• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရွှေဈေးမငြိမ်မှုကြောင့် မန္တလေးက ရွှေဆိုင်းလုပ်ငန်းများ ရပ်ထားရ

by ဧရာဝတီ
23 September 2022
in သတင်း
A A
မန္တလေးမြို့ မျက်ပါးရပ်မှ ရွှေဆိုင်းလုပ်ငန်း / ဧရာဝတီ

မန္တလေးမြို့ မျက်ပါးရပ်မှ ရွှေဆိုင်းလုပ်ငန်း / ဧရာဝတီ

4.9k
VIEWS
Share on FacebookShare on Twitter

ပြည်တွင်းရွှေဈေး မတည်ငြိမ်မှုကြောင့် မန္တလေးမြို့ မျက်ပါးရပ်မှ ရွှေဆိုင်းလုပ်ငန်းများ အရှုံးပေါ်နေသဖြင့် ရွှေဆိုင်းလုပ်ငန်း ရှင် ၈၀ ခန့် လုပ်ငန်းများ ရပ်နားထားရကြောင်း ယင်းအသိုင်းအဝိုင်းထံမှ သိရသည်။

နိုင်ငံတဝန်းရှိ ဘုရား၊ ပုထိုး၊ စေတီများ၏ ဂေါပကအဖွဲ့က လေလံစနစ်ဖြင့် တင်ဒါခေါ်ယူချိန်တွင် ရွှေပေါက်ဈေးနှင့် တင်ဒါ ပြီးဆုံးမည့်ကာလ ဖြစ်နိုင်ခြေ ရွှေဈေးအား ခန့်မှန်းတွက်ချက်ပြီး လုပ်ငန်း လက်ခံလေ့ ရှိကြသော်လည်း ယခုအခါ ရွှေဈေး အတက်အကျမှာ ခန့်မှန်း၍ မရသည့်အတွက် အရှုံးပေါ်နေခြင်း ဖြစ်ကြောင်း ရွှေဆိုင်းလုပ်ငန်းရှင်အသိုင်းအဝိုင်းက ဆိုသည်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
224
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
488
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
191

မျက်ပါးရပ်မှ ရွှေဆိုင်းလုပ်ငန်းရှင် ဒေါ်မိုးသီတာက “ဂေါပကအဖွဲ့တွေက တင်ဒါစနစ်နဲ့ ခေါ်တာ။ တင်ဒါချိန်က ပေါက်ဈေးကို ချိန်ဆပြီး ကွာဟလာနိုင်မယ့် အခြေအနေကို တွက်ချက်ပြီးမှ လက်ခံခဲ့ကြတာပဲ။ မထင်မှတ်ဘဲ ရွှေဈေးတွေ ထိုးတက်သွား တော့ လုပ်ငန်းရှင်အချို့ ရပ်နားရတဲ့အထိ ဖြစ်ကုန်တယ်။ တင်ဒါစနစ်ဆိုတော့ မူလလက်ခံထားတဲ့ ဈေးနှုန်းတွေအတိုင်းပဲ လုပ်ပေးရတယ်။ ရွှေကို ကြိုဝယ်ထားနိုင်တဲ့ သူတွေတောင် အရှုံးပေါ်နေတာဆိုတော့ ကြိုဝယ်မထားနိုင်တဲ့ လုပ်ငန်းရှင်တွေ ဆိုရင် အများကြီး ရှုံးနေကြတယ်” ဟု ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ရွှေဆိုင်းလုပ်ငန်းကို မန္တလေးမြို့ရှိ မျက်ပါးရပ်တခုတည်း၌သာ ထုတ်လုပ်ပြီး ရွှေဆိုင်းထုတ်လုပ်သည့် လုပ် ငန်းရှင် ၁၀၀ ကျော်နှင့် တပိုင်တနိုင်လုပ်ကိုင်သူ ၅၀ ကျော် ရှိကြောင်း၊ သက်ဆိုင်ရာ ဂေါပကအဖွဲ့များက ၃ လ ၁ ကြိမ်၊ ၆ လ ၁ ကြိမ်၊ ၁ နှစ် ၁ ကြိမ် စသည်ဖြင့် တင်ဒါခေါ်ယူလေ့ ရှိကြောင်း သိရသည်။

မြန်မာ့လက်မှုရွှေဆိုင်းများကို ဘုရား၊ ပုထိုး၊ စေတီများတွင် ရွှေချကပ်လှူပူဇော်ခြင်းအပြင် မြန်မာတိုင်းရင်းဆေး ဖော်စပ်ရာ နှင့် အလှပြင်ဆိုင်များတွင်လည်း အသုံးပြုကြောင်း သိရသည်။

ရွှေဆိုင်းလုပ်ငန်းရှင် ဦးအောင်အောင်မင်းကလည်း “ရွှေဈေးကြောင့် ရွှေဆိုင်းလုပ်ငန်းတွေ ရပ်နားချင်ပေမယ့် မဖြစ်မနေ လုပ်ရမယ့်သူတွေကတော့ ဆက်လုပ်နေရတာတွေ ရှိသေးတယ်။ အလုပ်တွေနားတော့ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်တာပေါ့။ တပိုင်တနိုင် မိသားစုလုပ်ငန်းလို လုပ်တဲ့သူတွေက ဘယ်လိုမှမလုပ်နိုင်တော့လို့ နားထားကြတယ်။ ရွှေဈေးက အဓိကဖြစ်တော့ အခုဆိုရင် တဦးတည်း လေလံဆွဲတာမျိုးထက် စုပေါင်းပြီးမှ လုပ်လာကြတာ များလာတယ်” ဟု ဆိုသည်။

မြန်မာ့ရွှေဆိုင်းများ ပြုလုပ်ရာတွင် ၁၆ ပဲရည် အခေါက်ရွှေကို အပြားခပ်၍ အသုံးပြုရပြီး ရွှေ ၁ ကျပ်သားလျှင် ၂ လက်မ ပတ်လည်ဆိုဒ် ရွှေဆိုင်း ၂၂၀၀ ခန့် ရရှိကာ အပြား ၁၀၀ ပါ ရွှေဆိုင်း ၁ ဆိုင်းလျှင် ကျပ် ၁ သိန်းနှုန်းခန့်ဖြင့် တွက်ချက်၍ လက်ခံခဲ့ကြသော်လည်း ယခုအခါ ကျပ် ၁သိန်း ၃ သောင်းခန့်ထိ ကုန်ကျမှု ရှိလာသဖြင့် အရှုံးပေါ်လာရခြင်း ဖြစ်သည်ဟု ရွှေဆိုင်းလုပ်ငန်း လုပ်ကိုင်နေသူများက ပြောသည်။

“အခုတော့ ကျိုက်ထီးရိုးက တင်ဒါခေါ်မယ်ဆိုလို့ မျှော်နေကြတာ ရှိတယ်။ လက်ရှိ ရွှေဈေးကမငြိမ်တော့ ခန့်မှန်းဖို့ မလွယ် ဘူး။ ပြီးတော့ ကုန်ဈေးနှုန်းတွေက တက်လာတော့ အလုပ်သမားတွေကိုလည်း လုပ်အားခတွေ တိုးပေးထားရတယ်။ အဲဒီ တော့ မျှော်သာမျှော်ရတာ အရှုံးကိုလည်း ကြောက်နေရသေးတယ်။ မဟာမြတ်မုနိကတော့ ရွှေပြန်ရတဲ့အတွက် လုပ်ရတာ မဆိုးသေးဘူး” ဟု အမည်မဖော်လိုသည့် ရွှေဆိုင်းလုပ်ငန်းရှင်တဦးက ပြောသည်။

ပြည်တွင်း ရွှေဈေးနှုန်း တည်ငြိမ်မှု မရှိခြင်းသည် ကမ္ဘာ့ရွှေဈေးနှင့် ငွေကြေးလဲလှယ်မှုအပေါ် မူတည်နေသလို စစ်ကောင် စီ၏ ထိန်းချုပ်ကန့်သတ်ချက်များကြောင့်လည်း ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုသည်။

ထို့ပြင် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းပြီး ငွေကြေးဖောင်းပွမှုများကြောင့်နှင့် မြန်မာ့ရွှေဈေးသည် ရန်ကုန်တိုင်းရွှေလုပ်ငန်း ရှင်များအသင်း (YGEA) ၏ ထိန်းချုပ်အောက် ရှိနေသော်လည်း ပြင်ပပေါက်ဈေးနှင့် ကွာဟမှုများကြောင့်လည်း ရွှေဈေး မတည်ငြိမ်ရခြင်း ဖြစ်သည်ဟုလည်း ရွှေကုန်သည် ဦးရဲမင်းက ဆိုသည်။

ကမ္ဘာ့ရွှေဈေးကွက် ကျဆင်းလာသော်လည်း ပြည်တွင်း၌ ဒေါ်လာဈေးနှင့် ရွှေဈေးနှုန်းများမှာ မြင့်တက်နေဆဲဖြစ်ပြီး နိုင်ငံ တွင်း မတည်ငြိမ်မှုများ၊ စီးပွားရေး အကျပ်အတည်းများ စသည့် အခြေအနေ အရပ်ရပ်တို့ကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာ ခန့်မှန်းရန် ခက်ခဲလာကြောင်း ရွှေကုန်သည်များက ပြောသည်။

ပြည်တွင်း ရွှေဈေးနှုန်း အနေဖြင့် ယနေ့ (စက်တင်ဘာ ၂၃ ရက်) YGEA မှ ၁၆ ပဲရည် အခေါက်ရွှေ ၁ ကျပ်သားလျှင် ၁,၉၆၆,၀၀၀ ကျပ် သတ်မှတ်ထားသော်လည်း ပြင်ပ၌ ကျပ် ၂၈ သိန်းကျော် ဈေးပေါက်လျက် ရှိကြောင်း သိရသည်။

You may also like these stories:

ရိုးရာရွှေဆိုင်းလုပ်ငန်းများ ပျောက်ကွယ်နိုင်ဟု လုပ်ငန်းရှင်များပြော

Your Thoughts …
Tags: မန္တလေးမြို့မျက်ပါးရပ်ရွှေဆိုင်းလုပ်ငန်းရွှေဈေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မန္တလေး၌ စစ်မှုထမ်းရန်အကျုံးဝင်သူများ မြို့က မထွက်ခွာဖို့ ဖိအားပေး

မန္တလေး၌ စစ်မှုထမ်းရန်အကျုံးဝင်သူများ မြို့က မထွက်ခွာဖို့ ဖိအားပေး

by ဧရာဝတီ
14 May 2024
11.4k

မေလဆန်းပိုင်းမှ စတင်ကာ စစ်တပ်က ရပ်ကွက်များအတွင်းသို့ ဝင်ရောက်ကာ တအိမ်တက်တအိမ်ဆင်း အိမ်ထောင်စုစာရင်းစစ်ဆေးခြင်းများပြုလုပ်ပြီးနောက် ထိုကဲ့သို့ ဖိအားပေးမှုများပြုလုပ်ခဲ့ခြင်းဟု သိရသည်။

ဒေါ်လာနှင့်ရွှေ ဈေးပြန်တက်လာ

ဒေါ်လာနှင့်ရွှေ ဈေးပြန်တက်လာ

by ဧရာဝတီ
10 September 2024
9.9k

ယနေ့တွင် ၁ ဒေါ်လာလျှင် ၅၂၀၀ ကျပ်အထိ ပြန်တက်ခဲ့သလို အကယ်ဒမီအခေါက်ရွှေဈေးမှာလည်း ၁ ကျပ်သားလျှင် ၆၆ သိန်းကျော်သို့ ပြန်လည် မြင့်တက်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

မန္တလေး Golden Gate ပုဂ္ဂလိကကျောင်းအား ချိပ်ပိတ် ပိုင်ရှင်နှင့်ဆရာများကို ဖမ်းဆီး

မန္တလေး Golden Gate ပုဂ္ဂလိကကျောင်းအား ချိပ်ပိတ် ပိုင်ရှင်နှင့်ဆရာများကို ဖမ်းဆီး

by ဧရာဝတီ
17 August 2023
5.6k

ဇူလိုင်လ တတိယပတ်အတွင်းက စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ မန္တလေးမြို့ရှိ ကိုယ်ပိုင်ကျောင်းများတွင် CDM ပညာရေးဝန်ထမ်းများအား ခန့်ထားခြင်းရှိမရှိ စစ်ဆေးရန်နှင့် NUG လက်အောက်ခံ တရားမဝင်ကျောင်းများ ဖွင့်လှစ် သင်ကြားနေမှုကို အရေးယူပေးရန် လှုံ့ဆော်ရေးသားခဲ့ကြသည်။

တံတားဦးလေတပ် ရှော့တိုက်ဒုံးပစ်ခံရမှု ပျက်စီးမှု ရှိဟုဆို

တံတားဦးလေတပ် ရှော့တိုက်ဒုံးပစ်ခံရမှု ပျက်စီးမှု ရှိဟုဆို

by ဧရာဝတီ
20 April 2024
4.2k

မန္တလေးမြို့ အနောက်တောင်ဘက် ၂၃ မိုင်အကွာတွင်ရှိသော တံတားဦးလေတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများရှိကြောင်း သိရသည်။

အသံတိတ်သပိတ်ပါဝင်မှုဖြင့် မန္တလေးကျောက်ဝိုင်းမှ ဆိုင်ခန်း ၁၀၀ ကျော် ပိတ်ခံရ

အသံတိတ်သပိတ်ပါဝင်မှုဖြင့် မန္တလေးကျောက်ဝိုင်းမှ ဆိုင်ခန်း ၁၀၀ ကျော် ပိတ်ခံရ

by ဧရာဝတီ
3 February 2024
4k

စစ်တပ်အာဏာသိမ်း ၃ နှစ်ပြည့်အဖြစ် ပြုလုပ်ခဲ့သည့် အသံတိတ်သပိတ်၌ ဆိုင်မဖွင့်ဘဲ ပါဝင်သည်ဟုဆိုကာ စစ်ကောင်စီက မန္တလေးမြို့၊ မဟာအောင်မြေကျောက်ဝိုင်းအတွင်းရှိ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ကို ၆ လ ပိတ်သိမ်းရန် ယမန်နေ့ နေ့လယ်ပိုင်း၌ စာများကပ်သွားကြောင်း ကျောက်ဝိုင်းလုပ်ငန်းရှင်များထံမှ...

ဒေါ်လာနှင့် ရွှေဈေးကို ထိန်းချုပ်ရန် စစ်ကောင်စီ အထူးအဖွဲ့ ဖွဲ့စည်းမည်

ဒေါ်လာနှင့် ရွှေဈေးကို ထိန်းချုပ်ရန် စစ်ကောင်စီ အထူးအဖွဲ့ ဖွဲ့စည်းမည်

by ဧရာဝတီ
23 August 2023
3.4k

ပို့ကုန်ရငွေမှတ်တမ်း မပြနိုင်သည့် ကုမ္ပဏီ ၇၈ ခုကို တရားစွဲထားပြီး ထိုကုမ္ပဏီ တည်ထောင်သူများအနက် နှစ်ဦးကို ထောင်ချထားပြီးဖြစ်သည်။

Next Post
“Miss Grand International 2020” အလှမယ် ဟန်လေး

အလှမယ် ဟန်လေးအား ကယ်ထုတ်နိုင်ရေး UNHCR ဆောင်ရွက်နေဟုဆို

တပ်သားသစ် စုဆောင်းရေး ငွေကြေးသုံးစွဲနေရတာဟ အာဏာမသိမ်းခင်ကတည်း ကပါ

ပျက်နေတဲ့ တပ်ထဲ မည်သူမျှ မဝင်လိုတော့

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.6k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

4 days ago
3.2k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate