• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီ သိမ်းမြေများ လေလံမှ NUG ဒေါ်လာ ၉ သန်း ရ

by ဧရာဝတီ
4 October 2022
in သတင်း
A A
မန္တလေးတောင်  / ဧရာဝတီ

မန္တလေးတောင် / ဧရာဝတီ

8.2k
VIEWS
Share on FacebookShare on Twitter

မြန်မာအမျိုးသားညီညွတ်ရေး အစိုးရ (NUG) သည် မန္တလေးတွင် စစ်ကောင်စီက တရားမဝင် သိမ်းထားသော မြေများကို လေလံပစ်ရာတွင် နှစ်ရက်ခွဲအတွင်း အမေရိကန် ဒေါ်လာ ၉ သန်းကျော် ရရှိသည်။

စစ်ကောင်စီကို ဆန့်ကျင်သည့် လက်ရှိဖြစ်ပွားနေသော တော်လှန်ရေးအတွက် ရန်ပုံငွေရှာရန် NUG စီမံကိန်း ဘဏ္ဍာရေးနှင့်နှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန (MOPFI) က နွေဦးမန္တလေး ရင်းနှီးမြှုပ်နှံမှုကို အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်သည်။ လွန်ခဲ့သောလကပင် ထိုသို့သော လေလံပွဲကို ရန်ကုန်အတွက် လုပ်ခဲ့ပြီးဖြစ်သည်။

RelatedPosts

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
44
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
127
မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

21 June 2025
99

ထိုစီမံကိန်းအရ MOPFI သည် အောင်မြေသာစံမြို့နယ်မှ မန္တလေးတောင် အရှေ့ဘက်နှင့် မဟာအောင်မြေမြို့နယ်မှ အောင်ဆန်းစုကြည်လမ်း တောင်ဘက်ရှိ မြေကွက် ၉၈၀ ကို လေလံတင်ရောင်းချသည်။ ထိုမြေအားလုံးမှာ စစ်ကောင်စီက မတရားသိမ်းပိုက်ထားသော မြေများဖြစ်သည်။

တနင်္လာနေ့ နံနက်အထိ မြေကွက်များ၏ ၆၀ ရာခိုင်နှုန်းဖြစ်သော မြေကွက် ၅၇၉ ကွက် ရောင်းချနိုင်ပြီး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၉ ဒသမ ၃ သန်းရရှိသည်။ ထိုလေလံအစီအစဉ်ကို မစတင်မီကပင် ဝန်ကြီးဌာနသည် မြေကွက် ၃၀၀ ကျော်အတွက် ကြိုတင်အမှာစာ ရထားပြီးဖြစ်ကြောင်း ပြောသည်။

NUG ၏ နွေဦးမန္တလေး ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အရ အဆိုပြု အိမ်ယာ စီမံကိန်း / End of Dictatorship

“ပြည်သူများ၏ တော်လှန်ရေးအတွက် ပြတ်သားမှု၊ စိတ်အားထက်သန်မှုနှင့် ယုံကြည်မှုသည် လွန်စွာ အံ့သြစရာကောင်းသည်” ဟု MOPFI က ထိုစီမံကိန်းစာမျက်နှာတွင် ဖော်ပြထားသည်။

NUG သည် ထိုမြေများ ရောင်းချခြင်းမှ အမေရိကန်ဒေါ်လာ ၂၄ သန်းရရန် မျှော်မှန်းထားသည်။

MOPFI က ထိုစီမံကိန်းတွင် ပြည်သူများ ပိုမိုထည့်ဝင်ရန် တိုက်တွန်းပြီး စစ်ကောင်စီသည် မည်သူ့ကိုမျှ ချမ်းသာပေးမည် မဟုတ်ဘဲ ကျောင်းများနှင့် ကလေးများကို တိုက်ခိုက်သတ်ဖြတ်ရုံသာမက ထိုသို့သော ဖြစ်ရပ်များသည် တော်လှန်ရေး အောင်မြင်မှသာ အဆုံးသတ်မည်ဖြစ်ကြောင်း ပြောသည်။

ဈေးကွက်ပေါက်ဈေး၏ ၃ ပုံ ၁ ပုံသာ သတ်မှတ်ထားသည့် ထိုမြေကွက်များ၏ တည်နေရာနှင့် အကျယ်အဝန်းအပေါ် မူတည်ပြီး ဈေးနှုန်းများမှာ အမေရိကန် ဒေါ်လာ ၂ သောင်းမှ ၈ သိန်းကြား ရှိသည်။

NUG ၏ နွေဦးမန္တလေး ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အရ အဆိုပြု အိမ်ယာ စီမံကိန်း / End of Dictatorship

ထိုမြေကွက်များကို နောင်တွင် အိမ်ရာစီမံကိန်းအဖြစ် ဖော်ထုတ်မည်ဖြစ်ပြီး ဝယ်ယူသူများသည် ကနဦး ကမ်းလှမ်းဈေး၏ ၄၀ ရာခိုင်နှုန်းသာ ပေးရန် လိုသည်။ ကျန်ငွေများကို တော်လှန်ရေး အောင်မြင်မှသာ ပေးနိုင်သည်။

ရန်ကုန်အတွက် ပြုလုပ်သည့် လေလံပွဲတွင်လည်း အလားတူ အောင်မြင်မှုရသည်။ ရန်ကုန်မှ မရမ်းကုန်းမြို့နယ် သံသုမာလမ်းမှ မြေကွက် ၄၀၀ ကို ရောင်းချရန် ကမ်းလှမ်းမှုသည် ပထမဆုံးနေ့တွင် ရောင်းထွက်သွားသည်။ ရန်ကုန်မှ ကျန်မြေကွက်များကို NUG က ဆက်လက် ရောင်းချနေသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း NUG သည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ အမှတ် ၁၄ အင်းလျားလမ်းမှ အိမ်ကိုလည်း လေလံတင် ရောင်းချသောကြောင့် အမေရိကန်ဒေါ်လာ ၁၀ သန်း ရသည်။

You may also like these stories:

အမှတ် ၁၄ အင်းလျားလမ်း ရောင်းရန် ရှိသည်

အမေရိကန်မှ ဒေါ်လာ တဘီလီယံဖြင့် ဒစ်ဂျစ်တယ်ငွေကြေး ထူထောင်ရန် NUG ကြိုးစားနေ

ဝယ်ထားသည့် လက်နက် ၆ ပုံ ၁ ပုံသာ PDF ထံ ပို့နိုင်သေးကြောင်း NUG ပြော

Your Thoughts …
Tags: MOPFINUGစစ်ကောင်စီတော်လှန်ရေးမန္တလေးရန်ကုန်ရန်ပုံငွေအမျိုးသားညီညွတ်ရေး အစိုးရ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ရန်ကုန်မြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူများကို နှိမ်နင်းနေသည့် ရဲတပ်ဖွဲ့ဝင်များ  / ဧရာဝတီ

အင်အားနည်းလာသော စစ်တပ် ရဲမှုထမ်းဟောင်းများဖြင့် အင်အားဖြည့်နေ

ပုဂံက မီးပုံးပျံခရီးစဉ်တွေ ပျံသန်းဖို့ စစ်ကောင်စီ ဖိအားပေးနေ (ရုပ်/သံ)

ပုဂံက မီးပုံးပျံခရီးစဉ်တွေ ပျံသန်းဖို့ စစ်ကောင်စီ ဖိအားပေးနေ (ရုပ်/သံ)

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

6 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

2 days ago
3.9k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate