• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ခရိုနီထွန်းမင်းလတ်၏ စီးပွားဖက် ထိုင်းအမတ်ကို ဖမ်းဝရမ်း ပြန်ရုပ်

by ဧရာဝတီ
7 October 2022
in သတင်း
A A
ထိုင်းတရားရုံးက ဖမ်းဝရမ်းပြန်ရုပ်လိုက်သည့် လွှတ်တော်အမတ် ဥပါကစ် ပန်ချရီယန်ကန် / Justice for Myanmar

ထိုင်းတရားရုံးက ဖမ်းဝရမ်းပြန်ရုပ်လိုက်သည့် လွှတ်တော်အမတ် ဥပါကစ် ပန်ချရီယန်ကန် / Justice for Myanmar

5.5k
VIEWS
Share on FacebookShare on Twitter

မူးယစ်ဆေးဝါးအပါအဝင် ငွေကြေးခဝါချမှုဖြင့် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် မြန်မာခရိုနီ လက်နက်ပွဲစား ဒေါက်တာ ထွန်းမင်းလတ်၏ စီးပွားဖက် ထိုင်းလွှတ်တော်အမတ် ဥပါကစ် ပန်ချရီယန်ကန်ကို ထိုင်းတရားရုံးက ငွေကြေး ခဝါချမှုနှင့် ပတ်သက်၍ အောက်တိုဘာ ၃ ရက်တွင် ဖမ်းဝရမ်း ထုတ်ခဲ့ပြီးနောက် နာရီပိုင်းအတွင်း၌ပင် ပြန်လည်ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။

ထိုင်းတရားရုံးက ဖမ်းဝရမ်းကိုသာမက တရာရုံးသို့ ဆင့်ခေါ်ထားမှုကိုလည်း ရုပ်သိမ်းလိုက်ကြောင်း၊ မည်သည့် အတွက် ကြောင့် ထိုသို့ ပြန်လည်ရုပ်သိမ်းသည်ကို သေချာမသိရှိရသေးကြောင်း မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက် မှုများနှင့် စီးပွားရေးလုပ်ငန်းများအကြောင်း စုံစမ်းဖော်ထုတ်နေသော Justice for Myanmar က ထိုင်းဘာသာဖြင့် ရေးသားထားသည့် သတင်းကို ကိုးကား၍ ထုတ်ပြန်ထားသည်။

RelatedPosts

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

19 May 2025
53
အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

19 May 2025
1.7k
ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

19 May 2025
60

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း၌ မြန်မာစစ်တပ်၏ လက်နက်ပွဲစား ဒေါက်တာထွန်းမင်းလတ်သည် ထိုင်းနိုင်ငံ၊ ဘန် ကောက်မြို့တွင် မူးယစ်ဆေးဝါးမှောင်ခိုလုပ်ခြင်းနှင့် ငွေကြေးခဝါချမှု သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းထားရပြီး ၎င်းနှင့်အတူ ထိုင်းနိုင်ငံသား ၃ ဦးနှင့် ထိုင်းဘတ် သန်း ၂၀၀ ခန့် တန်ကြေးရှိ ပိုင်ဆိုင်မှုများကိုပါ ထိန်းသိမ်းထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုထားပြီး အဆိုပါ ထိုင်းနိုင်ငံသား ၃ ဦးတွင် ၁ ဦးမှာ ဥပါကစ်၏ သားမက် ဒီးန်ယန်း ဂူတူလာ ဖြစ်သည်။

ထိုင်းအထက်လွှတ်တော်အမတ် ဥပါကစ် ပန်ချာရီယန်ကန်က ၎င်းအနေဖြင့် ဒေါက်တာထွန်းမင်းလတ်နှင့် ပတ်သက်ပြီး ထိုင်း-မြန်မာနယ်စပ်မြို့ ဖြစ်သော တာချီလိတ်မြို့ လျှပ်စစ်မီးပေးဝေရေးလုပ်ငန်း လုပ်ကိုင်မှု၌သာသိခဲ့ပြီး တခြား မည်သည့် လုပ်ငန်းနှင့်မျှ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

ဒေါက်တာ ထွန်းမင်းလတ်သည် မြန်မာလေတပ်အတွက် ထောက်လှမ်းရေး မောင်းသူမဲ့လေယာဉ်များနှင့် လေယာဉ် အစိတ် အပိုင်းများ တင်သွင်းရာတွင် ပွဲစားလုပ်သည့် Star Sapphire ကုမ္ပဏီများ အုပ်စုကို စီမံအုပ်ချုပ်သူ ဖြစ်သည်။

ထိုင်းလွှတ်တော်အမတ် ဥပါကစ်နှင့် ဒေါက်တာထွန်းမင်းလတ်တို့သည် ထိုင်းနယ်စပ်အနီး ရှမ်းပြည်နယ်နယ်စပ်မြို့ တာချီ လိတ်၌ တရားမဝင် ကာစီနိုလုပ်ငန်းလုပ်ကိုင်ရန် Myanmar Allure အုပ်စုကို ၂၀၀၀ ပြည့်နှစ်တွင် ထူထောင်ခဲ့ကြောင်း Open Corporates အစီရင်ခံစာက ဆိုထားသည်။

ထို့ပြင် ဒေါက်တာ ထွန်းမင်းလတ်၏ Star Sapphire သည် ကာစီနိုလုပ်ငန်းများ တည်ထောင်ပေးကြောင်းလည်း Justice For Myanmar က ထိုလုပ်ငန်း၏ အင်တာနက်စာမျက်နှာ မှတ်တမ်းတခုကို ကိုးကားဖော်ပြချက်အရ သိရသည်။

ဥပါကစ် ပန်ချာရီယန်ကန်က Allure ကုမ္ပဏီ၌ ရယူထားသော ၎င်း၏ ရာထူးနေရာကို ၂၀၁၉ တွင် ၎င်း၏ သမီး အဒီဆာရာ ဂူတူလာ၏ ခင်ပွန်း ဒီးန်ယန်ဂူတူလာအား အစားထိုးခဲ့ပြီးနောက် ၂၀၂၂ ဇွန်လတွင်မူ သားမက်ဖြစ်သူကလည်း ထိုကုမ္ပဏီမှ နုတ်ထွက်ခဲ့ကြောင်း Justice for Myanmar က ဖော်ထုတ်ထားသည်။

ဒေါက်တာထွန်းမင်းလတ် အမှုကိစ္စနှင့် ပတ်သက်ပြီး နောက်ဆက်တွဲ သတင်းများအား ထိုင်းရဲတပ်ဖွဲ့က သတင်းအတိအကျ ထုတ်ပြန်လာခြင်းမျိုး မရှိသေးပေ။

You may also like these stories:

စစ်တပ်၏ လက်နက်ပွဲစား ဒေါက်တာ ထွန်းမင်းလတ် ထိုင်းတွင် အဖမ်းခံရ

ခရိုနီ ထွန်းမင်းလတ်နှင့် ပတ်သက်မှုမရှိဟု ထိုင်းလွှတ်တော်အမတ် ငြင်းဆို

Your Thoughts …
Tags: ထိုင်းတရားရုံးထိုင်းလွှတ်တော်အမတ်ဒေါက်တာထွန်းမင်းလတ်ဖမ်းဝရမ်းလက်နက်ပွဲစား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရာဇဝတ်မှုများနှင့် မကင်းသူ မြန်မာခရိုနီများ စင်ကာပူ လက်ခံထား

စစ်ရာဇဝတ်မှုများနှင့် မကင်းသူ မြန်မာခရိုနီများ စင်ကာပူ လက်ခံထား

by ဧရာဝတီ
8 September 2023
13k

စင်ကာပူ၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြရန် လူ့အခွင့်အရေးအဖွဲ့ Justice For Myanmar (JFM) က စစ်ရာဇဝတ်မှုများနှင့် ဆက်စပ်နေသည့် လုပ်ငန်းရှင် ကိုးဦးကို ဖော်ပြသည့် “Dirty Over 30” စာရင်းကို ထုတ်ပြန်လိုက်သည်။

ဦးတေဇခေတ် ကုန်သွားပြီလား

ဦးတေဇခေတ် ကုန်သွားပြီလား

by ဧရာဝတီ
25 October 2024
11.9k

ထူးရုံးချုပ်ကို ရောင်းချခြင်းသည် နဝတခေတ်က ရရှိခဲ့သော အခွင့်အလမ်းများ ပြန်မရနိုင်တော့သည့် အတွက်ကြောင့်သာ ဖြစ်သည်။

တရုတ်အလိုရှိသူ ကိုးကန့်ခေါင်းဆောင်ဟောင်း၏ ရွာ MNDAA ဝင်စီး

တရုတ်အလိုရှိသူ ကိုးကန့်ခေါင်းဆောင်ဟောင်း၏ ရွာ MNDAA ဝင်စီး

by ဧရာဝတီ
15 November 2023
11.4k

မြင်ရွှေချမ်းမိသားစုအား တရုတ်၏ ဝရမ်းထုတ်မှုသည် အွန်လိုင်းလိမ်လည်မှုတခုတည်းကြောင့်မဟုတ်ဘဲ လူသတ်မှုသံသယကြောင့်လည်း ပါဝင်သည်။

သစ်တော ဝန်ကြီးဟောင်း၏သား ဦးစစ်တိုင်းအောင် စစ်ကောင်စီအတွက် လက်နက်ပွဲစား လုပ်နေ

သစ်တော ဝန်ကြီးဟောင်း၏သား ဦးစစ်တိုင်းအောင် စစ်ကောင်စီအတွက် လက်နက်ပွဲစား လုပ်နေ

by အောင်ဇော်
7 August 2024
10.3k

“ခဏတဖြုတ်နေဖို့ပဲ။ ကျနော် အသတ်မခံချင်ဘူး”ဟု ဒူဘိုင်းသို့ မထွက်ခွာမီ မိတ်ဆွေတဦးကို ဦးစစ်တိုင်းအောင်က ပြောခဲ့သည်။

လက်နက်ပွဲစား ထွန်းမင်းလတ် ပြန်လွတ်

လက်နက်ပွဲစား ထွန်းမင်းလတ် ပြန်လွတ်

by ဧရာဝတီ
30 January 2024
6.1k

ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော် ပြစ်မှုများဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ လက်နက်ပွဲစား ခရိုနီ ဒေါက်တာ ထွန်းမင်းလတ်အား ထိုင်းတရားရုံးက တရားသေလွှတ်ပေးလိုက်ကြောင်း The Nation သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ခရိုနီလက်နက်ပွဲစား ရန်ကုန်တွင် ပစ်သတ်ခံရ

ခရိုနီလက်နက်ပွဲစား ရန်ကုန်တွင် ပစ်သတ်ခံရ

by ဧရာဝတီ
3 October 2023
5.8k

အသက် ၃၆ နှစ်ရှိပြီဖြစ်သော ဉာဏ်လွင်အောင်ကို တနင်္လာနေ့ညက လမ်းမတော်မြို့နယ်တွင် ပစ်သတ်လိုက်ကြောင်း အထက်ပါအဖွဲ့က ထုတ်ပြန်သည်။

Next Post
စစ်ခေါင်းဆောင်မိသားစု စီးပွားရေးချဲ့ထွင် (ရုပ်/သံ)

စစ်ခေါင်းဆောင်မိသားစု စီးပွားရေးချဲ့ထွင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့  / ဧရာဝတီ

စစ်ကိုင်းမြို့သို့ မကွေး၊ မန္တလေးတိုင်းတို့မှ လာသူများ ဧည့်စာရင်းမပေး၍ အခက်ကြုံ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

7 days ago
2.8k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate