• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကလေးငယ်များကို သတ်ဖြတ်မှုအပေါ် နိုင်ငံတကာအဖွဲ့များ နှုတ်ဆိတ်နေဟု ဝေဖန်

by ဧရာဝတီ
19 September 2022
in သတင်း
A A
စစ်တပ် လေကြောင်းမှ ပစ်ခတ်ခဲ့သည့် ဒီပဲယင်း၊ လက်ယက်ကုန်းရွာရှိ ဘုန်းတော်ကြီးသင် စာသင်ကျောင်း (ဓာတ်ပုံ-CJ)

စစ်တပ် လေကြောင်းမှ ပစ်ခတ်ခဲ့သည့် ဒီပဲယင်း၊ လက်ယက်ကုန်းရွာရှိ ဘုန်းတော်ကြီးသင် စာသင်ကျောင်း (ဓာတ်ပုံ-CJ)

6.6k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာတွင် စာသင်နေသည့် ကလေးငယ်များအား စစ်ကောင်စီက လေကြောင်း မှ တိုက်ခိုက်သတ်ဖြတ်မှုဖြစ်စဉ်အပေါ် နှုတ်ဆိတ်နေသည့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများအား ပြစ်တင် ဝေဖန်မှုများ မြင့်တက်လျက် ရှိသည်။

စစ်ကောင်စီအနေဖြင့် စက်တင်ဘာ ၁၆ ရက်တွင် လက်ယက်ကုန်းရွာ စာသင်ကျောင်းအား Mi 35 ရဟတ်ယာဉ်နှစ်စင်း အသုံးပြုကာ စီးနင်း တိုက်ခိုက်ခဲ့မှုကြောင့် စာသင်ကြားနေသည့် ကလေးငယ် ၉ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဆရာ/ ဆရာမများနှင့် ကလေးငယ်၂၀ ဦးခန့်လည်း ဖမ်းဆီးခံခဲ့ရသည်။

RelatedPosts

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

22 May 2025
732
မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

22 May 2025
29
မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
236

မုံရွာ လူထုသပိတ် တိုက်ပွဲ ဦးဆောင် ကော်မတီဝင် မချောစုစံက “နိုင်ငံတကာအနေနဲ့ အရမ်းကို နှုတ်ပိတ်လွန်းအားကြီး တယ်။ သူတို့က ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကြောင့်လို့ပဲ ယူဆခဲ့ကြတယ်။ ဒီကိစ္စက ဘာမှအပြန်အလှန် ပစ်ခတ်မှု မရှိဘဲ လုပ်တာ။ ဒီဖြစ်ရပ်ကိုကြည့်ပြီး ကလေးသူငယ် အခွင့်အရေး လှုပ်ရှားနေတဲ့အဖွဲ့တွေ အသံထွက်ဖို့ လိုအပ်လာပြီ။ တကယ်လို့သာ ဒီလောက် ဆိုးဝါးတဲ့ လုပ်ရပ်အပေါ် အသံ မထွက်ဘူးဆိုရင် စစ်ကောင်စီအနေနဲ့ ဒီထက်မက ကျူးလွန်မှု တွေ ပိုပြီး လုပ်လာလိမ့်မယ်” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ပညာရေးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လှုပ်ရှားနေသည့် Save The Children အပါ အဝင် ကုလသမဂ္ဂ လက်အာက်ခံ အဖွဲ့အစည်းများအနေဖြင့် မြေပြင် ထိတွေ့တိုက်ပွဲ မရှိဘဲ စစ်ကောင်စီကလေးငယ်များ စာသင်ကြားနေသည့် ကျောင်းအား စီးနင်း တိုက်ခိုက်မှုအပေါ် တစုံတရာ မှတ်ချက်ပြု ထုတ်ပြန် ကြေညာခြင်း မရှိသေးပေ။

လူမှုကွန်ရက်တွင် ထိုသို့ဝေဖန်မှုများ ထွက်ပေါ်လာသည့်နောက် ယနေ့ ညဦးပိုင်းမှသာ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) မြန်မာက စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ကလေးငယ် ၁၁ ဦးခန့် သေဆုံးခဲ့ကြောင်း၊ မိသားစုဝင်နှင့်ထပ်တူ ဝမ်းနည်းကြောင်းနှင့် ဖမ်းဆီးသွားသူများကို ချက်ချင်းပြန်လွှတ်ပေးရန် အစရှိသည်တို့ပါသည့် ထုတ်ပြန်ချက် တစောင်ကို ထုတ်ခဲ့သည်။

ယင်းသို့ အခြေအနေနှင့် ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ကလေးသူငယ်များ၏ ပညာရေးအခွင့်အရေး (Right to Education) ကို ဆိုးရွားစွာ ချိုးဖောက်ခံရမှု၊ စာသင်ကျောင်းများအား ရက်စက်စွာ ပစ်မှတ်ထားတိုက်ခိုက်သည့် စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှု ဖော်ဆောင်ရာတွင် အားဖြည့်ပံ့ပိုးရန် တာဝန်ရှိကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)က ထောက်ပြ ပြောဆိုထားသည်။

NUG ပညာရေး ဒုဝန်ကြီး ဒေါ်ဂျာထွယ်ပန် “အပြစ်မဲ့တဲ့ ကျောင်းသူ ကျောင်းသားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ကို တိုက်ခိုက် သတ်ဖြတ်တာဟာ လူစိတ်မရှိတဲ့ မိစာ္ဆကောင် အကြမ်းဖက် စစ်တပ်တွေပဲ ဖြစ်ပါတယ်။ ပညာသင်ကြားခွင့်ဟာ လူ့အခွင့် အရေး ဖြစ်တယ်။ ဒီကလေးတွေ ငြိမ်းချမ်းစွာ ကျောင်းသွား၊ ပညာသင်ကြားခွင့်ကို တိုက်ခိုက်ဖျက်ဆီး၊ သတ်ဖြတ်တာဟာ ဘယ်လိုမှ ခွင့်လွှတ်လို့မရတဲ့ ရာဇဝတ်မှုကြီး ဖြစ်တဲ့အလျောက် ကျူးလွန်သူတွေဟာ တရားဥပဒေရဲ့ အဆုံးအဖြတ်တင် မက၊ လူ့အဖွဲ့အစည်းရဲ့ နောင်ကြဉ်ခြင်းကို ခံထိုက်သူများ ဖြစ်ပါတယ်” ဟု ပြောထားသည်။

စစ်တပ် လေကြောင်းမှ ပစ်ခတ်ခဲ့သည့် ဒီပဲယင်း၊ လက်ယက်ကုန်းရွာရှိ ဘုန်းတော်ကြီးသင် စာသင်ကျောင်း (ဓာတ်ပုံ-CJ)

စစ်ကောင်စီကမူ လက်ယက်ကုန်းရွာ စီးနင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ကချင် လွတ်မြောက်ရေး တပ် မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ ရှိသည် ဟုဆိုကာ သတင်း ရရှိမှုကြောင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ် ပြီး အပြန်အလှန် ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ KIA/ PDF များက လူသားဒိုင်း အကာအကွယ်ယူ တိုက်ခိုက်မှု ကြောင့် အရပ်သား သေဆုံးအချို့ ရှိခဲ့ကြောင်းနှင့် လက်လုပ်ဗုံးများ သိမ်းဆည်ရမိခဲ့ကြောင်းတို့အား ထုတ်ပြန်ထားသည်။

သို့သော် ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ကလေးငယ် စာသင်နေသည့် ကျောင်းအား လေကြောင်းမှ စီးနင်း ပစ်ခတ်မှုနှင့် ကလေးငယ်များ သေဆုံးမှုအား ဖော်ပြခြင်း မရှိဘဲ ဖုံးကွယ်ထားသည်။

ဒေသခံ သတင်းအရင်းအမြစ်များ၏ ပြောကြားချက်အရလည်း စစ်ကောင်စီ၏ စီးနင်းတိုက်ခိုက်မှုတွင် သေဆုံးခဲ့ရသည့် ကလေးငယ် ၉ ဦးခန့်၏ ရုပ်အလောင်းများအား စစ်ကောင်စီက ၇ မိုင်ခန့်ကွာဝေးသည့် ရေဦးမြို့နယ်ရှိ သုသာန်သို့ သယ်ဆောင်ကာ သင်္ဂြိုဟ်ခဲ့ပြီး ဒဏ်ရာရရှိထားသူများကိုလည်း ရေဦးမြို့နယ် တိုင်းရင်းဆေးရုံတွင် ထားရှိထားကြောင်း လည်း သိရသည်။

စက်တင်ဘာ ၉ ရက်က “မြန်မာနိုင်ငံတွင် ပညာရေးအပေါ် တိုက်ခိုက်မှုနှင့် စစ်ရေးအရ အသုံးပြုမှု၏ သက်ရောက်မှုများ” အစီအရင်ခံစာနှင့် ပတ်သက်သည့် Save The Children ၏ ထုတ်ပြန်ချက်တွင် စစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် အတွင်း တိုင်းနှင့်ပြည်နယ် ၁၃ ခုတွင် စာသင်ကျောင်းများ တိုက်ခိုက်ခံရမှု အကြိမ်ရေ ၁၉၀ ကျော်ရှိခဲ့ပြီး လက် နက်ကိုင် အဖွဲ့များအနေဖြင့် စာသင်ကျောင်းများအား စစ်ရေးဆိုင်ရာ အသုံးပြုမှုများ ရှောင်ကြဉ်ကြရန်လည်း တိုက်တွန်းထားသည်။

သို့သော် အဆိုပါ ထုတ်ပြန်ချက်တွင် စာသင်းကျောင်းများအာ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီ၏ ကျူးလွန်မှုနှင့် စစ်အာဏာရှင်အဖွဲ့များ၏ လုပ်ဆောင်မှုများအား ထပ်တူပြု ခိုင်းနှိုင်းဖော်ပြခဲ့ခြင်းသည့် အင်မတန် အန္တရာယ် များပြီး နိုင်ငံတကာမှ နားလည်မှု လွဲမှားစေနိုင်ကြောင်း NUG က ထောက်ပြ သတိပေးထားသည်။

ယင်းအတွက် ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းအား စစ်ကောင်စီက စီးနင်းတိုက်ခိုက်မှုအပေါ် ကျူးလွန် သူအား တိတိကျကျ ဖော်ပြရန်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ အနေဖြင့်လည်း နိုင်ငံတ ကာ အစိုးရများနှင့် ပြည်သူများ သိရှိရေးအတွက် ကုလသမဂ္ဂစင်မြင့်တွင် အသံထွက်ကြရန်လည်း မြေပြင်သပိတ် ခေါင်း ဆောင်တဦးက တိုက်တွန်းသည်။

၎င်းက “ဒီဖြစ်ရပ်က ပညာသင်ကြားနေတဲ့ ကလေးသူငယ်တွေ၊ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား မိဘတွေကို တိုက်ရိုက် ခြိမ်းခြောက်တာပဲ။ အရှိန်အဟုန် ကောင်းကောင်းနဲ့ အကောင်အထည် ဖော်နေပြီဖြစ်တဲ့ ပြည်သူ့ပညာရေး အစီအစဉ်တွေ ကို ဖက်ဆစ်တပ်က စတင် တိုက်ခိုက် ဖျက်ဆီးတာပဲ” ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံတဝန်း စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံသူများအား လေကြောင်းနှင့် လက်နက်ကြီး အင်အား အသုံးပြုကာ တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာတွင် စစ်ဘေးရှောင်စခန်းများနှင့် လူနေအိမ်များ ထိမှန်မှုကြောင့် ကလေးသူငယ်များ အပါအဝင် အရပ်သားသေဆုံးမှုများ ဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်ကလည်း ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အစပ် မိုးဗြဲမြို့နယ်တွင် စစ်ကောင်စီ၏ လက် နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်အရပ်သားများ ခိုလှုံနေသည့် မွေတော်ဘုန်းကြီးကျောင်း ထိမှန်ခဲ့ပြီး ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့ရသည်။

You may also like these stories:

ဒီပဲယင်းက ကလေး ၉ဦး ကို စစ်တပ်က ရေဦး၌သင်္ဂြိုဟ်ကာ အလောင်းဖျောက်

ဆီမီးခုံနယ်က ဒေသခံ ၄၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီးထား

နိုင်/ကျဉ်း အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်ခံနေရ

Your Thoughts …
Tags: ကုလသမဂ္ဂဒီပဲယင်းလက်ယက်ကုန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.3k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

ကိုးကန့်ထိန်းချုပ် လားရှိုးမြို့သို့ ခရီးသွားခြင်း

ကိုးကန့်ထိန်းချုပ် လားရှိုးမြို့သို့ ခရီးသွားခြင်း

by Rebecca Ratcliffe
5 February 2025
8.5k

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှ တခါက စည်ကားသောမြို့ကြီးဖြစ်သည့် လားရှိုးမြို့ လမ်းမများသည် ယခင်ကထက် တိတ်ဆိတ်နေသည်။

ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဆက်အရေးပါနေသလဲ

ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဆက်အရေးပါနေသလဲ

by Rajiv Bhatia
11 August 2023
7.6k

မြန်မာနိုင်ငံသည် ပြည်တွင်းစစ်၊ စစ်ကောင်စီတပ်များနှင့် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုများအကြား အကြမ်းဖက် တိုက်ခိုက်မှုများကြား ညပ်နေသည်။

ငလျင်က စစ်ကောင်စီကို ကျရှုံးစေနိုင်သည်

ငလျင်က စစ်ကောင်စီကို ကျရှုံးစေနိုင်သည်

by Phar Kim Beng
11 April 2025
7.2k

ပြည်တွင်းစစ်နှင့် မတ်လ ၂၈ ရက်နေ့ ငလျင် တထပ်တည်းကျနေခြင်းသည် စစ်ကောင်စီကို ပိုမို အကာအကွယ်မဲ့သော အနေအထား ဖြစ်စေသည်။

Next Post
ကျနော်တို့ သား၊သမီးတွေကို ဖိနှိပ်မှုမရှိတော့ဘူး (ရုပ်/သံ)

ကျနော်တို့ သား၊သမီးတွေကို ဖိနှိပ်မှုမရှိတော့ဘူး (ရုပ်/သံ)

၂၀၁၅ခုနှစ်က ၀ဒေသ မိုင်းမောခရိုင်ရှိ ဘိန်းအစားထိုုးလက်ဖက်စိုက်ခင်း တွင်လက်ဖက်ခူးနေသည့် ဝအမျိုးသမီးများ  / ဧရာဝတီ

ဝယ်လိုအားကျ၍ လက်ဖက်စိုက်တောင်သူများ အခက်ကြုံ

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.6k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို အမေရိကန်ဥပဒေ ခွင့်ပြု မပြု

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate