• English
Sunday, December 10, 2023
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ကွန်လုံ ဟူသည်မှာ…

      ကွန်လုံ ဟူသည်မှာ…

      အဖော်လေးတွေ…

      အဖော်လေးတွေ…

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home သတင်း

          စစ်အေးတိုက်ပွဲ အဆုံးသတ်သူ ဂိုဘာချော့ဗ် ကွယ်လွန်

          by ဧရာဝတီ
          31 August 2022
          in သတင်း
          Reading Time: 1 min read
          A A
          အမေရိကန် သမ္မတ ရော်နင်ရီဂင်နှင့် သမိုင်းဝင် နျူကလီးယား သဘောတူစာချုပ်ချုပ်ဆိုရန် ညှိနှိုင်းခြင်းအတွက် ဂိုဘာချော့ ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိခဲ့သည်

          အမေရိကန် သမ္မတ ရော်နင်ရီဂင်နှင့် သမိုင်းဝင် နျူကလီးယား သဘောတူစာချုပ်ချုပ်ဆိုရန် ညှိနှိုင်းခြင်းအတွက် ဂိုဘာချော့ ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိခဲ့သည်

          3k
          VIEWS
          Share on FacebookShare on Twitter

          အင်္ဂါနေ့က အသက် ၉၁ နှစ်အရွယ်တွင် ကွယ်လွန်သွားသော စစ်အေးတိုက်ပွဲအဆုံးသတ်အား အဓိက အခန်းမှ ပါဝင်ခဲ့သူ ဆိုဗီယက်ယူနီယံ၏ နောက်ဆုံးခေါင်းဆောင် မစ်ခေးလ် ဂိုဘာချော့ဗ်ကို ကမ္ဘာ့ခေါင်းဆောင်များက ဂုဏ်ပြုခဲ့ကြသည်။

          ဂိုဘာချော့ဗ်သည် မော်စကို ဗဟိုဆေးရုံတွင် ပြင်းထန်ရှည်ကြာစွာ ရောဂါခံစားရပြီး ကွယ်လွန်ကြောင်း ရုရှားသတင်းဌာနများ ရေးသားသည်။

          RelatedPosts

          စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

          စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

          9 December 2023
          10k
          လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

          လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

          9 December 2023
          825
          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          9 December 2023
          9.6k

          ၁၉၈၅ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ အာဏာရခဲ့သော ဂိုဘာချော့ဗ်သည် အမေရိကန်-ဆိုဗီယက်ဆက်ဆံရေး ကောင်းမွန်အောင်လုပ်ဆောင်ခဲ့ပြီး စစ်အေးတိုက်ပွဲခေါင်းဆောင်များအနက် နောက်ဆုံး သက်ရှိထင်ရှား ကျန်ခဲ့သူဖြစ်သည်။

          သူသည် သက်ရှိထင်ရှားရှိစဉ်က လွန်စွာသြဇာကြီးမားသူဖြစ်ပြီး သူ၏ ပြုပြင်ပြောင်းလဲရေးများကြောင့် ရုရှားနှင့် အရှေ့ဥရောပသည် ဆိုဗီယက်အုပ်ချုပ်ရေးအောက်မှ လွတ်မြောက်လာသည်။

          သူပြုလုပ်ခဲ့သည့် အပြောင်းအလဲများကြောင့် အနောက်နိုင်ငံများက အရေးပါသော ခေါင်းဆောင်အဖြစ် သတ်မှတ်ကြပြီး ၁၉၉၀ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုပေးအပ်သော်လည်း ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ်မှ အဆုံးသတ်သွားခြင်းကို မလိုလားသည့် ရုရှား အများအပြားက သူ့ကို သရော်လှောင်ပြောင်ကြသည်။

          အမေရိကန် သမ္မတ ဂျော့ဘုရှ်နှင့် ဆိုဗီယက်ခေါင်းဆောင် ဂိုဘာချော့တို့ သမိုင်းဝင် နျူကလီးယား သဘောတူစာချုပ်ချုပ်ဆိုစဉ်

          သူသည် သူ၏နောက်ဆုံး ဆယ်စုနှစ် ၂ ခုကို နိုင်ငံရေးနယ်ပယ်တွင်သာ အချိန်ကုန်ဆုံးစေပြီး ရုရှားက ခရိုင်းမီးယားကို ၂၀၁၄ ခုနှစ်တွင် သိမ်းပိုက်သောအခါနှင့် ယခုနှစ်အစောပိုင်းက ယူကရိန်းကို ထိုးစစ်ဆင်သောအခါ စစ်အေးတိုက်ပွဲအဆင့်သို့ ပြန်ရောက်လာသောကြောင့် ကရင်မလင်နှင့် အိမ်ဖြူတော်တို့ ဆက်ဆံရေးကောင်းမွန်အောင် ပြုပြင်ရန် သူ တိုက်တွန်းခဲ့သည်။

          သူနှင့် သမ္မတပူတင်အကြား ဆက်ဆံရေးသည် မကောင်းလှသော်လည်း ပူတင်က ဂိုဘာချော့ဗ် သေဆုံးသောကြောင့် အလွန်ဝမ်းနည်းကြောင်း ပြောသည်။

          “မနက်ကျရင် သမ္မတပူတင်က သူ့မိသားစုနဲ့ မိတ်ဆွေတွေကို ဝမ်းနည်းကြောင်း သတင်းစကား ပေးပို့မှာ ဖြစ်ပါတယ်” ဟု ကရင်မလင် ပြောခွင့်ရသူ ဒီမီထရီ ပက်စ်ကော့ဗ်က ရုရှားသတင်းဌာနများကို ပြောသည်။

          ဂိုဘာချော့ဗ်သည် သူ့ဘဝနေဝင်ချိန်တွင် ကျန်းမာရေးမကောင်းဘဲ မကြာခဏ ဆေးရုံတက်နေရပြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် ကပ်ရောဂါကာလအတွင်း ဆန္ဒအလျှောက် သီးခြားနေထိုင်ခဲ့သည်။

          ဂိုဘာချော့ဗ်ကို အနောက်နိုင်ငံများက ချစ်ခင်မြတ်နိုးကြပြီး ဂေါ်ဘီဟု ခေါ်ကြကာ ၁၉၈၀ ခုနှစ်များက အမေရိကန်-ဆိုဗီယက် နျူကလီးယားတင်းမာမှုကို လျှော့ချပေးခြင်းနှင့် အရှေ့ဥရောပကို သံမဏိကန့်လန့်ကာ နောက်ကွယ်မှ လွတ်မြောက်စေခြင်းအတွက် အလေးထားကြသည်။

          သူသည် အမေရိကန် သမ္မတ ရော်နင်ရီဂင်နှင့် သမိုင်းဝင် နျူကလီးယား သဘောတူစာချုပ်ချုပ်ဆိုရန် ညှိနှိုင်းခြင်းအတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိပြီး ဘာလင်တံတိုင်း ဖြိုချပြီးနောက် တနှစ်ကြာသောအခါ ဆိုဗီယက်တပ်များရုတ်သိမ်းခြင်းသည် စစ်အေးခေတ်တွင် အဓိကကျသော ငြိမ်းချမ်းရေး ထိန်းသိမ်းမှုအဖြစ် မြင်ကြသည်။

          သူသည် ဆိုဗီယက် အင်ပါယာပြိုကွဲခြင်းကို မြန်ဆန်စေသော ပွင့်လင်းမြင်သာမှုနှင့် ပြည်သူလူထုပါဝင်ဆွေးနွေးမှုကို ရစေသည့် ပြုပြင်ပြောင်းလဲရေးကို ဦးဆောင်သောကြောင့် အနောက်နိုင်ငံများတွင် သူ့ကို သူရဲကောင်းအဖြစ် သတ်မှတ်သည်။

          ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်က သူ့ကို ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေသည့် တခေတ်တွင် တယောက်သာရှိသော တိုင်းပြုပြည်ပြုပုဂ္ဂိုလ်နှင့် စစ်အေးတိုက်ပွဲကို ငြိမ်းချမ်းစွာ အဆုံးသတ်ရန် မည်သူ့ထက်မဆို ပိုမိုလုပ်ဆောင်ခဲ့သူအဖြစ် ချီးကျူးသည်။

          ၁၉၉၀ ပြည့် မတ်လ ဆိုဗီယက်ယူနီယံ သမ္မတ ဂိုဘာချော့နှင့် ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရိုအဖွဲ့ ကျမ်းကျိမ်နေစဉ်

          အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ဂိုဘာချော့ဗ်သည် ကမ္ဘာကို ပိုမိုအန္တရာယ်ကင်းအောင် လုပ်ပေးသည့် ရှားပါးသော ခေါင်းဆောင်တဦးအဖြစ် ချီးကျူးဂုဏ်ပြုသည်။

          “ဒီလုပ်ဆောင်မှုတွေဟာ ရှားပါးတဲ့ ခေါင်းဆောင်တဦးရဲ့လုပ်ဆောင်မှုတွေဖြစ်တယ်။ ကွဲပြားခြားနားတဲ့ အနာဂတ်ဖြစ်နိုင်တယ်ဆိုတဲ့ စိတ်ကူးနဲ့ အဲဒီအနာဂတ်ဖြစ်လာအောင် ဘဝတခုလုံးကို စတေးရဲတဲ့ သတ္တိရှိတဲ့ ခေါင်းဆောင်တဦးဖြစ်တယ်” ဟု ဘိုင်ဒင်က ဂိုဘာချော့ဗ်၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများကို ရည်ညွှန်း ပြောကြားသည်။ “အဲဒီရလဒ်ကတော့ ပိုမိုဘေးအန္တရာယ်ကင်းတဲ့ကမ္ဘာနဲ့ လူသန်းပေါင်းများစွာတို့ ပိုမို လွတ်လပ်လာခြင်းဖြစ်တယ်” ဟုလည်း သူဆက်ပြောသည်။

          ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ပူတင်၏ ယူကရိန်းကျူးကျော်စစ်ကို ရည်ရွယ်ကိုးကားပြီး ဆိုဗီယက် လူ့အဖွဲ့အစည်းကို ဖွင့်ပေးရန် ဂိုဘာချော့ဗ်၏ မဆုတ်နစ်သော အားထုတ်မှုသည် မိမိတို့အတွက် ဥပမာ တခုအဖြစ် ကျန်ရှိနေသေးကြောင်း ပြောသည်။

          ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဂိုဘာချော့ဗ်သည် ရုရှားတို့၏ လွတ်မြောက်ရေးလမ်းကြောင်းကို ဖွင့်ပေးခဲ့သော ငြိမ်းချမ်းသမားအဖြစ် ချီးကျူးပြီး သူ၏ ဥရောပ ငြိမ်းချမ်းရေး ကတိကဝတ်သည် မိမိတို့၏ ဘုံသမိုင်းကို ပြောင်းလဲစေသည်ဟုပြောသည်။

          ၁၉၉၁ ခုနှစ် ဂိုဘာချော့အား ဆန့်ကျင်အာဏာသိမ်းမှုအတွင်း တင့်ကားပေါ်တက်ပြီး အာခံသော ဘောရစ်ယဲဆင်

          အသက် ၉၀ ကျော်အထိ အသက်ရှည်သော ပထမဆုံး ရုရှားခေါင်းဆောင်ကို အသက် ၉၀ ပြည့်နှစ်တွင် ဘိုင်ဒင်နှင့် ဂျာမန်ဝန်ကြီးချုပ် အန်ဂျလာမာကယ် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များက ချီးကျူးကြသည်။

          ပြည်တွင်းတွင် ဂိုဘာချော့ဗ်သည့် အငြင်းပွားဖွယ်ရာ ခေါင်းဆောင်ဖြစ်ပြီး ပူတင်နှင့်လည်း ဆက်ဆံရေး အဆင်မပြေပေ။

          ပူတင်နှင့် ရုရှားအများအပြားအတွက် ဆိုဗီယက်ယူနီယံ ပြိုကွဲခြင်းသည် လူအများ ဆင်းရဲနွမ်းပါးမှု အကြီးအကျယ်ဖြစ်စေသော ဆယ်စုနှစ်တခုကို ဖြစ်စေပြီး ကမ္ဘာ့ဇာတ်ခုံတွင် ရုရှား၏ အဆင့်အတန်းကို ကျဆင်းစေသည့် ကြေကွဲစရာဖြစ်ရပ်တခုဟု မြင်ကြသည်။

          ရုရှားအများအပြားသည် ဆိုဗီယက်ခေတ်ကို အမြတ်တနိုးရှိကြပြီး ပူတင်သည်လည်း ဆိုဗီယက်၏ အောင်မြင်မှုများကို ရုရှား၏ကြီးကျယ်ခမ်းနားမှုနှင့် သူ၏ဂုဏ်သတင်းကြီးမားမှုအတွက် ကျားကန်ပေးရန် အသုံးပြုလိုသည်။

          ဆိုဗီယက်ယူနီယံပြိုကွဲသောအခါ ဂိုဘာချော့ဗ်ကို သူ့ထက်ငယ်သည့် ခေါင်းဆောင် ဘောရစ် ယဲ့လ်ဆင်က အစားထိုးဝင်လာပြီး ဆိုဗီယက်ခေတ်လွန် ပထမဆုံး ရုရှားသမ္မတဖြစ်လာသည်။

          ပြည်တွင်းတွင် ဂိုဘာချော့ဗ်သည် ပူတင်နှင့်လည်း ဆက်ဆံရေး အဆင်မပြေပေ

          ထိုနောက် ဂိုဘာချော့ဗ်သည် ဘေးသို့ရောက်သွားပြီး ပညာရေးနှင့် လူသားချင်းစာနာမှု လုပ်ငန်းများကိုသာ လုပ်ကိုင်တော့သည်။

          သူသည် နိုင်ငံရေးလောကသို့ ပြန်ဝင်ရန် ကြိုးစားခဲ့ပြီး ၁၉၉၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲဝင်သော်လည်း မဲ ဝ.၅ ရာခိုင်နှုန်းသာ ရခဲ့သည်။

          နှစ်ပေါင်းများစွာအတွင်း သူ၏ အဓိက အောင်မြင်မှုများကို ပူတင်က ပြန်လည်ဖျက်သိမ်းခဲ့သည်ကို သူမြင်ရသည်။

          ၁၉၉၃ ခုနှစ်တွင် တည်ထောင်သည့် ရုရှားမှ ထိပ်တန်း လွတ်လပ်သော သတင်းစာ နိုဗာရာ ဂဇက်တာကို စောစီးစွာ ထောက်ခံသူဖြစ်ပြီး သူ၏ နိုဘယ်ဆုရငွေ တစိတ်တပိုင်းကို ထိုသတင်းစာအတွက် ပထမဆုံး ကွန်ပျူတာများ ဝယ်ရန် လှူဒါန်းခဲ့သည်။

          ရုရှားမှ အခြား လွတ်လပ် အမှီအခိုကင်းသော သတင်းစာများကဲ့သို့ပင် နိုဗာရာ ဂဇက်တာသည် ပူတင်၏ ဆယ်စုနှစ် ၂ ခုကြာ အုပ်ချုပ်ရေးအောက်တွင် ဖိအားပေးခံရသည်။

          နိုဗာရာဂဇက်တာ၏ အယ်ဒီတာချုပ် ဒီမီထရီ မူရာတော့သည့် လွန်ခဲ့သောနှစ်က ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိပြီးနောက် ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် မတ်လနှောင်းပိုင်းတွင် ထုတ်ဝေမှု ဆိုင်းငံ့ခံထားရသည်။

          ရုရှား၏ ယူကရိန်းစစ်နှင့်ပတ်သက်ပြီး ဂိုဘာချော့ဗ်က မည်သည့်မှတ်ချက်မျှ လူသိရှင်ကြား မပြောသော်လည်း သူ၏ဖေါင်ဒေးရှင်းကမူ ရန်လိုမှုများ စောစီးစွာရပ်ဆိုင်းရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ချက်ခြင်းစတင်ရေးကို တောင်းဆိုသည်။

          ဆိုဗီယက်ခေါင်းဆောင်များအနက် သူ၏ ထူးခြားမှုမှာ သူသည် ဇနီး ရိုင်ဆာကို နွေးထွေးအားပေးသော ဆက်ဆံရေးရှိခြင်းဖြစ်သည်။ ရိုင်ဆာသည် သူနှင့်အတူ အများပြည်သူမြင်ကွင်းသို့ မကြာခဏ ထွက်လာတတ်ပြီး ကင်ဆာကြောင့် အချိန်မတိုင်မီ ကွယ်လွန်ခြင်းသည် ဂိုဘာချော့ဗ်အတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်သည်။

          ယဲ့လ်ဆင် အပါအဝင် ရုရှားမှ ကျော်ကြားသော ခေါင်းဆောင် အများအပြားကို မြှုပ်နှံထားသည့် မော်စကိုရှိ နိုဗိုဒီဗစ်ချီ သင်္ချိုင်းမှ သူ၏ ဇနီးဂူဘေးတွင် သူ့ကိုမြှုပ်နှံမည်ဟု မိသားစုနှင့် နီးစပ်သော သတင်းရင်းမြစ်တခုက တက်စ် သတင်းဌာနသို့ပြောသည်။

          ကိုးကား။ ။ Reuters

          You may also like these stories:

          မြန်မာတွင် ကုလသမဂ္ဂ ကျဆုံးမှု သမိုင်းအကျဉ်း

          တိုင်းပြည် ပုံစံအသစ်ကို ဘယ်လို ပုံဖော်ကြမလဲ

          ဂျော့ဂျ်အော်ဝဲလ် ဆင်ပစ်သလို

          ဒေါ်အောင်ဆန်းစုကြည်၏ ထောင်တွင်း ဘဝသစ်ကို မျှော်ကြည့်ခြင်း

          တရုတ်နဲ့ အမေရိကန် ထိပ်တိုက်တွေ့မှုကြားက မြန်မာ့အရေး

          Your Thoughts …
          Tags: ကွယ်လွန်ဂိုဘာချော့ဗ်စစ်အေးတိုက်ပွဲဆိုဗီယက်ယူနီယံနောက်ဆုံးခေါင်းဆောင်အဆုံးသတ်သူ
          ဧရာဝတီ

          ဧရာဝတီ

          ...

          Similar Picks:

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          by မြသန်းတင့်
          2 December 2023
          731

          အချစ်သည် မျက်စိ မမြင်ပါ။ အချစ်၏ သားကောင်များသည် ရူးသွပ်ကြပါသည်။ ကဗျာဆရာ ရှိတ်စပီးယားသည် ကျနော်တို့ကို အိပ်မက် ကမ္ဘာသို့ ခေါ်သွားပါသည်။

          အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်က သမ္မတ ဦးသိန်းစိန်နှင့် မစ္စတာ ဟင်နရီ ကစ်ဆင်ဂျာတို့ တွေ့ဆုံစဉ် / President Office

          ကစ်ဆင်ဂျာ ရာပြည့်နှင့် မြန်မာ့နိုင်ငံရေး သမင်လည်ပြန်

          by David Scott Mathieson
          5 June 2023
          9.9k

          မစ္စတာ ကစ်ဆင်ဂျာနှင့် မြန်မာအကြား ခဏတာဆက်စပ်မှုမှ သင်ခန်းစာ သုံးခု ယူစရာရှိသည်။

          မြန်မာစစ်အာဏာသိမ်းမှုကို တရုတ်အစိုးရထောက်ခံမှုအား အာဏာသိမ်းမှုဆန့်ကျင်သူများက ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ရှုတ်ချဆန္ဒပြပွဲ ကျင်းပစဉ် / ဧရာဝတီ

          တရုတ်-အမေရိကန် စစ်အေးတိုက်ပွဲသစ် ကြားခံ မြန်မာဖြစ်တော့မလား

          by ရဲမျိုးဟိန်း နှင့် Lucas Myers
          27 June 2023
          9.3k

          အမေရိကန် ပြည်ထောင်စုနှင့် တရုတ်တို့သည် မြန်မာပြည်တွင်းစစ်ကို မည်သို့ ပြန်လည်ပုံဖော်နေသနည်း

          ကမ္ဘာကျော် ပီလီကစ်

          ဘောလုံးဘုရင်ကြီး ပီလီ ကွယ်လွန်ရှာပြီ

          by သန့်သွေးသစ်
          30 December 2022
          19.3k

          ကမ္ဘာ့ဖလားကို ကိုင်မြှောက်ချိန်တွင် ပီလီသည် အသက် ၁၇ နှစ်သာ ရှိသေးသည်။

          စာပေ၊ ဂီတ အနုပညာရှင်များ

          ကြွေလွင့်သွားတဲ့ အနုပညာငွေကြယ်ပွင့်များ

          by ဧရာဝတီ
          17 August 2021
          31.4k

          ၁၉၈၈ အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး မိန့်ခွန်းပြောနေတဲ့ ဓာတ်ပုံကို ရိုက်ကူး မှတ်တမ်းတင်ခဲ့သူ ဖြစ် ပြီး အရေးအခင်း လှုပ်ရှားမှုတွေကို ရုပ်သံရိုက်ကူးကာ အမေရိကန် သံရုံးမှတဆင့် ကမ္ဘာကို ချပြခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။

          ဗြိတိန်-မြန်မာဆက်ဆံရေး ၇၅ နှစ်ခရီး

          by ဖီးနစ်
          8 November 2022
          3.1k

          လွတ်လပ်ရေးရပြီးနာက်ပိုင်း ၁၉၅၀ ပြည့်နှစ်တွေမှာ မြန်မာနဲ့ ဗြိတိသျှကြား ဆက်ဆံရေးကို အလွှမ်းမိုးဆုံး အရာကတော့ ကိုလံဘိုစီမံကိန်းပဲ ဖြစ်ပါတယ်။

          Next Post
          ဓာတ်မြေသြဇာ၊ မြေဆီ၊ ပိုးသတ်ဆေး၊ အပင်အားဆေး အစရှိသည့် သွင်းအားစုများကို လျော့ချသုံးစွဲ ရသဖြင့် ယခုနှစ် မိုးစပါးရာသီတွင် အထွက်နှုန်း ကျဆင်းနိုင်သည်

          ဓာတ်မြေသြဇာနှင့် မြက်သတ်ဆေး ဈေး အဆမတန် မြင့်နေ၍ လယ်သမားများ မသုံးနိုင်

          အာဏာသိမ်းခေါင်းဆောင်နှင့် သွားရောက်တွေ့ဆုံခဲ့သည့် RCSS အဖွဲ့

          စစ်ကောင်စီက ငြိမ်းချမ်းရေး ခေါင်းစဉ်တပ်၍ လှည့်ဖြားနေဟုဆို

          No Result
          View All Result

          Recommended

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          2 days ago
          16.4k
          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          5 days ago
          12.4k

          Most Read

          • စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            shares
            Share 0 Tweet 0
          • မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

            shares
            Share 0 Tweet 0
          • လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

            shares
            Share 0 Tweet 0
          • စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

            shares
            Share 0 Tweet 0
          • စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved