ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး) က လစ်လပ်နေသည့် ဒုတိယ ဥက္ကဋ္ဌ- ၃ ရာထူးအတွက် ဒုတိ ယ ဗိုလ်ချုပ်ကြီးဟောင်း မျိုးဇော်သိန်းနှင့် ပါတီနိုင်ငံခြားရေးရာ ကော်မတီ တာဝန်ခံအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုးအား အတည်ပြု ရွေးချယ်လိုက်ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမောင်မြင့် (မင်း ကင်း) က ပြောသည်။
အဆိုပါ ဒုဗိုလ်ချုပ်ကြီး နှစ်ဦးသည့် မကြာသေးမီကမှ စစ်တပ်မှ အငြိမ်းစားယူခဲ့သူများဖြစ်ပြီး ၎င်းတို့အား ပါတီရာထူး များအတွက် အောက်တိုဘာ၂၈ ရက်တွင် အတည်ပြု ရွေးချယ်လိုက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် တဦးဖြစ်သူ ဦးမောင်မြင့် (မင်းကင်း)က “သူတို့က အခုမှ ရောက်တယ်ဆိုပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် ဒီပါတီကလည်း တပ် မတော်နဲ့ မစိမ်းဘူးလေ၊ သူတို့ကတော့ ဘာခေါ်မလဲ အချိန်တို အတွင်းမှာ အသားကျပါတယ်။ ပြဿနာ မရှိပါဘူး” ဟု ပြောသည်။
ယင်းပြင် ပါတီ၏ အဓိက အရေးပါသည့် ပါတီ အထွေထွေ အတွင်းရေးမှူး ရာထူးအတွက်လည်း ပါတီဗဟို အလုပ် အမှု ဆောင်တဦးဖြစ်သူ ဦးသောင်းအေးအား အတည်ပြု ရွေးချယ်လိုက်ကြောင်းလည်း ဦးမောင်မြင့်က ပြောသည်။
ဦးသောင်းအေးသည်၂၀၂၀ ရွေးကောက်ပွဲတွင် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင် ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ဒေါက်တာ ဝင်းမောင်အား ရှုံးနိမ့်ခဲ့သူ ဖြစ်သည်။
ယင်းသို့ ရှုံးနိမ့်ပြီးနောက် မဲစာရင်း မှားယွင်းမှုနှင့် မဲမသမာမှုများ ရှိသည်ဟု ဆိုကာ ဦးဆောင်ကန့်ကွက်ခဲ့သူဖြစ်ပြီး စစ် တပ်ထံသို့လည်း အချက်အလက်များ ပေးပို့ကာ ရွေးကောက်ပွဲ ရလဒ် ဆန့်ကျင်ရေး ကြိုးပမ်းလုပ်ဆောင်ခဲ့သူ ဖြစ် သည်။
ပျော်ဘွယ်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ်၂၀၁၀ မှ ၂၀၂၀ ပြည့်နှစ်အထိ ဆောင်ရွက်ခဲ့သူ ဦးသောင်းအေးသည် NLD အစိုးရ လက်ထက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရွေးချယ်ရာတွင်လည်း အမည်စာရင်း တင် သွင်းခံရပြီး ဦးတီခွန်မြတ်အား လွှတ်တော်အတွင်း မဲပေးရွေးချယ်ရာ၌ ရှုံးနိမ့်ခဲ့သူလည်းဖြစ်သည်။
ဒုဗိုလ်ချုပ်ကြီးဟောင်း တဦးလည်းဖြစ်သူ ဦးသောင်းအေးသည် အာဏာရှင် ဦးသန်းရွှေလက်ထက် စစ်အစိုးရခေတ် တွင် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ကောင်စီဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
ပါတီ ဒုဥက္ကဋ္ဌ- ၃ ဖြစ်လာသူ ဒုဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းသည် စစ်တက္ကသိုလ် DSA အပတ်စဉ်၂၈ ကျောင်းဆင်းဖြစ်ပြီး စစ်ကောင်စီတပ်တွင် စစ်ရေးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ အမှတ် ၅ စစ်ဆင်ရေး အထူးအဖွဲ့မှူးစသည့် ရာထူး တာဝန်များ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
ပါတီ နိုင်ငံခြားရေး တာဝန်ခံဖြစ်လာသည့် ပြည်ထဲရေး ဒုဝန်ကြီးဟောင်းဖြစ်သူ DSA အပတ်စဉ်၂၆ ဆင်း ဒုဗိုလ်ချုပ် ကြီး အောင်စိုးမှာမူ အမှတ် ၄ စစ်ဆင်ရေး အထူးအဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအား ဦးဆောင် ကွပ်ကဲကာ စစ်ဆင်ခဲ့သူ ဖြစ်သည်။
You may also like these stories:
ခေါင်းဆောင်ပိုင်းရာထူးအချို့ ခန့်အပ်နိုင်ခြင်းမရှိဘဲ ကြံ့ခိုင်ရေးပါတီညီလာခံ ပြီးဆုံး
စစ်ဗိုလ်ချုပ်ကြီးများနှင့် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ