• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

ဒီပဲယင်းက ကလေး ၉ဦး ကို စစ်တပ်က ရေဦး၌သင်္ဂြိုဟ်ကာ အလောင်းဖျောက်

by ဧရာဝတီ
18 September 2022
in Crime
A A
လေကြောင်းမှ တိုက်ခိုက်ခံရသည့် လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်းအား တွေ့ရစဉ်  / CJ

လေကြောင်းမှ တိုက်ခိုက်ခံရသည့် လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်းအား တွေ့ရစဉ် / CJ

20.9k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ လက်ယက်ကုန်းရွာကို လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးသွားသည့် ကလေးများ ၏ အလောင်းကို စစ်ကောင်စီက ၇မိုင်ဝေးသည့် ရေဦးမြို့နယ်သို့ သယ်ကာ သင်္ဂြိုဟ်၍ အလောင်းဖျောက်လိုက်ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီခန့်က လက်ယက်ကုန်းကျေးရွာ ဘုန်းတော်ကြီးသင် စာသင်ကျောင်း ကို တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi 35 ၂ စီးနှင့် ပစ်ခတ်ရာ ကလေး ၇ဦး ပွဲချင်းပြီး သေဆုံးသွားသလို ၁၇ဦး ဒဏ်ရာ ရရှိကြောင်း၊ အလားတူ မြေပြင်စစ်ကြောင်းကလည်း ရွာအတွင်း ဝင်တိုက်ခိုက်ရာ နောက်ထပ် ကလေး ၂ဦးအပါအဝင် ၇ ဦးသေဆုံးသွားခဲ့သည်။

RelatedPosts

နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

14 July 2025
840
အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

14 July 2025
412
မော်ချီး ခဲလုပ်ငန်းကို စစ်ကောင်စီ ဗုံးထပ်ကြဲ ၆ ဦးသေဆုံး (ရုပ်/သံ)

မော်ချီး ခဲလုပ်ငန်းကို စစ်ကောင်စီ ဗုံးထပ်ကြဲ ၆ ဦးသေဆုံး (ရုပ်/သံ)

14 July 2025
24

ဘုန်းတော်ကြီးသင်စာသင်ကျောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသည့် ကလေး ၇ဦး၏ အလောင်းများနှင့် ဒဏ်ရာ ရသူများကို စစ်တပ်က ရေဦးမြို့နယ် တိုင်းရင်းဆေးရုံသို့ ညတွင်းချင်းသယ်လာပြီး စက်တင်ဘာ ၁၇ရက် နံနက် ၆နာရီ တွင် ကလေး ၇ဦး၏ အလောင်းကို ရေဦးသုဿန်တွင် သင်္ဂြိုဟ်လိုက်ကြောင်း၊ ထိုနေ့ ညနေ ၄ နာရီခန့် တွင် နောက် ထပ် ကလေး ၂ ဦး၏ အလောင်းကို ယူလာကာ ထပ်မံသင်္ဂြိုဟ်ကြောင်း၊ ယင်း ၂ ဦးသည် ရေဦးတိုင်းရင်းဆေးရုံတွင် ထား သည့် ဒဏ်ရာရ ကလေးများထဲက ဖြစ်နိုင်ကြောင်း ဒေသခံများက ကောက်ချက်ချကြသည်။

“ကားပေါ်တင်သွားတာ ခါးပြတ်၊ လက်ပြတ်တဲ့ ကလေးတွေ ပါတယ်။ ကလေးတယောက်က ဆိုရင် ပါဆယ်ထုပ်ပြီးကို ခြင်းကျားထဲကို ထည့်ပြီး ယူသွား တာ။ ကျောင်းထဲမှာ သွေးစတွေကို ပုံနေတာ။ အသားစတွေက ပန်ကာတွေမှာရော၊ နံရံတွေမှာရော၊ မျက်နှာကြက် မှာရော ကပ်နေတာ။ ကျောင်းဝင်းအတွင်းထဲမှာတော့ အသားစတွေက နေရာအနှံ့ကို ပြန့်ကျဲနေတာ” ဟု ဘုန်ကြီးကျောင်းဝင်းအတွင်း သွားရောက်ကြည့်ရှုခဲ့သည့် မျက်မြင် ဒေသခံတဦးက ပြောသည်။

သေဆုံးကလေးများ၏ ရုပ်အလောင်းများ ပြန်မရသည့်အတွက် မိဘများအနေဖြင့် နာရေး ပြုလုပ်နိုင်ခြင်း မရှိသေး ကြောင်းလည်း သိရသည်။

လက်ယက်ကုန်းရွာခံ တဦးက “ကျောင်းသား မိဘ ၂ ယောက် သူတို့ကလေးတွေ ပျောက်လို့ဆိုပြီး လာရှာတာ။ အင်္ကျီစနဲ့ ဘောင်းဘီစ အစုတ်ကလေးတွေပဲ တွေ့တော့ အဲဒါလေးတွေနဲ့ လိပ်ပြာ ခေါ်မလို့ ဆိုပြီး ပြန်ယူသွားတယ်။ ကျနော်တို့မှာ ယူကြုံးမရ ဖြစ်နေရတာ။ အပိုင်းအစပဲ ကျန်တာကိုတောင် ခွေးတွေက မထားခဲ့ဘူး။ မိဘတွေကို သဂြိုဟ်ခွင့် မပေးဘူး။ အကုန်သယ် သွားတာ” ဟု ဆိုသည်။

ရေဦးမြို့နယ် မီးသင်္ဂြိုဟ်စက်တွင် စက်တင်ဘာ ၁၇ ရက် နံနက် ၆ နာရီခန့်က ယောက်ျားလေး ၄ ယောက် ၊ မိန်း ကလေး ၂ ယောက်အပြင် ကျား/မ မခွဲခြားနိုင်တော့သည့် ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို ပီနံအိတ်ဖြင့် ထည့်သူ ၁ ဦး ကို မီးသင်္ဂြိုဟ်ခဲ့ပြီး ညနေ ၄ နာရီခန့်တွင် ယောက်ျားလေး ၂ ယောက်ကို ထပ်မံ သင်္ဂြိုဟ်ခဲ့ကြောင်း ရေဦးမြို့နယ် ပြည် သူ့ ကာကွယ်ရေး အဖွဲ့ထံမှ သိရသည်။

လေကြောင်းမှ တိုက်ခိုက်ခံရသည့် လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်းအား တွေ့ရစဉ် (ဓာတ်ပုံ- CJ)

ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည့် စက်တင်ဘာ ၁၆ ရက် ညနေပိုင်းကတည်းက စစ်ကောင်စီတပ်သည် လက်ယက်ကုန်း ရွာမှ ကားနှင့် ရွာခံကို အဓမ္မစေခိုင်းပြီး သေဆုံးကလေးများနှင့် ဒဏ်ရာရထားသူ ဆရာ၊ ဆရာမ ၃ ဦးအပြင် ကလေး ၁၇ ဦးကို ဆေးကုသမည် ဟုဆိုကာ ရေဦးသို့ မောင်းနှင်ရန် ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်ကို ကြားသိရသော ရေဦးဒေသခံ တဦးက “ရွာကနေ ဖမ်းလာတဲ့ ကား ၁ စီးပေါ်မှာ သေသွားတဲ့ ကလေးတွေရော မသေသေးတဲ့ ကလေးတွေရော ကားနဲ့ စုပြုံတင်လာပြီးတော့ စစ်ကြောင်းက ရေဦးကို ပြန်ဝင်တာ။ ညတွင်းချင်း မီးသင်္ဂြိုဟ်ဖို့ကို လုပ်တာ။ ကားသမားကလည်း စစ်သား အလောင်းတွေကိုပဲ သယ်ခိုင်းတယ်ထင်လို့ အိတ်တွေကို ဖွင့်ကြည့်တော့ ကလေးတွေ ဖြစ်နေတယ်။ လာပို့တဲ့လူ ကိုယ်တိုင်က ရှော့ခ်ရသွားတာ” ဟု ပြောသည်။

ထို့ပြင် ဒဏ်ရာရထားသည့် ကလေးများအပါ ၁၇ ဦးကို ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီ တပ်စွဲထားသည့် တိုင်းရင်းဆေးရုံ အတွင်း၌ထားရှိ ထားပြီး ကလေးအချို့သည် ကိုယ်လက်အင်္ဂါ မစုံတော့သည်အထိ ဒဏ်ရာပြင်းထန်စွာ ရရှိထား ကြောင်း ရေဦးဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ထိုကဲ့သည့် ပြစ်မှုကို ကျူးလွန်ခဲ့သည့် စစ်ကောင်စီတပ်မှာ မည်သည့် တပ်မ၊ တပ်ရင်း ဆိုသည်ကို မသိရသေးသော် လည်း ဒေသကာကွယ်ရေးတပ်များကမူ ရန်ကုန်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ မှော်ဘီ အခြေ စိုက် ခမရ ၇၀၁ နှင့် စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့တွင် အခြေစိုက်သည့် တပ်မ ၃၃ တို့က တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ယူဆထားကြသည်။

ကလေးများအပြင် ဒေသခံ ၇ ဦးဖြစ်သည့် ဦးကျော်ထွန်း (၄၉ နှစ်)၊ ဦးအောင်စောထွေး (၃၄ နှစ်)၊ မယု (၃၇ နှစ်)၊ ဦးတင်စိုးခိုင် (၃၁ နှစ်)၊ မောင်အောင်ချစ်မိုး (၂၂ နှစ်)၊ မောင်အောင်အောင်ဦး (၁၆ နှစ်) နှင့် မောင်စောမင်းဦး (၁၃ နှစ်) တို့ကိုလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

လေကြောင်းမှ တိုက်ခိုက်ခံရသည့် လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်းအား တွေ့ရစဉ် (ဓာတ်ပုံ- CJ)

စစ်ကောင်စီတပ်သည် လက်ယက်ကုန်းရွာက ဘုန်းကြီးကျောင်းတွင် ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ရှိသည်ဆိုသော သတင်းဖြင့် လေကြောင်းတိုက်ခိုက်ခြင်းကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက “သတင်းအမှားတွေကိုပဲ ယုံပြီးတော့ လေကြောင်းကနေ ပစ် ခတ်ပြီး ရွာခံတွေနဲ့ ကလေးတွေကိုပဲ သတ်ဖြတ်နေတဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေပဲ ဆက်တိုက် ကျူးလွန်နေတာ။ အပြစ်မဲ့ ကလေးတွေမှန်း သိပါလျက်နဲ့ လေသူရဲတွေ ပစ်နိုင်တာကိုလည်း ကျနော်တို့ တော်တော်လေး အော့နှလုံး နာတယ်။ စစ်ရေးကို ယောက်ျား စစ်သားပီပီ မြေပြင်ကနေ စစ်ချီ စမ်းပါ။ သူတို့ ဝေဟင်ကနေပဲ လုပ်တတ်တော့တာ” ဟု ပြောသည်။

စစ်ကောင်စီ၏ မြဝတီရုပ်သံကမူ လက်ယက်ကုန်းရွာမှတဆင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် PDF တို့က လက်နက်ခဲယမ်းများ သယ်ယူပို့ဆောင်မည် ဖြစ်ကြောင်းနှင့် ရွာဘုန်းကြီးကျောင်းတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူများ၊ PDF များ ခိုအောင်းနေထိုင်လျက် ရှိပြီး ဒေသခံများနှင့် ခရီးသွား ပြည်သူများကို အဓမ္မဆက်ကြေး တောင်းခံခြင်းများ ပြုလုပ်နေကြောင်း သတင်းပေး တိုင်ကြားချက်ကြောင့် ဝင်ရောက် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း စက်တင်ဘာ ၁၇ ရက်ညပိုင်း သတင်းတွင် ကြေညာခဲ့သည်။

ထိုသို့ စစ်ဆေးစဉ် ပြည်သူများကို လူသားဒိုင်းအနေဖြင့် အကာအကွယ်ယူပြီး KIA နှင့် PDF တို့က တိုက်ခိုက်ခဲ့သည့် အတွက် အပြန်အလှန် ထိတွေ့မှု ဖြစ်ပွားခြင်းကြောင့် ဒေသခံများ သေဆုံးမှု ရှိခဲ့ကြောင်း သတင်းတွင် ကြေညာခဲ့ သော်လည်း မြေပြင်တွင် ထိတွေ့တိုက်ပွဲမျိုး ဖြစ်ပွားခြင်း မဟုတ်ဘဲ စစ်တပ်ကသာ အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း ဒေသခံများက ဆိုထားသည်။

အာဏာသိမ်း စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ကလေးငယ်များ သေဆုံးသည့် အလားတူဖြစ်စဉ်များ စက်တင်ဘာ ၁၅ နှင့် ၁၇ ရက်တွင် ထပ်မံ ဖြစ်ပွားခဲ့သည်။

စက်တင်ဘာ ၁၅ ရက် ညပိုင်းက ရှမ်း- ကယား နယ်စပ်ရှိ မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီး မွေတော်ဘုရားဘုန်းကြီးကျောင်းတွင် ကျရောက် ပေါက်ကွဲရာ စစ်ရှောင်များထဲမှ အသက် ၇ နှစ်နှင့် ၁၂ နှစ်အရွယ် ညီအစ်မနှစ်ဦး သေဆုံးခဲ့ပြီး၊ စက်တင်ဘာ ၁၇ ရက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်ကုန်းရွာမှ စစ်ကောင်စီ တပ်က ပစ်ခတ်မှုကြောင့် မိဿလင်ကုန်းကျေးရွာနေ အသက် ၅ နှစ် အရွယ် ယောက်ျားလေး ၁ ဦး ရင်အုံထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

You may also like these stories:

ဆီမီးခုံနယ်က ဒေသခံ ၄၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီးထား

NLD ထောက်ခံသူတို့၏ ပိုင်ဆိုင်မှုများ ကန့်ဘလူ ပျူစောထီး ရောင်းစား

မြဝတီ-ဝေါလေ၌ အထိနာသည့် စစ်တပ်အတွင်း အမိန့်မနာခံမှုများ ဖြစ်နေဟုဆို

Your Thoughts …
Tags: စာသင်ကျောင်းရေဦးလက်ယက်ကုန်းရွာလေကြောင်းတိုက်ခိုက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မုန်တိုင်ပင်ရွာ လူသတ်မှု၌ တာဝန်ရှိသူ တိုင်းမှူး ဖြစ်လာ

မုန်တိုင်ပင်ရွာ လူသတ်မှု၌ တာဝန်ရှိသူ တိုင်းမှူး ဖြစ်လာ

by ဧရာဝတီ
6 August 2023
15.1k

ပြီးခဲ့သည့်နှစ် မေလအတွင်းက စကခ- ၄ လက်အောက်ရှိ ခြေမြန်တပ်ရင်း (ခမရ ၇၀၈)သည် ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှ အရပ်သား ၂၆ ဦးကို သတ်ဖြတ်ခဲ့ရာ ယင်းဖြစ်စဉ်တွင် ဗိုလ်မှူးချုပ် ကြည်သိုက် တာဝန်ရှိကြောင်း ပြောဆို မှုများ...

မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

by ဧရာဝတီ
4 December 2023
7.9k

ထိုစခန်းသိမ်းတိုက်ပွဲများတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူးအဆင့်အပါအဝင် တပ်ဖွဲ့ဝင်အများအပြား လက်နက်ချ အညံ့ခံခဲ့ကြကြောင်း

ရန်ကုန်မြို့ရှိ ကျောင်းတချို့၌ စစ်ကောင်စီ တပ်စွဲထားသဖြင့် ကျောင်းသားမိဘများ စိုးရိမ်

ရန်ကုန်မြို့ရှိ ကျောင်းတချို့၌ စစ်ကောင်စီ တပ်စွဲထားသဖြင့် ကျောင်းသားမိဘများ စိုးရိမ်

by ဧရာဝတီ
23 November 2023
6.8k

ရန်ကုန်မြို့တွင် ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာပေါ်၌ လူပျောက်ကြော်ငြာများကြောင့် ပေါ်တာဆွဲသည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေပြီး ည ၈ နာရီ ၊ ၉ နာရီနောက်ပိုင်းတွင် လမ်းမပေါ်၌ လူအသွားအလာ နည်းပါးနေကြောင်း

မင်းတပ်၌ ကျောင်း၊ ဆေးရုံဆေးခန်းနှင့် ဌာဆိုင်ရာရုံးများ စစ်ကောင်စီ ပိတ်ထား

မင်းတပ်၌ ကျောင်း၊ ဆေးရုံဆေးခန်းနှင့် ဌာဆိုင်ရာရုံးများ စစ်ကောင်စီ ပိတ်ထား

by ဧရာဝတီ
23 August 2023
6.4k

စစ်ကောင်စီက မင်းတပ်မြို့ပေါ်ရှိ စာသင်ကျောင်းများနှင့် ဆေးရုံ ၊ ဆေးခန်းများအား ပိတ်ထားသော်လည်း ဒေသခံ အများစုမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဖွင့်ထားသော ကျောင်းများ၌ စာသင်ကြားခွင့်ရနေသလို CDM ဆရာဝန် ၊ ဆေးဝန်ထမ်းများ ဖွင့်လှစ်ထားသော ဆေးရုံ၊ ဆေးခန်းများတွင်...

ကျောင်းများ၊ ဆေးရုံများ၊ ဒုက္ခသည်စခန်းများကို ပစ်မှတ်ထားကြောင်း ဖမ်းမိလေယာဉ်မှူး ဝန်ခံ

ကျောင်းများ၊ ဆေးရုံများ၊ ဒုက္ခသည်စခန်းများကို ပစ်မှတ်ထားကြောင်း ဖမ်းမိလေယာဉ်မှူး ဝန်ခံ

by ဧရာဝတီ
21 December 2023
5.2k

"သူတို့က ဖရူဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတွေကို တိုက်တယ်" ဟု ပြောပြီး ထိုလေယာဉ်မှူးများသည် မျိုးသူနှင့် နိုင်လင်းအောင်ဖြစ်ကြောင်း ဖော်ပြသည်။

ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

by ဧရာဝတီ
27 September 2023
4.7k

ရဟတ်ယာဉ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရုတ်တရက် ရောက်လာသဖြင့် ယင်းကျေးရွာများမှ ဒေသခံများ ထွက်မပြေးနိုင် ဘဲ ပိတ်မိနေသူ ၁၀၀ ဦးခန့် ရှိကြောင်း၊ လက်ရှိအချိန်အထိ အဆက်အသွယ် ပြတ်တောက်နေကြောင်း ဒေသခံများနှင့် ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

Next Post
စာသင်ခန်း စစ်ဆင်ရေး

စာသင်ခန်း စစ်ဆင်ရေး

စစ်တပ်ပိုင် မြဝတီဘဏ် / AFP

စီးပွားရေးမှာ သုံးစားမရခြင်းက စစ်တပ်၏ တကယ့် အားနည်းချက်

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

4 days ago
4.2k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

6 days ago
3.2k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate