• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိ ၅ မှုဖြင့် စွဲချက်တင်

by ဧရာဝတီ
18 October 2022
in သတင်း
A A
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်

4.5k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား အာဏာသိမ်း စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် စွပ်စွဲတရားစွဲဆိုထားမှု ၅ မှုအား နေပြည်တော် ထောင်တွင်းအထူးတရားရုံးက ယနေ့ စွဲချက်တင်လိုက်သည်။

အဆိုပါ အမှု ၅ မှုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် နိုင်ငံပိုင်ရဟတ်ယာဉ် ၁ စီး ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများနှင့် ပတ်သက်ပြီး နိုင်ငံတော်မှ ငွေကြေးနစ်နာဆုံးရှုံးမှုများ ရှိသည်ဟုဆိုကာ တရားစွဲဆိုခြင်း ဖြစ်သည်။

RelatedPosts

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

16 July 2025
93
မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

16 July 2025
38
နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

16 July 2025
945

ယခုကဲ့သို့ အမှုများအား စွဲချက်တင်လိုက်သည့်အတွက် တရားလိုပြသက်သေများ ဖြစ်သည့် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဒုဝန်ကြီးဟောင်း ဦးစိုးအောင်၊ ဒေါက်တာကိုကိုနိုင်၊ တရားလိုဖြစ်သူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဦးအောင်ခန့်နှင့် အခြားသူ ၁ ဦးတို့အား ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးရန် ခေါ်ယူထား ကြောင်း သိရသည်။

ယခု စွဲချက်တင်လိုက်သည့် အမှု ၅ မှုသည် စစ်တပ် အာဏာသိမ်းပြီးနောက် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စွပ်စွဲတရားစွဲဆိုမှုများထဲမှ နောက်ဆုံး လက်ကျန်အမှုများ ဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ တွင် “ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ သို့မဟုတ် နိုင်ငံရေးရာထူး လက်ရှိ ဖြစ်ခဲ့စဉ်က မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” ဟု ပြဋ္ဌာန်းထားသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲတရားစွဲဆိုသည့် အမှု ၁၄ မှုဖြင့် ထောင် ၂၆ နှစ် ချမှတ်ခံထားရပြီး ဖြစ်သလို သမ္မတ ဦးဝင်းမြင့်သည်လည်း စစ်ကောင်စီက စွပ်စွဲတရားစွဲဆိုသည့် အမှု ၃ မှုအတွက် ထောင် ၅ နှစ် ချမှတ်ခံထားရသည်။

စစ်ကောင်စီက ထောင်ဒဏ် ချမှတ်ထားသည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လက်ရှိတွင် နေပြည်တော်ထောင်တွင်း သီးခြားနေရာတခု၌ ထောင်သွင်း အကျဉ်းချခံထားရသကဲ့သို့ သမ္မတ ဦးဝင်းမြင့် အနေဖြင့်လည်း ထောင်ပြင်ပ သီးခြားနေရာတခုတွင် နေအိမ်အကျယ်ချုပ်ကဲ့သို့ ချုပ်နှောင်ခံထားရသည်။

အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် အဆိုပါ ကယ်ဆယ်ရေးရဟတ်ယာဉ်ဝယ်ယူမှုနှင့် ပတ်သက်ပြီး NLD အစိုးရ လက်ထက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကိုလည်း ၂၀၂၁ ဩဂုတ် ၂၁ ရက်တွင် အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ထားကြောင်း ကြေညာခဲ့သည်။

ဒေါက်တာဝင်းမြတ်အေးသည် လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။

You may also like these stories:

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတ တို့အား ထောင်တွင်း၌ ရုံးထုတ်

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတအား ရွေးကောက်ပွဲဆိုင်ရာစွပ်စွဲချက်အမှု ပြန်ခေါ်သက်သေစစ်ဆေး

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းထံ မြေနေရာချပေးမှု စည်ပင်သတ်မှတ်ချက်အတိုင်းဖြစ်ဟု ထွက်ဆို

Your Thoughts …
Tags: စစ်ကောင်စီဒေါ်အောင်ဆန်းစုကြည်နေပြည်တော်သမ္မတ ဦးဝင်းမြင့်အဂတိမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.4k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
သတ်ဖြတ်ခံရသည့် ကျောင်းဆရာ ဦးစောထွန်းမိုး

ပေါက်မြို့နယ် NUG ကျောင်းမှ ဆရာ ၁ ဦး ရက်စက်စွာ အသတ်ခံရ

ဒီကားကနေ ရလိုက်တာကတော့ ကိုယ်ချင်းစာတရားပါပဲ (ရုပ်/သံ)

ဒီကားကနေ ရလိုက်တာကတော့ ကိုယ်ချင်းစာတရားပါပဲ (ရုပ်/သံ)

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

7 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate