• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီစခန်း ၅ ခု AA သိမ်းပိုက်

by ဧရာဝတီ
27 August 2022
in သတင်း
A A
ပလက်ဝမြို့နယ်တွင် လှုပ်ရှားနေသည့် AA တပ်ဖွဲ့ဝင်တဦး  / ဧရာဝတီ

ပလက်ဝမြို့နယ်တွင် လှုပ်ရှားနေသည့် AA တပ်ဖွဲ့ဝင်တဦး / ဧရာဝတီ

11.9k
VIEWS
Share on FacebookShare on Twitter

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ အာဏာသိမ်း စစ်ကောင်စီတပ်၏ ရှေ့တန်းအထိုင်စခန်း ၅ ခုကို ရက္ခိုင့်တပ်တော် (AA) က ယခုရက်ပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စခန်း ၅ ခုမှာ ပလက်ဝမြို့၏ အောက်ဘက် ကုလားတန်မြစ်ကမ်းဘေးရှိ နှာမတာ၊ သူဌေးကုန်း၊ သကာချောင်းထဲရှိ ရှေ့တန်းစခန်း၊ ပလက်ဝမြို့၏ အနောက်မြောက်ဘက်တွင် တည်ရှိသည့် အဘောင်သားကျေးရွာအနီးရှိ ရှေ့တန်းစခန်းနှင့် ကြက်ယာကိုင်းကျေးရွာအနီးရှိ ရှေ့တန်းစခန်းတို့ ဖြစ်ကြောင်း ပလက်ဝမြို့နယ်အတွင်းက ဒေသခံများက ဆိုသည်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
1
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
31
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
194

ပလက်ဝမြို့နယ်အတွင်း သတင်းရင်းမြစ်တဦးက “စစ်တပ် အထိုင်ချထားတဲ့ စခန်း ၅ ခုလောက်ကို AA က သိမ်းလိုက်ပြီ။ အဓိက ကုလားတန်မြစ်ကမ်းက စခန်းတွေနဲ့ အချက်အချာကျတဲ့ စခန်းတွေကို လိုက်သိမ်းနေတာ။ အခု အခြေအနေက စစ်တပ်က စခန်းထဲက အပြင်ထွက်မရဘူး။ ရိက္ခာတွေဆိုရင်လည်း ရဟတ်ယာဉ်နဲ့လာချမှပဲ ရတော့တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၂၄ ရက်တွင် ကုလားတန်မြစ်ကမ်းဘေးနား နှာမတာကျေးရွာရှိ စစ်ကောင်စီ အထိုင်စခန်းကို AA က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သလို သြဂုတ် ၂၅ ရက်၌လည်း ပလက်ဝမြို့နှင့် ၅ မိုင်ခန့်အကွာတွင် တည်ရှိသည့် အဘောင်သား ကျေးရွာအနီးရှိ စစ်ကောင်စီ အထိုင်စခန်းကို AA တပ်ဖွဲ့ဝင်များက သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဘောင်သားကျေးရွာသားတဦးက “ကျနော်တို့ ရွာနားမှာရှိတဲ့ စစ်တပ်စခန်းကို AA ဝင်တိုက်လိုက်လို့ တပ်က ဆုတ်ပေး လိုက်ရတယ်။ မနေ့က AA အဖွဲ့တွေ စခန်းသိမ်းပြီးတော့ ကျနော်တို့ရွာကို ဝင်ရောက်ပြီးတော့ စစ်တပ်နေခဲ့တဲ့ နေရာတွေမှာ သူတို့ နေကြတယ်။ လေယာဉ်လာမယ်ဆိုပြီး ဒီမနက်သတင်းကြားတော့ ကျနော်တို့ ရွာသူရွာသားတွေလည်း အကုန် ရွာက ထွက်ပြေးလာကြတယ်။ ဆွေမျိုးရှိတဲ့နေရာတွေကို ပြေးကြတာပေါ့” ဟု ဆိုသည်။

ထို့ပြင် ပလက်ဝမြို့နယ်အပိုင် မြောက်ဦးမြို့နယ်နှင့် ထိစပ်နေသည့် လေးမြို့ချောင်းဖျား သံထောင်ကျေးရွာ ရဲစခန်းတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များမှာလည်း သြဂုတ် ၂၅ ရက် ညနေပိုင်းကတည်းက တိတ်တဆိတ် တပ်ရုပ်သိမ်းသွားကြောင်း သံထောင်ကျေးရွာသားများ၏ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီတပ်များ တိတ်တဆိတ် ဆုတ်ခွာထွက်ပြေးသွားသည့် ပလက်ဝ သံထောင်စခန်း / CJ

သံထောင်ကျေးရွာသားတဦးက “မနေ့က မနက်ပိုင်းလောက်မှာပဲ ကျနော်တို့ သိတာ။ ရဲစခန်းမှာ စစ်တပ်လည်း မရှိတော့ဘူး။ ရဲလည်း တယောက်မှ မရှိကြတော့ဘူး။ သူတို့ ဘယ်ပျောက်သွားမှန်းကို မသိလိုက်ဘူး။ စခန်းတခုလုံး လူမရှိကြတော့တာ” ဟု ပြောသည်။

အဆိုပါ သံထောင်ရဲစခန်းတွင် စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်နှင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကျော်ရှိပြီး စခန်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထွက်ပြေးသွားသလား သို့မဟုတ် အထက်အမိန့်အရ တိတ်တဆိတ် တပ်ဆုတ်သွားသလား ဆိုသည်ကိုမူ ဒေသခံများ အနေဖြင့် အတိအကျ မသိရှိကြောင်း သံထောင်ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်ကလည်း အဆိုပါ သံထောင်ကျေးရွာရှိ စစ်ကောင်စီစခန်းအတွက် ရဟတ်ယာဉ်ဖြင့် ရိက္ခာလာ ပို့စဉ် AA တပ်ဖွဲ့ဝင်များက ယင်းစစ်ရယာဉ်အား ပစ်ခတ်ခဲ့သည့်အတွက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ပလက်ဝမြို့နယ်ပိုင် သံထောင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းသည် ရခိုင်ပြည်နယ်အတွင်းက မြောက်ဦး၊ မင်းပြားမြို့နှင့် ချင်းပြည်နယ်ကို ကူးလူးဆက်သွယ်ရာတွင် အဓိက အရေးပါသည့် လေးမြို့မြစ်များပေါ် တည်ရှိပြီး စစ်ရေးအတွက် အဓိက အရေးပါသော စခန်းတခုလည်း ဖြစ်သည်။

စစ်ကောင်စီတပ်များ တိတ်တဆိတ် ဆုတ်ခွာထွက်ပြေးသွားသည့် ပလက်ဝ သံထောင်စခန်း / CJ

ယနေ့ (သြဂုတ် ၂၆ ရက်) မွန်းလွဲပိုင်းတွင်လည်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ အဓိက စစ်ရေးအရ အရေးပါသည့် စစ်ကောင်စီ လက်နက်ကြီး အထိုင်ချထားသော ခမောင်းဆိပ် ဗျူဟာကုန်းအား AA တပ်ဖွဲ့ဝင်များက ဝင် ရောက် တိုက်ခိုက်သည့်အတွက် တိုက်ပွဲ ပြင်းထန်လျက် ရှိကြောင်း သိရသည်။

ယခု သြဂုတ်လဆန်းပိုင်းမှစပြီး စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား မောင်တောမြို့နယ်နှင့် ပလက်ဝမြို့နယ် များအတွင်းက နယ်စပ်ဒေသများ၌ တိုက်ပွဲများ တောက်လျှောက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သည် အင်အား ထပ်မဖြည့်နိုင်သဖြင့် ရှေ့ တန်းစခန်းကုန်းများကို တခုပြီးတခု ဆုတ်ခွာပေးနေရသလို AA တပ်ဖွဲ့ဝင်များက စစ်ကူလမ်းကြောင်းများနှင့် ရိက္ခာလမ်းကြောင်းများကို ဖြတ်တောက် တိုက် ခိုက်ထားသည့်အတွက် စစ်ကောင်စီတပ်များ အသက်ရှုကျပ်လျက် ရှိကြောင်းလည်း စစ်ရေးအကဲခတ်များက သုံးသပ်ပြော ဆိုသည်။

Your Thoughts …
Tags: AAချင်းပြည်နယ်စစ်ကောင်စီပလက်ဝရှေ့တန်းစခန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏သား ဦးအောင်ပြည့်စုံသည် Sky One တွင် ဒါရိုက်တာတဦးဖြစ်သည်

စစ်ခေါင်းဆောင်သားပိုင် ကုမ္ပဏီ ဗြိတိန် ပိတ်ဆို့အရေးယူ

ဗစ်ကီဘိုးမန်းနှင့် ထိန်လင်းတို့စုံတွဲသည် နယ်ပယ်များစွာတွင် လူသိများသည်

ဗြိတိန်သံအမတ်ဟောင်း ဖမ်းဆီးမှု "ဓားစာခံ သံတမန်ရေး" ဟု ဆိုကြ

No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.2k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate