• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တပတ်အတွင်း သတင်းစုံ

by ထက်မြက်ငြိမ်းချမ်း
5 November 2022
in သတင်း
A A
နေပြည်တော်ရောက် ဆင်ဖြူလေးကို ဥပ္ပါတသန္တိစေတီမှာ  လက်ယာရစ် လှည့်ကာ ပူဇော်စေပြီး အမွှေးနံသာ ဆန်မန်း ပေါက်ပေါက် ကြဲကာ “ရဋ္ဌနန္ဒက” ဆိုတဲ့ ဘွဲ့ပေးပွဲ အကြီးအကျယ် ကျင်းပခဲ့ပါတယ်

နေပြည်တော်ရောက် ဆင်ဖြူလေးကို ဥပ္ပါတသန္တိစေတီမှာ လက်ယာရစ် လှည့်ကာ ပူဇော်စေပြီး အမွှေးနံသာ ဆန်မန်း ပေါက်ပေါက် ကြဲကာ “ရဋ္ဌနန္ဒက” ဆိုတဲ့ ဘွဲ့ပေးပွဲ အကြီးအကျယ် ကျင်းပခဲ့ပါတယ်

8.3k
VIEWS
Share on FacebookShare on Twitter

ဒီတပတ် သတင်းစုံကဏ္ဍမှာတော့ နေပြည်တော်ကို တိတ်တဆိတ်ရောက်လာကာ ရဋ္ဌနန္ဒက ဘွဲ့ခံလိုက်တဲ့ ဆင်ဖြူ လေးရဲ့ သတင်း၊ NLD အစိုးရရဲ့ စီမံဘဏ္ဍာဝန်ကြီး အပါအဝင် ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲ ကော်မရှင် လူကြီး တွေကို စစ်ကောင်စီက ပြန်လည်လွှတ်ပေးလိုက်တဲ့သတင်းနဲ့ လုံခြုံမှု မရှိတော့တဲ့ ပြည်သူတို့ရဲ့ ဘဝတွေထဲက ရန်ကုန်မြို့လယ်မှာ တက္ကသိုလ် အငြိမ်းစား ဆရာကြီးနဲ့ ဆရာမကြီး ဇနီးမောင်နှံ အသတ်ခံရတဲ့ သတင်းတွေကို ရွေးချယ် တင်ပြမှာ ဖြစ်ပါတယ်။

ဆင်ဖြူတော် ရဋ္ဌနန္ဒကနဲ့ စစ်ကောင်စီဥက္ကဋ္ဌ

RelatedPosts

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
548
နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
293
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
4.7k

ပြည်သူ့အတွက်တော့ ဆင်ဆိုတာ ဖြူဖြူမဲမဲ ရင်ခုန်စရာ မဟုတ်ပေမယ့် စစ်ကောင်စီအဖို့တော့ အရေးပါ အရာရောက်ဆဲဖြစ်တဲ့ ဆင်ဖြူလေးဟာ နေပြည်တော်ကို အောက်တိုဘာလ ဒုတိယပတ်အတွင်းမှာ တိတ်တဆိတ် ရောက်လာ ပြီးတဲ့နောက် စစ်တပ်အသိုင်းအဝန်းကြားမှာ အတိတ်ကောင်း နိမိတ်ကောင်းတွေ ဆောင်ကြဉ်းပေးမယ့် ဆင်လို့ ယူဆကာ အုတ်သြသောင်းနင်းဖြစ်တာကို တွေ့ရပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒု စစ်ခေါင်းဆောင် ဒု ဗိုလ်ချုပ် မှူးကြီး စိုးဝင်းအပါအဝင် စစ်ကောင်စီအဖွဲ့ရဲ့ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးများနဲ့ သူတို့ရဲ့ ဇနီး မယားတွေဟာ နေပြည်တော်ရောက် ဆင်ဖြူလေးကို ဥပ္ပါတသန္တိစေတီမှာ လက်ယာရစ် လှည့်ကာ ပူဇော်စေပြီး အမွှေးနံသာ ဆန်မန်း ပေါက်ပေါက် ကြဲကာ “ရဋ္ဌနန္ဒက” ဆိုတဲ့ ဘွဲ့ပေးပွဲ အကြီးအကျယ် ကျင်းပခဲ့ပါတယ်။

ရဋ္ဌနန္ဒက ဆိုတာကတော့ တိုင်းပြည်က ချစ်ခင်မြတ်နိုးပြီး နိုင်ငံသာယာဝပြော ပျော်ရွင်ခြင်းကို ဆောင်ကြဉ်းပေးမယ့် ဆင်ဖြူ ရတနာလို့ အဓိပ္ပါယ်ရတယ်လို့ ဆိုပါတယ်။

ဒီဆင်ဖြူလေးဟာ ရက္ခပူရလို့ ဆိုကြတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ သစ်ထုတ်လုပ်ရေးစခန်းက ဆင်မကြီး ဇာနန်းလှက မွေးဖွားခဲ့တဲ့ ဆင်ဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ်။

နေပြည်တော်မှာသာ ဆင်ဖြူတော် ဘွဲ့နာမပေးပွဲဆိုပြီး အကြီးအကျယ်လုပ်နေပေမယ့် ဆင်ဖြူကို ရခိုင်ရိုးမကနေ သယ်ထုတ်ရာမှာတော့ ရက္ခိုင်တပ်မတော်(AA)ရဲ့ အတိုက်ခံရမှာ စိုးတာကြောင့် သစ်တောကြိုးဝိုင်း အနီးအနားက လင်္ကျာစတိုင်၊ ကမ်းဒေး၊ သက်ကယ်ပြင် စတဲ့ ရွာ သုံးရွာက ရွာသားတွေကို လမ်းကြောင်း တလျှောက် ဓားစာခံအဖြစ် သုံးကာ တိုးတိုးတိတ်တိတ် အကျဉ်းရုံး သယ်ခဲ့တာလို့ သိရပါတယ်။

တောင်ကုတ်မြို့ခံတွေရဲ့ မျက်မြင်ပြောဆိုချက်ကတော့ ဆင်ဖြူလေးနဲ့ မိခင်ဆင်မကြီး ဇာနန်းလှ အပါအဝင် ဆင် ၄ ကောင်ကို သစ်တောကြိုးဝိုင်းကနေ တောင်ကုတ်မြို့က ရွှေလင်းယုန်ဆိပ်ကမ်းဆီ အရောက် ကုန်တင်ကား ၄စီးနဲ့ သယ်တာလို့ ဆိုပါတယ်။

ဘာသာရေးအရ နှီးနွယ်တဲ့ ကျမ်းဂန်နဲ့ ဇာတကတွေမှာတော့ ဆင်နဲ့ ပတ်သက်ရင် နာဠာဂီရိ၊ ဆန္ဒန်ဆင်နဲ့ ဆင်ပျံ စတဲ့ ခွန်အားကြီးမားပြီး ဘုန်းတန်ခိုးရှိတယ်လို့ ဖော်ပြထားတာကို တွေ့ရမှာပါ။

ဒါကြောင့် အိန္ဒိယ၊ မြန်မာ၊ ထိုင်းစတဲ့ နိုင်ငံတွေဟာ ဆင်ဖြူ၊ ကျွဲဖြူ၊ ကျီးဖြူ၊ မြွေဖြူစတာတွေ တွေ့ရင် ကောင်းမြတ်မှု တွေ၊ အေးချမ်းမှု သာယာဝပြောမှုတွေ ရောက်လာမယ်လို့ ယူဆကာ အထူးအလေးထားတာကို တွေ့ရပါတယ်။

ဒါပေမယ့် တိုင်းပြည်အေးချမ်းသာယာမှုဆိုတာ တိရိစ္ဆာန်တကောင် အပေါ်မှာ မူတည်နေတယ်ဆိုတဲ့ အယူအဆဟာ ယနေ့ခေတ်မှာတော့ တိမ်လွန်းအားကြီးတဲ့ အတွေးအခေါ်ဖြစ်ပြီး ကိုက်ညီမှု မရှိတော့ဘူးလို့ ဆိုရမှာပါ။

ဒီဆင်ဖြူလေးဟာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ သစ်ထုတ်လုပ်ရေးစခန်းက ဆင်မကြီး ဇာနန်းလှက မွေးဖွားခဲ့ပါတယ်

ဘာကြောင့်လဲဆိုတော့ ဒီနေ့ခေတ် ဆင်ဖြူတော် ပိုင်ဆိုင်ပြီး စီးပွားရေး နိုင်ငံရေး အတော်အသင့် တည်ငြိမ်မှု ရှိတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကို ကြည့်နိုင်သလို ဆင်ဖြူရှိပေမယ့် တိုင်းပြည်မွဲခဲ့ရတဲ့ သီရိလင်္ကာ နိုင်ငံတို့နဲ့ ယှဉ်ပြီး စဉ်းစားရင် မှန်မမှန် သိနိုင်ပါတယ်။

တကယ်တော့ ဆင်ဖြူတော်ဆိုတာ ယနေ့ခေတ် ဆေးပညာနဲ့ မျိုးရိုးဗီဇအရ ကြည့်မယ်ဆိုရင် သမိုင်း ပညာရှင်ကြီး ဒေါက်တာသန်းထွန်း ပြောသလိုပါပဲ၊ ဆင်ဖြူဆိုတာ အယ်လ်ဘီနိုလို့ ခေါ်တဲ့ အရေပြားရောင်ချယ် ဆဲလ်တွေ ပျက် ဆီးသွားတာကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါမျိုးဖြစ်ပြီး မြန်မာလိုဆိုရင်တော့ ခရုသင်းစွဲနေတဲ့ ဆင်လို့ပဲ ဆိုကြရမှာပါ။

ဒီကနေ့ ခေတ်မှာတော့ အရာရာဟာ လူတွေရဲ့ အတွေးအခေါ် လုပ်ရည်ကိုင်ရည်ပေါ်မှာပဲ မူတည်နေတာကြောင့် မင်းအောင်လှိုင် စစ်ကောင်စီအောက်မှာတော့ “ဆင်ဖြူလည်း မဲ တိုင်းပြည်လည်း မွဲ” ဆိုတာမျိုးလို့ ဆိုရမှာပါ။

UEC ဥက္ကဋ္ဌဟောင်းနဲ့ NLD အစိုးရဝန်ကြီး ပြန်လွတ်လာတာ အာဆီယံကို မျက်စပစ်တာလား

ပြည်တွင်းပြည်ပက ဖိအားတွေနဲ့ ဘက်စုံအကျပ်အတည်းကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ရက်နေ့က NLD အစိုးရရဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC) ဥက္ကဋ္ဌ ဦးလှသိန်း၊ အဖွဲ့ဝင် ဦးမြင့်နိုင်တို့ အပြင် အောက်တိုဘာ ၂၈ရက်မှာတော့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းတို့ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

UEC ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ အဖွဲ့ဝင် ဦးမြင့်နိုင်တို့ကို မဲစာရင်းမှားယွင်းတယ်ဆိုတဲ့ စွဲချက်နဲ့ စစ်ကောင်စီ အထူးတရားရုံးက ထောင် ၃နှစ်စီ ချထားတာဖြစ်ပါတယ်၊ အလားတူ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ)နဲ့ ထောင် ၃နှစ် ချထားတဲ့ စီမံဘဏ္ဍာဝန် ဦးစိုးဝင်းလည်း လွတ်မြောက်လာတာကို တွေ့ရပါတယ်။

တကယ်တော့ ဒီပုဂ္ဂိုလ်တွေဟာ အသက်အရွယ် ကြီးရင့်ပြီး ကျန်းမာရေးမကောင်းသူတွေ ဖြစ်သလို နဂိုရ်ကတည်းက အပြစ်ရှိသူတွေ မဟုတ်တာကြောင့် မဖမ်းသင့်တဲ့သူတွေလို့ ဆိုရမှာပါ။

ဒီလိုလွှတ်ပေးတာဟာ စစ်ကောင်စီအနေနဲ့ သူတို့အပေါ် ကျနေတဲ့ နိုင်ငံတကာဖိအားလျော့အောင် အရင် စစ်အစိုးရလုပ်ခဲ့တဲ့ အတိုင်း ရည်ရွယ်ပြီး လုပ်တာလို့ သုံးသပ်ချက်တွေ ရှိပါတယ်။

ကမ္ဘောဒီးယားမှာ အာဆီယံထိပ်သီးအစည်းအဝေး ရှိနေပြီး မြန်မာ့အရေး ဂျကာတာဘုံသဘောတူညီချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးကြဖို့ ရှိနေတာမို့ စစ်ကောင်စီအနေနဲ့ လှမ်းမျက်စပစ်နေသလားလို့ မေးခွန်းထုတ်စရာလည်း ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် အာဆီယံအဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာမယ့် အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက တော့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်မဖော်နိုင်ခြင်းဟာ အဖွဲ့ကြီးဘက်က ပျက်ကွက်မှုမဟုတ်ဘဲ စစ်ကောင်စီကသာ လိုက်နာမှု မရှိတာလို့ ပွဲဦးထွက် ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။

အာဆီယံအဖွဲ့ရဲ့ ဘုံသဘောတူညီချက်တွေကို မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်တွေ မလိုက်နာဘူးလို့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ပြောင်ပြောင်တင်းတင်း ပြောဆိုပါတယ်

ဒါဟာ လာမယ့်နှစ် အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် အင်ဒိုနီးရှားရဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ သေချာ ကိုင်တွယ်မယ့် ရှေ့ပြေး သဘောထားလားဆိုတာ စဉ်းစားစရာပါ။

စစ်ကောင်စီကတော့ ကုလသမဂ္ဂ စင်မြင်မှာ နေရာရယူနိုင်ခြင်း မရှိသေးသလို၊ ဒေသတွင်း အာဆီယံအဖွဲ့နဲ့ ပတ်သက်တဲ့ အစည်းအဝေးတွေမှာ ကိုယ်စားပြုတက်ရောက်ခွင့် မရသေးပါဘူး။

လုယက်မှုတွေကြား အသက်ပါပေးလိုက်ရတဲ့ အငြိမ်းစားဆရာကြီး ဇနီးမောင်နှံ

စစ်တပ်အာဏာသိမ်းပြီးကတည်း ကမောက်ကမဖြစ်သွားခဲ့တဲ့ တိုင်းပြည်ဟာ ဒီနေ့မှာဆိုရင် စီးပွားလည်းပျက် ဥပဒေလည်းမဲ့ ဖြစ်ခဲ့ရတာ ၂ နှစ်နီးပါး ရှိတော့မှာ ဖြစ်ပါတယ်။

စီးပွားရေးတွေ ကျပ်တည်းတဲ့အခါ နောက်ကကပ်ပြီး လိုက်လာတာက အကျင့်စာရိတ္တ ပျက်ယွင်းမှုဖြစ်ပြီး အဲဒီရဲ့ အကျိုးဆက်ကတော့ ဥပဒေမဲ့ လုပ်ရပ်တွေ ပိုမိုများပြားလာတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် ဘယ်လောက်တောင် ဥပဒေမဲ့လာသလဲဆိုရင် အကာလ ညအချိန် လူမသိသူမသိ ဥစ္စာပစ္စည်းခိုးယူတဲ့အဆင့် မဟုတ်တော့ဘဲ နေခင်းကြောင်တောင် ဘဏ်ဓားပြတိုက်၊ ရွှေဆိုင်ကို ဝင်လု၊ အနုကြမ်းစီး စတာတွေကို ပြောင်ပြောင်တင်းတင်း လုပ်နေတာ နေ့စဉ်လိုလို လူမှုကွန်ရက်နဲ့ သတင်းတွေမှာ အမြဲတွေ့နေပါတယ်။

လမ်းလယ်မှာဖြစ်စေ ဘတ်စ်ကားပေါ်မှာ ဖြစ်စေ အုပ်စုဖွဲ့လုတာ၊ ဆိုင်ကယ်လုတာ၊ ကားလုတာ၊ဖုန်းလုတာ၊ ဆွဲကြိုး ဖြတ်တာ၊ ညပိုင်း ရပ်ထားတဲ့ ကားတွေကို မှန်ရိုက်ခွဲပြီး အတွင်းကပစ္စည်းတွေ မွှေနှောက်ယူတာမျိုးတွေကတော့ အသေးအမွှား ထမင်းစားရေသောက် လုယက်မှုလို ဖြစ်နေပါပြီ။

ဒီလို လူသတ် လုယက်မှုတွေထဲက အောက်တိုဘာ ၃၀ရက် ညပိုင်းက ရန်ကုန်မြို့လယ်က လူစည်ကားရာ မင်္ဂလာတောင်ညွှန့် မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အနုကြမ်းစီးမှုမှာ အသက် ၇၈ နှစ်ရှိ တက္ကသိုလ်က ရူပဗေဒဌာနက အငြိမ်းစား ဆရာကြီး ဦးမြင့်ဝေနဲ့ ဇနီးဒေါ်ခင်စန်းတို့ဟာ ဓားနဲ့ ထိုးခံရတဲ့အတွက် လုယက်မှုအတွင်း သေဆုံးခဲ့ရပါတယ်။

ဆရာကြီး ဦးမြင့်ဝေဟာ “ရီလေတီဗီတိ သီအိုရီ” စာအုပ်နဲ့ ၁၉၇၃ ခုနှစ် စာပေဗိမာန် စာမူဆု သုတပဒေသ (သိပ္ပံနှင့် အသုံးချသိပ္ပံ) ဒုတိယဆု ရခဲ့သူ စာရေးဆရာ “တက္ကသိုလ်ကြယ်ပွင့်” ဖြစ်ပါတယ်။

သူဟာ အရှေ့ဂျာမနီလို့ ခေါ်တဲ့ ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံ(GDR) က မဟာသိပ္ပံ(ရူပဗေဒ)ဘွဲ့ ရခဲ့သူ ဖြစ်ပြီး၊ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှာ ပြန်လည်တာဝန်ထမ်းဆောင်ရင်း ရူပဗေဒဌာနက ထုတ်တဲ့ ရူပဗေဒဂျာနယ်ရဲ့ တာဝန်ခံ စာတည်းလုပ်ခဲ့သူပါ။

ဆရာဦးမြင့်ဝေ ရေးခဲ့တဲ့ စာအုပ်တွေက ရီလေတီဗီတိ သီအိုရီအပါအဝင် ကွမ်တမ်သီအိုရီ၊ နယူထရီနို၊ ဗုဒ္ဓမြတ်စွာဘုရားရှင်နှင့် အိုင်စတိုင်း၊ စကြာဝဠာအနှံ သက်ရှိရှာပုံတော်ဖွင့်ခြင်း၊ M သီအိုရီနှင့် ကော်စမောလောဂျီ စတဲ့စာအုပ်တွေဟာ ရူပဗေဒလေ့လာသူတွေ ကြားမှာ ထင်ရှားပြီး ဆရာဟာ ၂၀၀၁ ခုနှစ်မှာတော့ စူပါကြိုးမျှင်လေး သီအိုရီ စာအုပ်နဲ့ အမျိုးသားစာပေဆု (သုတပဒေသာ၊ ရိုးရိုးသိပ္ပံ) ရရှိထားသူ ဖြစ်ပါတယ်။

ဒီလို စာအုပ်တွေကို ရေးသားရင်း တက္ကသိုလ်အငြိမ်းစားဆရာဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတဲ့ တက္ကသိုလ်ကြယ်ပွင့် ဆရာဦးမြင့်ဝေဟာ တိုင်းပြည်အပျက်မှာတော့ ကြေလွင့်ခဲ့ရပါပြီ။

ဆရာဦးမြင့်ဝေတို့ လင်မယား အသတ်ခံရပြီး ၃ ရက်အကြာ၊ နိုဝင်ဘာ ၂ ရက်နေ့ ညနေပိုင်းမှာလည်း ရန်ကုန်မြို့လယ် ပန်းဘဲတန်းမြို့နယ် ၂၆လမ်း အောက်ဘလောက်ရှိ မြန်မာသစ္စာ အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင် အမျိုးသားနှစ်ဦးကို လူ ၃ ဦးက ဓားနဲ့တိုက်ခိုက် လုယက်ပြီး ငွေသားနဲ့ ကားကိုပါ ယူသွားတဲ့ ဖြစ်စဉ် ထပ်မံဖြစ်ခဲ့ပါတယ်။

ဒါဟာ ဘာကို ပြနေသလဲဆိုရင် ရန်ကုန်မြို့လယ်ဟာ တရားဥပဒေ စိုးမိုးမှု မရှိတော့ဘူး၊ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီ ရဲ့ ရဲတပ်ဖွဲ့ဟာ ဒုစရိုက်နှိမ်နင်းရေး၊ လူထု အကာအကွယ်ပေးရေး မလုပ်တော့ဘူးဆိုတာ ပြသနေတာပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ရဲတပ်ဖွဲ့ဝင်တွေ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေ မလုပ်နိုင်တော့တာဟာ မြို့ပြပျောက်ကြားတွေရဲ့ တိုက်ခိုက်မှုတွေကြောင့်လို့ ငြင်းချက်ထုတ်သူတွေ ရှိပေမယ့်၊ ရဲတပ်ဖွဲ့တွေဟာ ဒုစရိုက်နှိမ်နင်းရေးကိုသာ အာရုံမစိုက်ပေမယ့် နိုင်ငံရေးလှုပ်ရှားမှုတွေ၊ ဆန္ဒပြသူတွေကိုတော့ လိုက်လံဖမ်းဆီးရာမှာတော့ အားသွန်ခွန်စိုက် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

တရားဥပဒေစိုးမိုးရေးကိုလည်း မပေးနိုင်၊ ရက်ရက်စက်စက် သတ်ဖြတ်လုယက်ခံရတဲ့ အမှုအခင်းတွေကို မဖော်ထုတ်နိုင်တဲ့ စစ်ကောင်စီဟာ အခုနောက်ပိုင်းမှာတော့ ဒီလုပ်ရပ်တွေဟာ သူတို့ကို ဆန့်ကျင်နေတဲ့ ပြည်သူ ကာကွယ် ရေးတပ်(PDF)တွေ ကျူးလွန်တာပါဆိုတဲ့ ကောက်ချက်မျိုးကို အလွယ်တကူ ဆွဲလာတာကိုလည်း တွေ့မြင်နေရ ပါတယ်။

နိုဝင်ဘာ ၄ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ ဘဏ်နှင့် ရွှေဆိုင်များအား ဓားပြတိုက်လုယက်မှုများ ကျူးလွန်ရန် စီစဉ်နေသည့် ဒလ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များ လက်နက်ခဲယမ်းနဲ့ အတူ ဖမ်းဆီးရမိ ဆိုတဲ့ ထုတ်ပြန်တာမျိုးတွေ တွေ့လာရပါတယ်။

ဒါဟာ တချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို PDF တွေကိုလည်း နာမည်ဖျက်ရင်း မိမိရဲ့အပြစ်ကိုလည်း ဖုံးကွယ်ရင်း ပုံဖျက်မှုတွေ လုပ်လာတာလို့ သုံးသပ်သူတချို့က ပြောဆိုပါတယ်။

စစ်ကောင်စီတပ် လိုင်ဇာကို ဗုံးကြဲမှာလား

ကချင်ပြည်နယ် အနန့်ပါရွာ ကချင်တေးဂီတ ဖျော်ဖြေပွဲ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် အာဏာသိမ်းစစ်ကောင်စီ လော်ဘီတွေက ကချင်လွတ်မြောက်ရေးတပ် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာကို ဗုံးကြဲတိုက်ခိုက်ဖို့ လှုံ့ဆော်နေကြပါတယ်။

တရုတ်-မြန်မာနယ်စပ်က လိုင်ဇာမြို့

တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့က KIA နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ ကချင်လွတ်လပ်ရေးကောင်စီ (KIC) ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကြီးအင်ဘန်လ နေအိမ်အပါအဝင် KIC ဒုဥက္ကဌ ဗိုလ်ချုပ်ဂွန်မော် နေအိမ်တွေကို ဗုံးကြဲတိုက်ခိုက်ဖို့ တည်နေရာနှင့် တကွ ဝါဒဖြန့်နေကြပါတယ်။ ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင်တို့နေထိုင်တဲ့ တည်နေရာဆိုတာတွေကိုပါ ဗုံးကြဲခိုင်းနေပါတယ်။

ဒါဟာ မကြာသေးခင်က Yak 130 တိုက်လေယာဉ် ၃ စီးက ဖားကန့် အနန့်ပါရွာကို ဗုံးကြဲအပြီး စစ်ကောင်စီဘက်က မာန်တက်သွားနေတာကို ဖော်ပြချက်တွေပါပဲ။ အဲဒီတိုက်ခိုက်မှုအတွင်း အရပ်သားတွေ သေတာကို ဖုံးဖိပြီး KIA တပ်ဖွဲ့မှ တပ်မဟာ ၉ တပ်မဟာမှူး အပါအဝင် အရာရှိတွေ သေကြတာကို ဖော်ပြရင်း အောင်ပွဲလို့ သွေးကြွနေကြပုံပါ။

လိုင်ဇာမြို့ ဗုံးကြဲဖို့ စစ်ကောင်စီလော်ဘီတွေ တိုက်တွန်းအပြီး အောက်တိုဘာလ ၂၉ ရက် ည သန်းခေါင် လိုင်ဇာမြို့အနီး မုန်လိုင်ခက်ရွာဝန်းကျင်ကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးကျည် ၄ လုံးထက် မနည်း ပစ်ခဲ့ပြီး စစ်လေယာဉ် ပျံဝဲခဲ့မှုလည်း ရှိကြောင်း ဆိုပါတယ်။ တရုတ်နိုင်ငံဘက်ကလည်း ကောင်းကင်ယံကို အားကောင်းသော ဆလိုက်မီးများနဲ့ ထိုးပြီး လေပိုင်နက်ကို ပြခဲ့ကြောင်းလည်း သိရပါတယ်။ လိုင်ဇာရဲ့ ချောင်းတဖက်ခြမ်းက တရုတ်အဆောက်အဦးတွေမှာလည်း တရုတ်အလံကို အမြင့်ကြီး လွှင့်ထားကြတာလည်း မြင်ရကြောင်း လိုင်ဇာက သတင်းရင်းမြစ်တွေက ဧရာဝတီကို ပြောပါတယ်။

အတိတ်ကိုပြန်ကြည့်ရင် မြန်မာစစ်တပ်ဟာ ၂၀၁၂ ခုနှစ် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်ကလည်း လိုင်ဇာမြို့ကို လေကြောင်းအင်အားသုံး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ဖူးသလို လိုင်ဇာမြို့ဝန်းကျင်ရှိ တောင်ကုန်းတွေပေါ်က အမြှောက်ကြီးတွေနဲ့လည်း လှမ်းပစ်တတ်ပါတယ်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလတုန်းက လိုင်ဇာက ဗိုလ်သင်တန်းကျောင်းကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ သင်တန်းသား ၂၀ ကျော် သေဆုံးသွားခဲ့ဖူးပါတယ်။

စစ်ကောင်စီတပ် လိုင်ဇာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နိုင်သလို လေယာဉ်နဲ့လည်း ဗုံးကြဲတိုက်ခိုက်နိုင်တာမို့ တရုတ်နိုင်ငံသားတွေ လိုင်ဇာကနေ တရုတ်ဘက်ခြမ်း ပြန်ကြသလို KIA ကလည်း စစ်ရေးသတိဖြင့်နေထိုင်ကြဖို့ မြို့နေ ပြည်သူတွေကို သတိပေးပါတယ်။

You may also like these stories:

ကချင်စစ်မျက်နှာကို မျှော်ကြည့်ခြင်း

စစ်ကောင်စီအောက် ဒုစရိုက်မှုတွေ ကြီးစိုးလာတဲ့ ရန်ကုန်

ထိပ်ပိုင်းအကျဉ်းချခံတချို့ကို စစ်ကောင်စီ ဘာကြောင့် ပြန်လွှတ်ပေးလဲ

အနန့်ပါ ဗုံးကြဲခံရမှု နောက်ဆက်တွဲဖြစ်စဉ်များကို UWSA သတိထားစောင့်ကြည့်နေ

Your Thoughts …
Tags: စစ်ကောင်စီဥက္ကဋ္ဌဆင်ဖြူတော် ရဋ္ဌနန္ဒကတပတ်အတွင်း သတင်းစုံရူပဗေဒဌာနက အငြိမ်းစား ဆရာကြီး ဦးမြင့်ဝေလိုင်ဇာကို ဗုံးကြဲမှာလားအာဆီယံကို မျက်စပစ်တာလား
ထက်မြက်ငြိမ်းချမ်း

ထက်မြက်ငြိမ်းချမ်း

Similar Picks:

၂၀၁၉ ဇန်နဝါရီလအတွင်း ပြုလုပ်သည့် တပ်မတော်ထောက်ခံပွဲ

တပတ်အတွင်း သတင်းစုံ

by ဧရာဝတီ
28 January 2023
5.8k

ဒီတပတ် သတင်းစုံကဏ္ဍမှာ ကာလုံခေါ်ပြီး ရွေးကောက်ပွဲ ကျင်းပဖို့ စစ်ခေါင်းဆောင် ပြောဦးမယ်၊ ကျပ် သုံးသောင်းတန် စစ်တပ်ထောက်ခံပွဲများ လာဦးမည်နဲ့ ကျနေတဲ့ စီးပွားရေး စစ်ကောင်စီကြောင့် ပြန်ဦးမော့သတဲ့လား စတဲ့အကြောင်းတွေကို ရွေးထုတ်တင်ပြထားပါတယ်။

စစ်ခေါင်းဆောင် အိပ်မက်နေသော နျူကလီးယား စက်ရုံ ပုံစံငယ်

တပတ်အတွင်း သတင်းစုံ

by ဧရာဝတီ
11 February 2023
2.8k

စစ်ခေါင်းဆောင်ရဲ့ နျူကလီးယား အိပ်မက်၊ နေပြည်တော် လူကြမ်းတွေ ပိုကြမ်းရမ်းပြတော့မည်နဲ့ ရွေးကောက်ပွဲမှာ အီလက်ထရောနစ် မဲထည့်စက် သုံးမှာလား

စစ်အာဏာသိမ်းပြီးခါစကတည်းက ဒီလိုဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီဆိုပြီး လူထုကြား ထင်ယောင်ထင်မှားဖြစ်အောင် စစ်တပ်က စိတ်ဓာတ်စစ်ဆင်ရေး မကြာခဏလုပ်လေ့ရှိပါတယ်

တပတ်အတွင်း သတင်းစုံ

by ဧရာဝတီ
7 January 2023
8.2k

ဒီတပတ် သတင်းစုံကဏ္ဍမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမလား၊ နှစ်သစ်ကူးနေ့မှာ မြန်မာတွေ မပျော်ခဲ့ကြပါ၊ မင်းအောင်လှိုင် သမ္မတ အိပ်မက် အကောင်အထည်ဖော်ဖို့ ပါတီတွေ စုဆုံကြတဲ့ သတင်းတွေကို ဖော်ပြလိုက်ပါတယ်။

ရုရှားကာကွယ်ရေး ဝန်ကြီး ဆာဂေရွှိုင်ဂုဟာ စစ်တပ်အာဏာမသိမ်းခင် ရက်ပိုင်းအလိုမှာ  နေပြည်တော်ကို ရောက်လာပြီး အာဏာသိမ်းဖို့ အခါပေးခဲ့လို့ ဒီစည်သူဆိုတဲ့ ဘွဲ့ကို ပေးလေသလား

တပတ်အတွင်း သတင်းစုံ

by ထက်မြက်ငြိမ်းချမ်း
26 November 2022
8.8k

ဒီတပတ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံ အထူးကိုယ်စားလှယ်နဲ့ တွေ့ခွင့်ပေးမလား၊ ဆိုးဆိုးဝါးဝါး အခြေအနေတွေ ရင်ဆိုင်ရဦးမယ့် လျှပ်စစ်မီးနဲ့ စစ်ကောင်စီရဲ့ ဗုံးပေါလအော ဘွဲ့ထူး ဂုဏ်ထူးများ အကြောင်းတွေကို ရွေးချယ်တင်ပြလိုက်ပါတယ်။

စစ်အာဏာသိမ်း ၂ နှစ်လွန်မှာလည်း သူတို့ ၂ ဦး တွဲလိမ်ကြဦးမည်

တပတ်အတွင်း သတင်းစုံ

by ဧရာဝတီ
31 December 2022
7.7k

ဒီတပတ် သတင်းစုံကဏ္ဍမှာ စစ်အာဏာသိမ်း ၂ နှစ်ပြည့်လွန် စစ်ကောင်စီ ဆက်လက် ကလိမ်ခြုံဦးမည်၊ သမ္မတအိမ်တော်နဲ့ မတန်မရာ ဝင်နေတဲ့ စစ်ခေါင်းဆောင်နဲ့ တိုက်ပွဲတွေကြား ထိုင်း- မြန်မာ အမှတ် ၁ ချစ်ကြည်ရေး တံတား ဖွင့်နိုင်ပါ့မလားတို့ကို...

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တယောက် လျှပ်စစ်ရထား၊ လျှပ်စစ်ကား အိပ်မက်ကို စွဲလန်းတမ်းတနေပေမယ့် မြန်မာပြည်မှာ မီးမလာတာ များပါတယ်

တပတ်အတွင်း သတင်းစုံ

by ဧရာဝတီ
12 November 2022
5.6k

လျှပ်စစ်ကား အိပ်မက်တွေကြားက အမှောင်ကျနေတဲ့ လျှပ်စစ်မီး၊ ဟန်ဆောင်မှုများကြားက တန်ဆောင်တိုင်ပွဲတော်များ၊ အာလူးလာ မပေးနဲ့ လေကို နည်းနည်းလျှော့ စတာတွေကို ရွေးချယ်တင်ပြမှာပါ။

Next Post
ရောဂါကျွမ်းနေပြီ

ရောဂါကျွမ်းနေပြီ

၂၀၂၁ စစ်အာဏာသိမ်းဆန့်ကျင်ရေး မြန်မာလူထုဆန္ဒပြပွဲ

မျက်မှောက်ခေတ်ကာလရဲ့ အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ် အားပြိုင်မှု

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate