• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အိန္ဒိယနိုင်ငံသား၂ ဦး အသတ်ခံရမှုကြောင့် မိုးရေးမြို့ရှိ မြန်မာများ ရန်ပြုခံရမည်ကို စိုးရိမ်နေ

by ဧရာဝတီ
7 July 2022
in သတင်း
A A
ဇူလိုင်လ ၆ ရက်က မိုးရေးမြို့ခံများက မိုးရေးရဲစခန်းရှေ့၌ အလောင်းပြန်ပေးရန် ဆန္ဒပြ တောင်းဆိုနေကြစဉ် / CJ

ဇူလိုင်လ ၆ ရက်က မိုးရေးမြို့ခံများက မိုးရေးရဲစခန်းရှေ့၌ အလောင်းပြန်ပေးရန် ဆန္ဒပြ တောင်းဆိုနေကြစဉ် / CJ

6.2k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း တမူးမြို့သို့ လာလည်သည့် အိန္ဒိယနိုင်ငံသား၂ ဦးကို ပျူစောထီးက ပစ်သတ်ပြီး အလောင်းပြန်မပေးသည့် အတွက် အိန္ဒိယဘက်ခြမ်းတွင် မကျေနပ်မှုများ ဖြစ်နေရာ နယ်စပ်မြို့ မိုးရေးတွင် နေထိုင်သည့် မြန်မာနိုင်ငံသား များမှာ ရန်ပြုခံရမည်ကို စိုးရိမ်သဖြင့် အိမ်ပြင်မထွက်ရဲ ဖြစ်နေကြောင်း သိရသည်။

ဇူလိုင်လ ၅ ရက်က တမူးမြို့နှင့် ထိစပ်နေသည့် အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့ခံ၂ ဦးဖြစ်သည့် Mr. Mohan (၂၈ နှစ်) နှင့် Mr.M Iyarnar (၃၅ နှစ်) တို့နှစ်ဦးမှာ တမူးမြို့ပေါ်ရှိ သူငယ်ချင်းဖြစ်သူမွေးနေ့သို့ လာရောက်စဉ် တမူးမြို့လယ်ခေါင် စော်ဘွား ရပ်ကွက်၊ အမက (၄) စာသင်ကျောင်းအနီး၌ ပျူစောထီးအဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

RelatedPosts

ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

16 June 2025
0
ဒီမိုကရက် အုပ်ချုပ်သောမြို့များတွင် ပြည်နှင်ဒဏ်ပေးခြင်း တိုးချဲ့ရန် ထရမ့် ညွှန်ကြား

ဒီမိုကရက် အုပ်ချုပ်သောမြို့များတွင် ပြည်နှင်ဒဏ်ပေးခြင်း တိုးချဲ့ရန် ထရမ့် ညွှန်ကြား

16 June 2025
57
၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

16 June 2025
227

ပျူစောထီးအဖွဲ့က ၎င်းတို့ကို ရပ်တန့်ရန် ပြောရာ ကြောက်လန့်၍ မောင်းပြေးသဖြင့် လိုက်လံ သတ်ဖြတ်ခြင်းခံရခြင်း ဖြစ်ကြောင်း တမူး PDF ပြောခွင့်ရသူတဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

အိန္ဒိယ အွန်လိုင်းသတင်းစာ Republic News India ကလည်း ၎င်းတို့ နိုင်ငံသားနှစ်ဦးကို မြန်မာစစ်တပ်၏ ခါးပိုက်ဆောင် ပျူစောထီးအဖွဲ့က သတ်ဖြတ်ခြင်း ဖြစ်ကြောင်း ရေးသည်။

အကြောင်းပြချက်မရှိ အိန္ဒိယနိုင်ငံသားနှစ်ဦး ပစ်သတ်ခံရသည့်အတွက် မိုးရေးမြို့ခံများက ယမန်နေ့ ဇူလိုင်လ ၆ ရက် မိုးရေး ရဲစခန်းရှေ့တွင် အလောင်းပြန်ပေးရန် ဆန္ဒပြ တောင်းဆိုခဲ့သလို မြန်မာဘက်ခြမ်းက ရဲကင်းစခန်းတခုကိုလည်း မီးရှို့ခဲ့ကြသည်။

လက်ရှိအချိန်အထိ အဆိုပါ အိန္ဒိယနိုင်ငံသား၂ ဦး၏ အလောင်းကို စစ်ကောင်စီ တပ်သားများက ထုတ်မပေးသဖြင့် နှစ်နိုင်ငံ ကူးလူးဆက်သွယ်မှု ပြတ်တောက်ကာ တဖက်နိုင်ငံ မိုးရေးမြို့ပေါ်တွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားများမှာ လည်း ရန်ပြုခံနေရသဖြင့် နေအိမ်များတွင် ပိတ်မိနေကြောင်း မိုးရေးမြို့ပေါ်ရှိ နေထိုင်သည့် တမူးမြို့ခံတဦးက ပြောသည်။

၎င်းက “နယ်စပ်မှာ တော်တော် တင်းမာနေတယ်ဗျ။ ကိုယ့်ဘက်ကလည်း အခုထိ Dead Body မပေးနိုင်သေးဘူး။ မိုးရေး လူထုက အခဲမကြေဘူး ဖြစ်နေတယ်။ မိုးရေးမှာလည်း မနေ့က ညကတည်းက ၅ ဦးထက် ပိုမစုရ ဆိုတဲ့ ပုဒ်မ ၁၄၄ လိုမျိုး ထုတ်ထားတယ်။ ကျနော်တို့ မြန်မာနိုင်ငံသားတွေ ဈေးဝယ်သွားရင်တောင် မြန်မာနိုင်ငံသားလား မေးပြီးတော့ မရောင်းဘူး သွားသွား၊ အဲဒီလိုမျိုးတွေ ဖြစ်နေတယ်။ ကျနော်တို့ ရန်ပြုခံနိုင်ရတဲ့ အနေအထား ဖြစ်နေတော့ အိမ်ပြင်ကို မထွက်ဖို့ အချင်းချင်း သတိပေးထားကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းပြင် အိန္ဒိယ်နိုင်ငံ၊ မဏိပူရ်ပြည်နယ်အတွင်း မိုးရေးမြို့နယ်အပါအဝင် တခြား မြို့နယ်များသို့ မြန်မာနိုင်ငံများအား အထောက်အထားမဲ့သွားလာခွင့်မပြုကြောင်း ကြေညာထားသလို ယနေ့ တမူးနယ်စပ်တလျောက်မှ တရားမဝင် ဝင်ရောက် လာသည့် မြန်မာနိုင်ငံသားများကိုလည်း ရိုက်နှက်မှုများ ပြုလုပ်ခြင်းနှင့် အိန္ဒိယနိုင်ငံဘက်မှ နယ်စပ်ကို တင်းကျပ်စွာ ပိတ်ထားကြောင်းလည်း သိရသည်။

အိန္ဒိယနိုင်ငံဘက်ခြမ်း၊ မိုးရေးနယ်စပ်မြို့တွင် ကုန်စည်များ ကူးသန်းရောင်းဝယ်ရေးလုပ်ပြီး နေထိုင်သည့် မြန်မာနိုင်ငံသား အများအပြားရှိသလို အာဏာသိမ်းမှုကြောင့် ဒုက္ခသည်ဘဝဖြင့် ဝင်ရောက် ခိုလှုံနေသည့် မြန်မာနိုင်ငံသားများလည်းရှိနေ သည့်အတွက် လက်ရှိဖြစ်ပေါ်နေသော တင်းမာမှုအခြေနေကြောင့် မိုးရေးမြို့ ရောက် မြန်မာနိုင်ငံသားများအနေဖြင့် ထွက် ပေါက် ပိတ်နေသလို ဖြစ်နေသည့်အတွက် စိုးရိမ်မှုများ ရှိနေကြောင်းလည်း သိရသည်။

အာဏာသိမ်းမှုကြောင့် မိုးရေး မြို့ပေါ် ခိုလှုံနေသူတဦးက “အိန္ဒိယနိုင်ငံသား၂ ဦးကို ပစ်သတ်ပြီး အလောင်းလည်း ပြန်မပေး ဘူးဆိုတော့ ဟိုဘက်နိုင်ငံသားတွေလည်း ဒေါသ တော်တော်ထွက်နေတာပေါ့။ ဘာကြောင့် ဒီလိုလုပ်တာလဲဆိုတာ ကျနော်ထင်ကတော့ စစ်ကောင်စီက အိန္ဒိယဘက်မှာ ထွက်ပြေး ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေကို ဟိုဘက်မှာ နေထိုင် လို့ မရအောင် နယ်စပ်ကို ဆူဆူပူပူ လုပ်နေတာလို့ပဲ သုံးသပ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီ၏ ပြောခွင့်ရ ပုဂ္ဂ်ိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းက အိန္ဒိယနိုင်ငံသား နှစ်ဦး၏ အလောင်းကို ဇူလိုင် ၆ ရက်မနက် ၇ နာရီ အချိန်တွင် တမူး သုသာန်၌ မီးသဂြိုဟ်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု RFA သတင်းဌာနက ဖော်ပြထားသည်။

တမူးမြို့နှင့် နယ်စပ်ချင်း ထိစပ်နေသည့် မိုးရေးမြို့ခံ၂ ဦး ပစ်သတ်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ တမူး PDF တပ်ဖွဲ့မှ ယင်း လုပ်ကြံသတ်ဖြတ်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်းနှင့် သေဆုံးသွားသူ အိန္ဒိယနိုင်ငံသား ၂ ဦးအတွက် မိသားစုဝင်များနှင့် ထပ်တူ ဝမ်းနည်းကြောင်း ဇူလိုင်လ ၆ ရက်က သဘောထား ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် တမူး-မိုးရေး နှစ်နိုင်ငံ ကူးလူးဆက်သွယ်မှုများ ပြတ်တောက်နေသလို တမူးမြို့ပေါ်တွင်လည်း စစ်ကောင် စီ လက်အောက်ခံ ရဲ၊ ပျူစောထီးအဖွဲ့နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ကြား စစ်ရေး တင်းမာနေသည့်အတွက် တမူးမြို့ရှိ ဈေးဆိုင်ခန်းများကို ပိတ်ထားရကြောင်းလည်း သိရသည်။

You may also like these stories:

အိန္ဒိယနိုင်ငံသား နှစ်ဦး သတ်ဖြတ်ခံရပြီးနောက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ရပ်ဆိုင်းသွား

နယ်စပ်ခြံစည်းရိုး အငြင်းပွားမှုကြောင့် နောင်ခမ်းဒေသကို တရုတ်က လျှပ်စစ်မီးဖြတ်

Your Thoughts …
Tags: တမူးပျူစောထီးမိုးရေအိန္ဒိယနိုင်ငံသား၂ ဦး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.3k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

by စွယ်တော်
23 May 2025
19.9k

ထိုမကျေနပ်မှုကြောင့် မိတ္ထီလာပြည်သူ့စစ်က ရုပ်သံကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ခဲ့ပြီး မေလ ၂၂ ရက်တွင် မိတ္ထီလာပြည်သူ့စစ် ၁၇ ဦး နုတ်ထွက်တော့မည့်အကြောင်းလည်း ထွက်ပေါ်လာသည်။

ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

by ဧရာဝတီ
28 July 2023
17k

ဒေသ ကာကွယ်ရေးတပ်တွေဟာ မောင်းပြန်ရိုင်ဖယ်သေနတ် ကိုင်ဆောင်လာနိုင်ကြတာနဲ့အမျှ နယ်မြေ စိုးမိုးထိန်းချုပ်ရေးအတွက် ကြိုးပမ်းလာကြရာမှာ အဟန့်အတားဖြစ်နေတဲ့ ပျူစောထီးရွာတွေကို ပိုမိုပစ်မှတ်ထား လာကြတာလည်း ဖြစ်ပါတယ်။

ဆင်တကောင်လုံး တွေ့နေသော်လည်း ဆင်ခြေရာရှာနေသည့် ကျားဖြန့်ပြဿနာ

ဆင်တကောင်လုံး တွေ့နေသော်လည်း ဆင်ခြေရာရှာနေသည့် ကျားဖြန့်ပြဿနာ

by ဝတ်ရည်ခိုင်မာ
7 February 2025
12.5k

တကယ်တမ်းတွင် လက်ရှိ မြန်မာပြည်၌ ကျားဖြန့်များ ရှိနေသည်မှာ စစ်တပ် အုပ်ချုပ်နေသည့် နေရာများဖြစ်၏။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.6k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

by ခင်မမ
13 February 2024
10.5k

သို့သော်လည်း လူငယ်များသည် စစ်မှုထမ်းဥပဒေကို အလွယ်တကူ လိုက်နာကြလိမ့်မည် မဟုတ်ပေ။ နည်းမျိုးစုံသုံး၍ ဆန့်ကျင်ကြမည်သာ ဖြစ်၏။

Next Post
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)မှ စစ်သည်များ / KNU

စခန်း မသိမ်းနိုင်လို့ စိတ်ဓာတ်ကျစရာ မလိုဘူး

ဝက်လက်နယ်အတွင်းရှိ မီးရှို့ခံရသည့် ကျေးရွာတချို့ / CJ

ဝက်လက် အရှေ့ခြမ်းကျေးရွာများ ဆက်တိုက် မီးရှို့ခံနေရ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.8k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.1k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate