• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အင်အားဖြည့်နေသည့် စစ်တပ်နှင့် SSPP စစ်ရေးတင်းမာ

by ဧရာဝတီ
27 July 2022
in သတင်း
A A
စစ်ရေးလေ့ကျင့်နေသည့် SSPP အမျိုးသမီးတပ်များ /  SSPP Info

စစ်ရေးလေ့ကျင့်နေသည့် SSPP အမျိုးသမီးတပ်များ / SSPP Info

11.7k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်ထဲတွင် စစ်အင်အားဖြည့်တင်းနေသည့် စစ်ကောင်စီလက်အောက်ခံ တပ်များနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) လက်အောက်ခံ တပ်များ ၂ ဖက် စစ်ရေးတင်းမာနေကြောင်း မိုင်းရှုး ဒေသခံများထံမှသိရသည်။

စစ်ကောင်စီလက်အောက်ခံတပ်များသည် ဇူလိုင်လ ၂၅ ရက်ကတည်းက မိုင်းရှူးမြို့နှင့် တန့်ယန်းမြို့ဘက်သို့ စစ်ထရပ်ကားများ အပါအဝင် သံချပ်ကာကားများ ပို့ဆောင်ကာ စစ်အင်အား ဖြည့်တင်းနေခြင်း ဖြစ်ကြောင်း မိုင်းရှူး ဒေသခံ အချို့က ပြောသည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
864
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
3.2k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
1.1k

မကြာသေးသည့်ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သည် မိုင်းရှုးသို့ သံချပ်ကာကား ၇ စီးပို့ဆောင်ထားပြီး မိုင်းရှူးမြောက်ဘက်ရှိ တန့်ယန်းမြို့သို့လည်း သံချပ်ကာကားအနည်းဆုံး ၃ စီးပို့ဆောင်ထားကြောင်း မိုင်းရှူးဒေသခံအချို့နှင့် တိုင်းရင်းသားအရေး စောင့်ကြည့်နေသူအချို့က ဆိုသည်။

ယင်းအပြင် မိုင်းရှုးမြို့တောင်ဘက်ရှိ မိုင်းစံ၊ ကွန်ဟိန်းနှင့် ကာလိမြို့တို့မှ လည်း စစ်ကောင်စီတပ်သားအပြည့် တင်ဆောင်ထားသည့် စစ်ထရပ်ကား ၁၆ စီးထပ်မနည်း မိုင်းရှုးမြို့သို့ ပို့ဆောင်ထားကြောင်း မိုင်းရှူးမြို့ ဒေသခံ တဦးကပြောသည်။

၎င်းက“မိုင်းရှူးမြို့ပေါ်မှာတော့ စစ်တပ်ဘက်က တပ်ရင်း ၁ ရင်းရှိတာပေါ့။ မုံးပေါ်တောထဲဘက်မှာလည်း ဗျူဟာထိုင်တဲ့ တပ် ၁ တပ်ရှိတယ်ပေါ့။ အခု ကာလိ အရှေ့အလယ်ပိုင်းတိုင်းက တပ်တွေလည်း အများကြီးပို့လာတာတွေ့နေရတယ်။ စစ်ရေးအခြေအနေကတော့ ၂ ဖက်ပြင်ဆင်နေတဲ့ သဘောမှာရှိတာပေါ့။ တဖက် SSPP ကလည်း စေ့စပ်ညှိနှိုင်းဆွေးနွေးတာ အလားအလာမကောင်းတဲ့အခါကျတော့ စစ်ရေးအရဆိုရင်လည်း စစ်ရေးနဲ့ပဲ တုံ့ပြန်မယ့်အနေအထားမှာ ရောက်နေတာပေါ့” ဟု ဆိုသည်။

စစ်ကောင်စီတပ်များသည် မိုင်းရှူးမြို့မြောက်ဘက်ရှိ SSPP ၏ တပ်စခန်း ၃ ခုအခြေစိုက်ရာ လွယ်နိုင်းဒေသသို့ ဦးတည် စစ်ဆင်မည့် အနေအထားတွေ့ရကြောင်း ပြောသည်။

စစ်ရေးလေ့ကျင့်နေသည့် SSPP အမျိုးသမီးတပ်များ (ဓာတ်ပုံ – SSPP Info)

မိုင်းရှူး ဒေသခံ က “စစ်ရေးတင်းမာနေတာက SSPP ကထိန်းချုပ်ထားတဲ့ လွိုင်နိုင်းရွာဘက်မှာ အဲဒီနေရာက သံလွင်မြစ်ကို ဖြတ်တဲ့နေရာ မဟာဗျူဟာကျတယ်ပေါ့။ အဲဒီနေရာတွေကို တပ်ဘက်က ထိုးစစ်ဆင်မယ့် အနေအထားဆိုတော့ ဟိုဘက်ကလည်း စစ်ပြင်နေတဲ့ အနေအထားတွေရှိပါတယ်” ဟု ဆိုသည်။

မိုင်းရှူးမြို့နယ်မြောက်ဘက် လွယ်နိုင်းဒေသတွင် SSPP ဘက်က တပ်စခန်း ၃ ခု အခြေချ တပ်စွဲထားပြီး အာဏာသိမ်း စစ်ကောင်စီတပ်က အဆိုပါတပ်စခန်း ၃ ခုကို ဇူလိုင်လ ၂၁ ရက် နောက်ဆုံးထားကာ ဖယ်ရှားပေးရန် SSPP ထံတောင်းဆိုခဲ့သည်။

စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်ခေါင်းဆောင်သည့် စစ်ကောင်စီကိုယ်စားလှယ်များသည် မိုင်းရှူးမြို့အနောက်တောင်ဘက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရှိရာ မိုင်းနောင်မြို့တွင် SSPP ခေါင်းဆောင်များအား ဇူလိုင်လ ၁၄ ရက်က ခေါ်ယူတွေ့ဆုံခဲ့ပြီး တပ်ဆုတ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ တောင်းဆိုချက်ကို SSPP ဘက်က လတ်တလောတပ်ဆုတ်ပေးရန် မဖြစ်နိုင်ကြောင်း (NSPNC) ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်ထံ ဇူလိုင်လ ၂၀ ရက်တွင် စာရေးသား အကြောင်းပြန်ခဲ့သည်။ ထို့သို့ SSPP ဘက်က တပ်ဆုတ်ရန် ငြင်းပယ်လိုက်သည့်နောက်တွင် စစ်ကောင်စီတပ်ဘက်က လွယ်နိုင်းဒေသကို အပေါ်အောက်ညှပ်ကာ မိုင်းရှုူးနှင့် တန့်ယန်းမြို့များတွင် အင်အား ဖြည့်တင်းလာခြင်းဖြစ်သည်။

စစ်ရေးလေ့ကျင့်နေသည့် SSPP အမျိုးသမီးတပ်များ (ဓာတ်ပုံ – SSPP Info)

SSPP နှင့် နီးစပ်သည့် အွန်လိုင်း သတင်းဌာနအချို့ကလည်း စစ်ကောင်စီတပ်သည် လားရှိုး၊ ကျိုင်းတုံနှင့် ခိုလမ် အခြေစိုက် တပ်ရင်း ၃ ရင်းကို လွယ်နိုင်းဒေသအနီးတွင် စုစည်းထားသည်ကို တွေ့ရကြောင်း ရှမ်းဘာသာဖြင့်ရေးသား ဖော်ပြကြသည်။

SSPP ဘက်ကလည်း စစ်ကောင်စီတပ်များ ကျူးကျော်ဝင်ရောက်လာပါက ခုခံတိုက်ရန် SSPP တပ်ရင်း (၃) ကို လွယ်နိုင်းဒေသတွင် အသင့်နေရာချထားကြောင်း၊ လွယ်နိုင်းဒေသတွင် တိုက်ပွဲအချိန်မရွေးဖြစ်နိုင်သဖြင့် ပြည်သူလူထုအနေနှင့် စစ်ရေးသတိရှိရန်လိုကြောင်း SSPP နှင့် နီးစပ်သည့် အွန်လိုင်း သတင်းဌာနအချို့က ဆိုသည်။

ယင်းအပြင် SSPP သတင်းနှင့်ပြန်ကြားရေးဌာန၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင်လည်း စစ်လေယာဉ်နှင့် တိုက်လေယာဉ်များ၏ ဗုံးကြဲတိုက်ခိုက်မှုအန္တရာယ်ကြုံလာပါက ရှောင်ရှားနိုင်ရေး အသိပညာပေး ရုပ်သံအား ရှမ်းဘာသာဖြင့် အများပြည်သူသိစေရန် ဇူလိုင် ၂၆ ရက်တွင် ထုတ်ပြန်ဖော်ပြထားသည်။

လွယ်နိုင်းဒေသ စစ်ရေးတင်းမာမှုအခြေအနေကို ပိုမိုသိရှိနိုင်ရန် SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန် ထံ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရပေ။ SSPP တပ်များဘက်မှ ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ် (UWSA) တပ်များပါဝင် စစ်အင်အားဖြည့် ပြင်ဆင်နေကြောင်း သတင်းများထွက် နေသော်လည်း အဆိုပါသတင်းများနှင့် ပတ်သက်၍ UWSA ဘက်က အတည်မပြုပေ။

UWSA လားရှိုးမြို့ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်း ကိုယ်တိုင်ကလည်း မိုင်းရှုးမြို့နယ်ထဲက စစ်ရေးတင်းမာမှု အခြေအနေအပါအဝင် UWSA တပ်များ၏ စစ်ရေးပြင်ဆင်မှုကို ၎င်းအနေနှင့် အတည်ပြုချက်မပေးနိုင်သေးကြောင်း ဧရာဝတီသို့ ပြောသည်။

စစ်ရေးတင်းမာလာနေသော ဒေသနှင့် SSPP ဌာနချုပ်ပြ မြေပုံ/ဧရာဝတီ

တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ တဦးကမူ SSPP နှင့် UWSA တပ်များသည် သံလွင်မြစ်အနောက်ခြမ်းရှိ ၎င်းတို့နယ်ထဲသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာပါက ပြတ်ပြတ်သားသား ခုခံတိုက်ခိုက်သွားရန် ဆုံးဖြတ်ချက်ချထားပုံရကြောင်း သုံးသပ်သည်။

၎င်းက “စစ်တပ်ဘက်က စတိုက်မယ်ဆိုရင်တော့ ပြတ်ပြတ်သားသားပြန်တိုက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကတော့ သူတို့မှာ ရှိတယ်။ အခြေအနေ ဆိုးမဆိုးဆိုတာက စစ်တပ်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်တယ်။ ဝ နဲ့ SSPP က စတိုက်မှာမဟုတ်ဘူး။ စစ်တပ်က စတိုက်တာနဲ့ သူတို့က အပြတ်တိုက်မှာပဲ။ ဖြစ်ရင်တော့ ရခိုင်မှာထက် အခြေအနေဆိုးမှာ။ ‘ဝ’ က AA (ရက္ခိုင်စစ်တပ်) ထက် ခဲယမ်းမီးကျောက် အများကြီးသုံးနိုင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

လတ်တလောတွင် မိုင်းရှုးမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်နှင့် SSPP တပ်များအကြား စစ်ရေးတင်းမာမှုအပေါ် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း မိုင်းရှုးမြို့နယ်ဒေသခံများက ပြောသည်။

ပြီးခဲ့သည် ဇူလိုင်လ ၁၈ ရက်ကလည်း မိုင်းရှူးမြို့နယ်မြောက်ဘက်ရှိ တောင်ဟျိုဝ်းရွာနေ ရှမ်းတိုင်းရင်းသားများဖြစ်သော စိုင်းသီဟနှင့် နန်းဆိုင်းလူတို့အပါအဝင် ၎င်းတို့၏ သားငယ်ဖြစ်သူ အသက် ၆ နှစ်အရွယ်ကလေးငယ်ကို ဟွေလွတ်ရွာအနီး မိုင်းရှုး တန့်ယန်း ကားလမ်းပေါ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် မိုင်းရှူးမြို့နယ်ဒေသခံ တဦးကမူ “ပြည်သူလူထုတွေက ဟိုးအရင်ကတည်းက မလုံခြုံတဲ့အနေအထားမှာ ရှိတယ်။ ပြည်သူလူထုတွေကတော့ စစ်ပွဲတွေဖြစ်လာရင် အနီးအနားမြို့ရွာ ပတ်ဝန်းကျင်ကို ရှောင်တိမ်းဖို့ သူတို့လုပ်မှာပဲ။ အဲဒီအနေအထားမှာဆိုရင် စစ်ရှောင်ဒုက္ခသည်တွေက များလာမယ့်အနေအထားမှာရှိပါတယ်” ဟု မှတ်ချက်ပေးသည်။

You may also like these stories:

ကော်သူးလေတပ် ဖွဲ့စည်းရတဲ့ အရင်းခံပြဿနာက NCA ပြဿနာ မဟုတ်ဘူး

စစ်ရေး အရေးနိမ့်နေသည့် စစ်ကောင်စီ လူထုအပေါ် ရှုံးမဲမဲနေဟု AA ပြော

ကယားပြည်နယ်၌ စစ်တပ်က မြေမြှုပ်မိုင်းထောင်၍ စစ်ရာဇဝတ်မှု ကျူးလွန်နေဟုဆို

ဥကရစ်ထ စခန်း ဘယ်လောက် အရေးပါသလဲ

Your Thoughts …
Tags: SSPPUWSAစစ်တပ်စစ်ရေးတင်းမာမိုင်းရှူးအင်အားဖြည့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
33.9k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

by ဧရာဝတီ
14 October 2023
25.6k

အိုက်ဟောက်ကို ရန်ကုန်စီးပွားရေးအသိုင်းအဝိုင်းနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက ကောင်းကောင်းမှတ်မိနေကြဦးမှာပါ။

UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား

UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား

by ဧရာဝတီ
18 October 2023
23.4k

“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ဒုတိယစစ်ဦးစီးချုပ် တဦးဖြစ်သူ ပေါက်ကျွင်းဖုန်း (ခေါ် ) အာချန်အား တရုတ်နိုင်ငံ၊ ကူမင်းမြို့ ရဲတပ်ဖွဲ့က ယခုလပထမပတ်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း “ဝ” တပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်တချို့ထံမှ သိရသည်။

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

by ကိုဦး
18 April 2024
23.1k

လက်ရှိ မြောက်ပိုင်းသုံးဖွဲ့၏ နောက်ကွယ်တွင် UWSA ကူညီနေသည်ကို သိသော်လည်း စစ်တပ် ထုတ်မပြောရဲပေ။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.3k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.2k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

Next Post
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ စနဲမြို့

စစ်တပ်ဖမ်းထားသည့် စနဲမြို့ခံတချို့ ပြန်လွတ်လာ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလက ရန်ကုန်မြို့ ရွေးကောက်ပွဲတွင် မဲပေးပြီးနောက် မှင်စွတ်ထားသော လက်ကို ပြသနေသည့် အမျိုးသမီးတဦး  / ဧရာဝတီ

မြန်မာစစ်တပ်၏ ရှည်လျားသော မဲလိမ်သမိုင်း

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate