်က သွားရောက်ခဲ့ပြီး ကီယေ့ဗ်တွင် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးနှင့် မော်စကိုတွင်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့နှင့် တွေ့ဆုံခဲ့သည်။

ဂျိုကိုဝီဟု သူသိများသော အင်ဒိုနီးရှား သမ္မတသည် ယူကရိန်းနိုင်ငံကို ယခုနှစ်တွင် ကျင်းပမည့် G-20 အစည်းအဝေးသို့ ဖိတ်ကြားခဲ့ပြီး ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းကို ဖြစ်စေသည့် သီးနှံများပိတ်ဆို့မှုကို အဆုံးသတ်ရန် ရုရှားအား ဖျောင်းဖျပြောဆိုကာ အင်ဒိုနီးရှားသည် နှစ်နိုင်ငံအကြား သံတမန်ရေး ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ကမ်းလှမ်းသည်။

အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ် ဘက်ဆယ် ဟမ်ရာနင်က သူ၏နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးသည် ဘာလီအစည်းအဝေးတွင် အခြေအနေအပေါ် အခြေခံသော မိန့်ခွန်းတခုပြောကြားမည်ဟု ပြောသည်။

G-20 အစည်းအဝေးများကို ရွှေ့ဆိုင်းရန် အစီအစဉ်များ

G-20 အစည်းအဝေးအချို့ကို ပယ်ချမည်ဟု အစောပိုင်းက ပြောကြားခဲ့ကြသော်လည်း အနောက်နိုင်ငံ ခေါင်းဆောင်များက ရုရှားကို တက်ရောက်ခွင့် မပေးခြင်းသည် ဆိုးကျိုးကိုသာ ဖြစ်စေမည်ဟု နောက်ဆုံးတွင် ဆုံးဖြတ်ခဲ့ကြသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိဟောင်း၊ ရုရှားနှင့် ဥရောပရေးရာ ကျွမ်းကျင်သူ မက်စ် ဘာ့ဂ်မင်းက ပြောသည်။ သူသည် ယခုအခါ ဝါရှင်တန်ရှိ သေနင်္ဂဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာန (CSIS) တွင် လုပ်ကိုင်နေသည်။

ယခုအစည်းအဝေးတွင် စားနပ်ရိက္ခာနှင့် စွမ်းအင်သည် အဓိက ဆွေးနွေးမည့် ကိစ္စဖြစ်ကြောင်း စီးပွားရေးနှင့် ကုန်သွယ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရာမင် တူလွီက ပြောသည်။

“G-20 နိုင်ငံတွေအနေနဲ့ ရုရှားမှာ တာဝန်ရှိကြောင်း ပြောကြားသင့်ပြီး သီးနှံတွေအတွက် ပင်လယ်လမ်းကြောင်းကို ပြန်ဖွင့်ပေးဖို့ ကုလသမဂ္ဂရဲ့ အားထုတ်မှုတွေကို ထောက်ခံဖို့ တောင်းဆိုသင့်တယ်” ဟု သူကပြောသည်။

ဗုဒ္ဓဟူးနေ့တွင် ဗီယက်နမ်သို့ သွားရောက်စဉ်အတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဘရော့ဗ်က ကမ္ဘာသည် ရှုပ်ထွေးသော နည်းလမ်းဖြင့် သွားနေသောကြောင့် တကမ္ဘာလုံးမှ သက်ဆိုင်သူ အားလုံးအနေဖြင့် နိုင်ငံတကာ ဥပဒေကို ကာကွယ်ရန် အားထုတ်ရေးအတွက် တောင်းဆိုသည်။

ရုရှားသည် ယူကရိန်းကို ကျူးကျော်ခြင်းဖြင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်ကြောင်း အနောက်နိုင်ငံများက စွပ်စွဲနေချိန် ဘာလီ သို့မရောက်မီ လက်ဘရော့ဗ်က အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ မော်စကိုက ယူကရိန်းစစ်ပွဲသည် အထူးစစ်ဆင်ရေး တခုသာဖြစ်ကြောင်း ဖော်ပြသည်။

ဘာလီတွင် ဝန်ကြီး လက်ဘရော့ဗ်အပေါ် တုံ့ပြန်မှုများသည် နိုဝင်ဘာလတွင် လူကိုယ်တိုင်တွေ့ဆုံမည့် G-20 ခေါင်းဆောင်များ အစည်းအဝေးတွင် သမ္မတ ပူတင် တက်ရောက်ပါက မည်သို့ တုံ့ပြန်မည်ဆိုသည်ကို ဖော်ပြနေနိုင်သည်။ သို့သော် ထိုအချက်ကို အတည်မပြုရသေးပေ။

ထုံးစံအားဖြင့် နိုင်ငံခြားရေးရာကိစ္စများကို တက်တက်ကြွကြွ ဆောင်ရွက်လေ့မရှိသည့် အင်ဒိုနီးရှား သမ္မတက အဖွဲ့ဥက္ကဋ္ဌရာထူးအပေါ် သူ၏ ကိုင်တွယ်မှုသည် သူ၏ရာထူးသက်တမ်းကို ဖွင့်ဆိုပေးမည့် ကာလဖြစ်သည်ဟု မြင်လာကြောင်း CSIS မှ အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ မာရေး ဟီးဘတ်က ပြောသည်။

“နိုဝင်ဘာလ သမ္မတ ပူတင် အစည်းအဝေးတက်လာရင် သံတမန်ရေး ရထား မှောက်တာကို ရှောင်ရှားနိုင်ဖို့ ဂျိုကိုဝီက အရမ်းကို မျှော်လင့်နေတယ်” ဟု သူကပြောသည်။

ကိုးကား။ ။ Reuters သတင်း Not ‘business as usual’ for the G20 foreign ministers meeting in Bali

You may also like these stories:

ဆီထွက်သီးနှံ ပြည်ပတင်ပို့မှု ပိတ်သဖြင့် စားသုံးဆီဈေးကွက် မတည်ငြိမ်ဖြစ်နေ

အင်ဒိုနီးရှား တင်ပို့မှု ရပ်ဆိုင်းပြီးနောက် မြန်မာ့စားအုန်းဆီဈေး မြင့်တက်

ယူကရိန်း ဂျုံတင်ပို့ရေး ပင်လယ်လမ်းဖွင့်ပေးရန် ပူတင် သဘောတူကြောင်း ဂျိုကိုဝီ ပြော

ယူကရိန်းကို ရုရှားကျူးကျော်မှု ဂယက် အာဆီယံလည်း မလွတ်

Your Thoughts …
Tags: CSISG 20ယူကရိန်းရုရှားဝန်ကြီး ဆာဂေး လက်ဘရော့ဗ်သမ္မတ ဂျိုကို ဝီဒိုဒိုသမ္မတ ပူတင်အင်ဒိုနီးရှားအမေရိကန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.3k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.3k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း

by ဧရာဝတီ
9 October 2023
19.1k

အစ္စရေးမှ မကြာသေးမီက ပြည်တွင်းနိုင်ငံရေး ဖရိုဖရဲအခြေအနေများသည် ယခုထောက်လှမ်းရေး ပျက်ကွက်မှုတွင် ပါဝင်ပတ်သက်နေခြင်း ရှိမရှိ မေးခွန်းထုတ်ရမည်

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

by Anthony Davis
11 November 2024
15.8k

၂၀၂၅ ခုနှစ် တော်လှန်ရေးအင်အားစု၏ အဓိကအကျပ်အတည်းမှာ လူအင်အားပေါ်ထက် ကွပ်ကဲ-ထိန်းချုပ်မှုအပေါ် မူတည်သည်။

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.3k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

Next Post
မုံတိုင်ပင်ရွာ ဘုန်းကြီးကျောင်းတွင် လူ ၃၀ ခန့် လက်ပြန်ကြိုးတုပ်ပြီး စစ်သားများက ဖမ်းဆီးထားစဉ် / RFA

စစ်ခေါင်းဆောင်တွေကို ကြိုးကွင်းစွပ်မယ့် မုံတိုင်ပင်က သက်သေတွေ

၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် တရုတ်ဘက်မှ မြန်မာပိုင်နက်အထိ ခြံစည်းရိုးလာခတ်နေကြစဉ်  / NamKhamnews

နယ်စပ်ခြံစည်းရိုး အငြင်းပွားမှုကြောင့် နောင်ခမ်းဒေသကို တရုတ်က လျှပ်စစ်မီးဖြတ်

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

7 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate