• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ခရုဇ်ဒုံးကျည် မြန်မာကို ရောင်းရန် ရုရှားကြိုးစားနေ

by ဧရာဝတီ
3 August 2022
in သတင်း
A A
အိန္ဒိယ ရေတပ် ဖျက်သင်္ဘော INS Ranvijay မှ BrahMos ခရုဇ်ဒုံးကျည် စမ်းသပ် ပစ်လွှတ်ခြင်း  / Open source

အိန္ဒိယ ရေတပ် ဖျက်သင်္ဘော INS Ranvijay မှ BrahMos ခရုဇ်ဒုံးကျည် စမ်းသပ် ပစ်လွှတ်ခြင်း / Open source

6.5k
VIEWS
Share on FacebookShare on Twitter

ကရင်မလင် ဝါဒဖြန့် TASS ကို ကိုးကား၍ ဘယ်လ်ဂျီယန်အခြေစိုက် Navy Recognition အွန်လိုင်းသတင်းဌာနက မြန်မာသည် ရုရှား-အိန္ဒိယ ပူးပေါင်းထုတ်လုပ်သည့် BrahMos အသံထက်မြန်သော ခရုဇ်ဒုံးကျည်များကို ဝယ်ယူရန် ရည်ရွယ်ထားကြောင်း ရေးသားသည်။

မြန်မာစစ်ကောင်စီ၏ ယခုရည်ရွယ်ချက်နှင့် ပတ်သက်၍ ရုရှသတင်းရင်းမြစ်များက ပထမဆုံး ဖော်ပြခဲ့ကြအပြီး ဤကိစ္စတွင် ကရင်မလင်သည် လိုလားတောင့်တမှုများ အမှန်တကယ်ဖြစ်လာစေရန် အလျင်အမြန် လုပ်ဆောင်နေပုံရကြောင်း သတင်းကရေးသည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
1
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
554
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
198

ယခုသတင်းသည် ယနေ့ ဩဂုတ် ၃ နံနက်ပိုင်း နေပြည်တော်သို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလဗ်ရောဗ်ရောက်ရှိလာမှုနှင့် တိုက်ဆိုင်နေသည်။ ဆာဂျေလဗ်ရောဗ်သည် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ကာကွယ်ရေး၊ လုံခြုံရေးကဏ္ဍနှင့် လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးကြောင်း ထုတ်ပြန်ထားသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလဗ်ရောဗ်သည် လတ်တလော နိုင်ငံရေးအကျဉ်းသား ၄ ဦးကို မြန်မာစစ်ကောင်စီက ကြိုးပေးသတ်ဖြတ်မှုကြောင့် ဒေသတွင်း အာဆီယံအသင်းက မြန်မာအား အကြီးအကျန်ဖိအားပေးပြီး ဝိုင်းပယ်နေချိန်တွင် နေပြည်တော်ရောက်ရှိလာခြင်းလည်း ဖြစ်သည်။

BrahMos ခရုဇ်ဒုံးကျည်နှင့် အိန္ဒိယ Su-30MKY တိုက်လေယာဉ် / Open sources

ရုရှားသည် မြန်မာကို တရုတ်ပြီးလျှင် အများဆုံး လက်နက်ရောင်းချပေးသူဖြစ်သည်။ မြန်မာနိုင်ငံတွင် BrahMos သင်္ဘောဖျက်ဒုံးပျံများ တပ်ဆင် အသုံးပြုနိုင်သည့် SU-30 ခြောက်စီးကို ရောင်းချထားကာ ၂ စီးမှာ မြန်မာနိုင်ငံသို့ ရောက်ရှိပြီးဟု ယုံကြည်ရသည်။

BrahMos သည် ရုရှား-အိန္ဒိယ ဖက်စပ်ကုမ္ပဏီ BrahMos Aerospace မှ ထုတ်လုပ်သည့် အသံထက်မြန်သော ခရုဇ်ဒုံးပျံဖြစ်သည်။ ၎င်းကို ရုရှား NPO Mashinostroyenia မှ အိန္ဒိယကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (DRDO) နှင့် ပူးပေါင်း၍ ဒီဇိုင်းထုတ်ထားသည်။

ကုမ္ပဏီသည် နယူးဒေလီတွင် အခြေစိုက်သည်။ “BrahMos” ဟူသော အမည်နာမကို အိန္ဒိယရှိ ဗြဟ္မပုတ္တရမြစ်နှင့် ရုရှားနိုင်ငံရှိ မိုစကဗာမြစ်နှစ်စင်း၏ အမည်များ ပေါင်းစပ်ခြင်းဖြင့် ဖွဲ့စည်းထားသည်။

ဒုံးကျည်၏ ပထမဆုံး စမ်းသပ်ပစ်လွှတ်မှုကို ၂၀၀၁ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး ယနေ့တွင် ၎င်း၏ ဗားရှင်းအမျိုးမျိုးကို အိန္ဒိယလေတပ်၊ ရေတပ်နှင့် တပ်မတော်အတွက် ထုတ်လုပ်နေသည်။ ရေတပ်အတွက် ဗားရှင်းမှာ BrahMos သည် လေယာဉ်ကိုယ်ထည်အရှည် ၈ မီတာရှိပြီး ဒေါင်လိုက်လောင်ချာမှသာ ပစ်လွှတ်နိုင်သည်။

မြန်မာ့ရေတပ်၏ အနော်ရထာ စစ်သင်္ဘော အနော်ရထာ C-802 သင်္ဘောဖျက် ခရုဇ်ဒုံးကျည် ပစ်လွှတ်စဉ်

မြန်မာ့ရေတပ်တွင် ဖရီးဂိတ်စစ်သင်္ဘော ၅ စီး၊ ဒုံးကျည်တင် တိုက်သင်္ဘော ၃ စင်းနှင့် ဒုံးကျည်တင် တိုက်ရေယာဉ် ၅ စင်းရှိပြီး ၎င်းတို့အနက် အဓိကလက်နက်များမှာ ခရုဇ်ဒုံးပျံများ တရုတ်လုပ် C-801၊ C-802၊ C-802A၊ HY-2 နှင့် ရုရှားလုပ် Kh-35U အမျိုးအစား ငါးမျိုးရှိပြီးဖြစ်သည်။

စိတ်ဝင်စားစရာမှာ မြန်မာနိုင်ငံသည် အိန္ဒိယအစိုးရထံမှ ချေးငွေဖြင့် သင်္ဘောဖျက်ဒုံးပျံများ ဝယ်ယူရန် ငွေကြေးယူရန် စီစဉ်နေကြောင်း ယူကရိန်းအခြေစိုက် စစ်ဘက်နှင့် ကာကွယ်ရေး သတင်းနှင့် အကြံပေးလုပ်ငန်း Defence Express က ရေးသားထားသော်လည်း အသေးစိတ်မပါဝင်ပါ။

ကိုးကား။ ။ Defence Express, Navy Recognition

SU-30 ဂျက်တိုက်လေယာဉ် နှစ်စီး စစ်ကောင်စီထံ ရုရှား ပေးပို့ထား

မြန်မာကို ပိုမိုပြင်းထန်စွာ အရေးယူရန် ASEAN နိုင်ငံခြားရေးဝန်ကြီးများ တွန်းအားပေးမည်

ဂျပန်က စစ်ကောင်စီကို ထောက်ခံနေခြင်းသည် မှားယွင်းနေ

မြန်မာရှိ တရုတ်၏ အဓိက အခြေခံအဆောက်အအုံ စီမံကိန်း ၃ ခု

စစ်ခေါင်းဆောင် ရုရှားခရီးစဉ်မှာ ဗိုလ်ချုပ်ကတော်တွေလည်း ပါ

Your Thoughts …
Tags: BrahMosDefence ExpressNavy Recognitionခရုဇ်ဒုံးမြန်မာရုရှားသင်္ဘောဖျက်ဒုံးပျံများ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

by ဧရာဝတီ
22 September 2023
16.4k

ယာယီသမ္မတအနေဖြင့် စက်တင်ဘာ ၂၀ ရက်နေ့ကကျင်းပခဲ့သည့် ပြည်ထောင်စုနှင့် ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (FSCC) အစည်းအဝေးတွင် ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

by Anthony Davis
11 November 2024
15.8k

၂၀၂၅ ခုနှစ် တော်လှန်ရေးအင်အားစု၏ အဓိကအကျပ်အတည်းမှာ လူအင်အားပေါ်ထက် ကွပ်ကဲ-ထိန်းချုပ်မှုအပေါ် မူတည်သည်။

မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်

မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်

by ဧရာဝတီ
3 November 2023
15.6k

ရှမ်းပြည်နယ်မြောက်ပိုင်းကို မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း “၁၀၂၇ စစ်ဆင်ရေး” ဆောင်ရွက်နေသည့် ညီနောင်မဟာမိတ်တပ်များက ဧရာဝတီသို့ ပြောသည်။

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.2k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

by ဧရာဝတီ
26 September 2023
14.1k

စစ်ကောင်စီဝန်ကြီးများ တရုတ်သို့ ခပ်စိပ်စိပ် သွားရောက်ခြင်းသည် ရပ်ဝန်းနှင့်လမ်းအစီအစဉ် ၁၀ နှစ်မြောက် အခမ်းအနား လာမည့်လတွင် ကျင်းပမည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော  စစ်ကောင်စီ

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ

by လျှပ်စီး
18 October 2023
13.9k

စစ်ကောင်စီက နျူကလီးယားစွမ်းအင်အတွက် ရုရှားနဲ့ MOU သဘောတူစာချုပ် လက်မှတ်ထိုးခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းများသည် ဘာမှနားမလည်တဲ့ စစ်တပ်ထောက်ခံသူတွေအကြား မစားရဝခမန်း လေလည်ပြခြင်းထက် မပိုပါ

Next Post
ဇူလိုင်လ ၃၁ ရက်က ရွာသည့် မိုးကြောင့် တွေ့ရသည့် ပြင်ဦးလွင်မြို့ အခြေအနေ / CJ

ရေဘေးသင့် တောင်ပေါ်မြို့ ပြင်ဦးလွင်

၅/ နှင့် ၈/ သာမက ၂/ (ကယား) နှင့် ၉/ မန္တလေး၊ နေပြည်တော် မှတ်ပုံတင် ကိုင်ဆောင်ထားသူများလည်း နှိပ်ကွပ်ခံနေရကြောင်း သတင်းထွက်ပေးနေလျှက်ရှိသည်။   / ဧရာဝတီ

စစ်ကိုင်း၊ မကွေးမှတ်ပုံတင် ကိုင်ဆောင်သူများကို အလုပ်ထုတ်၊ အလုပ်မခန့်ခြင်းတို့ ပြုလုပ်နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate