• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကိုင်းတိုင်းတွင် တပတ်အတွင်း နေအိမ် ၃၀၀ ကျော် မီးရှို့ခံရ

by ဧရာဝတီ
3 September 2022
in သတင်း
A A
သြဂုတ် ၂၆ ရက်တွင် ကျွန်းလှမြို့နယ် တည်ပင်ဆိပ်ရွာအား စစ်ကောင်စီတပ်များ ပစ်ခတ်ဝင်ရောက်ခဲ့ခြင်းကြောင့် ပြည်သူ ၈ ဦးထိ သေဆုံးပြီး နေအိမ် ၂ လုံး မီးရှို့ဖျက်ဆီးခံရ၊ သေဆုံးရုပ်အလောင်းများကို နေအိမ်ထဲထည့် မီးရှို့ခဲ့  / ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

6.4k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်းရှိ ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်း မြို့နယ် ၃ ခုအား တပတ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်များ တပြိုင်တည်း စစ်ကြောင်းထိုး ဝင်ရောက်ကာ ကျေးရွာ ၈ ရွာမှ နေအိမ် ၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

သြဂုတ် ၂၃ ရက်မှ ၃၁ ရက်ထိ အင်အား ၃၀၀ ကျော်ပါသော စစ်ကောင်စီတပ်များသည် စစ်ကြောင်း ၂ ကြောင်းခွဲပြီး အောင်ချမ်းသာ၊ တည်ပင်ဆိပ်၊ ကုန်းစည်း၊ အိမ်ခြေ၊ အင်းလျားရှည်၊ ရွာကုန်းကြီး၊ ပေပင်ချောင်၊ မော်တုံကျေးရွာများကို ဝင်ရောက် စစ်ကြောင်းထိုးပြီး မိးရှို့မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ကျွန်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ပြောသည်။

RelatedPosts

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
463
နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
276
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
4.6k

၎င်းက “တပြိုင်နက်ထဲ ထိုးစစ်ဆင် ဝင်ရောက်လာကြတာ။ တပတ်အတွင်း ရွာ ၈ ရွာက အိမ် ၃၀၀ ကျော်လောက် မီးရှို့ခံ လိုက်ရတယ်။ ပြီးတော့ သဖန်းဆိပ်ဆည် အနောက်မြောက်ခြမ်းက တည်ပင်ဆိပ်ရွာက မီးရှို့ခံရတဲ့ ရုပ်အလောင်းတွေ အပါ အဝင် စစ်တပ်က သတ်သွားတဲ့ အလောင်း ၈ လောင်းလည်း တွေ့ရတယ်။ တည်ပင်ဆိပ်ရွာကပဲ အသက် ၄၀ လောက် ရှိ မယ့် ဦးတင်မင်းရဲ့ ရုပ်အလောင်းကိုလည်း မူးမြစ်ထဲ မျောလာတာတွေ့လို့ ကောလင်းနယ် ခေါင်းဖြူရွာကဆယ်ပြီး သဂြိုဟ် ပေးခဲ့ရသေးတယ်” ဟု ဆိုသည်။

စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် အိမ်ခြေ ၇၅ အိမ်ခန့်သာရှိသည့် အောင်ချမ်းသာကျေးရွာမှ အိမ် ၇၃ လုံး၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းရှိ ဆွမ်းစားဆောင် အပါအဝင် စပါးတင်းရေထောင်ချီ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း၊ တည်ပင်ဆိပ်ကျေးရွာမှ အိမ် ၂ လုံး၊ အိမ်ခြေကျေးရွာမှ အိမ် ၁၀၃ လုံး၊ အင်းလျားရှည်ကျေးရွာမှ အိမ် ၁၇ လုံး၊ ရွာကုန်းကြီးကျေးရွာမှ အိမ် ၅၃ လုံး၊ ပေပင်ချောင်နှင့် မော်တုံကျေးရွာများမှ အိမ် ၈၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

သြဂုတ် ၂၆ ရက်တွင် ကျွန်းလှမြို့နယ် တည်ပင်ဆိပ်ရွာအား စစ်ကောင်စီတပ်များ ပစ်ခတ်ဝင်ရောက်ခဲ့ခြင်းကြောင့် ပြည်သူ ၈ ဦးထိ သေဆုံးပြီး နေအိမ် ၂ လုံး မီးရှို့ဖျက်ဆီးခံရ၊ သေဆုံးရုပ်အလောင်းများကို နေအိမ်ထဲထည့် မီးရှို့ခဲ့ / ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတဦးက “ပေပင်ချောင်နဲ့ မော်တုံရွာတွေကိုလည်း ၂ ရက်ဆက်တိုက် မီးရှို့သွားတယ်။ ၂ ရွာပေါင်း အိမ်ခြေ ၈၀ ကျော် ပါသွားတယ်။ စက်တင်ဘာ ၂ ရက် နေ့လယ်ပိုင်းကလည်း ကိုင်းဝန်းရွာဘက်ကို ရဟတ်ယာဉ်နဲ့ ဗုံး ၃ လုံး ပစ်ချသွားတယ်။ အခြေအနေတော့ အသေးစိတ် မသိရသေးဘူး။ ဒေသခံတွေကတော့ ဘေး လွတ်ရာကို ရှောင်နေကြရဆဲပါပဲ။ စစ်ကြောင်း ထိုးလာနိုင်ခြေ ရှိနိုင်တဲ့ ရွာတွေကလည်း ကြိုရှောင်နေကြတာတွေ ရှိတယ်” ဟု ပြောသည်။

ကျွန်းလှမြို့နယ်အတွင်းမှ အိမ်ခြေ ၃၀၀ ခန့်ရှိ ကုန်းစည်းကျေးရွာက စာကြည့်တိုက် အပါအဝင် နေအိမ် ၅၉ လုံး မီးလောင် ပျက်စီးခဲ့သလို ဘုန်းတော်ကြီးကျောင်းမှ ကျောင်းပိုင်ပစ္စည်းများ အပါအဝင် စာနပ်ရိက္ခာ၊ ကား၊ ဆိုင်ကယ်၊ နေအိမ်များကို လည်း ဖျက်ဆီးသွားပြီး ကုန်းစည်းကျေးရွာသည် ဒုတိယအကြိမ်မြောက် မီးရှို့ခံရခြင်း ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၂၆ ရက်တွင် ကျွန်းလှမြို့နယ် တည်ပင်ဆိပ်ရွာအား စစ်ကောင်စီတပ်များ ပစ်ခတ်ဝင်ရောက်ခဲ့ခြင်းကြောင့် ပြည်သူ ၈ ဦးထိ သေဆုံးပြီး နေအိမ် ၂ လုံး မီးရှို့ဖျက်ဆီးခံရ၊ သေဆုံးရုပ်အလောင်းများကို နေအိမ်ထဲထည့် မီးရှို့ခဲ့ / ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

သဖန်းဆိပ်ဆည် အနောက်ခြမ်းကျေးရွာများသို့ တပ်မ ၉၉ လက်အောက်ခံ မိတ္ထီလာအခြေစိုက် ခမရ (၁၁၃) နှင့် စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် – စကခ (၁၀) လက်အောက်ခံ မော်လိုက်အခြေစိုက် ခမရ (၃၆၄) (၃၆၅)၊ ကလေးအခြေစိုက် ခမရ (၃၆၁)၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) လက်အောက်ခံ မင်းတပ်အခြေစိုက် ခလရ (၂၇၄) တပ်များနှင့်အတူ ဒေသတွင်း ပျူစောထီးအဖွဲ့များ ပူးပေါင်း၍ စစ်ကြောင်းထိုးနေခြင်း ဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များ၏ ပြောဆိုချက် သိရသည်။

သြဂုတ် ၂၆ ရက်တွင် ကျွန်းလှမြို့နယ် တည်ပင်ဆိပ်ရွာအား စစ်ကောင်စီတပ်များ ပစ်ခတ်ဝင်ရောက်ခဲ့ခြင်းကြောင့် ပြည်သူ ၈ ဦးထိ သေဆုံးပြီး နေအိမ် ၂ လုံး မီးရှို့ဖျက်ဆီးခံရ၊ သေဆုံးရုပ်အလောင်းများကို နေအိမ်ထဲထည့် မီးရှို့ခဲ့ / ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

အဆိုပါ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်စဉ် ဒေသခံများအား ဓားစာခံအဖြစ် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း များ ရှိသည့်အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အချို့လည်း သတ်ဖြတ်ခံရခြင်းများ ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၂၅ ရက်ကလည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီးဖြင့် ပစ်ခတ်ကာ Mi-17 ထောက်ပို့ ရဟတ်ယာဉ် ၂ စီး ဖြင့် ချထားခဲ့သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းခဲ့သည့် တည်ပင်ဆိပ် ကျေးရွာတွင် စွန့်ပစ်ထားသော ရုပ်အလောင်းနှင့် မီးရှို့ခံထားရသည့် ရုပ်အလောင်း ၈ လောင်း တွေ့ရှိခဲ့ပြီး အရိုးစုများသာ တွေ့ရသည့်အတွက် မည်သူမည်ဝါ ဖြစ်ကြောင်းကို အတည်မပြုနိုင်သေးကြောင်း ဒေသ သတင်းရင်းမြစ်များက ဆိုသည်။

သြဂုတ် ၂၆ ရက်တွင် ကျွန်းလှမြို့နယ် တည်ပင်ဆိပ်ရွာအား စစ်ကောင်စီတပ်များ ပစ်ခတ်ဝင်ရောက်ခဲ့ခြင်းကြောင့် ပြည်သူ ၈ ဦးထိ သေဆုံးပြီး နေအိမ် ၂ လုံး မီးရှို့ဖျက်ဆီးခံရ၊ သေဆုံးရုပ်အလောင်းများကို နေအိမ်ထဲထည့် မီးရှို့ခဲ့ / ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

ကျွန်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တဦးက “မီးရှို့သတ်ခံရတာ ဘယ်သူတွေဆိုတာ တိတိကျကျ မသိရသေးဘူး။ လက်ရှိမှာ အင်တာနက်လိုင်းတွေအပြင် ကျွန်းလှ၊ ကန့်ဘလူ၊ ကောလင်းနယ်ဘက်တွေ ဖုန်းလိုင်းတွေလည်း ဖြတ်ခံထားရ တယ်။ စစ်ရှောင်တွေကတော့ တောထဲမှာ ဘေးလွတ်ရာကို ပြေးကြသူတွေရှိသလို မြို့ပေါ်ကို သွားကြတဲ့သူတွေလည်း ရှိ တယ်။ စစ်ရေးအခြေအနေကတော့ စစ်တပ်က ထိုးစစ်ဆင်နေဆဲဆိုတော့ တင်းမာနေဆဲလို့ပဲ ပြောရမှာပါ” ဟု ပြောသည်။

ယခုအခါ ကန့်ဘလူ၊ ကျွန်းလှအစပ်နှင့် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနောက်ခြမ်းတွင် စစ်ကောင်စီတပ်များ စစ် ကြောင်း ၂ ကြောင်းခွဲ၍ ထိုးစစ်ဆင်နေသဖြင့် ကျွန်းလှနှင့် ကန့်ဘလူမြို့နယ်များရှိ ကျေးရွာပေါင်း ၃၀ ကျော်မှ ဒေသခံ ၄ သောင်းကျော်ထိ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

Your Thoughts …
Tags: စစ်ကိုင်းစစ်ကောင်စီစစ်ဘေးရှောင်မီးရှို့သဖန်းဆိပ်ဆည်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တယား မလည်ပတ်နိုင်တော့ဘူး (ရုပ်/သံ)

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တယား မလည်ပတ်နိုင်တော့ဘူး (ရုပ်/သံ)

အိမ်မွေးဖြစ်စေ၊ လမ်းပေါ်တွင် လေလွင့်ဖြစ်စေ ရှိနေကြသည့် ခွေးနှင့် ကြောင်များလည်း စစ်ကောင်စီခေတ်တွင် ဒုက္ခရောက်ကြရသည် /  ဧရာဝတီ

စစ်ကောင်စီခေတ်မှာ တိရစ္ဆာန်တွေလည်း ဒုက္ခများသည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate