သတင်း

ကုန်စျေးနှုန်းများ ထိုးတက်၊ အခြေခံပြည်သူများဘဝ ပိုမိုကျပ်တည်းလာ

စစ်တပ်က အာဏာသိမ်းခဲ့သည့် ၁ နှစ်ခွဲကျော် ကြာလာချိန်တွင် မြန်မာပြည်သူများသည် ကုန်ဈေးနှုန်းမြင့်တက်မှု၊ စက်သုံး ဆီ၊ ဆေးဝါး ပြတ်လပ်မှု၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှု စသည့် လူမှုစီးပွားဘဝ အကျပ်အတည်းများနှင့် ရင်ဆိုင်နေ ကြရသည်။

လက်ရှိတွင် အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ ယခင်နှစ်များထက် အနည်းဆုံး ၄ ဆခန့်ထိ မြင့်တက်လျက် ရှိသော် လည်း လုပ်ခလစာများမှာ မြင့်တက်လာခြင်းမရှိသဖြင့် အခြေခံလူတန်းစားအများစုမှာ ဝင်ငွေထွက်ငွေ မျှတမှုမရှိဘဲ ပိုမို ကျပ်တည်းလာနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက်ကြောင့် နိုင်ငံအတွင်းရှိ အခြေခံ လူတန်းစား ဆင်းရဲနွမ်းပါးသူများသည် ယခုအခါ ပိုမိုဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိနေပြီး မညီမျှမှုများ ဆိုးရွားလာ မည် ဖြစ်ကြောင်းလည်း ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ထုတ်ပြန်ခဲ့သော မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာမှု ကမ္ဘာ့ ဘဏ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် စစ်တပ်၏ အာဏာသိမ်းမှုကြောင့် ဆယ်စုနှစ်တခုစာ ကြိုးပမ်းခဲ့သော နိုင်ငံတွင်းဆင်းရဲမှုလျှော့ချရေး အားထုတ်ချက် များ ပျက်စီးသွားပြီဖြစ်ပြီး ၂၀၂၂ တွင် မြန်မာ့လူဦးရေ၏ ၄၀ ရာခိုင်နူန်း (၂၂ သန်း) သည် ဆင်းရဲမှုမျဉ်းအောက် ရောက်ရှိ သွားပြီ ဖြစ်ကြောင်း၊ နိုင်ငံတွင်း အိမ်ထောင်စုအားလုံး၏ ထက်ဝက်ခန့်မှာ အစားအစာမဟုတ်သော ပစ္စည်းများသုံးစွဲမှုကို လျှော့ချဖြတ်တောက်ရပြီး ဝင်ငွေရရှိနိုင်မှု သိသာစွာနည်းပါးလာခြင်းကြောင့် အစားအစာများကိုပင် လျှော့ချစားသုံးနေရ ကြောင်း ဆိုထားသည်။

ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ပန်းရံလုပ်သားတဦးက “ကုန်ဈေးနှုန်းကတော့ အတက်ပဲ ရှိတယ်။ တနေ့တဈေးကို ဖြစ်နေ တာ။ အရင်က ဆန် ၁ ပြည် ၁၇၀၀ ဆိုတဲ့ မဂျမ်းတောဆန်က ဒီနေ့ ၂၈၀၀ တဲ့။ ကုန်ဈေးနှုန်းတွေကသာ တက်နေသာ လုပ် အားခတွေက တိုးမလာတော့ ပိုဆိုးတာပေါ့။ အခုက အိမ်ရှိလူကုန် အလုပ်လုပ်မှ ပုံမှန်ထမင်းစားလို့ရမယ့် အခြေအနေ ဖြစ် နေပြီ။ ခက်တာက အလုပ်ကလည်း နေ့တိုင်းမရှိဘူး” ဟု ပြောသည်။

မီးဖိုချောင်သုံး ပစ္စည်းများမှာလည်း ဈေးတက်နေပြီး လူသုံးကုန်ပစ္စည်းများမှာလည်း ၂ ဆမှ ၃ ဆခန့်ထိ မြင့်တက်နေ ကြောင်း၊ ယခင် ခြင်ဆေးခွေ ၁ ဘူးလျှင် ၄၅၀/၅၀၀ ကျပ်မှ ယခုအခါ ၈၅၀/၉၀၀ ကျပ် ဖြစ်နေပြီ ဖြစ်ကြောင်း၊ ထို့အတွက် မဖြစ်မနေ ဝယ်ရမည့်ပစ္စည်းများကိုသာ ဦးစားပေး ဝယ်နေရကြောင်း အိမ်ရှင်မတဦးဖြစ်သူ မဥမ္မာမျိုးကလည်း ဆိုသည်။

စားအုန်းဆီကို တန်းစီဝယ်နေကြသူများ (ဓာတ်ပုံ – ဧရာဝတီ)

အောင်မြေသာစံမြို့နယ်နေ ကုန်စုံဆိုင်ပိုင်ရှင် ဦးကျော်နိုင်က “ဒီနေ့ ရောင်းတဲ့ဈေးက မနက်ဖြန်ဆိုရင် ဝယ်ဈေး ဖြစ်သွားပြီ။ တခါတလေ ကိုယ့်အိတ်ထဲကတောင် အရင်းစိုက်ရသေးတယ်။ ကုန်ပစ္စည်းတွေက ဈေးတက်လာတာမျိုး မဟုတ်ဘဲ သယ် ယူပို့ဆောင်ရေးမှာ ဆီဈေးနဲ့ အခြားမလိုအပ်တာတွေကြောင့် ပိုတက်လာတာ။ ဈေးတက်တာတော့ အကုန်တက်နေတာ။ အဲဒါကြောင့် ဈေးတွေ တက်မရောင်းချင်လည်း ရောင်းနေရတာ။ ကိုယ်တယောက်ထဲ ဖြစ်နေတာ မဟုတ်တော့လည်း ဘာ ပြောရမှန်းကို မသိတော့ဘူး၊ ဝယ်တဲ့သူတွေက မဖြစ်မနေ ဝယ်ရမယ့်ဟာတွေကိုပဲ ဝယ်နေကြတာဆိုတော့ လက်ရှိမှာတော့ အရင်ကလောက်တော့ မရောင်းရဘူး” ဟု ရှင်းပြသည်။

ယခုအခါ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူများမှစပြီး ခရမ်းချဉ်သီး၊ အာ လူး၊ ဟင်းသီးဟင်းရွက် စသည်တို့အပြင် အသား၊ ငါးများသာမက ဆပ်ပြာမှုန့်၊ ကိုယ်တိုက်ဆပ်ပြာ၊ သွားတိုက်ဆေး၊ ကော် ဖီမစ် စသည့် လူသုံးကုန်ပစ္စည်းများမှာလည်း ဈေးမြင့်တက်နေကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်အတွင်း နေထိုင်သူတဦးကလည်း “ကျမတ်ို့က လုပ်အားခကို တပတ်မှတခါ ရှင်းတာဆိုတော့ အရင် ကဆိုရင် တပတ်စာအတွက် ဟင်းစားကအစ ဝယ်ခဲ့တာ။ ဆန်ဆိုရင် အိတ်လိုက်ဝယ်နိုင်ခဲ့တယ်။ ဆီဆိုရင်လည်း အနည်း ဆုံး ၅ ပိဿာလောက်ထိ ဝယ်တာပေါ့။ အဲဒီလို ဝယ်ထား တာလေးတွေကနေ ပိုလာတာတွေကိုစု၊ ပုံမှန်အတိုင်း တပတ်စာ ဝယ်။ အဲဒီလို လည်ပတ်ခဲ့တာ။ အခုတော့ တပတ်စာ လုပ် အားခရတဲ့ ပိုက်ဆံက တပတ်စာအတွက် လုံလောက်အောင်ကို မနည်းချွေတာသုံးနေရတာ။ အပိုဆိုတာ မရှိတဲ့အပြင် အကြွေးပါတင်နေတယ်” ဟု ပြောဆိုသည်။

စစ်တပ် အာဏာမသိမ်းမီက ၁ အိတ်လျှင် ကျပ် ၄ သောင်းမှ ၄ သောင်းခွဲဝန်းကျင်သာ ရှိခဲ့သော မနောသုခ၊ ဧည့်မထ ဆန် များသည် ယခုအခါ ၁ အိတ်လျှင် ကျပ် ၇ သောင်းခန့် ရှိကြောင်း၊ ထို့အတူ ၁ ပိဿာလျှင် ကျပ် ၂၅၀၀ မှ ၃၀၀၀ ဝန်းကျင် သာ ရှိခဲ့သော စားအုန်းဆီဈေးနှုန်းမှာလည်း ယခုအခါ ၁ ပိဿာလျှင် ကျပ် ၈၅၀၀ မှ ၁ သောင်းခန့်ထိ ရှိကြောင်း ဈေးကွက် အတွင်းမှ သိရသည်။

စားအုန်းဆီကို တန်းစီဝယ်နေကြသူများ (ဓာတ်ပုံ – ဧရာဝတီ)

နယ်မြေမတည်ငြိမ်မှုကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရာတွင် အချိန်ကြန့်ကြာမှုများရှိပြီး ဈေးကွက်ထဲ ကုန်စည်ဝင် နောက်ကျကာ ပစ္စည်းပြတ်ခြင်းများကလည်း ဈေးနှုန်းအပေါ် သက်ရောက်မှု ရှိကြောင်း၊ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ စက် သုံးဆီဈေးများ တက်ခြင်းကလည်း ပြည်ပမှတင်သွင်းသည့် လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးသွင်းအား စုများ၊ ကုန်ထုတ်လုပ်ရေးအတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို ဈေးနှုန်းကြီးမြင့်စေကြောင်း မန္တလေးမြို့ခံ စီးပွား ရေးလုပ်ငန်းရှင်တဦးက သုံးသပ်ပြောဆိုသည်။

ဆက်လက်၍ ၎င်းက “သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်ကိုလည်း မြင့်တက်စေတယ်။ ထုတ်လုပ်မှု စရိတ်တွေတက်တော့ ထုတ်ကုန်ဈေးနှုန်းလည်း တက်မှာပဲ။ လက်ရှိ ကမ္ဘာ့နိုင်ငံရေး အနေအထားအရလည်း ပိုဆိုးရွားလာနိုင်ခြေ ရှိတယ်” ဟု ပြောသည်။

စစ်ကောင်စီ၏ စီးပွားရေးစီမံခန့်ခွဲမှု အလွဲများကြောင့် နိုင်ငံ့စီးပွားရေးချွတ်ခြုံကျနေပြီး ကုန်ဈေးနှုန်းများလည်း အဆမတန် မြင့်တက်လျက်ရှိသလို ဘဏ်လုပ်ငန်းနှင့် ငွေကြေးစီးဆင်းမှု၊ ကျပ်ငွေတန်ဖိုးကျဆင်းလာမှု၊ နိုင်ငံရေးမတည်ငြိမ်မှု၊ ကမ္ဘာ့ လောင်စာဆီဈေး မြင့်တက်မှု၊ စီးပွားရေးလုပ်ငန်းများအတွက် လျှပ်စစ်မီး ပုံမှန်မရရှိမှု စသည့်အချက်များက ပြည်သူလူထု ကို ကျပ်တည်းမှုများ ပိုမိုဖြစ်လာစေသည်ဟု စီးပွားရေးလေ့လာသူများက ဆိုသည်။

မြန်မာနိုင်ငံသည် စားသုံးဆီ၊ စက်သုံးဆီ အပါအဝင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်းများ စသည်တို့ကို ပြည်ပနိုင်ငံအသီးသီးမှ တင်သွင်းနေရသည့်၊ သွင်းကုန်ကို အဓိက အားထားနေရသည့် အခြေ အနေ ဖြစ်သည်။

Loading