• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အရာတော်တွင် ကျောင်းထိုင်ဘုန်းကြီး အပါအဝင် ၂၂ ဦး ဖမ်းခံရ

by ဧရာဝတီ
19 August 2022
in သတင်း
A A
ယနေ့ အရာတော်မြောက်နယ်၊ ရဲချင်းကျေးရွာမှ မြောက်ဘက် ငြိမ်းစံရွာသို့ ရောက်ရှိလာသော အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းသည် ငြိမ်းစံရွာထဲက နေအိမ် ၂၈ လုံးနှင့် ရဲချင်း-ငြိမ်းစံကြားမှ နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးသွား ခဲ့  / အရာတော် ပကဖ

ယနေ့ အရာတော်မြောက်နယ်၊ ရဲချင်းကျေးရွာမှ မြောက်ဘက် ငြိမ်းစံရွာသို့ ရောက်ရှိလာသော အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းသည် ငြိမ်းစံရွာထဲက နေအိမ် ၂၈ လုံးနှင့် ရဲချင်း-ငြိမ်းစံကြားမှ နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးသွား ခဲ့ / အရာတော် ပကဖ

9.2k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာရှိ ပုဗ္ဗာရုံကျောင်းတိုက် ကျောင်းထိုင်ဆရာတော် အပါအဝင် ဒေသခံ ၂၂ ဦးကို စစ်ကောင်စီတပ်နှင့် ပျူစောထီအဖွဲ့များက ယခုသြဂုတ်လအတွင်း ဖမ်းဆီးသွားကြောင်း သိရသည်။

ငွေတွင်းကျေးရွာသည် အိမ်ခြေ ၉၀၀ ကျော်ရှိသော ကျေးရွာကြီးတရွာဖြစ်ပြီး ဒေသခံများ အနေဖြင့် ကွမ်းစိုက်ပျိုးခြင်း၊ တောင်ယာလုပ်ငန်းများ လုပ်ကိုင်ခြင်းတို့ဖြင့် အသက်မွေးဝမ်းကြောင်း ပြုကြကြောင်း သိရသည်။

RelatedPosts

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

20 May 2025
1
ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
259
စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

20 May 2025
68

ဒေသခံတဦးက “ရွာက အရှေ့ကျောင်းဘုန်းကြီးကို လူဝတ်လဲပြီးတော့ အတင်းအဓမ္မ ရိုက်နှက်ဖမ်းဆီး ခေါ်သွားကြတာ။ အခု စစ်ဝတ်စုံဝတ်ပေးပြီးတော့ ရိုက်နှက် နှိပ်စက်နေကြတယ်လို့ သိရတယ်။ ဝင်ဖမ်းတဲ့နေ့က ဆရာတော်စီးတဲ့ကား၊ ရွာ အရှေ့ဘက် ထိုင်တော်မူဘုရားဌာပနာသော့၊ ဆရာတော်ရဲ့ မီးခံသေတ္တာသော့တွေကိုပါယူပြီး ပိုက်ဆံတွေနဲ့ ဘုရားဌာပနာ တွေ ဖောက်ယူသွားကြတယ်။ ဘုန်းကြီးနဲ့အတူ အမျိုးသမီး ၇ ယောက်ကိုလည်း ဖမ်းသွားကြတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၁၆ ရက်တွင် ငွေတွင်းကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့က ကျေးရွာ အရှေ့ပိုင်းရှိ ပုဗ္ဗာရုံကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးဓမ္မိဿာရကို အတင်းအကျပ် လူဝတ်လဲကာ ရိုက်နှက်ဖမ်းဆီး သွားသည့်အပြင် ဒေသခံ ဒေါ်ဝင်းအေး (၅၀ နှစ်)၊ ဒေါ်ကြည်မြင့် (၄၀ နှစ်) နှင့် အသက် ၂၀/၃၀ ကျော်အရွယ်များ ဖြစ်သည့် မဝင်းခိုင်၊ မသန်းသန်းနွယ်၊ မကြည်ခိုင်၊ မကြည်ဝင်း တို့ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့အတူ သြဂုတ် ၁၈ ရက်ကလည်း အိပ်ရာထဲလဲနေသည့် အသက် ၇၀ အရွယ် ဒေါ်ကြည်မ၊ မောင်ငြိမ်းမင်းထွဋ် (၁၃ နှစ်)၊ မောင်စောလင်းဦး (၁၄ နှစ်)၊ မောင်ဝေဖြိုး (၁၇ နှစ်) အပါအဝင် အသက် ၃၀/၄၀ ကျော်အရွယ်များ ဖြစ်သည့် ကိုညိုပြာ၊ ကိုနိုင်ဝင်း၊ မခင်သန်းထွေး၊ မကြည်ငွေ၊ မမိနွယ်တို့ ၉ ဦးကို ထပ်မံဖမ်းဆီးသွားကြောင်း သိရသည်။

ဒေသခံတဦးက “လက်ရှိမှာက သူတို့နဲ့ မသင့်မြတ်တဲ့သူတွေနဲ့ သူတို့စိတ်ထဲ မထင်တဲ့သူမှန်သမျှကို ရိုက်နှက် ဖမ်းဆီးတာ တွေ လုပ်နေကြတာပဲ။ အဲဒီလိုလုပ်နေတာ အဓိက ငွေညှစ်ဖို့အတွက်ပဲ။ အခု ရွာက ကြောက်ကြောက်လန့်လန့်နဲ့ပဲ နေနေ ကြရတယ်။ အခု ဖမ်းခံနေရတဲ့သူတွေက ၂၀၂၀ ရွေးကောက်ပွဲ NLD အောင်ပွဲလုပ်တုန်းက ပါတဲ့သူတွေ အများစုပေါ့။ အကြောင်းပြချက် မရှိဘဲကို ဖမ်းနေကြတာ” ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ်ပထမပတ်အတွင်းကလည်း ယင်းကျေးရွာနေ ဦးကျော်ဆွေဝင်း (၄၅ နှစ်)၊ ဦးပူးတု (၄၈ နှစ်)၊ ကျောင်း ဆရာဟောင်း ဦးမြင့်သန်း (၆၀ နှစ်) နှင့် ၁၃ နှစ်အရွယ် ကလေး ၂ ဦးကိုလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ သေးကြောင်း ဒေသသတင်းရင်းမြစ်များက ဆိုသည်။

ငွေတွင်းကျေးရွာ၏ လက်ရှိ အခြေအနေများနှင့် ပတ်သက်၍ ဒေသခံတဦးက “ကျနော်တို့ရွာကနေ တနေ့ကို အနည်းဆုံး ၇ ယောက်လောက်ထိ ဖမ်းပြီး ရိုက်နှက်တာတွေ အလုပ်ခံနေရတာပဲ။ ပြီးရင် ၃ ယောက် သိန်း ၁၀၀ ပေးရင် ပြန်လွှတ်ပေး မယ်ဆိုပြီး ပြန်ရွေးခိုင်းနေတာ။ ရွာက ပျူစောထီးအဖွဲ့နဲ့ အရာတော်တပ်က ဗိုလ်ကြီးသန်းထွန်းတို့ အဖွဲ့က လုပ်နေကြတာ” ဟု ရှင်းပြသည်။

ယနေ့ အရာတော်မြောက်နယ်၊ ရဲချင်းကျေးရွာမှ မြောက်ဘက် ငြိမ်းစံရွာသို့ ရောက်ရှိလာသော အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းသည် ငြိမ်းစံရွာထဲက နေအိမ် ၂၈ လုံးနှင့် ရဲချင်း-ငြိမ်းစံကြားမှ နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးသွား ခဲ့ / အရာတော် ပကဖ

ငွေတွင်းကျေးရွာအတွင်း အရာတော်မြို့နယ်ရှိ အမှတ် (၁၀) စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ – ၁၀) မှ ဗိုလ်ကြီး သန်း ထွန်း ဦးဆောင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရွာခံပျူစောထီးခေါင်းဆောင် ကျော်ဆွေ ဦးဆောင်သည့် ပျူစောထီး ၄၀ ခန့်သည် ၂၀၂၁ နိုဝင်ဘာကတည်းက စတင်ဝင်ရောက်ပြီး တပ်စွဲခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းအဖွဲ့က ဒေသခံများအား ဖမ်းဆီး ပြီး စခတ – ၁၀ ရှိ ယာယီစစ်ကြောရေးစခန်းကို ပို့ဆောင်ထားကြောင်း သိရသည်။

လက်ရှိတွင် ငွေတွင်းကျေးရွာ ပုဗ္ဗာရုံကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးဓမ္မိဿာရ အပါအဝင် ဒေသခံအရပ်သား ၂၂ ဦးထိ ဖမ်းဆီးခံထားရပြီး မိသားစုဝင်များကို ဆက်သွယ်၍ တဦးလျှင် ငွေကျပ် ၂၅ သိန်းဖြင့် လာရောက်ရွေးယူရန် ငွေညှစ်နေကြောင်း ဒေသခံများက ဆိုသည်။

Danger Force LPDF (အရာတော်) တပ်ဖွဲ့ဝင်တဦးက “ဖမ်းဆီးခံရတဲ့သူတွေက ဘာကြောင့် အဖမ်းခံရတာလဲဆိုတာ မသိ ကြရဘူး။ အကြောင်းမဲ့ ဖမ်းဆီးခံနေကြရတာ။ မကြာခဏဆိုသလို ရွာထဲက အမျိုးသားတွေကိုဖမ်းပြီး ငွေညှစ်နေကြတာ။ ပြီးရင် အနည်းဆုံး ၆ သိန်းကနေ ၂၅ သိန်းလောက်ထိ တောင်းပြီး ပြန်လွှတ်ပေးတာ။ အဖမ်းခံရတာ အားလုံးပေါင်းဆိုရင် ၅၀ ကျော်ပြီ။ အခုလည်း ဖမ်းထားတဲ့ ဆရာတော် အပါအဝင် ၂၂ ဦး ပြန်မလွတ်သေးဘူး” ဟု ပြောသည်။

ငွေတွင်းကျေးရွာတွင် စစ်ကောင်စီက လက်နက် တပ်ဆင်ပေးထားသည့် ရွာခံပျူစောထီးအဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့်ပေါင်း၍ ရွာခံများအား ဖမ်းဆီးနှိပ်စက်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လျက်ရှိသလို ဖမ်းဆီးခံရသည့် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းများ လုပ်ဆောင်လျက် ရှိကြောင်းလည်း သိရသည်။

ယနေ့ အရာတော်မြောက်နယ်၊ ရဲချင်းကျေးရွာမှ မြောက်ဘက် ငြိမ်းစံရွာသို့ ရောက်ရှိလာသော အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းသည် ငြိမ်းစံရွာထဲက နေအိမ် ၂၈ လုံးနှင့် ရဲချင်း-ငြိမ်းစံကြားမှ နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးသွား ခဲ့ / အရာတော် ပကဖ

“ကျနော်တို့ သိရသလောက် စခတ ၁၀ ပေါ့၊ အရပ်အခေါ်ကတော့ အရှေ့တပ်၊ ယာယီစစ်ကြောရေးမှာ ဖမ်းဆီးထားတဲ့ အမျိုးသမီးတွေကို စစ်ကောင်စီတပ်သားတွေက လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားနေတာတွေ ရှိတယ်လို့ တပ်တွင်းဖရဲသီး တွေကနေ သတင်းပေးပို့လို့ သိရတာ ရှိတယ်။ အခုနောက်ဆုံး ဖမ်းခံရတဲ့အထဲက အိမ်ထောင်ရှိ ကလေးအမေ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတဦးနဲ့ ၃၆ နှစ်အရွယ် အမျိုးသမီးလည်း မုဒိမ်းကျင့်ခံထားရတယ်လို့ သိရတယ်” ဟု Danger Force LPDF (အရာတော်) တပ်ဖွဲ့ဝင်တဦးက ပြောသည်။

မကြာသေးခင် ကာလကလည်း ကျေးရွာအတွင်းက အိမ်ထောင်ရှိ အမျိုးသမီးတဦးအား စစ်ကောင်စီတပ်သားများက ဖမ်း ဆီးခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ကာ ခြိမ်းခြောက် ပြန်လွှတ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ အမျိုးသမီးမှာ သတ်သေရန် ကြံ စည်သည်အထိ စိတ်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတဦးက ပြောဆိုသည်။

၎င်းက “သူတို့ အခုလောက်ထိ ရွာကို ဒုက္ခပေးနေတော့ နယ်ခံအဖွဲ့တွေနဲ့ မဟာမိတ်အဖွဲ့တွေပေါင်းပြီး အပြုတ်တိုက်စေချင် တယ်။ လက်ရှိမှာက ကိုယ့်ရွာကိုယ့်အိမ်မှာကို ခေါင်းပြားအောင် မအိပ်ရဲတဲ့အဖြစ်။ ဘယ်အချိန် ဘယ်သူ့ကို လာဖမ်းမလဲလို့ စိုးရိမ်စိတ်တွေနဲ့ နေနေရတာ အတော်ကြာပြီ” ဟု ဆိုသည်။

လက်ရှိတွင် ကျေးရွာအတွင်း မနေရဲကြသဖြင့် တိမ်းရှောင်နေကြရသူ ၂၀၀ ကျော် ရှိကြောင်း၊ ငွေတွင်းကျေးရွာရှိ ပျူစော ထီးစခန်းအား ဒေသကာကွယ်ရေးအဖွဲ့များက ၃ ကြိမ် ဝင်ရောက် တိုက်ခိုက်ခဲ့သော်လည်း လက်နက်အင်အား မမျှသဖြင့် ထင်သလောက် ခရီးမပေါက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုများအတွင်း ပျူစောထီး ၇ ဦး သေဆုံးသည့်အတွက် အငြိုးဖြင့် ဒေသခံ များအား အကြမ်းဖက်နေခြင်း ဖြစ်နိုင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

ငွေတွင်းကျေးရွာရှိ ပျူစောထီးအဖွဲ့သည် စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာသို့ လိုက်ပါနေရပြီး သြဂုတ် ၁၆ ရက်က အရာ တော်မြောက်ပိုင်းမှ နေရာခင်းကျေးရွာသို့ ဝင်ရောက်စီးနင်းခဲ့ရာ နေအိမ် ၂ လုံးနှင့် စပါးကျီ ၁ လုံး၊ ဆိုင်ကယ် ၇ စီး တို့ကို မီးရှို့ဖျက်ဆီးခဲ့သလို နေအိမ်များကိုလည်း မွှေနှောက်ပြီး တန်ဖိုးကြီးပစ္စည်းများအား ရှာဖွေယူဆောင်သွားကြောင်း ဒေသ တွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

Your Thoughts …
Tags: ကျောင်းထိုင်ဆရာတော်စစ်ကိုင်းစစ်ကောင်စီပျူစောထီးအရာတော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၁၆ ခုနှစ်က မောင်တောမြို့နယ် နယ်ခြားတွင် ကင်းလှည့်နေသည့် မြန်မာစစ်တပ်မှ တပ်ဖွဲ့များ  / ဧရာဝတီ

မောင်တောဒေသခံ ၄ ဦးအတွက် မိသားစုဝင်များ စိုးရိမ်နေ

ဟောင်ကောင် လက်ထောက်လုံခြုံရေးဝန်ကြီး မိုက်ကယ်ချော့၏ သတင်းစာရှင်းလင်းပွဲ

ဟောင်ကောင်သား ၈ ဦး မြန်မာတွင် ပျောက်ဆုံးနေ

No Result
View All Result

Recommended

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate