စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနောက်ခြမ်းရှိ ဆိပ်ဖူး၊ ရှမ်းကုန်း၊ သိုက်ပင်ဆိပ်၊ တည်ပင်ဆိပ်၊ ကုန်း စည်း ကျေးရွာများကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့ရာ ဒေသခံ ၁ ဦး သေဆုံးကာ ၂ ဦး ကျည်ထိမှန်ဒဏ်ရာ ရခဲ့သလို ဒေသခံများလည်း ပ်ိတ်မိနေကြောင်း သိရသည်။
သြဂုတ် ၂၅ ရက် ညနေပိုင်းက သဖန်းဆိပ်ဆည် အနောက်ခြမ်းသို့ တိုက်ပွဲမဖြစ်ဘဲ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီးဖြင့် ပစ်ခတ်သလို Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၂ စီးကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များချထားကာ တည်ပင်ဆိပ်ရွာသို့ ဝင်ရောက်စီးနင်းကြောင်း ဒေသသတင်းရင်း မြစ်များက ဆိုသည်။
ကျွန်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တဦးက “မနေ့က တည်ပင်ဆိပ်ဘက်ကို ရဟတ်ယာဉ်နဲ့ ပစ်ဝင်စီးပြီး ထွက် ပြေးတဲ့သူတွေကို လိုက်ပစ်လို့ ပြည်သူ ၁ ယောက် ထိမှန်သေဆုံးခဲ့တယ်။ ပြီးတော့ ရွာထဲကိုဝင်ပြီး တပ်စွဲထားကြတော့ အသေးစိတ် အခြေအနေ မသိရသေးဘူး။ လောလောဆယ် ဒေသခံတွေ တောထဲမှာ ရှောင်နေကြရတယ်။ တည်ပင်ဆိပ် က ပိတ်မ်ိကျန်ရစ်ခဲ့တဲ့ ရွာသားတွေကိုလည် ဖမ်းထားကြတယ်လို့ သိရတယ်။ ဘယ်လောက်ထိ ပိတ်မိနေတယ်ဆိုတာ မသိ ရသေးပေမယ့် ခန့်မှန်းခြေ ၃၀၀ လောက်ထိ ရှိနိုင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ တည်ပင်ဆိပ်ရွာ ဘုန်းကြီးကျောင်း၌ စစ်ရှောင် ၃၀၀ နီးပါး ပိတ်မိနေပြီး စိုးရိမ်ရသည့် အနေအထားဖြစ် ကြောင်းလည်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် လေကြောင်းပစ်ခတ်မှုနှင့်အတူ မြေပြင်ကပါ တချိန်တည်း ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်ပြီး ထွက်ပြေးကြသော ဒေသခံပြည်သူများကိုလည်း လိုက်လံပစ်ခတ်သောကြောင့် တည်ပင်ဆိပ်ကျေးရွာမှ ဒေသခံ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒေသခံတဦးက “မနေ့က ကျနော်တို့ဘက်မှာ ဘာတိုက်ပွဲမှ ဖြစ်တာမရှိဘူး။ သူတို့က ရဟတ်ယာဉ် ၃ စီးနဲ့ လာကြတာ။ ၁ စီးက ရွာကိုပတ်ပြီး ပစ်တယ်။ ကျန်တဲ့ ၂ စီးက စစ်သားတွေ ချခဲ့ကြတာ။ ရဟတ်ယာဉ်နဲ့ရော မြေပြင်ကပါ တပြိုင်တည်း ပစ် တာဆိုတော့ ပြေးကြရတာပေါ့။ ရွာနားမှာချခဲ့တဲ့ စစ်သားတွေက ထွက်ပြေးကြတဲ့ ရွာသားတွေကို လိုက်ပြီးပစ်ကြတယ်။ အခုတော့ တောထဲမှာ နေနေကြရတယ်” ဟု ပြောသည်။
ယမန်နေ့တွင် တပ်မ ၉၉ လက်အောက်ခံ မိတ္ထီလာအခြေစိုက် ခမရ (၁၁၃) နှင့် စကခ (၁၀) လက်အောက်ခံ မော်လိုက် အခြေစိုက် ခမရ (၃၆၅) တပ်များနှင့်အတူ ကောလင်းမြို့နယ်၊ အောင်ချမ်းသာကျေးရွာအား မီးရှို့ခဲ့သည့် စစ်ကြောင်းများကို Mi-17 ရဟတ်ယာဉ် ၂ စီးဖြင့် ၃ ခေါက် ပို့ဆောင်ကာ ကျွန်းလှမြို့နယ်၊ တည်ပင်ဆိပ်ကျေးရွာသို့ ထပ်မံ အင်အားဖြည့်တင်းခဲ့ သောကြောင့် ယခုအခါ တည်ပင်ဆိပ်ကျေးအတွင်း၌ အင်အား ၁၃၀ ကျော်ဖြင့် တပ်စွဲထားကြောင်း ဒေသ သတင်းရင်းမြစ် များ၏ ပြောဆိုချက်အရ သိရသည်။
ထို့ပြင် ယနေ့ နံနက်ပိုင်းတွင်လည်း အင်အား ၁၈၀ ခန့် ပါသော စစ်ကောင်စီတပ်က ကုန်းစည်းကျေးရွာ၌ တပ်စွဲကာ အိမ် မွေးတိရစ္ဆာန် ဝက်၊ နွားများအား အစာကျွေးရန် ပြန်လာသည့် ကျေးရွာသားများနှင့် ပိတ်မိကျန်ရစ်နေသော ဒေသခံများကို ဖမ်းဆီးထားသကဲ့သို့ မီးရှို့ဖျက်ဆီးမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းဒေသအတွင်းရှိ စစ်ဘေးရှောင်တဦးက “ကျနော်တို့ ဒေသဘက်က စစ်တပ်က စစ်ကြောင်းထိုးရင် ပြေး၊ ပြီးရင် ပြန်ဝင်။ အကြာကြီး မရှောင်ကြဘူး။ စစ်တပ်က ရွာတွေကိုဝင်တာ ၁ ညအိပ်က အများဆုံးပဲ။ အလွန်ဆုံးကြာမှ ၃ ရက်ထက်မပိုဘူး။ သူတို့ ပြန်ထွက်သွားပြီဆိုတာနဲ့ ပြန်ဝင်။ မီးရှို့ခဲ့ရင်လည်း နိုင်သလောက်ဝိုင်းငြှိမ်း။ နေစရာမရှိတဲ့ သူတွေကလည်း မီးလောင် ပြင်မှာ ရှိတာလေးတွေနဲ့ ယာယီတဲထိုးနေကြတယ်။ ဖြစ်နိုင်ရင်တော့ အရင်ကလိုပဲ အေးအေးချမ်းချမ်းလေး နေချင်တာပေါ့။ ဘယ်တတ်နိုင်မလဲ မိုးပြိုအများဆိုတော့လည်း” ဟု ပြောပြသည်။
မီးရှို့ဖျက်ဆီးခံရသော ကုန်းစည်းကျေးရွာတွင် အိမ်ခြေ ၃၀၀ ခန့်ရှိပြီး ကျေးရွာစာကြည့်တိုက် အပါအဝင် နေအိမ် ၅၉ လုံး မီးလောင်ပျက်စီးခဲ့သလို ဘုန်းတော်ကြီးကျောင်းမှ ကျောင်းပိုင်ပစ္စည်းများ၊ စားနပ်ရိက္ခာ၊ ကား၊ ဆိုင်ကယ်များကိုလည်း စစ်ကောင်စီတပ်က ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။
ကုန်းစည်းကျေးရွာမှာ ယခုတကြိမ်သည် ဒုတိယအကြ်ိမ်မြောက် မီးရှို့ခံရခြင်းဖြစ်ကာ ရွာတွင် ညအိပ်တပ်စွဲခဲ့သည့် စစ် ကြောင်းသည် ယနေ့ နေ့လယ်ပိုင်းက ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ကြောင်း၊ ထိုသို့ ထွက်ခွာစဉ် ဒေသခံ ၃ ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၂၃ ရက်က ကန့်ဘလူ-ကျွန်းလှ-တန့်ဆည်နယ်အစပ်တွင် ဒေသကာကွယ်ရေးတပ်များနှင့် ဖြစ်ပွားခဲ့ သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်မှု များပြားခဲ့ပြီး အရာရှိအဆင့် ၃ ဦး အရှင်ဖမ်းမိခဲ့ကာ လက်နက်ခဲယမ်း အမြောက်အမြားကို ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းဆည်းရရှိခဲ့သည်။
ယင်းတိုက်ပွဲအတွင်း အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် ကျွန်းလှမြို့နယ်အတွင်းသို့ လေကြောင်းဖြင့် စစ်အင်အား ဖြည့် တင်းပြီး ထိုးစစ်ဆင်ရန် ပြင်ဆင်နေခြင်း ဖြစ်သလို ယမန့်နေ့ကလည်း ကန့်ဘလူမြို့ရှိ အမြောက်တပ် ၆၀၀၆ တပ်အတွင်းသို့ စစ်ရဟတ်ယာဉ် ၂ စီးဖြင့် လက်နက်၊ ရိက္ခာ၊ လူအင်အားများ ဖြည့်တင်းခဲ့သေးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံ မှ သိရသည်။
ယခုအခါ ကန့်ဘလူ–ကျွန်းလှအစပ်နှင့် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနောက်ခြမ်းတွင် စစ်ကောင်စီတပ်များ စစ် ကြောင်း ၂ ကြောင်းခွဲပြီး ထိုးစစ်ဆင်နေသဖြင့် ကျွန်းလှနှင့် ကန့်ဘလူ မြို့နယ်များအတွင်းရှိ ကျေးရွာပေါင်း ၃၀ ကျော်မှ ဒေသခံ ၄ သောင်းကျော်ထိ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။
You may also like these stories:
ရွှေဘိုမြို့နယ်၌ စစ်ကောင်စီတပ် ဝင်ပစ်၍ ရွာ ၃ ရွာမှ ဒေသခံ ၅ ထောင်ကျော် ထွက်ပြေးနေရ
အရာတော်၊ ရွှေဘို၊ ခင်ဦးမြို့နယ်များတွင် ၄ရက်အတွင်း အိမ် ၁၃၀၀ ကျော် မီးရှို့ခံရ