• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အင်းစိန်ထောင် ပေါက်ကွဲမှုအပြီး နိုင်/ကျဉ်းများ အငြိုးထားဖိနှိပ်ခံရ

by ဧရာဝတီ
3 November 2022
in သတင်း
A A
အင်းစိန်ထောင်  / ဧရာဝတီ

အင်းစိန်ထောင် / ဧရာဝတီ

2.9k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့ ၊ အင်းစိန်ထောင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက်တွင် အကျဉ်းထောင်အချို့တွင် ထောင်ဝန်ထမ်းများက နိုင်/ကျဉ်းများအပေါ် အငြိုးထားဖိနှိပ်မှုများ ပြုလုပ်ခဲ့ကြောင်း ထောင်နှင့် နီးစပ်သူများနှင့် အကျဉ်းသား မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။

အင်းစိန်ထောင် ပါဆယ်လက်ခံရေးဌာနနေရာတွင် အောက်တိုဘာ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု ဖြစ်စဉ်အပြီး အင်းစိန်ထောင် အပါအဝင် မြင်းခြံထောင်၊ ပခုက္ကူထောင်နှင့် နယ်ထောင် အချို့တွင် ထောင်ဝင်စာများ ပေးပို့ခြင်း ပိတ်ပင်ခံခဲ့ရသလို အကြမ်းဖက်ဖိနှိပ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

RelatedPosts

အခုတော့ဗုံးမှန်တဲ့ ငါတို့ကျောင်းဖြစ်သွားပြီ (ရုပ်/သံ)

အခုတော့ဗုံးမှန်တဲ့ ငါတို့ကျောင်းဖြစ်သွားပြီ (ရုပ်/သံ)

13 May 2025
24
အရိုင်းအစိုင်းများအတွက် မေးခွန်းများ

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

13 May 2025
617
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

13 May 2025
680

အကျဉ်းထောင်နှင့် နီးစပ်သူတဦးက “အထဲကလူတွေရဲ့ လုံခြုံရေးကို စိုးရိမ်မိပါတယ်။ ဒါ့အပြင်ထပ်သိရတာက အင်းစိန်ထောင်တွင်း ဗုံးပေါက်ပြီးနောက်မှာလည်း နိုင်ငံရေးအကျဥ်းသားများကို ထောင်အာဏာပိုင်များက ခိုးဆိုးလုနှိုက် တန်းစီးတွေနဲ့ ပူးပေါင်းပြီး ညှင်းပန်းနှိပ်စက် ဖိနှိပ်မှုတွေ ပိုဆိုးလာပြီး အပြင်က မကျေနပ်ချက်တွေကို နိုင်ကျဥ်းတွေအပေါ် ပုံချနေတယ်လို့လည်း ပြန်ပြောပြလို့ သိရတယ်” ဟု ပြောသည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း ပိတ်ထားခဲ့သည့် ထောင်တွင်း အထူးတရားရုံးနှင့် ထောင်ဝင်စာပို့ခွင့်ကို ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ပြန်ဖွင့်ပေးခဲ့သည်။

အင်းစိန်အကျဉ်းထောင်အတွင်း ကိုဂျင်မီနှင့် ကိုဇေယျာသော်အပါအဝင် ကြိုးပေး ကွပ်မျက်ခံရသူများအတွက် ၃လပြည့် ဆွမ်းကပ်ခြင်းနှင့် မီးပိတ်သပိတ်တွင် ပါဝင်ခြင်းကြောင့် နိုင်ငံရေးအကျဉ်သား ၂၁ ဦးကို ရိုက်နှက်၍ တိုက်ပိတ်ထားကြောင်းလည်း သိရသည်။

ယင်းလုပ်ဆောင်မှုတွင် ပါဝင်သည့် နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်စစ်ဆေးကာ ခြေထောက်တွင် ဒေါက်တပ်၍ တိုက်ပိတ်ထားသည့်အပြင် မြက်နှုတ်ခိုင်းခြင်း၊ မိလ္လာခပ်ခိုင်းခြင်း၊ ကျင်းတူးခိုင်းခြင်းများ ပြုလုပ်စေပြီး လုပ်ကိုင်သည်များ နှေးကွေးပါက ရိုက်နှက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အကျဉ်းထောင်မှ လာသည့် သတင်းစကားများအရ ထောင်ဝင်စာ ပိတ်ပြီး နောက်ပိုင်းရက်များအတွင်း ထောင်အာဏာပိုင်တချို့က “နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိဘူး။ အကုန် အကျဉ်းသားချည်းပဲ။ မင်းတို့ကို သတ်ပစ်လိုက်လို့ရတယ်။ စာရွက်တရွက်ပဲကုန်မယ်”ဟု ခြိမ်းခြောက်ခဲ့ကြောင်းလည်း သိရသည်။

အကျဉ်းထောင်နှင့် နီးစပ်သူတဦးက “အကျဉ်းသားအခွင့်အရေး အပြည့် ရချင်ပါတယ်။ အခုဆိုသိရသလောက် တိုက်ထဲကလူတွေကို ၂ရက်တခါထုတ်ရိုက်ပြီး ကျန် ၁‌၇ ယောက်ကိုလည်း တော်တော်ရိုက်ထားတာလို့ သိရတာမို့ ထောင်တွင်းဆေးကုသခွင့် လိုချင်ပါတယ်။ အလုပ်ကြမ်းခိုင်းစေတာနဲ့ တိုက်ပိတ်ရိုက်နှက်တာကိုလည်း ရပ်တန့်ပေးဖို့ တောင်းဆိုချင်ပါတယ်“ ဟု ပြောသည်။

အကျဉ်းထောင်များ အက်ဥပဒေအရ အကျဉ်းသားများကို ညင်းပန်းနှိပ်စက်ခြင်း မပြုရန်၊ ထို့ပြင် ၅၀၅-က အပါအဝင် နိုင်ငံရေးနှင့် နွယ်သော အကျဉ်းသားများကို သီးသန့်ထားရမည်ဖြစ်ပြီး အချုပ်တရားခံများ၏ ဆန္ဒမပါဘဲ အကျဉ်းထောင်အတွင်းနှင့် အကျဉ်းထောင်ပြင်ပတွင် အလုပ်များခိုင်းစေခြင်းမပြုရဟု ပြဌာန်းထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့က မုံရွာအကျဉ်းထောင်နှင့် မန္တလေးအိုးဘိုထောင်မှ မြင်းခြံထောင်သို့ ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်းသားများကိုလည်း ထောင်အာဏာပိုင်များက အလုပ်ကြမ်းများ ခိုင်းစေခဲ့ပြီး ငြင်းဆန်သူများအား ပြင်းပြင်းထန်ထန်ရိုက်နှက်ကြောင်း မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီမှ သိရသည်။

နိုင်ငံရေးအကျဉ်းသားတချို့သည် သံခြေချင်းများနှင့် အလုပ်ကြမ်းခိုင်းစေခံနေရပြီး မြင်းခြံထောင် အိပ်ဆောင် (၂) အဆောင်မှူး စိုးထက်လွင် အပါအဝင် ထောင်ဝန်ထမ်းများက ဖိနှိပ်နေခြင်းဖြစ်ကြောင်း မုံရွာလူထုသပိတ် ဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။

ထို့ပြင် ပခုက္ကူအကျဉ်းထောင်တွင်လည်း အောက်တိုဘာလ ၁၅ ရက် နောက်ပိုင်းကစပြီး နိုင်ငံရေးအကျဉ်းသားများ ဆေးကုသခွင့်ပေးရန် တောင်းဆိုချက်ကို ခွင့်မပြုဘဲ တိုက်ပိတ်ခြင်း ၊ ရိုက်နှက်ခြင်းမျာ ပြုလုပ်ခဲ့သည့်အတွက် တချို့မှာ အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေ ရှိနေကြောင်း ပခုက္ကူမြို့နယ်လူထုတိုက်ပွဲကော်မတီမှ သိရသည်။

အောက်တိုဘာ ၃၁ရက်က ထုတ်ပြန်သည့် မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်တွင် ပခုက္ကူအကျဥ်းထောင်အတွင်း အစာရေစာဖြတ်တောက်ခြင်း ၊ သတင်းမှားများလွှင့်ခြင်း ၊ ရိုက်နှက် ရှော့တိုက်ခြင်း ၊ တိုက်ပိတ်ခြင်း၊ တရားခွင်အတွင်းဖိနှိပ်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခြင်းများကို ဆိုးရွားစွာ ပြုလုပ်လျက်ရှိနေကြောင်း ဖော်ပြသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနသည် မိသားစုဝင်များ ထောင်ဝင်စာပို့ဆောင်ရာတွင် အခက်အခဲ ဖြစ်စေရန် ရည်ရွယ်၍ နိုင်ငံရေး အကျဉ်းသားများကို မကြာခဏ ရွှေ့ပြောင်းမှုများ ပြုလုပ်လေ့ရှိရာ မကြာမီကာလအတွင်း ပခုက္ကူအကျဥ်းထောင်မှ အကျဥ်းသား၊အကျဥ်းသူများအား ထောင်ပြောင်းရန် ပြင်ဆင်နေပြီး အမျိုးသမီး နိုင်ငံရေး အကျဥ်းသူများလည်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁၅ ရက်နေ့က ပခုက္ကူထောင်မှ မြင်းခြံထောင်ကို နိုင်ငံရေးအကျဉ်းသား ၇၅ ဦး ၊ အောက်တိုဘာ ၁၇ ရက်နေ့က မန္တလေး အိုးဘိုထောင်မှ မြင်းခြံထောင်သို့ နိုင်ငံရေးအကျဉ်းသား ၁၅၀ ဦး၊ စုစုပေါင်း ၂၂၅ ဦး ပြောင်းရွှေ့ခံခဲ့ရသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ ၂၀၂၁ စစ်အာဏာသိမ်းချိန်မှ ၂၀၂၂ နိုဝင်ဘာလ ၁နေ့ရက်အထိ စစ်ကောင်စီ၏ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ ၁၂၈၂၁ ဦး ရှိပြီး ၎င်းတို့အနက် ၁၆၁၆ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရကြောင်း သိရသည်။

You may also like these stories:

ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုတွေဟာ ရာဇဝတ်မှုတွေ ဖြစ်တယ်

အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ညှဉ်းပန်းနှိပ်စက်ခံနေရ

မြစ်ကြီးနားတွင် ရှေ့နေတဦးကို စစ်ကောင်စီက တရားခွင်အတွင်း ဝင်ရောက်ဖမ်းဆီး

ထောင်တွင်း ဝင်ခွင့်ပြုရေး ICRC တောင်းဆိုချက် စစ်ကောင်စီ ခွင့်မပြု

Your Thoughts …
Tags: ညှင်းပန်းနှိပ်စက်တိုက်ပိတ်ထောင်ဝင်စာနိုင်ငံရေးအကျဉ်းသားဖိနှိပ်ရိုက်နှက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ငွေဆောင်ဆွေးနွေးပွဲ ဘယ်သူတွေ ဦးဆောင်လဲ

ငွေဆောင်ဆွေးနွေးပွဲ ဘယ်သူတွေ ဦးဆောင်လဲ

by ဧရာဝတီ
3 January 2025
14.9k

ငွေဆောင်ကမ်းခြေတွင် ကျင်းပခဲ့သည့် မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာဆွေးနွေးပွဲကို ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် တဦးဖြစ်သူ ဦးမြအေး အပါအဝင် စုစုပေါင်း ၃၉ ဦး...

သမ္မတ ဦးဝင်းမြင့် မိသားစုနှင့် တွေ့ခွင့်ရ

သမ္မတ ဦးဝင်းမြင့် မိသားစုနှင့် တွေ့ခွင့်ရ

by ဧရာဝတီ
31 October 2023
14.4k

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဝင်စာ တွေ့ခွင့်ရရေး ရှေ့နေအဖွဲ့က ယမန်နေ့တွင် ထပ်မံစာတင်ပြခဲ့ကြောင်း၊ ယင်းတင်ပြမှုနှင့် ပတ်သက်ပြီး ယနေ့မွန်းလွဲပိုင်းအထိ တစုံတရာ အကြောင်းပြန်မှု မရှိသေးကြောင်း

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

by Justin Higginbottom
13 September 2023
13.9k

ဧရာဝတီသတင်းဌာနမှ ဂျပ်စတင် ဟစ်ဂင်ဘော့တွမ်နှင့် ဒေါက်တာ တာနဲလ် တွေ့ဆုံမေးမြန်းခန်းဖြစ်သည်။

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

by မောင်ကဝိ
12 October 2024
12.8k

"ဒါဟာ သူတို့ကို သေအောင် အငြိုးနဲ့ တဖြည်းဖြည်း ညှဉ်းပန်းနှိပ်စက်နေတာနဲ့ အတူတူပဲ"

စစ်ကောင်စီနှင့် ခရိုနီဘဏ်လုပ်ငန်းရှင်များ ရှောင်တာနဲလ်ကို ခြိမ်းခြောက်

စစ်ကောင်စီနှင့် ခရိုနီဘဏ်လုပ်ငန်းရှင်များ ရှောင်တာနဲလ်ကို ခြိမ်းခြောက်

by ဧရာဝတီ
8 July 2024
9.3k

ယခုတကြိမ်သည် ထိုတာဝန်ရှိသူများက သူ့ကို အသံတိတ်သွားစေရန် ကြိုးစားသည့် ဒုတိယအကြိမ် ဖြစ်ကြောင်း ဧရာဝတီသို့ ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

by ငြိမ်းငြိမ်း
25 October 2024
5.6k

ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက သူ့မိခင်၏ ကျန်းမားရေးနှင့် ဘာမှမသိရဘဲ ချုပ်နှောင်ထားခံရခြင်းတို့အတွက် သူ၏ စိုးရိမ်ပူပန်မှုများကို ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။

Next Post
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရန်ကုန် မြေနီကုန်း ဆန္ဒပြပွဲကို သတင်းယူနေသော မြန်မာနောင်း သတင်းထောက် မကေဇွန်နွေးအား ရဲက ဖမ်းဆီးစဉ်  / ဧရာဝတီ

သတင်းသမားများကို သတ်ဖြတ်ပြီး အရေးယူမခံရသည့် စာရင်းတွင် မြန်မာပါဝင်လာ

မန္တလေးမြို့မှ ဆရာဝန်ကြီးများအပါအဝင် ကျန်းမာရေးဝန်ထမ်းများက စစ်တပ်အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် အနေဖြင့် ၂၀၂၁ ဖေဖေါ်ဝါရီလ ၃ ရက်တွင် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)ကို စတင်သည်။

မန္တလေးတွင် CDM အထူးကု ဆရာဝန်ကြီးများအပါ ၉ ဦး ထပ် အဖမ်းခံရ

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate