• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြောက်ဦးကို စစ်ကောင်စီတပ် ဓါးစာ ခံလုပ်နေဟု AA စစ်ဦးစီးချုပ်ပြော

by ဧရာဝတီ
5 September 2022
in သတင်း
A A
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် / ဧရာဝတီ

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် / ဧရာဝတီ

4.4k
VIEWS
Share on FacebookShare on Twitter

ရှေးဟောင်းအမွေအနှစ် မြောက်ဦးမြို့ကို စစ်ကောင်စီတပ်က ဓါးစာ ခံ လုပ်ထားကြောင်း ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်းအသုံးပြုနေသည့် Twitter လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြောဆိုထားသည်ကို တွေ့ရသည်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “စစ်ကောင်စီက ယုတ်မာပြီး ရက်စက်တဲ့ လုပ်နေကျစာအုပ်ကြီးအတိုင်း လုပ်ဆောင်နေပြီး၊ သူရဲဘောကြောင်ပြီး လက်နက်မဲ့ ပြည်သူတွေကိုသာ တိုက်ခိုက် ရဲတဲ့သူတွေ၊ မြောက်ဦးကို ဓါးစားခံလုပ်နေကြတယ်” ဟု ယမန်နေ့က ရေးသားဖော်ပြထားခြင်းဖြစ်သည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
76
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
777
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
15

အာဏာသိမ်း စစ်တပ်က မြောက်ဦးမြို့ထဲတွင် စက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်းက စစ်ကား  ၆ စီးဖြင့် ဝင်ရောက်ပြီး မြို့မ စျေးထဲကို သေနတ်များ ပစ်ခတ်တိုက်ခိုက်ခဲ့သလို မြောက်ဦးအခြေစိုက် ၃၇၇ ၊ ၃၈၀ ၊ ၅၄၀ တပ်ရင်းများမှလည်း လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်  AA စစ်ဦး စီးချုပ်က ထိုသို့ ရေးသားခြင်း ဖြစ်သည်။

မြောက်ဦး (ဓာတ်ပုံ – ဧရာဝတီ)

စစ်ကောင်စီတပ်သည် မြောက်ဦးမြို့အား သူရဲဘောဆန်ဆန် ဓါးစာ ခံလုပ်ခြင်းဖြစ်ပြီး ထိုလုပ်ရပ်အား ရှမ်းပြည်နယ် ကလောမြို့ အခြေစိုက် တပ်မ (၅၅) တပ်မမှူးကိုယ်တိုင် တိုက်ရိုက် အမိန့်ပေးညွန်ကြားခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ရေးသားချက်တွင် ဖော်ပြထားသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုသည် စျေးသိမ်းချိန်ဖြစ်သဖြင့် လူသူထိခိုက်မှု မရှိသော်လည်း စိုးရိမ်ထိတ်လန့်မှုဖြစ်ခဲ့ရကြောင်း မြို့ခံများက ပြောသည်။

မြောက်ဦးအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ထံ တင်သွင်း ကြိုးပမ်းနေချိန်တွင် စစ်ကောင်စီတပ်က ယခုကဲ့သို့ ရှေးဟောင်းဇုန်နေရာများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေမှုအပေါ် အံ့အားသင့်ခဲ့ရကြောင်း မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ကလည်း ပြောသည်။

မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်း စောက်ရှောက်ရေး အဖွဲ့ဝင်တဦးက “ကျနော်တို့က မေးစရာ မေးခွန်းတွေ အများကြီးဖြစ်လာတယ်။ ယူနက်စကို ဝင်ဖို့အတွက် သူတို့ (စစ်ကောင်စီ) ကပဲ လိုလိုလားလား လုပ်တယ်။ ကျနော်တို့ဘက်ကလည်း လုပ်စရာရှိတာအားလုံးကို လုပ်လို့တင်ထားပြီ။ တင်ထားလို့ လာစစ်မယ်ဆိုတော့လည်း သူတို့ကပဲ ကူညီပေးမယ်လို့ ပြောထားပြီးတော့ အခုတခါ လူတွေကို အဲဒီလိုမျိုး ဒုက္ခပေးတယ်။  လက်နက်ကြီး ပစ်နေတာလည်း သူတို့ပဲ ဖြစ်နေတယ်။ ဘယ်လိုလည်း ဆိုတာ နားလည်း မလည်တော့ဘူး”  ဟု ဧရာဝတီသို့ ပြောသည်။

မြောက်ဦးဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ၂၀၂၂ ခုနှစ်ဆန်းပိုင်းတွင် ပထမအကြိမ်မူချောနှင့် နှစ်လယ်ပိုင်းတွင် အပြီးသတ်မူချောများ ပြုစုကာ ယူနစ်စကို အဖွဲ့ထံတင်ပြထားပြီးဖြစ်သည်။

ထိုသို့ တင်ပြထားရာတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက် နိုင်ရေး အတွက်  စံနူန်းသတ်မှတ်ချက်များဖြစ်သည့် “ကျေးမှုအမွေအနှစ်များ တစုတစည်းတည်း တည်ရှိသည့် ဇုန် ”  နယ်မြေအား အနီရောင်အသင့် သတ်မှတ်ထားပြီး၊ ၎င်း ဇုန်နယ်မြေအား တဖန် ကာကွယ်စောက်ရှောက်ရန်အတွက်  အဝါရောင်အဆင့် သတ်မှတ်ကာ ၎င်းဇုန်နယ်မြေအား အမျိုးသားအဆင့်၊  နိုင်ငံတော်အဆင့်  ကာကွယ် စောက် ရှောက်ရန် နိုင်ငံတော်အနေဖြင့်လည်း ပြန်တမ်း ထုတ်ပြန်ပေးထားမှု ရှိကြောင်းလည်း သိရသည်။

မြောက်ဦး (ဓာတ်ပုံ – ဧရာဝတီ)

မြောက်ဦးဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရောက်နိုင်ရေး အတွက် မူကြမ်းနှင့် အပြီးသတ်မူချောကို တင်ပြထားပြီး ဖြစ်သည့်အတွက် UNESO အဖွဲ့မှ ပညာရှင် များက ယခုလ စက်တင်ဘာလနှင့် နိုဝင်ဘာလတို့တွင် လာရောက် စစ်ဆေးတော့မည်ဖြစ်ရာ  ထိုသို့ စစ်ကောင်စီတပ်မှ  ရှေးဟောင်းဇုန်နယ်မြေများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် အခြေအနေ အပြောင်းအလဲ ဖြစ်လာနိုင်ကြောင်း မြောက်ဦးယဉ်ကျေးမှု အဖွဲ့ဝင် အချို့က ပြောသည်။

မြောက်ဦးမြို့အား စက်တင်ဘာလ ၃ ရက်နေ့တွင် စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်၍ သေနတ် ပစ်ဖောက်ခြင်း အပြင် လူမှုကွန်ရက်တွင် ထင်ရှားသည့် မြို့ခံ တဦးဖြစ်သူ ကိုရင်ဆို့ (ခ) ကျော်ဇံဝေ ဆိုသူကိုလည်း ဖမ်းဆီးသွားကြောင်းသိရသည်။

မြို့မစျေးကြီးကိုလည်း စက်တင်ဘာ ၅ ရက်နေ့အထိ စစ်ကောင်စီက ပိတ်ထားပြီး စျေးတခုလုံးကို ပတ်ပတ်လည် နေရာယူထားကြောင်း မြို့ခံများက ပြောသည်။

မြို့ခံတဦးက “သူတို့က စျေးကြီးကို မကျေနပ်ဘူး။ စက်တင်ဘာ ၃ ရက်နေ့ ညဉ့်ကလည်း စျေးကြီးထဲကို သေနတ်နဲ့ ဖြိုပစ်တယ်။  စျေးကိုလည်း ပိတ်ထားတယ်။ ဒီနေ့ စျေးကို မိုင်းရှင်းမယ်ဆိုပြီး ဓါတ်ဆီဗုံးတွေ ကိုင်ပြီးတော့ ဝင်သွားကြတယ်။ ဓါတ်ဆီဗူးတွေကို ယူလာတယ်ဆိုတော့ စျေးကိုပဲ မီးရှို့မလားဆိုပြီးတော့ မြို့ခံတွေက တုန်လှုပ်နေကြတာပေ့ါ”  ဟု ဧရာဝတီသို့ ပြောသည်။

မြောက်ဦး အခြေစိုက် စစ်ကောင် စီတပ်များကို မြို့မစျေးကြီးမှ ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတဦးက ရိက္ခာပို့နေမှုအား AA က သတိပေး တားမြစ်သော်လည်း လိုက်နာမှု မရှိဟုဆိုကာ AA တပ်ဖွဲ့ဝင်များက ဩဂုတ်လ ၃၀ ရက်နေ့ တွင် လာရောက် ဖမ်းဆီးသွားပြီးနောက် မြို့မစျေးကြီးအား စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း လေ့လာစောင့်ကြည့်သူ အချို့က သုံးသပ်သည်။

သြဂုတ်လ ၂၈ ရက်နေ့ကလည်း မြောက်ဦးမြို့နှင့် ၇ မိုင်ခန့် ကွာဝေးသည့် လက္ကာကျေးရွာအနီးတွင် စစ်ကောင်စီနှင့် AA တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက် မြောက်ဦးအခြေစိုက် ခမရ ၃၇၇ တပ်ရင်းမှ တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် သက်ဆိုင်ခြင်း မရှိသည့် ကင်းဆိပ်ကျေးရွာထဲသို့ လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ရွာသား ၃ ဦးသေဆုံးခဲ့ပြီး ၉ ဦးပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

Your Thoughts …
Tags: AAထွန်းမြတ်နိုင်မြောက်ဦးယူနက်စကို
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းဆန့်ကျင်ရေး အင်းလေးဒေသတွင် ဆန္ဒပြကြစဉ် / AFP

ပြည်ထောင်စုကို ဘယ်လိုခွဲမှာလဲ

အဆုံးစီရင်မှုတွေဟာ မဖြစ်အောင် ကာကွယ်လို့ ရတဲ့ အခြေအနေမှာ ရှိပါတယ်

အကျပ်အတည်းတွေကြား အဆုံးစီရင်မှုတွေ တိုးလာသလား

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

2 days ago
3.5k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate