နယူးဒေလီ၏ ရည်မှန်းချက်ကြီးမားသော အရှေ့ဘက်သို့ မျက်နှာမူလုပ်ဆောင်ရေး မူဝါဒတွင် အရေးပါသည့် မြန်မာတွင် နှောင့်နှေးကြန့်ကြာနေသည့် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းတွင် အိန္ဒိယအစိုးရက အပြောင်းအလဲအနည်းငယ် လုပ်လိုက်သည်။
အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်နှင့် ထိစပ်နေသည့် မြန်မာနိုင်ငံရှိ ဒုက္ခရောက်နေသည့် ချင်းပြည်နယ်မှ ရပ်ဆိုင်းနေသော ထိုစီမံကိန်း ပြီးစီးရေးအတွက် ရူပီး ၁၇ ဒသမ ၈ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂၁၆ ဒသမ ၃၂ သန်း) သုံးရန် သတ်မှတ်ထားပြီးဖြစ်သည်။ ထိုခန့်မှန်းခြေကုန်ကျစရိတ်ကို စီမံကိန်းအတွက် လိုအပ်သည့် အဓိကကုန်ပစ္စည်းများ ရရှိမှုအခြေအနေအရ အတိုးအလျှော့ ပြုလုပ်သွားမည်ဖြစ်သည်။
ထိုစီမံကိန်းတွင် မပြီးစီးသေးသော အစိတ်အပိုင်းများမှာ ချင်းပြည်နယ် ပလက်ဝမှ ၂ နိုင်ငံနယ်စပ် ဇိုရင်ပွီအထိ ကြမ်းတမ်းသော ပဋိပက္ခဇုန်ကို ဖြတ်သန်း ဆက်သွယ်ထားသော ၁၀၉ ကီလိုမီတာ ရှည်သည့် ၂ လမ်းသွား အဝေးပြေးလမ်း ဖြစ်သည်။
ထိုစီမံကိန်းတွင် မပြီးစီးသေးသော အစိတ်အပိုင်းများမှာ ချင်းပြည်နယ် ပလက်ဝမှ ၂ နိုင်ငံနယ်စပ် ဇိုရင်ပွီအထိ ကြမ်းတမ်းသော ပဋိပက္ခဇုန်ကို ဖြတ်သန်း ဆက်သွယ်ထားသော ၁၀၉ ကီလိုမီတာ ရှည်သည့် ၂ လမ်းသွား အဝေးပြေးလမ်း ဖြစ်သည်။
ထိုစီမံကိန်းတွင် ရခိုင်ပြည်နယ် ကုလားတန် မြစ်ဝမှ စစ်တွေဆိပ်ကမ်း တည်ဆောက်ခြင်း၊ ပလက်ဝတွင် ဆိပ်ကမ်းတည်ဆောက်ခြင်းနှင့် ကုလားတန်မြစ်ကို သောင်တူးခြင်း အပါအဝင် မြန်မာဘက်က ကျန်အစိတ်အပိုင်းများ ပြီးစီးနေပြီဖြစ်သည်။
အထက်ပါ အဝေးပြေးလမ်းတည်ဆောက်ရေး အသေးစိတ်များကို အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနနှင့် စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်း (PIA) ဖြစ်သည့် IRCON International Limited တို့အကြား ချုပ်ဆိုသည့် စာချုပ်သစ်တွင် ဖော်ပြထားသည်။ IRCON International Limited သည် ပြည်ပနိုင်ငံများတွင် စီမံကိန်းများ အကောင်အထည်ဖော်သည့် အတွေ့အကြုံရှိသော အိန္ဒိယ မီးရထားဝန်ကြီးဌာန၏ နိုင်ငံပိုင်လုပ်ငန်း ဖြစ်သည်။
စစ်၊ အဓိကရုဏ်း၊ လူထုမငြိမ်သက်မှု၊ ငလျင်၊ မီး၊ ပေါက်ကွဲမှု၊ မုန်တိုင်း၊ ရေလွှမ်းမိုးမှု၊ ကူးစက်ရောဂါကပ် သို့မဟုတ် ရာသီဥတုဆိုးဝါးမှု၊ သပိတ်များ၊ ပိတ်ဆို့တားဆီးမှုနှင့် အခြားလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များစသည့် အကောင်အထည်ဖော်ရေး အေဂျင်စီက ထိန်းချုပ်မရသည့် ပြဿနာများကြောင့် အပြီးသတ် ဆောင်ရွက်ရမည့် ရက်စွဲကို ပြုပြင်နိုင်သည်။
ဧရာဝတီသတင်းဌာနက ရရှိသည့် စာမျက်နှာ ၃၂ မျက်နှာရှိ ထိုသဘောတူညီချက်အရ အထက်ပါ အဝေးပြေးလမ်းကို IRCON က ရွေးချယ်သည့် ဒေသခံလက်ခွဲ ကန်ထရိုက်တာများက တည်ဆောက်မည်ဖြစ်ပြီး လပေါင်း ၄၀ အတွင်း အပြီး တည်ဆောက်ရမည်ဖြစ်သည်။ စာချုပ်ပါ အပိုဒ် တပိုဒ်မှာ စစ်၊ အဓိကရုဏ်း၊ လူထုမငြိမ်သက်မှု၊ ငလျင်၊ မီး၊ ပေါက်ကွဲမှု၊ မုန်တိုင်း၊ ရေလွှမ်းမိုးမှု၊ ကူးစက်ရောဂါကပ် သို့မဟုတ် ရာသီဥတုဆိုးဝါးမှု၊ သပိတ်များ၊ ပိတ်ဆို့တားဆီးမှုနှင့် အခြားလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များစသည့် အကောင်အထည်ဖော်ရေး အေဂျင်စီက ထိန်းချုပ်မရသည့် ပြဿနာများကြောင့် အပြီးသတ် ဆောင်ရွက်ရမည့် ရက်စွဲကို ပြုပြင်နိုင်ခြင်းဖြစ်သည်။
ယခုနှစ်အစောပိုင်းက အိန္ဒိယအစိုးရသည် မြန်မာမှ အထက်ပါ အဝေးပြေးလမ်း တည်ဆောက်ရန် တာဝန် ပေးအပ်ခံထားရသည့် Engineers Projects India Limited (EPIL) နှင့် C & C Construction Co. Ltd တို့၏ ဖက်စပ်လုပ်ငန်းနှင့် သဘောတူညီချက်ကို ဖျက်သိမ်းလိုက်သည်။
စီမံကိန်း အကောင်အထည်ဖော်သော လုပ်ငန်း (PIA) သည် ထိုနိုင်ငံမှ သက်ဆိုင်ရာ ဒေသဓလေ့ထုံးစံများနှင့် ပတ်သက်သည့် အခြေခံ ဗဟုသုတများကို လေ့လာရမည်ဖြစ်ပြီး လိုအပ်သည့်အခါတိုင်း လုပ်ငန်းအပ်နှံသည့် ပြည်ပရေးရာဝန်ကြီးဌာနက စီမံကိန်းအကောင်အထည်ဖော်သည့် လုပ်ငန်းကို သက်ဆိုင်ရာဒေသထုံးစံများအား စာဖြင့်ရေးသား အကြံပေးမည်ဖြစ်ပြီး PIA သည် ထိုသို့ အကြံပေးစာများကို ရရှိပြီးနောက် ဓလေ့ထုံးစံများကို လေးစားလိုက်နာမည်ဟု သဘောတူညီချက်သစ်တွင် ဖော်ပြထားသည်။
ထို့ပြင် IRCON သည် ဒေသခံအဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး လုပ်ငန်းအတွက်နှင့် လက်ရှိ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများကို လိုအပ်သလို ရွှေ့ပြောင်းရေးအတွက် ၎င်းတို့၏ အတည်ပြုချက်များကို ရယူရမည်ဟုလည်း စာချုပ်တွင် ဖော်ပြထားသည်။ IRCON သည် စီမံကိန်း အကောင်းအထည်ဖော်သည့် လုပ်ငန်းခွင်တွင် လုံလောက်စွာ အတွေ့အကြုံရှိပြီး သင့်လျော် အရည်အချင်းမီသည့် ဝန်းထမ်းများကို တာဝန်ပေးအပ်ရမည် ဖြစ်သည်။
၂၀၁၉ ခုနှစ်တွင် လှေ ၂ စီးပေါ်မှ အိန္ဒိယနိုင်ငံသား ၄ ဦးနှင့် လွှတ်တော်ကိုယ်စားလှယ်တဦး အပါအဝင် လူ ၁၀ ဦးကို ရက္ခိုင့်တပ်တော် (AA) က ပလက်ဝနှင့် ကျောက်တော်အကြားတွင် ဖမ်းဆီးလိုက်သည်။ အိန္ဒိယမှ ဖမ်းဆီးခံရသူများအနက် ၂ ဦးမှာ EPIL ၏ ဝန်ထမ်းများဖြစ်သည်။
အိန္ဒိယအစိုးရ၏ သတိထား ဆောင်ရွက်နေသည့် နည်းလမ်းမှာ မြန်မာရှိ ထိုစီမံကိန်းတွင် ယခင်က ပါဝင်ခဲ့သည့် ဝန်ထမ်းများ၏ ပင်ပမ်းဆင်းရဲသည့် အတွေ့အကြုံများကြောင့်ဖြစ်သည်ဟု နားလည်ရသည်။ ၂၀၁၉ ခုနှစ်တွင် လှေ ၂ စီးပေါ်မှ အိန္ဒိယနိုင်ငံသား ၄ ဦးနှင့် လွှတ်တော်ကိုယ်စားလှယ်တဦး အပါအဝင် လူ ၁၀ ဦးကို ရက္ခိုင့်တပ်တော် (AA) က ပလက်ဝနှင့် ကျောက်တော်အကြားတွင် ဖမ်းဆီးလိုက်သည်။ အိန္ဒိယမှ ဖမ်းဆီးခံရသူများအနက် ၂ ဦးမှာ EPIL ၏ ဝန်ထမ်းများဖြစ်သည်။
ထိုစီမံကိန်းကို ဒေသခံ လက်ခွဲကန်ထရိုက်တာများ ပါဝင် အကောင်အထည်ဖော်ရန် အလားအလာ ရှိကြောင်း အိန္ဒိယအရာရှိတဦးက ပြောသည်။ “ဒေသခံ ပြည်သူတချို့က မြန်မာမှာ အဆိုပြုထားတဲ့ အဝေးပြေးလမ်းနဲ့ ပတ်သက်ပြီး စိတ်မချမ်းသာကြဘူးဆိုတဲ့ သတင်းတွေဖြစ်နေတယ်။ ဒေသခံ လူမှုအသိုက်အဝန်းတွေနဲ့ စီးပွားရေးသမားတွေ ပါဝင်လုပ်ကိုင်မှ ဒီစီမံကိန်းကို လက်နက်ကိုင်အုပ်စုတွေ ဝင်ရောက်စွက်ဖက် ဟန့်တားမှုကို လျှော့ချနိုင်မယ်” ဟု ၎င်းကပြောသည်။

ထို ၂ လမ်းသွား အဝေးပြေးလမ်းတွင် အစိတ်အပိုင်း ၂ ခုပါဝင်ပြီး ပလက်ဝမှ ကလေးဝသို့ ဆက်သွယ်သည့် အပိုင်းနှင့် ၄၁ ဒသမ ၅ ကီလိုမီတာ ရှည်လျားသည့် ကလေးဝမှ ဇိုရင်ပွီသို့ ဆက်သွယ်သည့် အစိတ်အပိုင်းဖြစ်သည်။ ယခင် လုပ်ငန်းများက လုပ်ကိုင်ခဲ့သည့် မည်သည့် လုပ်ငန်းမဆိုကို ပြန်လည် အကဲဖြတ်မည်ဖြစ်ပြီး ထိုလုပ်ငန်းဆောင်ရွက်မှု ပြီးစီးသော နေရာများတွင် အဝေးပြေးလမ်းကို ပြန်လည် တည်ဆောက်မည်ဖြစ်သည်။ မိုးကြောင့်နှင့် ရေနုတ်မြောင်း မရှိသောကြောင့် လမ်းပျက်စီးနေသည့် နေရာများကို ပြုပြင်ရန် လိုအပ်ကြောင်းလည်း ထိုသဘောတူညီချက်တွင် ဖော်ပြထားသည်။
သဘောတူညီချက်တွင် ဖော်ပြထားသည့် အတိုင်းဆိုပါက သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ခွင့်ပြုချက်များသည် စီမံကိန်းနှင့် သက်ဆိုင်ခြင်းမရှိပေ။ စီမံကိန်းအတွက် ခုတ်ပစ်ရသည့် သစ်ပင် အရေအတွက်ဖြစ်သော သစ်ပင်ပေါင်း ၁၇,၀၀၀ ကို IRCON က ပြန်လည် စိုက်ပေးရမည်ဖြစ်သည်။ “သရက်၊ ပိန္နဲနှင့် ကျွန်းပင်များအပါအဝင် သစ်ပင်ပေါင်း ၉,၀၀၀ ကျော်သည် လမ်းကြောင်းတွင် ကျရောက်နေသည်။ လက်ရှိ သစ်ပင်အရေအတွက် မည်သည့် အပြောင်းအလဲမဆိုကို ထည့်သွင်း စဉ်းစားခြင်းမပြုရ”ဟုလည်း ဖော်ပြထားသည်။
အိန္ဒိယအစိုးရက ကုလားတန် စီမံကိန်းကို အကောင်အထည်ဖော်မည့် အချိန်သည် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) အကြား တိုက်ပွဲများ ဖြစ်ပွားချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
အိန္ဒိယအစိုးရက ကုလားတန် စီမံကိန်းကို အကောင်အထည်ဖော်မည့် အချိန်သည် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) အကြား တိုက်ပွဲများ ဖြစ်ပွားချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ပလက်ဝကဲ့သို့သော အချို့နေရာများကို ဆိုးကျိုးများ ဖြစ်ပေါ်စေမည်ဖြစ်ပြီး ထိုဒေသများမှ လူ ၆၀၀ ကျော်သည် ၎င်းတို့၏ ကျေးရွာများမှ ထွက်ပြေးပြီး မီဇိုရမ်သို့ ပြောင်းရွှေ့သွားပြီ ဖြစ်သည်။
IRCON သည် ထိုအဝေးပြေးလမ်းအတွက် ဒေသခံ လက်ခွဲကန်ထရိုက်တာများ ရှာဖွေနိုင်ခြင်း ရှိ မရှိ မသိရပေ။ သတင်းအချက်အလက် သိပိုင်ခွင့် အက်ဥပဒေအရ စာရေးသူက လျှောက်ထားခဲ့သော်လည်း ဒေသခံ လက်ခွဲကန်ထရိုက်တာများမှာ မည်သူတို့ဖြစ်သည်ကို IRCON က ထုတ်ပြန်ခြင်း မပြုနိုင်ဖြစ်နေသည်။
ထိုစီမံကိန်းကို လွန်ခဲ့သာ ၁၂ နှစ်က စတင် အကောင်အထည် ဖော်ချိန်မှစတင်ပြီး အကြိမ်ကြိမ် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်နေသည်။ ယခုနောက်ဆုံး သတ်မှတ်ထားသည့် စီမံကိန်း ပြီးစီးရမည့် အချိန်မှာ ၂၀၂၃ ခုနှစ်ဖြစ်သော်လည်း လက်ရှိအခြေအနေအရ ထိုအဝေးပြေးလမ်းပြီးစီးအောင် ဆောင်ရွက်ရန် အကောင်အထည်ဖော်သော လုပ်ငန်းအတွက် လွန်စွာခက်ခဲနိုင်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Rajeev Bhattacharyya ၏ Challenges Await New Contractor as India Rejigs Plan for Completion of Kaladan Project in Myanmar ကို ဘာသာပြန် ဖော်ပြသည်။ ရာဂျိဗ် ဘာတာချာရီရာသည် အိန္ဒိယနိုင်ငံ၊ အာသံမှ ဝါရင့် သတင်းသမား ဖြစ်သည်။)
You may also like these stories:
ကုလားတန်စီမံကိန်းကို ပစ်မှတ်ထားတဲ့ နောက်ကွယ်မှာ တရုတ်လက်ပါနေဟု အိန္ဒိယ သတင်းစာဖော်ပြ
နယူးဒေလီရဲ့ အဓိက နိုင်ငံခြားရေး မူဝါဒ အခန်းကဏ္ဍတခုမှာ မြန်မာပါတယ်
နယ်မြေလုံခြုံမှု မရှိသည့်အတွက် ကုလားတန်စီမံကိန်း ကြန့်ကြာနေဟု ဆို
မြန်မာနှင့် ပူးပေါင်းဆောင်ရွက်မှု အိန္ဒိယ မည်သည့်အကျိုးကျေးဇူးမျှ မထွက်
အိန္ဒိယ၏ ကုလားတန် စီမံကိန်း ပြဿနာသစ်များ ရင်ဆိုင်နေရ